“ဆိတ်ဆိတ်နေ ထောင်တန်” ဟူသည့် စကားပုံ ပေါ်ပေါက်လာပုံ

ဆိတ်ဆိတ်နေ ထောင်တန် ဆိုသည်မှာ အခြေအနေနှင့် အချိန်အခါ လိုက်၍ တိတ်ဆိတ် ငြိမ်သက်စွာ နေတတ်ခြင်း သည်လည်း တန်ဖိုးကြီးသည် ဟု ဆိုလိုသော မြန်မာစကားပုံ တခု ဖြစ်ပါသည်။စကားပုံ ဖြစ်ပေါ်လာသော ဇာတ်ကြောင်းကား ဤသို့တည်း။ တရံရော အခါက ကေ သရာဇာ ခြင်္သေ့မင်းသည် အမျိုးတူ ခြင်္သေ့မနှင့် မပေါင်းဖော်ဘဲ မြေခွေးမ တကောင်နှင့် ချစ်ကြိုက် ပေါင်းဖော် မိ၏။ ကာလကြာသော် သား ပေါက် တကောင် ဖွားလေသည်။သားပေါက်ကလေးသည် ခြင်္သေ့တို့၏ သွင်ပြင် လက္ခဏာ အတိုင်း ရှိသော်လည်း ဟိန်းဟောက်ရာတွင် မြေ ခွေးသံ ရော၍ ထွက်နေ၏။ ခြင်္သေ့မင်းလည်း သူ၏ သားငယ်ကို “သား၊ သင်၏ အသံကို အသုံးမပြုဘဲ ဆိတ်ဆိတ် နေပါလင့်။

သင်၏ အသွင်အပြင်သည် ကေသရာဇာ တို့၏ သွင်ပြင် လက္ခဏာ အတိုင်း ဖြစ်သည့် အတွက် ဆိတ်ဆိတ် နေပါလျှင် ယူဇနာ တထောင် ရှိသော တောအုပ်ကို ငါပေးမည်။ အကယ်၍ သင်သည် ဆိတ်ဆိတ်မနေဘဲ အသံပြုမည် ဟိန်းဟောက်မည် ဆိုလျှင် တောတိရိစ္ဆာန် အပေါင်းသည် သင့်ကို မရိုမသေ ရှိလိမ့် မည်” ဟု ဆုံးမစကား ဆို၏။ခြင်္သေ့ငယ်ကား ဖခင်စကားကို နားမထောင်။ တောကောင်အပေါင်းရှေ့ ရောက်လျှင် အသံပြုကာ ဟိန်းဟောက် လေတော့သည်။မြေခွေးသံ ရောနေသော ခြင်္သေ့ငယ် အသံကို ကြားရသော် တောတိရစ္ဆာန် တို့သည် အရို အသေ မပြုကြတော့ဘဲ ပြက်ရယ် ပြုကြလေသည်။ခြင်္သေ့ငယ်လည်း ဆိတ်ဆိတ် မနေသောကြောင့် ယူဇနာတထောင် တန်သော တောကို ဆုံးရှုံးရလေ၏။ ၎င်းပုံပြင် ဇာတ်ကြောင်းကို အကြောင်းပြု၍”ဆိတ်ဆိတ်နေ ထောင်တန်” ဟူသည့် စကားပုံ ပေါ်ပေါက်လာသည် ဆိုပါ၏။ အခြေအနေကို သုံးသပ်၍ ဆိတ်ဆိတ် နေတတ်ခြင်း သည်လည်း တန်ဖိုး ကြီးမားလှ ပါပေသည်။

Credit – original

[zawgyi]

ဆိတ္ဆိတ္ေန ေထာင္တန္ ဆိုသည္မွာ အေျခအေနႏွင့္ အခ်ိန္အခါ လိုက္၍ တိတ္ဆိတ္ ၿငိမ္သက္စြာ ေနတတ္ျခင္း သည္လည္း တန္ဖိုးႀကီးသည္ ဟု ဆိုလိုေသာ ျမန္မာစကားပုံ တခု ျဖစ္ပါသည္။စကားပုံ ျဖစ္ေပၚလာေသာ ဇာတ္ေၾကာင္းကား ဤသို႔တည္း။ တရံေရာ အခါက ေက သရာဇာ ျခေသၤ့မင္းသည္ အမ်ိဳးတူ ျခေသၤ့မႏွင့္ မေပါင္းေဖာ္ဘဲ ေျမေခြးမ တေကာင္ႏွင့္ ခ်စ္ႀကိဳက္ ေပါင္းေဖာ္ မိ၏။ ကာလၾကာေသာ္ သား ေပါက္ တေကာင္ ဖြားေလသည္။သားေပါက္ကေလးသည္ ျခေသၤ့တို႔၏ သြင္ျပင္ လကၡဏာ အတိုင္း ရွိေသာ္လည္း ဟိန္းေဟာက္ရာတြင္ ေျမ ေခြးသံ ေရာ၍ ထြက္ေန၏။ ျခေသၤ့မင္းလည္း သူ၏ သားငယ္ကို “သား၊ သင္၏ အသံကို အသုံးမျပဳဘဲ ဆိတ္ဆိတ္ ေနပါလင့္။သင္၏ အသြင္အျပင္သည္ ေကသရာဇာ တို႔၏ သြင္ျပင္ လကၡဏာ အတိုင္း ျဖစ္သည့္ အတြက္ ဆိတ္ဆိတ္ ေနပါလွ်င္ ယူဇနာ တေထာင္ ရွိေသာ ေတာအုပ္ကို ငါေပးမည္။ အကယ္၍ သင္သည္ ဆိတ္ဆိတ္မေနဘဲ အသံျပဳမည္ ဟိန္းေဟာက္မည္ ဆိုလွ်င္ ေတာတိရိစာၦန္ အေပါင္းသည္ သင့္ကို မ႐ိုမေသ ရွိလိမ့္ မည္” ဟု ဆုံးမစကား ဆို၏။ျခေသၤ့ငယ္ကား ဖခင္စကားကို နားမေထာင္။ ေတာေကာင္အေပါင္းေရွ႕ ေရာက္လွ်င္ အသံျပဳကာ ဟိန္းေဟာက္ ေလေတာ့သည္။ေျမေခြးသံ ေရာေနေသာ ျခေသၤ့ငယ္ အသံကို ၾကားရေသာ္ ေတာတိရစာၦန္ တို႔သည္ အ႐ို အေသ မျပဳၾကေတာ့ဘဲ ျပက္ရယ္ ျပဳၾကေလသည္။ျခေသၤ့ငယ္လည္း ဆိတ္ဆိတ္ မေနေသာေၾကာင့္ ယူဇနာတေထာင္ တန္ေသာ ေတာကို ဆုံးရႈံးရေလ၏။ ၎ပုံျပင္ ဇာတ္ေၾကာင္းကို အေၾကာင္းျပဳ၍”ဆိတ္ဆိတ္ေန ေထာင္တန္” ဟူသည့္ စကားပုံ ေပၚေပါက္လာသည္ ဆိုပါ၏။ အေျခအေနကို သုံးသပ္၍ ဆိတ္ဆိတ္ ေနတတ္ျခင္း သည္လည္း တန္ဖိုး ႀကီးမားလွ ပါေပသည္။