မြစ်ကမ်းဘေးက သစ်ပင်အို

တခါတုန်းက မြစ်ကမ်းဘေးမှာ သစ်ပင်အိုကြီး တစ်ပင်ရှိသတဲ့။ မြစ်ရေတွေ တက်လိုက်ကျလိုက်၊ မုန်တိုင်းတွေထန်ခဲ့ပေမယ့်လည်း အပင်ကြီးက မလဲသွားဘူးဆိုတော့ မှော်သစ်ပင်ကြီး ထင်ကြသတဲ့။ အဲဒီသစ်ပင်ကြီးရဲ့ အခေါင်းထဲမှာ ဖျံ လေး တကောင်နေသတဲ့။ သူက ကုန်းနေ ရေနေသတ္တဝါမို့ ရေထဲက ငါးလေးတွေကို စားသလို ပြောင်းဖူး၊ မြေပဲ၊ ဖရဲသီး ချိုချိုလေးတွေ ကြိုက်တာမို့ အနီးအနား ယာခင်းက သွားသွားခိုးစားသတဲ့။ ယာခင်းပိုင်ရှင် အဘွားနဲ့ သူ့သမီးချောလေးကတော့ စိတ်တွေတိုတာပေါ့။အဘွားက ဒီဖျံ ကိုလည်း ဖမ်းလို့ မမိနိုင်တာမို့ စိတ်တိုပြီး ကဲ. ဖျံနေတဲ့ မှော်သစ်ပင်ကြီးကို လှဲပစ်နိုင်တဲ့ ဘယ်သူမဆို သမီးချောလေးနဲ့ ပေးစားမယ်ဆိုပြီး သတင်းလွှင့်လိုက်သတဲ့။ နောက်ရက်မနက်မှာတော့ ခွန်အားပြည့်စုံတဲ့ လူတွေနဲ့ တိရစ္ဆာန်တွေက သစ်ပင်ကြီးနားမှာ လာစုနေကြပြီပေါ့။ (ဟိုးရှေးတုန်းက တိရစ္ဆာန်တွေနဲ့ လူတွေလည်း အိမ်ထောင်ပြုကြတာ ရှိဖူးသတဲ့)ပထမဆုံးကတော့ သူရဲကောင်းလူချောလေးပေါ့။ သူက သူ့ရဲ့ပုဆိန်ကို တညလုံး သွေးထားခဲ့တာ မိုးကြိုးသွားလို ထက်နေပြီပေါ့။ သစ်ပင်ရှေ့မှာ မာန်ပါပါရပ် ပုဆိန်ကို အားရပါးရလွှဲပြီး ခုတ်လိုက်တာ အပင်မှာ အရာသေးသေးလေးတောင် မထင်ဘူးတဲ့။ ထပ်ခါထပ်ခါခုတ်လည်း မထူးတာမို့ လက်လျှော့ပြီး ပြန်သွားသတဲ့။နောက်တဦးက ဆင်ကြီးပေါ့။ အပင်ကို တောင့် တင်းလှတဲ့ အစွယ်ကြီးတွေနဲ့ထောက် နှာမောင်းနဲ့ပါတ် သူရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ လှုပ်ပြီးနှဲ့သတဲ့။ အပင်က လှုပ်တောင် မလှုပ်ဘူးတဲ့။ တောဘုရင် ခြင်္သေ့ကြီးက ငါစမ်းကြည့်မကွာဆိုပြီး အသက်ပြင်းပြင်းရှူ ကြောက်စရာ အသံကြီးနဲ့ ဟိန်းဟောက်သတဲ့။ အနားက လူတွေ၊ အကောင်လေးတွေသာ လန့်သွားတာ အပင်ကတော့ ဘယ်လိုမှမနေဘူးပေါ့။ ရေမြင်းကြီးကလည်း လာလေ့ကွာ ဆိုပြီး အပင်ကြီးကို ပြေးပြေးတိုက်တာ၊ သူသာခေါင်းမူးရော အပင်က နေမြဲပဲပေါ့လေ။

