တန်ဖိုးမြင့်တဲ့အရာတိုင်းမှာ ဒဏ်ရာတွေရှိစမြဲ..

တစ်ခါတုန်းက ဝါးရုံတစ်ခုထဲမှာရှိတဲ့ ဝါးလေးနှစ်ချောင်းမှာ တစ်ချောင်းက ပုလွေ ဖြစ်သွားပြီး နောက်တစ်ချောင်းက အဝတ်လှန်းတဲ့ တန်း ဖြစ်သွားပါသတဲ့..။ ဒါနဲ့..အဝတ်တန်းဝါးက မကျေမနပ် ပုလွေဖြစ်သွားတဲ့ ဝါးကိုလှမ်းမေးပါတယ်။ ငါတို့က ဝါးရုံတစ်ခုထဲဖြစ်ရဲ့သားနဲ့ ငါက လေထဲမိုးထဲနေရပြီး ဘာမှတန်ဖိုးမရှိဘူး။မင်းကျတော့ တန်ဖိုးမြင့်နေတာက ဘာ့ကြောင့်လည်းပေါ့..။ ဒါကို ပုလွေ ပြန်ဖြေလိုက်တာကမင်းက ဓါးတစ်ချက်ပဲ အခုတ်ခံရတယ်..ငါက ဓါးအချက်ပေါင်းများစွာ အခုတ်ခံရပြီးမှ လက်ရာမြောက်စွာ တန်ဖိုးထားခြင်းခံရတာလေ..။

အဲ့ဒီတော့မှ အဝတ်တန်းက နှုတ်ဆိတ်သွားပြီး တစ်ခုတွေးလိုက်မိတယ်။ သြော်..တန်ဖိုးမြင့်နေတဲ့ သူတိုင်းက ဒဏ်ရာပေါင်းများစွာ အလူး အလဲ ခံခဲ့ရတာပါလားလို့ပေါ့။ဒီအကြောင်းအရာလေးက ပြောချင်တာကတော့ ကျွန်တော်တို့တွေရဲ့ လူ့ဘဝ ဆိုတာလည်း ဒီလိုပါပဲ..အခက် အခဲ အတားဆီး များစွာကျော်ဖြတ်ရတဲ့ ဒဏ်၊ နားလည်ပေးနိုင်သူ မရှိလို့ အထီးကျန်ဆန်တဲ့ ဒဏ်၊ ဝိုးတဝါး အခြေနေအောက်မှာ တာဝန်ယူရတဲ့ ဒဏ်၊ ဘဝပေး ကံကြမ္မာကြောင့် တွေ့ဆုံကွေကွင်းရတဲ့ ဒဏ်၊ ဒဏ်ပေါင်းစုံကို အပြုံးနဲ့ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်ပါမှ ဘဝက တန်ဖိုးရှိမှာပါ။ ဒါ့ကြောင့်မို့ သူများတွေ အောင်မြင်နေတာ တွေ့ရရင်မနာလို ဝန်တို မဖြစ်မိပါစေနဲ့..သူ့မှာ ဒါဏ်ရာတွေ နာကျင်မူ့တွေနဲ့ ပေးဆပ်ထားရတာ တွေပိုများလို့ပါ ။

Credit – Original

[zawgyi]

တစ္ခါတုန္းက ဝါး႐ုံတစ္ခုထဲမွာရွိတဲ့ ဝါးေလးႏွစ္ေခ်ာင္းမွာ တစ္ေခ်ာင္းက ပုေလြ ျဖစ္သြားၿပီး ေနာက္တစ္ေခ်ာင္းက အဝတ္လွန္းတဲ့ တန္း ျဖစ္သြားပါသတဲ့..။ ဒါနဲ႔..အဝတ္တန္းဝါးက မေက်မနပ္ ပုေလြျဖစ္သြားတဲ့ ဝါးကိုလွမ္းေမးပါတယ္။ ငါတို႔က ဝါး႐ုံတစ္ခုထဲျဖစ္ရဲ႕သားနဲ႔ ငါက ေလထဲမိုးထဲေနရၿပီး ဘာမွတန္ဖိုးမရွိဘူး။မင္းက်ေတာ့ တန္ဖိုးျမင့္ေနတာက ဘာ့ေၾကာင့္လည္းေပါ့..။ ဒါကို ပုေလြ ျပန္ေျဖလိုက္တာကမင္းက ဓါးတစ္ခ်က္ပဲ အခုတ္ခံရတယ္..ငါက ဓါးအခ်က္ေပါင္းမ်ားစြာ အခုတ္ခံရၿပီးမွ လက္ရာေျမာက္စြာ တန္ဖိုးထားျခင္းခံရတာေလ..။အဲ့ဒီေတာ့မွ အဝတ္တန္းက ႏႈတ္ဆိတ္သြားၿပီး တစ္ခုေတြးလိုက္မိတယ္။ ေၾသာ္..တန္ဖိုးျမင့္ေနတဲ့ သူတိုင္းက ဒဏ္ရာေပါင္းမ်ားစြာ အလူး အလဲ ခံခဲ့ရတာပါလားလို႔ေပါ့။ဒီအေၾကာင္းအရာေလးက ေျပာခ်င္တာကေတာ့ ကြၽန္ေတာ္တို႔ေတြရဲ႕ လူ႔ဘဝ ဆိုတာလည္း ဒီလိုပါပဲ..အခက္ အခဲ အတားဆီး မ်ားစြာေက်ာ္ျဖတ္ရတဲ့ ဒဏ္၊ နားလည္ေပးႏိုင္သူ မရွိလို႔ အထီးက်န္ဆန္တဲ့ ဒဏ္၊ ဝိုးတဝါး အေျခေနေအာက္မွာ တာဝန္ယူရတဲ့ ဒဏ္၊ ဘဝေပး ကံၾကမၼာေၾကာင့္ ေတြ႕ဆုံေကြကြင္းရတဲ့ ဒဏ္၊ ဒဏ္ေပါင္းစုံကို အၿပဳံးနဲ႔ရင္ဆိုင္ေျဖရွင္း ေက်ာ္လႊားႏိုင္ပါမွ ဘဝက တန္ဖိုးရွိမွာပါ။ ဒါ့ေၾကာင့္မို႔ သူမ်ားေတြ ေအာင္ျမင္ေနတာ ေတြ႕ရရင္မနာလို ဝန္တို မျဖစ္မိပါေစနဲ႔..သူ႔မွာ ဒါဏ္ရာေတြ နာက်င္မူ႔ေတြနဲ႔ ေပးဆပ္ထားရတာ ေတြပိုမ်ားလို႔ပါ ။