“ပုဆိန်”က မမှတ်မိပေမယ့်..သစ်ပင်ကတော့ဘယ်မေ့မှာလဲ”

တစ်ခါတစ်ခါ လောကကြီးက အတော်စိတ်နာဖို့တော့ ကောင်းသား။လောကကြီးမှာ ပုဆိန်လိုလူတွေက ပြုံးနေနိုင်တယ်။သူတို့လုပ်ခဲ့တဲ့လုပ်ရပ်တွေ ဘယ်လောက်ဆိုးဝါးလဲဆိုတာ တစ်စက်ကလေးမှတောင် နားလည်ပုံမပေါ်ဘဲ၊ အမှားလုပ်မိသူတွေအပေါ် (သစ်ပင်လိုလူတွေအပေါ်) နည်းနည်းလေးမှတောင် အားနာပုံမပေါ်ဘဲ ဘယ်လိုများ စိတ်သန့်သန့်နဲ့ နေနိုင်ရတာလဲ?နောင်တရဖို့ မမျှော်လင့်ပေမဲ့ အားနာစိတ်လေး တစ်စက်တော့ ရှိသင့်တယ်မဟုတ်လား။ တကယ့်ကို စိတ်ရင်းနဲ့ အားနာဖို့တော့ ကောင်းတယ် မဟုတ်ဘူးလား။ ငြိမ်နေတဲ့ရေကို ဂယက်ထအောင်လုပ်မိရင် ကြည်နေတဲ့ရေကို နောက်အောင်လုပ်မိရင် သူ့ဘာသာသူ နေနေတဲ့ တစ်စုံတစ်ယောက်ကို ဒဏ်ရာတွေပေးမိရင် တစ်ချက်လေးတော့ စိတ်ရင်းနဲ့ အားနာသင့်တယ် မဟုတ်ဘူးလား..ဘယ်လိုများ ဘာမှမဖြစ်သလို နေနိုင်ရတာလဲ။ ပုဆိန်က ဘယ်သိပါ့မလဲ။

သူက အသွားထက်ထက် ဘက်ကလူလေ။ ဘယ်မှတ်မိပါ့မလဲ။ သူ့လုပ်ရပ်တွေ ဘယ်လောက်ထိဆိုးဝါးခဲ့လဲ၊ တစ်ဖက်မှာ ဘယ်လောက်ထိ ဖြစ်ခဲ့ရလဲ၊ ပုဆိန်ကတော့ ဘယ်ခံစားမိပါ့မလဲ။ ဘယ်မှတ်မိပါ့မလဲ။သစ်ပင်လိုလူတွေ အတွက်တော့ ဘယ်လောက်ပဲ သန်မာအောင် ပြန်တည်ဆောက်ပါစေ။ ဒဏ်ရာတွေကို အကျိုးရှိအောင် အသုံးချပါစေ။ ရင့်ကျက်အောင် နေနေပါစေ။ ဘာမှ မနာကျင်ရတော့ပါဘူးဆိုရင် တောင်မှ သစ်ပင်ကတော့ ဘယ်မေ့ပါ့မလဲ။ ဘာ အမုန်းတရား မကျေနပ်မှုတစ်စုံတစ်ရာ မရှိဘူးဆိုရင်တောင်မှ သစ်ပင်ကတော့ ဘယ်မေ့ပါ့မလဲ။ ထက်တဲ့အသွားတစ်ဖက် စူးနစ် ဝင်ခဲ့ရတာမှတ်လား။ ဝေဒနာကို ခံခဲ့ရသူ မှတ်လား။ လူတစ်ယောက်ယောက်ကို မတော်တဆ တက်နင်းမိရင်တောင် sorry လို့ ပြောရသေးတာ။ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်ဆိုရင်တော့ ပိုအားနာသင့်တယ် မဟုတ်ဘူးလား။ အင်းလေ။ ပုဆိန် နဲ့ သစ်ပင် ဘယ်တူပါ့မလဲ။

credit to original

[zawgyi]