အဲဒါတွေကို အသာကြည့်နေတဲ့ ယုန်လေးက အင်း.. သူတို့လုပ်တာ တခုခုတော့ လွဲနေပြီလို့ စဉ်းစားရင်း စိတ်ကူးရပြီး အကောင်အထည် ဖော် ဖို့ အိမ်ပြန်သွားသတဲ့။နောက်နေ့မနက်စောစောမှာတော့ သူက ခွေးရယ် ဆိတ်ရယ်၊ ငုတ်တိုင် ၂ ချောင်းရယ် ၊ မြက်ကောင်းကောင်းပါတဲ့ အိတ်ရယ်၊ အသားတွေအရိုးတွေပါတဲ့ အိတ်ရယ်၊ နွယ်ကြိုးတွေရယ်နဲ့ လာသတဲ့။ သစ်ပင်နဲ့ မလှမ်းမကမ်းမြေပေါ်မှာ ငုတ်၂ချောင်းကို စိုက်၊ တချောင်းမှာ ခွေးကို နွယ်ကြိုုးနဲ့ ချည်ထား၊ နောက်တချောင်းမှာ ဆိတ်ကို ချည်ထားတာပေါ့။ ခွေးရှေ့မှာ မြက်အိတ်ကိုချ၊ ဆိတ်ရှေ့မှာက အသားအိတ်ကို ချထားသတဲ့။ နေရာနည်းနည်းလှမ်းတော့ ခွေးကလည်း အသားအိတ်နေရာမရောက်နိုင်၊ ဆိတ်ကလည်း မြက်အိတ်နေရာ မရောက်နိုင်ဘူးတဲ့။ ခဏနေတော့ ဆာလာတဲ့ အခါ ၂ ကောင်သား စိတ်တိုပြီး အော်နေကြတာပေါ့။သစ်ပင်ရဲ့ အတွင်းပိုင်း အခေါင်းထဲက ကြည့်နေတဲ့ ဖျံက ဒီယုန်တော့ ငတုံးပဲကွာ၊ မြက်ကို ခွေးရှေ့ချ၊ အသားကို ဆိတ်ရှေ့ချ ရူးများနေလားမသိ ဆိုပြီး စဉ်းစားနေရင်း ကြည့်မရတော့တာနဲ့ပဲ အပြင်ထွက်လာ မြက်အိတ်ကို ဆိတ်ရှေ့သွားချ၊ အသားအိတ်ကို ခွေးရှေ့သွားချ လုပ်ပေးသတဲ့။ အဲဒီအချိန်မှာပဲ အသင့်စောင့်နေတဲ့ အဘွားနဲ့ သမီးချောလေးက အဲဒီ အကောင်ကို ဖမ်းခေါ်သွားတာပေါ့။ယုန်လေးကအဘွားကို သူတို့ သဘောတူထားတာ သတိရဖို့ ပြန် ပြောတာပေါ့။ အဘွားလည်း ယုန်လေးက ဉာဏ်အထက်ဆုံးမို့ သူ့သမီးလေးနဲ့ သဘောတူ ပေးစားလိုက်သတဲ့..။အပင်ကြီးကတော့ အရင်အတိုင်းရှိနေပြီး အထဲမှာ ဘာအကောင်မှ မနေတော့ဘူးတဲ့..။ Moral – တချို့ကိစ္စတွေဟာ ခွန်အားနဲ့ ဖြေရှင်းလို့မရဘဲ ဉာဏ်ပညာဖြင့်သာ ဖြေရှင်းနိုင်ပါတယ်။

