မြန်မာနိုင်ငံမြေပုံကို ပထမဆုံးရေးဆွဲခဲ့တဲ့ တောင်ငူသူ ဒေါက်တာဒေါ်သင်းကြည်အကြောင်း

၁။ပါမောက္ခ ဒေါက်တာ ဒေါ်သင်းကြည်ကို မြန်မာအမျိုး သမီးများထဲမှာ ပထမဆုံး နိုင်ငံခြားက ပါရဂူဘွဲ့ ယူလာသူအဖြစ် သိသူများပါတယ်။၁၉၅၀ ခုနှစ် အမေရိကန်နိုင်ငံ ကလပ်တက္ကသိုလ်မှာ ပထဝီဘာသာနဲ့ ဖြစ်ပါတယ်။စစ်မဖြစ်ခင် ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်အမျိုးသမီးတွေ လန်ဒန်မှာ ပါရဂူဘွဲ့ သွားယူကြတာတွေ ရှိပေမယ့် မြန်မာအမျိုးသမီးတွေထဲကတော့ ဒေါ်သင်းကြည်က ပထမဆုံးပါ။မြန်မာပြည်မြေပုံ ပထမဆုံးရေးဆွဲသူ ဒေါက်တာဒေါ်သင်းကြည်(တောင်ငူသူ)၂။နောက် ဒေါက်တာ ဒေါ်သင်းကြည်ဟာ ဒီကနေ့ ကမ္ဘာက လက်ခံသုံးစွဲနေတဲ့ မြန်မာပြည်မြေပုံကို နယ်သာလန်နိုင်ငံ အမ္စတာဒမ္က ဂျမ်ဘာတန် ပထဝီ မြေပုံဆွဲဌာနနဲ့အတူ ကြီးကြပ် ရေးဆွဲ တည်းဖြတ်ခဲ့သူပါ။၃။ဆရာမကြီး ဒေါက်တာ ဒေါ်သင်းကြည်ကို ၁၉၁၇ခုနှစ်၊ ဇွန်လ ၁ ရက်၊ သောကြာနေ့တွင် တောင်ငူမြို့၌ အဖ ဦးကြို့၊ အမိ ဒေါ်မြတို့မှ မွေးဖွားခဲ့ပြီး မွေးချင်း သုံးဦးရှိပါတယ်။၄။ဒေါက်တာ ဒေါ်သင်းကြည်ဟာ ရေတာရှည်မြို့၊ ဗမာ တိုင်းရင်းသား ဘာသာကျောင်းတွင် စတင် ပညာသင်ယူခဲ့ပြီးဖခင်ပြောင်းရွှေ့တာဝန်ထမ်းဆောင် ရသော မကွေးမြို့၊ တိုင်းရင်းမြန်မာ မြူနီစီပယ်ကျောင်းတွင် ရှစ်တန်းအထိ ပညာသင်ယူခဲ့ပါတယ်။၁၉၃၃ ခုနှစ်တွင် ရန်ကုန်ဆရာဖြစ်သင် ကောလိပ်ကျောင်း (Teacher Training College -TTC) တွင် နဝမတန်းမှ တက္ကသိုလ်ဝင်တန်းအောင်တဲ့အထိ ကျောင်းအိပ် ကျောင်းစားဖြင့် နေထိုင် ပညာဆည်းပူးခဲ့ပြီး ၁၉၃၄ ခုနှစ်တွင်တက္ကသိုလ်ဝင်တန်း (ဟိုက်စကူးဖိုင်နယ်) (High School Final – HSF))ကို ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကာ မြန်မာတစ်နိုင်ငံလုံး ကျောင်းသူများထဲတွင် ပထမ ရရှိခဲ့သူ ဖြစ်ပါတယ် ၁၉၃၄-၁၉၃၅ပညာသင်နှစ်၊ရန်ကုန် တက္ကသိုလ်သို့ စတင် တက်ရောက်ရာ (S)တန်း (Special Class)တွင် သင်ယူခဲ့ရပါသည်။၁၉၃၈ ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးတန်း (B.A. (Hons.)) ကို အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ၊ ပထဝီဝင်ဌာနတွင်မြန်မာပြည်မြေပုံ ပထမဆုံးရေးဆွဲသူ ဒေါက်တာဒေါ်သင်းကြည်(တောင်ငူသူ)အချိန်ပြည့် နည်းပြဆရာမ အဖြစ် နိုင်ငံတာဝန်ကို စတင် ထမ်းရွက်ခဲ့ပါတယ်။၁၉၃၉-၁၉၄၀ ပြည့်နှစ်များတွင် ဆရာဖြစ်သင် ကောလိပ် (TTC) မှ B.Ed. (ပညာရေးဘွဲ့) သင်တန်းကို တက် ရောက်အောင်မြင် ခဲ့ပါတယ် ။ဂျပန်ခေတ်အတွင်း ၁၉၄၂ ခုနှစ်ဝန်းကျင် အရှေ့အာရှလူငယ် အစည်းအရုံးက ဖွင့်လှစ်သော လက်ရွေးစင်ကျောင်းတွင် သင်ရိုးညွှန်းတမ်းဆိုင်ရာနှင့် သင်ကြားမှု ဆိုင်ရာများကို ဆောင်ရွက်ခဲ့ပါသည်။

၁၉၄၃ခုနှစ်တွင်ဆရာကြီးဦးဖေမောင် တင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူသော ရန်ကုန်တက္ကသိုလ်၌ ပထဝီဝင်ဌာန၊ လက်ထောက် ကထိ ကအဖြစ် လည်းကောင်း၊ ၁၉၄၅ ခုနှစ်၊ အရေးပေါ်ကာလ၊ ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာနကိုလက်ထောက်ကထိကအဆင့်ဖြင့် ဦးဆောင်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန် ပြည်ထောင်စုနိုင်ငံ (USA)၊ မက်ဆာချူးဆက်ပြည်နယ်၊ ကလပ်တက္ကသိုလ် (Clark University) တွင်မဟာဝိဇ္ဇာဘွဲ့ရယူရန်ထွက်ခွာခဲ့ပြီးပထမနှစ်ဝက် ရမှတ်များ ထူးချွန်ကောင်းမွန် တဲ့အတွက် ပါရဂူဘွဲ့ သင်တန်းတက်ရန် ကလပ်တက္ကသိုလ်က ခွင့်ပြုခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်တွင် ပါရဂူဘွဲ့ရှိခဲ့ပြီး စက်တင်ဘာလတွင် မြန်မာပြည်ကိုသင်္ဘောနဲ့ ပြန်လာခဲ့ပါတယ်။နိုင်ငံရပ်ခြား ပါရဂူဘွဲ့ကို မြန်မာအမျိုးသမီးများထဲမှ ပထမဆုံး ရရှိခဲ့သူ ဖြစ်လာခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၉ ရက် တွင် ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန၌ ကထိက / ဌာနမှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။၁၉၅၁ခုနှစ်၊ ဇွန် ၁၉ ရက်မှစတင်၍ ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန၌ ပါမောက္ခအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။၁၉၅၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ သုတေသနအသင်း (Burma ResearchSociety-BRS)တွင် ထဲထဲဝင်ဝင် ပါဝင် လှုပ်ရှားခဲ့သလို ကိုယ်ပိုင် သုတေသနလုပ်ငန်း များကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံသမိုင်းကော်မရှင်(HistoricalCommission)မှာလည်း တက်တက်ကြွကြွပါဝင် ဆောင်ရွက် ခဲ့ပါတယ်။ရန်ကုန်တက္က သိုလ် အနုပညာအသင်း၊ ရန်ကုန်တက္ကသိုလ် ခြေလျင်နှင့် တောင်တက် အသင်းတို့ကို စတင်တည်ထောင် ခဲ့ရာမှာလည်း တစ်ဦး အပါအဝင် ဖြစ်ခဲ့ပါတယ်။၁၉၇၃-၁၉၇၄ ပညာသင်နှစ် ရန်ကုန် ပညာရေးတကၠသိုလ္ကမြန်မာပြည်မြေပုံ ပထမဆုံးရေးဆွဲသူ ဒေါက်တာဒေါ်သင်းကြည် (တောင်ငူသူ)တက္ကသိုလ် စာပေး စာယူသင်တန်းများ (ပညာရေးဘွဲ့) စတင်ဖွင့်လှစ်ခဲ့ရာတွင်လည်းကောင်း၊၁၉၇၅-၁၉၇၆ ခုနှစ်နောက်ပိုင်း ဝိဇ္ဇာ/ သိပ္ပံ၊ ဘောဂဗေဒနှင့် ဥပဒေ ပညာရပ်များပါ ထည့်သွင်း ပို့ချခဲ့ရာတွင် ဝိဇ္ဇာဌာနမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။၅။၁၉၇၇ ခုနှစ် ဇွန်လမှာ ရန်ကုန် တက္ကသိုလ် ပထဝီ ဝင် ပါမောက္ခတာဝန်မှ သက်ပြည့် အငြိမ်းစားယူခဲ့ပြီး ၁၉၉၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၊ အမှတ်(၁၀)၊ ကုန်းမြင့်ရိပ်သာလမ်း၊၇ မိုင် နေအိမ်၌ ကွယ်လွန်ပါတယ်။ဆရာမကြီး ဒေါက်တာဒေါ်သင်းကြည်က ပထဝီသင်ကြားခြင်းရဲ့ အဓိက ရည်ရွယ်ချက်က လူငယ်လူရွယ်တွေကို ကိုယ်တိုင် လေ့လာစူးစမ်းတတ်တဲ့ အလေ့အထ ရရှိဖို့ ပျိုးထောင်ပေးတာ ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

Credit ; မူရင်း

[zawgyi]

၁။ပါေမာကၡ ေဒါက္တာ ေဒၚသင္းၾကည္ကို ျမန္မာအမ်ိဳး သမီးမ်ားထဲမွာ ပထမဆုံး ႏိုင္ငံျခားက ပါရဂူဘြဲ႕ ယူလာသူအျဖစ္ သိသူမ်ားပါတယ္။၁၉၅၀ ခုႏွစ္ အေမရိကန္ႏိုင္ငံ ကလပ္တကၠသိုလ္မွာ ပထဝီဘာသာနဲ႔ ျဖစ္ပါတယ္။စစ္မျဖစ္ခင္ ရန္ကုန္တကၠသိုလ္က အဂၤလိပ္အမ်ိဳးသမီးေတြ လန္ဒန္မွာ ပါရဂူဘြဲ႕ သြားယူၾကတာေတြ ရွိေပမယ့္ ျမန္မာအမ်ိဳးသမီးေတြထဲကေတာ့ ေဒၚသင္းၾကည္က ပထမဆုံးပါ။ျမန္မာျပည္ေျမပုံ ပထမဆုံးေရးဆြဲသူ ေဒါက္တာေဒၚသင္းၾကည္(ေတာင္ငူသူ)၂။ေနာက္ ေဒါက္တာ ေဒၚသင္းၾကည္ဟာ ဒီကေန႔ ကမာၻက လက္ခံသုံးစြဲေနတဲ့ ျမန္မာျပည္ေျမပုံကို နယ္သာလန္ႏိုင္ငံ အမၥတာဒမၠ ဂ်မ္ဘာတန္ ပထဝီ ေျမပုံဆြဲဌာနနဲ႔အတူ ႀကီးၾကပ္ ေရးဆြဲ တည္းျဖတ္ခဲ့သူပါ။၃။ဆရာမႀကီး ေဒါက္တာ ေဒၚသင္းၾကည္ကို ၁၉၁၇ခုႏွစ္၊ ဇြန္လ ၁ ရက္၊ ေသာၾကာေန႔တြင္ ေတာင္ငူၿမိဳ႕၌ အဖ ဦးႀကိဳ႕၊ အမိ ေဒၚျမတို႔မွ ေမြးဖြားခဲ့ၿပီး ေမြးခ်င္း သုံးဦးရွိပါတယ္။၄။ေဒါက္တာ ေဒၚသင္းၾကည္ဟာ ေရတာရွည္ၿမိဳ႕၊ ဗမာ တိုင္းရင္းသား ဘာသာေက်ာင္းတြင္ စတင္ ပညာသင္ယူခဲ့ၿပီးဖခင္ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္ ရေသာ မေကြးၿမိဳ႕၊ တိုင္းရင္းျမန္မာ ျမဴနီစီပယ္ေက်ာင္းတြင္ ရွစ္တန္းအထိ ပညာသင္ယူခဲ့ပါတယ္။၁၉၃၃ ခုႏွစ္တြင္ ရန္ကုန္ဆရာျဖစ္သင္ ေကာလိပ္ေက်ာင္း (Teacher Training College -TTC) တြင္ နဝမတန္းမွ တကၠသိုလ္ဝင္တန္းေအာင္တဲ့အထိ ေက်ာင္းအိပ္ ေက်ာင္းစားျဖင့္ ေနထိုင္ ပညာဆည္းပူးခဲ့ၿပီး ၁၉၃၄ ခုႏွစ္တြင္တကၠသိုလ္ဝင္တန္း (ဟိုက္စကူးဖိုင္နယ္) (High School Final – HSF))ကို ဘာသာစုံဂုဏ္ထူးျဖင့္ ေအာင္ျမင္ခဲ့ကာ ျမန္မာတစ္ႏိုင္ငံလုံး ေက်ာင္းသူမ်ားထဲတြင္ ပထမ ရရွိခဲ့သူ ျဖစ္ပါတယ္ ၁၉၃၄-၁၉၃၅ပညာသင္ႏွစ္၊ရန္ကုန္ တကၠသိုလ္သို႔ စတင္ တက္ေရာက္ရာ (S)တန္း (Special Class)တြင္ သင္ယူခဲ့ရပါသည္။၁၉၃၈ ခုႏွစ္တြင္ ဝိဇၨာဂုဏ္ထူးတန္း (B.A. (Hons.)) ကို ေအာင္ျမင္ခဲ့ၿပီး ရန္ကုန္တကၠသိုလ္ ၊ ပထဝီဝင္ဌာနတြင္ျမန္မာျပည္ေျမပုံ ပထမဆုံးေရးဆြဲသူ ေဒါက္တာေဒၚသင္းၾကည္(ေတာင္ငူသူ)အခ်ိန္ျပည့္ နည္းျပဆရာမ အျဖစ္ ႏိုင္ငံတာဝန္ကို စတင္ ထမ္း႐ြက္ခဲ့ပါတယ္။၁၉၃၉-၁၉၄၀ ျပည့္ႏွစ္မ်ားတြင္ ဆရာျဖစ္သင္ ေကာလိပ္ (TTC) မွ B.Ed. (ပညာေရးဘြဲ႕) သင္တန္းကို တက္ ေရာက္ေအာင္ျမင္ ခဲ့ပါတယ္ ။ဂ်ပန္ေခတ္အတြင္း ၁၉၄၂ ခုႏွစ္ဝန္းက်င္ အေရွ႕အာရွလူငယ္ အစည္းအ႐ုံးက ဖြင့္လွစ္ေသာ လက္ေ႐ြးစင္ေက်ာင္းတြင္ သင္႐ိုးၫႊန္းတမ္းဆိုင္ရာႏွင့္ သင္ၾကားမႈ ဆိုင္ရာမ်ားကို ေဆာင္႐ြက္ခဲ့ပါသည္။၁၉၄၃ခုႏွစ္တြင္ဆရာႀကီးဦးေဖေမာင္ တင္ ေက်ာင္းအုပ္ႀကီးအျဖစ္ တာဝန္ယူေသာ ရန္ကုန္တကၠသိုလ္၌ ပထဝီဝင္ဌာန၊ လက္ေထာက္ ကထိ ကအျဖစ္ လည္းေကာင္း၊ ၁၉၄၅ ခုႏွစ္၊ အေရးေပၚကာလ၊ ရန္ကုန္တကၠသိုလ္၊ ပထဝီဝင္ဌာနကိုလက္ေထာက္ကထိကအဆင့္ျဖင့္ ဦးေဆာင္ခဲ့ပါတယ္။ ၁၉၄၇ ခုႏွစ္၊ ဇန္နဝါရီလတြင္ အေမရိကန္ ျပည္ေထာင္စုႏိုင္ငံ (USA)၊ မက္ဆာခ်ဴးဆက္ျပည္နယ္၊ ကလပ္တကၠသိုလ္ (Clark University) တြင္မဟာဝိဇၨာဘြဲ႕ရယူရန္ထြက္ခြာခဲ့ၿပီးပထမႏွစ္ဝက္ ရမွတ္မ်ား ထူးခြၽန္ေကာင္းမြန္ တဲ့အတြက္ ပါရဂူဘြဲ႕ သင္တန္းတက္ရန္ ကလပ္တကၠသိုလ္က ခြင့္ျပဳခဲ့ပါတယ္။ ၁၉၅၀ ျပည့္ႏွစ္တြင္ ပါရဂူဘြဲ႕ရွိခဲ့ၿပီး စက္တင္ဘာလတြင္ ျမန္မာျပည္ကိုသေဘၤာနဲ႔ ျပန္လာခဲ့ပါတယ္။ႏိုင္ငံရပ္ျခား ပါရဂူဘြဲ႕ကို ျမန္မာအမ်ိဳးသမီးမ်ားထဲမွ ပထမဆုံး ရရွိခဲ့သူ ျဖစ္လာခဲ့ပါတယ္။ ၁၉၅၀ ျပည့္ႏွစ္၊ စက္တင္ဘာ ၂၉ ရက္ တြင္ ရန္ကုန္တကၠသိုလ္၊ ပထဝီဝင္ဌာန၌ ကထိက / ဌာနမႉးအျဖစ္ စတင္တာဝန္ထမ္းေဆာင္ခဲ့ပါသည္။၁၉၅၁ခုႏွစ္၊ ဇြန္ ၁၉ ရက္မွစတင္၍ ရန္ကုန္တကၠသိုလ္၊ ပထဝီဝင္ဌာန၌ ပါေမာကၡအျဖစ္ စတင္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။၁၉၅၂ ခုႏွစ္ေနာက္ပိုင္း ျမန္မာႏိုင္ငံ သုေတသနအသင္း (Burma ResearchSociety-BRS)တြင္ ထဲထဲဝင္ဝင္ ပါဝင္ လႈပ္ရွားခဲ့သလို ကိုယ္ပိုင္ သုေတသနလုပ္ငန္း မ်ားကိုလည္း လုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့အျပင္ ႏိုင္ငံသမိုင္းေကာ္မရွင္(HistoricalCommission)မွာလည္း တက္တက္ႂကြႂကြပါဝင္ ေဆာင္႐ြက္ ခဲ့ပါတယ္။ရန္ကုန္တကၠ သိုလ္ အႏုပညာအသင္း၊ ရန္ကုန္တကၠသိုလ္ ေျခလ်င္ႏွင့္ ေတာင္တက္ အသင္းတို႔ကို စတင္တည္ေထာင္ ခဲ့ရာမွာလည္း တစ္ဦး အပါအဝင္ ျဖစ္ခဲ့ပါတယ္။၁၉၇၃-၁၉၇၄ ပညာသင္ႏွစ္ ရန္ကုန္ ပညာေရးတကၠသိုလၠျမန္မာျပည္ေျမပုံ ပထမဆုံးေရးဆြဲသူ ေဒါက္တာေဒၚသင္းၾကည္ (ေတာင္ငူသူ)တကၠသိုလ္ စာေပး စာယူသင္တန္းမ်ား (ပညာေရးဘြဲ႕) စတင္ဖြင့္လွစ္ခဲ့ရာတြင္လည္းေကာင္း၊၁၉၇၅-၁၉၇၆ ခုႏွစ္ေနာက္ပိုင္း ဝိဇၨာ/ သိပၸံ၊ ေဘာဂေဗဒႏွင့္ ဥပေဒ ပညာရပ္မ်ားပါ ထည့္သြင္း ပို႔ခ်ခဲ့ရာတြင္ ဝိဇၨာဌာနမႉးအျဖစ္ တာဝန္ယူ ေဆာင္႐ြက္ခဲ့ပါသည္။၅။၁၉၇၇ ခုႏွစ္ ဇြန္လမွာ ရန္ကုန္ တကၠသိုလ္ ပထဝီ ဝင္ ပါေမာကၡတာဝန္မွ သက္ျပည့္ အၿငိမ္းစားယူခဲ့ၿပီး ၁၉၉၀ ျပည့္ႏွစ္၊ ေအာက္တိုဘာ ၁၃ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၊ အမွတ္(၁၀)၊ ကုန္းျမင့္ရိပ္သာလမ္း၊၇ မိုင္ ေနအိမ္၌ ကြယ္လြန္ပါတယ္။ဆရာမႀကီး ေဒါက္တာေဒၚသင္းၾကည္က ပထဝီသင္ၾကားျခင္းရဲ႕ အဓိက ရည္႐ြယ္ခ်က္က လူငယ္လူ႐ြယ္ေတြကို ကိုယ္တိုင္ ေလ့လာစူးစမ္းတတ္တဲ့ အေလ့အထ ရရွိဖို႔ ပ်ိဳးေထာင္ေပးတာ ျဖစ္တယ္” လို႔ ေျပာခဲ့ပါတယ္။