မြှောက်ပင့်ပြောနေရင် သတိထား

တစ်ခါက လူတစ်ယောက်ဟာ မြို့ပြတွေဆီကို ခရီးထွက်လာသတဲ့ ဝေးကွာကြမ်းတမ်းလွန်းတဲ့ ခရီးရှည် ဖြစ်တာကြောင့် သူဟာ မောပန်းနွမ်နယ်နေတယ်ပေါ့..တနေ့တော့ တောလမ်းတစ်နေရာအရောက် အေးအေးလူလူ နဲ့ စိမ်းစိုလှတဲ့ မြက်တွေကိုစားသောက်နေတဲ့ မြည်းတစ်ကောင်ကို သူတွေ့ပါသတဲ့..သူဟာ အကြံတခု ရုတ်တရက် ရလိုက်တယ် ဒီမြည်းကသာ ငါ့ကို ကျောပိုးသယ်ယူသွားလျှင်တော့ အမော သက် သာမယ်..ဒီအကြံနဲ့ပဲ ဒါနဲ့သူဟာ မြည်းကို စကားစပြောလိုက်တာပေါ့..အို..လှပါပေ့ ခန့်ညားပါပေ့ ဘယ်လို သတ္တဝါ မျိုးပါလိမ့်မယ် လို့ အသံ ထွက်ပြီရွက်ဆိုသတဲ့..မြည်းဟာ တစ်ချက်လှမ်းကြည့်တယ် ပြီးတော့ မြက်တွေကိုပဲ ဆင်လက် ဆက်လက်စားနေသတဲ့..အင်း..ငါလည်း ဆ ရာရှာ ထွက်လာတာ မောလှပြီ ဒီလောက်ခန့်ညားတဲ့ ဥပဓိရုပ်ရှိတဲ့သူ မတွေ့ဘူးသေးပါဘူး..မြည်းဟာ တစ်ချက်တော့ တွေသွားတယ် ဆရာတဲ့ ဆရာဆိုတာ ဘာကြီးပါလိမ့် သူအပင်ပန်းခံရှာနေပုံထောက်လျှင် ဆရာဆိုတာ ဟောဒီငါစားနေတဲ့ မြက်နုနုလေးတွေထက် ပိုကောင်းမယ်ထင်တယ် လို့တွေးသတဲ့..။စားလက်စ မြက်တွေကို ခဏနားရင်း မေးတော့တာပေါ့..နေပါဦး ဆရာဆိုတာ ဘာကိုခေါ်တာတုန်း..ထွင်ထားတဲ့ခြုံနဲ့ ဝင်လာတဲ့ယုန် အဲ..မြည်းနဲ့တော့ ကွက်တိပါပဲ..ဒီလိုဗျ ဆရာဆိုတာ အားလုံးထက် မြင့်မြတ်တဲ့နေရာမှာရှိတာ ပြီးတော့ ဦးဦးဖြားဖြား အားလုံး သူပဲ စားသောက်ရတာပဲ..ပြီးတော့ ခိုင်းချင်ရာ ခိုင်းလိုရတဲ့ တပည့်လည်းမွေးရလို့ရသေးတာလို့ ဆိုလိုက်သတဲ့..ဒီလိုဆို ဆရာလုပ်ရတာ ကောင်းတာ့ပေါ့ ခင်ဗျားက ဆရာရှာနေတာဆို..အဲဒါပြောချင်တာပေါ့ ခင်ဗျား ကိုမြင်တော့ အလိုလို ဆရာတော် ချင်လာတာ ဒီလိုလုပ်ဗျာ ကိုမြည်းက ဆရာလုပ် ကျုပ်က တပည့်လုပ်မယ် ဘယ့်နှယ့်လဲ ခင်ဗျားလောက် ခန့်ငြား ထည်ဝါတဲ့ ဥပဓိရုပ်မျိုး မတွေ့ဘူးသေးဘူး.. မြည်း ဟာ အချိန်မဆိုင်းပဲ ဆရာအဖြစ်လက်ခံလိုက်တော့တာပေါ့ ဆရာလုပ်ရတာ ဇိမ်ပဲမဟုတ်လား..