Credit.. original

[zawgyi]

တခါတုန္းက ျမစ္ကမ္းေဘးမွာ သစ္ပင္အိုႀကီး တစ္ပင္ရွိသတဲ့။ ျမစ္ေရေတြ တက္လိုက္က်လိုက္၊ မုန္တိုင္းေတြထန္ခဲ့ေပမယ့္လည္း အပင္ႀကီးက မလဲသြားဘူးဆိုေတာ့ ေမွာ္သစ္ပင္ႀကီး ထင္ၾကသတဲ့။ အဲဒီသစ္ပင္ႀကီးရဲ႕ အေခါင္းထဲမွာ ဖ်ံ ေလး တေကာင္ေနသတဲ့။ သူက ကုန္းေန ေရေနသတၱဝါမို႔ ေရထဲက ငါးေလးေတြကို စားသလို ေျပာင္းဖူး၊ ေျမပဲ၊ ဖရဲသီး ခ်ိဳခ်ိဳေလးေတြ ႀကိဳက္တာမို႔ အနီးအနား ယာခင္းက သြားသြားခိုးစားသတဲ့။ ယာခင္းပိုင္ရွင္ အဘြားနဲ႔ သူ႔သမီးေခ်ာေလးကေတာ့ စိတ္ေတြတိုတာေပါ့။အဘြားက ဒီဖ်ံ ကိုလည္း ဖမ္းလို႔ မမိႏိုင္တာမို႔ စိတ္တိုၿပီး ကဲ. ဖ်ံေနတဲ့ ေမွာ္သစ္ပင္ႀကီးကို လွဲပစ္ႏိုင္တဲ့ ဘယ္သူမဆို သမီးေခ်ာေလးနဲ႔ ေပးစားမယ္ဆိုၿပီး သတင္းလႊင့္လိုက္သတဲ့။ ေနာက္ရက္မနက္မွာေတာ့ ခြန္အားျပည့္စုံတဲ့ လူေတြနဲ႔ တိရစာၦန္ေတြက သစ္ပင္ႀကီးနားမွာ လာစုေနၾကၿပီေပါ့။ (ဟိုးေရွးတုန္းက တိရစာၦန္ေတြနဲ႔ လူေတြလည္း အိမ္ေထာင္ျပဳၾကတာ ရွိဖူးသတဲ့)ပထမဆုံးကေတာ့ သူရဲေကာင္းလူေခ်ာေလးေပါ့။ သူက သူ႔ရဲ႕ပုဆိန္ကို တညလုံး ေသြးထားခဲ့တာ မိုးႀကိဳးသြားလို ထက္ေနၿပီေပါ့။ သစ္ပင္ေရွ႕မွာ မာန္ပါပါရပ္ ပုဆိန္ကို အားရပါးရလႊဲၿပီး ခုတ္လိုက္တာ အပင္မွာ အရာေသးေသးေလးေတာင္ မထင္ဘူးတဲ့။ ထပ္ခါထပ္ခါခုတ္လည္း မထူးတာမို႔ လက္ေလွ်ာ့ၿပီး ျပန္သြားသတဲ့။ေနာက္တဦးက ဆင္ႀကီးေပါ့။ အပင္ကို ေတာင့္ တင္းလွတဲ့ အစြယ္ႀကီးေတြနဲ႔ေထာက္ ႏွာေမာင္းနဲ႔ပါတ္ သူရဲ႕ ႀကီးမားတဲ့ ခႏၶာကိုယ္နဲ႔ လႈပ္ၿပီးႏွဲ႔သတဲ့။ အပင္က လႈပ္ေတာင္ မလႈပ္ဘူးတဲ့။ ေတာဘုရင္ ျခေသၤ့ႀကီးက ငါစမ္းၾကည့္မကြာဆိုၿပီး အသက္ျပင္းျပင္းရႉ ေၾကာက္စရာ အသံႀကီးနဲ႔ ဟိန္းေဟာက္သတဲ့။ အနားက လူေတြ၊ အေကာင္ေလးေတြသာ လန႔္သြားတာ အပင္ကေတာ့ ဘယ္လိုမွမေနဘူးေပါ့။ ေရျမင္းႀကီးကလည္း လာေလ့ကြာ ဆိုၿပီး အပင္ႀကီးကို ေျပးေျပးတိုက္တာ၊ သူသာေခါင္းမူးေရာ အပင္က ေနၿမဲပဲေပါ့ေလ။အဲဒါေတြကို အသာၾကည့္ေနတဲ့ ယုန္ေလးက အင္း.. သူတို႔လုပ္တာ တခုခုေတာ့ လြဲေနၿပီလို႔ စဥ္းစားရင္း စိတ္ကူးရၿပီး အေကာင္အထည္ ေဖာ္ ဖို႔ အိမ္ျပန္သြားသတဲ့။ေနာက္ေန႔မနက္ေစာေစာမွာေတာ့ သူက ေခြးရယ္ ဆိတ္ရယ္၊ ငုတ္တိုင္ ၂ ေခ်ာင္းရယ္ ၊ ျမက္ေကာင္းေကာင္းပါတဲ့ အိတ္ရယ္၊ အသားေတြအ႐ိုးေတြပါတဲ့ အိတ္ရယ္၊ ႏြယ္ႀကိဳးေတြရယ္နဲ႔ လာသတဲ့။ သစ္ပင္နဲ႔ မလွမ္းမကမ္းေျမေပၚမွာ ငုတ္၂ေခ်ာင္းကို စိုက္၊ တေခ်ာင္းမွာ ေခြးကို ႏြယ္ႀကိဳုးနဲ႔ ခ်ည္ထား၊ ေနာက္တေခ်ာင္းမွာ ဆိတ္ကို ခ်ည္ထားတာေပါ့။ ေခြးေရွ႕မွာ ျမက္အိတ္ကိုခ်၊ ဆိတ္ေရွ႕မွာက အသားအိတ္ကို ခ်ထားသတဲ့။ ေနရာနည္းနည္းလွမ္းေတာ့ ေခြးကလည္း အသားအိတ္ေနရာမေရာက္ႏိုင္၊ ဆိတ္ကလည္း ျမက္အိတ္ေနရာ မေရာက္ႏိုင္ဘူးတဲ့။ ခဏေနေတာ့ ဆာလာတဲ့ အခါ ၂ ေကာင္သား စိတ္တိုၿပီး ေအာ္ေနၾကတာေပါ့။သစ္ပင္ရဲ႕ အတြင္းပိုင္း အေခါင္းထဲက ၾကည့္ေနတဲ့ ဖ်ံက ဒီယုန္ေတာ့ ငတုံးပဲကြာ၊ ျမက္ကို ေခြးေရွ႕ခ်၊ အသားကို ဆိတ္ေရွ႕ခ် ႐ူးမ်ားေနလားမသိ ဆိုၿပီး စဥ္းစားေနရင္း ၾကည့္မရေတာ့တာနဲ႔ပဲ အျပင္ထြက္လာ ျမက္အိတ္ကို ဆိတ္ေရွ႕သြားခ်၊ အသားအိတ္ကို ေခြးေရွ႕သြားခ် လုပ္ေပးသတဲ့။ အဲဒီအခ်ိန္မွာပဲ အသင့္ေစာင့္ေနတဲ့ အဘြားနဲ႔ သမီးေခ်ာေလးက အဲဒီ အေကာင္ကို ဖမ္းေခၚသြားတာေပါ့။ယုန္ေလးကအဘြားကို သူတို႔ သေဘာတူထားတာ သတိရဖို႔ ျပန္ ေျပာတာေပါ့။ အဘြားလည္း ယုန္ေလးက ဉာဏ္အထက္ဆုံးမို႔ သူ႔သမီးေလးနဲ႔ သေဘာတူ ေပးစားလိုက္သတဲ့..။အပင္ႀကီးကေတာ့ အရင္အတိုင္းရွိေနၿပီး အထဲမွာ ဘာအေကာင္မွ မေနေတာ့ဘူးတဲ့..။ Moral – တခ်ိဳ႕ကိစၥေတြဟာ ခြန္အားနဲ႔ ေျဖရွင္းလို႔မရဘဲ ဉာဏ္ပညာျဖင့္သာ ေျဖရွင္းႏိုင္ပါတယ္။