တစ္ခါတစ္ခါ ေလာကႀကီးက အေတာ္စိတ္နာဖို႔ေတာ့ ေကာင္းသား။ေလာကႀကီးမွာ ပုဆိန္လိုလူေတြက ၿပဳံးေနႏိုင္တယ္။သူတို႔လုပ္ခဲ့တဲ့လုပ္ရပ္ေတြ ဘယ္ေလာက္ဆိုးဝါးလဲဆိုတာ တစ္စက္ကေလးမွေတာင္ နားလည္ပုံမေပၚဘဲ၊ အမွားလုပ္မိသူေတြအေပၚ (သစ္ပင္လိုလူေတြအေပၚ) နည္းနည္းေလးမွေတာင္ အားနာပုံမေပၚဘဲ ဘယ္လိုမ်ား စိတ္သန႔္သန႔္နဲ႔ ေနႏိုင္ရတာလဲ?ေနာင္တရဖို႔ မေမွ်ာ္လင့္ေပမဲ့ အားနာစိတ္ေလး တစ္စက္ေတာ့ ရွိသင့္တယ္မဟုတ္လား။ တကယ့္ကို စိတ္ရင္းနဲ႔ အားနာဖို႔ေတာ့ ေကာင္းတယ္ မဟုတ္ဘူးလား။ ၿငိမ္ေနတဲ့ေရကို ဂယက္ထေအာင္လုပ္မိရင္ ၾကည္ေနတဲ့ေရကို ေနာက္ေအာင္လုပ္မိရင္ သူ႔ဘာသာသူ ေနေနတဲ့ တစ္စုံတစ္ေယာက္ကို ဒဏ္ရာေတြေပးမိရင္ တစ္ခ်က္ေလးေတာ့ စိတ္ရင္းနဲ႔ အားနာသင့္တယ္ မဟုတ္ဘူးလား..ဘယ္လိုမ်ား ဘာမွမျဖစ္သလို ေနႏိုင္ရတာလဲ။ ပုဆိန္က ဘယ္သိပါ့မလဲ။သူက အသြားထက္ထက္ ဘက္ကလူေလ။ ဘယ္မွတ္မိပါ့မလဲ။ သူ႔လုပ္ရပ္ေတြ ဘယ္ေလာက္ထိဆိုးဝါးခဲ့လဲ၊ တစ္ဖက္မွာ ဘယ္ေလာက္ထိ ျဖစ္ခဲ့ရလဲ၊ ပုဆိန္ကေတာ့ ဘယ္ခံစားမိပါ့မလဲ။ ဘယ္မွတ္မိပါ့မလဲ။သစ္ပင္လိုလူေတြ အတြက္ေတာ့ ဘယ္ေလာက္ပဲ သန္မာေအာင္ ျပန္တည္ေဆာက္ပါေစ။ ဒဏ္ရာေတြကို အက်ိဳးရွိေအာင္ အသုံးခ်ပါေစ။ ရင့္က်က္ေအာင္ ေနေနပါေစ။ ဘာမွ မနာက်င္ရေတာ့ပါဘူးဆိုရင္ ေတာင္မွ သစ္ပင္ကေတာ့ ဘယ္ေမ့ပါ့မလဲ။ ဘာ အမုန္းတရား မေက်နပ္မႈတစ္စုံတစ္ရာ မရွိဘူးဆိုရင္ေတာင္မွ သစ္ပင္ကေတာ့ ဘယ္ေမ့ပါ့မလဲ။ ထက္တဲ့အသြားတစ္ဖက္ စူးနစ္ ဝင္ခဲ့ရတာမွတ္လား။ ေဝဒနာကို ခံခဲ့ရသူ မွတ္လား။ လူတစ္ေယာက္ေယာက္ကို မေတာ္တဆ တက္နင္းမိရင္ေတာင္ sorry လို႔ ေျပာရေသးတာ။ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ခဲ့တယ္ဆိုရင္ေတာ့ ပိုအားနာသင့္တယ္ မဟုတ္ဘူးလား။ အင္းေလ။ ပုဆိန္ နဲ႔ သစ္ပင္ ဘယ္တူပါ့မလဲ။