။ မြည်းဟာ ဆရာ ဖြစ်သွားတယ် အကြံနဲ့လူက ခဏကြာတော့ မြည်းကို တွေးတွေးဆဆ ပြောဟန်နဲ့ စကားစလာတော့တာပေါ့..ဆရာရေ အခုကျနော်တို့ မြို့ကိုသွားရမယ်ဗျ အဲဒီမှာ ဆရာ့အဆင့်နဲ့ညီမယ့် အစားအသောက်တွေ နေစရာတွေပေါ့မှပေါဗျာ ဆရာ့အတွက်ပြောတာပါ။မြည်းကလည်း ပူပူနွေးနွေဆရာဖြစ်ခါစ ဆိုတော့ ဟား..ဒီလိုဆိုသွားကြမယ် တော်လိုက်တဲ့ ငါ့တပည့် ဆိုကာ ခရီဆက်ကြသတဲ့..သွားရင်း သွားရင်းနဲ့ ခရီးနဲနဲပေါက်လာတော့ လူဟာ သူအကြံအတိုင်း အကောင်အထည်ဖော်တော့တာပေါ့..။ဆရာရေ တပည့်ကြီးတော့ မလျှောက်တိုင်တာ့ဘူး ဒီနေရာမှာပဲ ထားခဲ့လိုက် ပါတော့ ဆရာ့အတွက် တပည့် ကောင်း မလုပ်နိုင်တော့တာ ခွင့်လွှတ်ပါဆရာ ဆရာအတွက် တပည့် မရှားပါဘူး.. လိုက်ချင်ပါလျှက် ဝမ်းနဲစွာနဲ့ နေခဲ့ရပါတော့မယ် ဟော ဒီ အသုံးမကျတဲ့ ကျုပ်ခြေထောက်ကို ရိုက်ချိုးဖို့ပဲ ကောင်းတော့တယ် ပြောပြောဆိုဆို သူခြေထောက်သူ မာန်ပါပါထုရိုက်နေတော့သတဲ့..။

အိုး..ဒီလိုတော့ မလုပ်ပါနဲ့ တပည့်ရယ် မြိုပြဆိုတာ ဘယ်နားမှာလည်းဆိုတာတောင် ကျုပ်မသိဘူး ပြီးတော့ တပည့်ဖြစ်တဲ့မင်းကိုလည်းမထား ရက်နိုင်ဘူး ကဲကဲ ကျုပ်ကျောပေါ်သာတက်လိုက်ခဲ့တော့..မြည်းဟာ အခုပဲပူပူနွေးနွေးဆရာဖြစ်ခါစ အခုပဲ ဆရာ ရာထူးကနေပြုတ်တော့မယ်ဆိုတော့ မြည်းအကြပ်ရိုက်သွားဟန်ရှိတယ်။အမလေး ဆရာရယ် ဆရာကျောပေါ်တော့ မလိုက်ပါရစေနဲ့ ခိုင်းစရာရှိလျှင် တပည့်ကပဲလုပ်ပေးရမှာမဟုတ်လား။နေပါစေတော့ဗျာ ထားသာထားခဲ့လိုက်ပါတော့လို့ ဟန်အမူအရာ အပြည့်နဲ့ လုပ်ပြန်သတဲ့..။ကဲပါကွာ ငါကပဲကြည်ကြည်ဖြူဖြူ လက်ခံတာပါ ငါကျောပေါ် ငါတက်ခိုင်းတာကွာ ခိုင်းတယ်လို့သဘောထား ဟုတ်ပြီလား..ဆရာရယ် ဆရာလို အနစ်နာ ခံလွန်းတဲ့ ဆရာမျိုး ဟုဆိုကာ ဆို့နစ် တိမ်ဝင်သွားဟန် ပြုသတဲ့..