အတက်ပညာခြင်းတူသော်လည်း အသိပညာခြင်းကွာတယ်

တခါတုန်းက..မျက်လုံးတစ်ဖက်ကန်းပြီး ခြေတစ်ချောင်း မရှိတဲ့ သူဌေးကြီးတစ်ယောက် ရှိသတဲ့။တစ်နေ့မှာ သူဌေးကြီးဟာ အတော်ဆုံး ပန်း ချီဆရာတွေကို ခေါ်ပြီး သူ့ရဲ့ပုံတူ ပန်းချီကားကို အလှဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် ရေးဆွဲဖို့ ပြောသတဲ့။ ပန်းချီဆရာတွေလည်း မျက်စိတစ်ဖက်လပ်၊ ခြေတစ်ချောင်းမရှိတဲ့ ပုံတူကို အလှဆုံးဖြစ်အောင် ရွေးဆွဲဖို့ ဆိုတော့ လက်တွန့် နှုတ်ဆိတ်နေကြတာပေါ့..။အဲဒီမှာပဲ ပန်းချီဆရာလေး တစ်ယောက်ဟာ သူဌေးကြီးရဲ့ ပုံတူပန်းချီကားကို အလှဆုံး၊ အကောင်းဆုံး ဖြစ်အောင် ရွေးဆွဲဖို့ ကတိပြုလိုက်ပါသတဲ့..။ပြီးတော့ ပန်းချီဆရာလေးဟာ ပုံတူပန်းချီကားကို စတင် ရေးဆွဲပါတော့တယ်။ပန်းချီကား ရေးဆွဲပြီးတဲ့အခါမှာတော့ မြင်ရသူအားလုံး တအံ့တသြနဲ့ ငေးမောချီးကျူးကြပါသတဲ့။

“တကယ်ကို သူဌေးကြီးရဲ့ပုံတူ အလှဆုံးနဲ့ အကောင်းဆုံး ပန်းချီကားပဲ” လို့လည်း မှတ်ချက် ပြုလိုက်ကြသတဲ့။ ပန်းချီကားထဲမှာ သူဌေးကြီးဟာ မြင်းကို ခွစီးပြီး မြှားပစ်နေတဲ့ ပုံ ဖြစ်ပါတယ်။ အဲ့ပုံလေးကို တစ်ခြမ်းစောင်းလေး ဆွဲထားပါတယ်။ သူဌေးကြီးလည်း သဘော ကျ ကျေနပ်ပြီး ပန်းချီဆရာလေးကို သားအဖြစ် မွေးစားလိုက်ပါတယ်။ဒီအကြောင်းအရာလေးက အတတ်ပညာချင်း တူလျှင် အသိပညာချင်း ကွာခြားပါလိမ့်မယ် ။အသိပညာချင်း တူလျှင် အလှကို ခံစားတတ်တဲ့ နှလုံးသားချင်း ကွာခြားပါလိမ့်မယ် ။တခြားသူတွေရဲ့ အားနည်း ချက်ကို မြင်ဖို့က လွယ်ကူပြီး၊ အကောင်းမြင်စိတ်လေး မွေးတတ်ဖို့က ခက်ခဲနေတတ်တာလေးကို သင်ခန်းစာပေးထားတာဖြစ်ပါတယ်..။

Credit – မူရင်း

[zawgyi]

တခါတုန္းက..မ်က္လုံးတစ္ဖက္ကန္းၿပီး ေျခတစ္ေခ်ာင္း မရွိတဲ့ သူေဌးႀကီးတစ္ေယာက္ ရွိသတဲ့။တစ္ေန႔မွာ သူေဌးႀကီးဟာ အေတာ္ဆုံး ပန္း ခ်ီဆရာေတြကို ေခၚၿပီး သူ႔ရဲ႕ပုံတူ ပန္းခ်ီကားကို အလွဆုံးနဲ႔ အေကာင္းဆုံး ျဖစ္ေအာင္ ေရးဆြဲဖို႔ ေျပာသတဲ့။ ပန္းခ်ီဆရာေတြလည္း မ်က္စိတစ္ဖက္လပ္၊ ေျခတစ္ေခ်ာင္းမရွိတဲ့ ပုံတူကို အလွဆုံးျဖစ္ေအာင္ ေ႐ြးဆြဲဖို႔ ဆိုေတာ့ လက္တြန႔္ ႏႈတ္ဆိတ္ေနၾကတာေပါ့..။အဲဒီမွာပဲ ပန္းခ်ီဆရာေလး တစ္ေယာက္ဟာ သူေဌးႀကီးရဲ႕ ပုံတူပန္းခ်ီကားကို အလွဆုံး၊ အေကာင္းဆုံး ျဖစ္ေအာင္ ေ႐ြးဆြဲဖို႔ ကတိျပဳလိုက္ပါသတဲ့..။ၿပီးေတာ့ ပန္းခ်ီဆရာေလးဟာ ပုံတူပန္းခ်ီကားကို စတင္ ေရးဆြဲပါေတာ့တယ္။ပန္းခ်ီကား ေရးဆြဲၿပီးတဲ့အခါမွာေတာ့ ျမင္ရသူအားလုံး တအံ့တၾသနဲ႔ ေငးေမာခ်ီးက်ဴးၾကပါသတဲ့။“တကယ္ကို သူေဌးႀကီးရဲ႕ပုံတူ အလွဆုံးနဲ႔ အေကာင္းဆုံး ပန္းခ်ီကားပဲ” လို႔လည္း မွတ္ခ်က္ ျပဳလိုက္ၾကသတဲ့။ ပန္းခ်ီကားထဲမွာ သူေဌးႀကီးဟာ ျမင္းကို ခြစီးၿပီး ျမႇားပစ္ေနတဲ့ ပုံ ျဖစ္ပါတယ္။ အဲ့ပုံေလးကို တစ္ျခမ္းေစာင္းေလး ဆြဲထားပါတယ္။ သူေဌးႀကီးလည္း သေဘာ က် ေက်နပ္ၿပီး ပန္းခ်ီဆရာေလးကို သားအျဖစ္ ေမြးစားလိုက္ပါတယ္။ဒီအေၾကာင္းအရာေလးက အတတ္ပညာခ်င္း တူလွ်င္ အသိပညာခ်င္း ကြာျခားပါလိမ့္မယ္ ။အသိပညာခ်င္း တူလွ်င္ အလွကို ခံစားတတ္တဲ့ ႏွလုံးသားခ်င္း ကြာျခားပါလိမ့္မယ္ ။တျခားသူေတြရဲ႕ အားနည္း ခ်က္ကို ျမင္ဖို႔က လြယ္ကူၿပီး၊ အေကာင္းျမင္စိတ္ေလး ေမြးတတ္ဖို႔က ခက္ခဲေနတတ္တာေလးကို သင္ခန္းစာေပးထားတာျဖစ္ပါတယ္..။