မတူတာကို လိုက်မတုပါနဲ့

တခါတုန်းက ကျီးကန်း တကောင်ဟာ သစ်ကိုင်းပေါ်မှာ တနေ့လုံး နားနားနေနေ နေနေတယ် ။ ကျီးကန်းဟာ ဘာအလုပ်မှလည်း မယ်မယ် ရရ မရှိဘူး။အဲ့ကျီးကန်းကို ကြည့်ပြီး သစ်ပင်အောက်က ယုန်ကလေးဟာ အားကျနေ ခဲ့တာပေါ့။ တနေ့မှာတော့ ကျီးကန်းကို ယုန်ကလေးက ” ကျုပ်လည်း ဘာမှမလုပ်ဘဲ ခင်ဗျားလို ငြိမ်ငြိမ်လေး တနေ့လုံး ထိုင်နေချင် လိုက်တာဗျာ ” လို့ ပြောတော့ ကျီးကန်းက” ထိုင်လေ၊ မင်းလည်း သစ်ပင်အောက်မှာ တနေကုန် နားနားနေနေ နေပေါ့ ” လို့ ကျီးကန်း က ပြန်ပြော တယ်။

ဒါနဲ့ ယုန်ကလေးလည်း ကျီးကန်း နားနေတဲ့ သစ်ကိုင်းအောက်က မြေပြင်ပေါ် မှာ ငြိမ်ငြိမ်လေး ထိုင်နေ လိုက်တယ်။ ဘာမှ မကြာပါဘူး၊ မြေခွေးတကောင် ရောက်လာပြီး ယုန်ကလေးကို ဖမ်းစား သွားပါ လေရော.. ။” Moral – ဘာမှမလုပ်ဘဲ တနေ့လုံး ထိုင်နေဖို့ ဆိုရင် အလွန့် အလွန် မြင့်တဲ့ အခြေအနေမှာ ရှိမှ ရလိမ့်မယ် “ဒါကြောင့် မတူညီတဲ့ ဘဝတွေ မတူညီတဲ့ အခြေအနေတွေမှာ ကိုယ့်ဒုက္ခ ကိုယ်ရှာပြီး လိုက်တုမနေပါနဲ့..။

Credit – မူရင်း

[zawgyi]

တခါတုန္းက က်ီးကန္း တေကာင္ဟာ သစ္ကိုင္းေပၚမွာ တေန႔လုံး နားနားေနေန ေနေနတယ္ ။ က်ီးကန္းဟာ ဘာအလုပ္မွလည္း မယ္မယ္ ရရ မရွိဘူး။အဲ့က်ီးကန္းကို ၾကည့္ၿပီး သစ္ပင္ေအာက္က ယုန္ကေလးဟာ အားက်ေန ခဲ့တာေပါ့။ တေန႔မွာေတာ့ က်ီးကန္းကို ယုန္ကေလးက ” က်ဳပ္လည္း ဘာမွမလုပ္ဘဲ ခင္ဗ်ားလို ၿငိမ္ၿငိမ္ေလး တေန႔လုံး ထိုင္ေနခ်င္ လိုက္တာဗ်ာ ” လို႔ ေျပာေတာ့ က်ီးကန္းက” ထိုင္ေလ၊ မင္းလည္း သစ္ပင္ေအာက္မွာ တေနကုန္ နားနားေနေန ေနေပါ့ ” လို႔ က်ီးကန္း က ျပန္ေျပာ တယ္။ဒါနဲ႔ ယုန္ကေလးလည္း က်ီးကန္း နားေနတဲ့ သစ္ကိုင္းေအာက္က ေျမျပင္ေပၚ မွာ ၿငိမ္ၿငိမ္ေလး ထိုင္ေန လိုက္တယ္။ ဘာမွ မၾကာပါဘူး၊ ေျမေခြးတေကာင္ ေရာက္လာၿပီး ယုန္ကေလးကို ဖမ္းစား သြားပါ ေလေရာ.. ။” Moral – ဘာမွမလုပ္ဘဲ တေန႔လုံး ထိုင္ေနဖို႔ ဆိုရင္ အလြန႔္ အလြန္ ျမင့္တဲ့ အေျခအေနမွာ ရွိမွ ရလိမ့္မယ္ “ဒါေၾကာင့္ မတူညီတဲ့ ဘဝေတြ မတူညီတဲ့ အေျခအေနေတြမွာ ကိုယ့္ဒုကၡ ကိုယ္ရွာၿပီး လိုက္တုမေနပါနဲ႔..။