။ကဲကဲ တက်တက် အချိန်လင့်နေဦးမယ်ဆိုတော့ ငိုက်စိုက်ငိုက်စိုက် နဲ ကျောပေါ်တက်ခွတော့တာပေါ့..။အမယ် လေး သဟ..အမယ် ဇိမ်ကျသဟ..နှစ်ဦးလုံး အသံမထွက်ကြ စိတ်ထဲကသာ ကြိတ်ဆိုကြတယ်။ဒီလိုနဲ့ မြို့ပြရောက်လာတယ်ပေါ့ မြို့ရောက်တော့ နှစ်ဦးလုံး ဗိုက်ကလည်းဆာနေကြတာပေါ့..။ကဲတပည့်ရေ ကျောပေါ်ကနေဆင်းဆော့ စားစရာ သွားရှာချေ။ ဆရာ ဆရာ ဆရာ..ဟေ ဘာတုန်း..မြို့က လူတွေက သူတို့ခိုင်းတာလုပ်မှ စားစရာပေးမတဲ့သူတို့က ဘာခိုင်းလို့လဲ..ကုန်ပစ္စည်း တွေဟိုဘက် တွန်းရွေ့ရမတဲ့ ကျနော် မနိုင်ဘူးဆရာ..အော် ဒါများကွာ မင်း့ဆရာ ငါတစ်ယောက်လုံးပါနေတာပဲ..ဒီလောက်တော့ အပျော့ပါ။မြည်းဟာ ပြောရင်းဆိုရင်း ကုန်တွေကို ဦးခေါင်းနဲ့ တွန်းရွေ့တော့တာပေါ့..လူဟာ နားနေရင်း စိတ်ကူးပြန်သတဲ့ မြို့သူတစ်ယောက် ယောက်နဲ့ လက်ထပ်မယ် သားလေးတစ်ယောက်မွေးမယ် ဒီမြည်းရဲ့လည်ဆံမွေးတွေက ငါ့သား ဆော့စရာ မိသားစုထမင်းဝိုင်းမှာ မြည်း သားကို ငရုပ်စပ်စပ်လေနဲ့ကင် ဝိုင်ကောင်းကောင်းလေးနဲ့မြီးမယ် ပြီးတော့ မြည်းခြေထောက်တွေကို မုယောစပါးနဲ့ စွတ်ပြုပ်လေးလုပ် ပူပူနွေး မိန်းမတစ်ကိုက် သားတစ်ကိုက် ပြီးတာ့ ငါအလှည့်ကြ ဟောသလို ကိုက်ဖဲ့စားလိုက်လိုမှာ ဆိုကာ ယောင်ရမ်းကာ အလုပ်လုပ်နေတဲ့ မြည်းခြေထောက်ကို သွားကိုက်တော့တာပေါ့..ဟဟ ဘာတုန်း နာတယ်ဟ ငါ့ခြေထောက်ဘာဖြစ်..တပည့် မင်းဘာဖြစ် နဲ့ ဟထစ်ဟထစ် ဆိုနေတော့တာပေါ့..အဲဒီမှာ လူလည်ကောင် ပြောလိုက်ပုံက ဆရာညောင်းနေမှာစိုးလို့ တပည့် နိပ့်ပေးတာဆရာ ကျနော်လက်တွေက ပေရေညစ်ပက်နေတော့ ဆရာ့ခြေထောက်ဖြူဖြူလေးတွေမဲကုန်မှာ စိုးလွန်းလို့ ပါးစပ်နဲ့ နိပ့်ပေးမိတာ ဟဲဟဲ..အော် အေးအေး နေပါစေကွာ ရပါတယ် တပည့်ရယ်..အင်း..ဆရာဖြစ်ရတာ မကောင်းပါဘူးကွာ ခါးနာ ခြေထောက်နာ ခေါင်းနာ လို့ တိုးတိုးလေး ငြီးလိုက်ပါတော့ သတဲ့။ Moral – နှုတ်ဖြင့် မြှောက်ပင့်ပေါင်းစားသောသူကို သတိထားပါ။

credit – original

[zawgyi]

တစ္ခါက လူတစ္ေယာက္ဟာ ၿမိဳ႕ျပေတြဆီကို ခရီးထြက္လာသတဲ့ ေဝးကြာၾကမ္းတမ္းလြန္းတဲ့ ခရီးရွည္ ျဖစ္တာေၾကာင့္ သူဟာ ေမာပန္းႏြမ္နယ္ေနတယ္ေပါ့..တေန႔ေတာ့ ေတာလမ္းတစ္ေနရာအေရာက္ ေအးေအးလူလူ နဲ႔ စိမ္းစိုလွတဲ့ ျမက္ေတြကိုစားေသာက္ေနတဲ့ ျမည္းတစ္ေကာင္ကို သူေတြ႕ပါသတဲ့..သူဟာ အႀကံတခု ႐ုတ္တရက္ ရလိုက္တယ္ ဒီျမည္းကသာ ငါ့ကို ေက်ာပိုးသယ္ယူသြားလွ်င္ေတာ့ အေမာ သက္ သာမယ္..ဒီအႀကံနဲ႔ပဲ ဒါနဲ႔သူဟာ ျမည္းကို စကားစေျပာလိုက္တာေပါ့..အို..လွပါေပ့ ခန႔္ညားပါေပ့ ဘယ္လို သတၱဝါ မ်ိဳးပါလိမ့္မယ္ လို႔ အသံ ထြက္ၿပီ႐ြက္ဆိုသတဲ့..ျမည္းဟာ တစ္ခ်က္လွမ္းၾကည့္တယ္ ၿပီးေတာ့ ျမက္ေတြကိုပဲ ဆင္လက္ ဆက္လက္စားေနသတဲ့..အင္း..ငါလည္း ဆ ရာရွာ ထြက္လာတာ ေမာလွၿပီ ဒီေလာက္ခန႔္ညားတဲ့ ဥပဓိ႐ုပ္ရွိတဲ့သူ မေတြ႕ဘူးေသးပါဘူး..ျမည္းဟာ တစ္ခ်က္ေတာ့ ေတြသြားတယ္ ဆရာတဲ့ ဆရာဆိုတာ ဘာႀကီးပါလိမ့္ သူအပင္ပန္းခံရွာေနပုံေထာက္လွ်င္ ဆရာဆိုတာ ေဟာဒီငါစားေနတဲ့ ျမက္ႏုႏုေလးေတြထက္ ပိုေကာင္းမယ္ထင္တယ္ လို႔ေတြးသတဲ့..။စားလက္စ ျမက္ေတြကို ခဏနားရင္း ေမးေတာ့တာေပါ့..ေနပါဦး ဆရာဆိုတာ ဘာကိုေခၚတာတုန္း..ထြင္ထားတဲ့ၿခဳံနဲ႔ ဝင္လာတဲ့ယုန္ အဲ..ျမည္းနဲ႔ေတာ့ ကြက္တိပါပဲ..ဒီလိုဗ် ဆရာဆိုတာ အားလုံးထက္ ျမင့္ျမတ္တဲ့ေနရာမွာရွိတာ ၿပီးေတာ့ ဦးဦးျဖားျဖား အားလုံး သူပဲ စားေသာက္ရတာပဲ..ၿပီးေတာ့ ခိုင္းခ်င္ရာ ခိုင္းလိုရတဲ့ တပည့္လည္းေမြးရလို႔ရေသးတာလို႔ ဆိုလိုက္သတဲ့..ဒီလိုဆို ဆရာလုပ္ရတာ ေကာင္းတာ့ေပါ့ ခင္ဗ်ားက ဆရာရွာေနတာဆို..အဲဒါေျပာခ်င္တာေပါ့ ခင္ဗ်ား ကိုျမင္ေတာ့ အလိုလို ဆရာေတာ္ ခ်င္လာတာ ဒီလိုလုပ္ဗ်ာ ကိုျမည္းက ဆရာလုပ္ က်ဳပ္က တပည့္လုပ္မယ္ ဘယ့္ႏွယ့္လဲ ခင္ဗ်ားေလာက္ ခန႔္ျငား ထည္ဝါတဲ့ ဥပဓိ႐ုပ္မ်ိဳး မေတြ႕ဘူးေသးဘူး.. ျမည္း ဟာ အခ်ိန္မဆိုင္းပဲ ဆရာအျဖစ္လက္ခံလိုက္ေတာ့တာေပါ့ ဆရာလုပ္ရတာ ဇိမ္ပဲမဟုတ္လား..။ ျမည္းဟာ ဆရာ ျဖစ္သြားတယ္ အႀကံနဲ႔လူက ခဏၾကာေတာ့ ျမည္းကို ေတြးေတြးဆဆ ေျပာဟန္နဲ႔ စကားစလာေတာ့တာေပါ့..ဆရာေရ အခုက်ေနာ္တို႔ ၿမိဳ႕ကိုသြားရမယ္ဗ် အဲဒီမွာ ဆရာ့အဆင့္နဲ႔ညီမယ့္ အစားအေသာက္ေတြ ေနစရာေတြေပါ့မွေပါဗ်ာ ဆရာ့အတြက္ေျပာတာပါ။ျမည္းကလည္း ပူပူေႏြးေႏြဆရာျဖစ္ခါစ ဆိုေတာ့ ဟား..ဒီလိုဆိုသြားၾကမယ္ ေတာ္လိုက္တဲ့ ငါ့တပည့္ ဆိုကာ ခရီဆက္ၾကသတဲ့..သြားရင္း သြားရင္းနဲ႔ ခရီးနဲနဲေပါက္လာေတာ့ လူဟာ သူအႀကံအတိုင္း အေကာင္အထည္ေဖာ္ေတာ့တာေပါ့..။ဆရာေရ တပည့္ႀကီးေတာ့ မေလွ်ာက္တိုင္တာ့ဘူး ဒီေနရာမွာပဲ ထားခဲ့လိုက္ ပါေတာ့ ဆရာ့အတြက္ တပည့္ ေကာင္း မလုပ္ႏိုင္ေတာ့တာ ခြင့္လႊတ္ပါဆရာ ဆရာအတြက္ တပည့္ မရွားပါဘူး.. လိုက္ခ်င္ပါလွ်က္ ဝမ္းနဲစြာနဲ႔ ေနခဲ့ရပါေတာ့မယ္ ေဟာ ဒီ အသုံးမက်တဲ့ က်ဳပ္ေျခေထာက္ကို ႐ိုက္ခ်ိဳးဖို႔ပဲ ေကာင္းေတာ့တယ္ ေျပာေျပာဆိုဆို သူေျခေထာက္သူ မာန္ပါပါထု႐ိုက္ေနေတာ့သတဲ့..။အိုး..ဒီလိုေတာ့ မလုပ္ပါနဲ႔ တပည့္ရယ္ ၿမိဳျပဆိုတာ ဘယ္နားမွာလည္းဆိုတာေတာင္ က်ဳပ္မသိဘူး ၿပီးေတာ့ တပည့္ျဖစ္တဲ့မင္းကိုလည္းမထား ရက္ႏိုင္ဘူး ကဲကဲ က်ဳပ္ေက်ာေပၚသာတက္လိုက္ခဲ့ေတာ့..ျမည္းဟာ အခုပဲပူပူေႏြးေႏြးဆရာျဖစ္ခါစ အခုပဲ ဆရာ ရာထူးကေနျပဳတ္ေတာ့မယ္ဆိုေတာ့ ျမည္းအၾကပ္႐ိုက္သြားဟန္ရွိတယ္။အမေလး ဆရာရယ္ ဆရာေက်ာေပၚေတာ့ မလိုက္ပါရေစနဲ႔ ခိုင္းစရာရွိလွ်င္ တပည့္ကပဲလုပ္ေပးရမွာမဟုတ္လား။ေနပါေစေတာ့ဗ်ာ ထားသာထားခဲ့လိုက္ပါေတာ့လို႔ ဟန္အမူအရာ အျပည့္နဲ႔ လုပ္ျပန္သတဲ့..။ကဲပါကြာ ငါကပဲၾကည္ၾကည္ျဖဴျဖဴ လက္ခံတာပါ ငါေက်ာေပၚ ငါတက္ခိုင္းတာကြာ ခိုင္းတယ္လို႔သေဘာထား ဟုတ္ၿပီလား..ဆရာရယ္ ဆရာလို အနစ္နာ ခံလြန္းတဲ့ ဆရာမ်ိဳး ဟုဆိုကာ ဆို႔နစ္ တိမ္ဝင္သြားဟန္ ျပဳသတဲ့..။ကဲကဲ တက္တက္ အခ်ိန္လင့္ေနဦးမယ္ဆိုေတာ့ ငိုက္စိုက္ငိုက္စိုက္ နဲ ေက်ာေပၚတက္ခြေတာ့တာေပါ့..။အမယ္ ေလး သဟ..အမယ္ ဇိမ္က်သဟ..ႏွစ္ဦးလုံး အသံမထြက္ၾက စိတ္ထဲကသာ ႀကိတ္ဆိုၾကတယ္။ဒီလိုနဲ႔ ၿမိဳ႕ျပေရာက္လာတယ္ေပါ့ ၿမိဳ႕ေရာက္ေတာ့ ႏွစ္ဦးလုံး ဗိုက္ကလည္းဆာေနၾကတာေပါ့..။ကဲတပည့္ေရ ေက်ာေပၚကေနဆင္းေဆာ့ စားစရာ သြားရွာေခ်။ ဆရာ ဆရာ ဆရာ..ေဟ ဘာတုန္း..ၿမိဳ႕က လူေတြက သူတို႔ခိုင္းတာလုပ္မွ စားစရာေပးမတဲ့သူတို႔က ဘာခိုင္းလို႔လဲ..ကုန္ပစၥည္း ေတြဟိုဘက္ တြန္းေ႐ြ႕ရမတဲ့ က်ေနာ္ မႏိုင္ဘူးဆရာ..ေအာ္ ဒါမ်ားကြာ မင္း့ဆရာ ငါတစ္ေယာက္လုံးပါေနတာပဲ..ဒီေလာက္ေတာ့ အေပ်ာ့ပါ။ျမည္းဟာ ေျပာရင္းဆိုရင္း ကုန္ေတြကို ဦးေခါင္းနဲ႔ တြန္းေ႐ြ႕ေတာ့တာေပါ့..လူဟာ နားေနရင္း စိတ္ကူးျပန္သတဲ့ ၿမိဳ႕သူတစ္ေယာက္ ေယာက္နဲ႔ လက္ထပ္မယ္ သားေလးတစ္ေယာက္ေမြးမယ္ ဒီျမည္းရဲ႕လည္ဆံေမြးေတြက ငါ့သား ေဆာ့စရာ မိသားစုထမင္းဝိုင္းမွာ ျမည္း သားကို င႐ုပ္စပ္စပ္ေလနဲ႔ကင္ ဝိုင္ေကာင္းေကာင္းေလးနဲ႔ၿမီးမယ္ ၿပီးေတာ့ ျမည္းေျခေထာက္ေတြကို မုေယာစပါးနဲ႔ စြတ္ျပဳပ္ေလးလုပ္ ပူပူေႏြး မိန္းမတစ္ကိုက္ သားတစ္ကိုက္ ၿပီးတာ့ ငါအလွည့္ၾက ေဟာသလို ကိုက္ဖဲ့စားလိုက္လိုမွာ ဆိုကာ ေယာင္ရမ္းကာ အလုပ္လုပ္ေနတဲ့ ျမည္းေျခေထာက္ကို သြားကိုက္ေတာ့တာေပါ့..ဟဟ ဘာတုန္း နာတယ္ဟ ငါ့ေျခေထာက္ဘာျဖစ္..တပည့္ မင္းဘာျဖစ္ နဲ႔ ဟထစ္ဟထစ္ ဆိုေနေတာ့တာေပါ့..အဲဒီမွာ လူလည္ေကာင္ ေျပာလိုက္ပုံက ဆရာေညာင္းေနမွာစိုးလို႔ တပည့္ နိပ့္ေပးတာဆရာ က်ေနာ္လက္ေတြက ေပေရညစ္ပက္ေနေတာ့ ဆရာ့ေျခေထာက္ျဖဴျဖဴေလးေတြမဲကုန္မွာ စိုးလြန္းလို႔ ပါးစပ္နဲ႔ နိပ့္ေပးမိတာ ဟဲဟဲ..ေအာ္ ေအးေအး ေနပါေစကြာ ရပါတယ္ တပည့္ရယ္..အင္း..ဆရာျဖစ္ရတာ မေကာင္းပါဘူးကြာ ခါးနာ ေျခေထာက္နာ ေခါင္းနာ လို႔ တိုးတိုးေလး ၿငီးလိုက္ပါေတာ့ သတဲ့။ Moral – ႏႈတ္ျဖင့္ ေျမႇာက္ပင့္ေပါင္းစားေသာသူကို သတိထားပါ။