မာန်တက်နေသော နှင်းဆီပင်လေး..

တောအုပ်တစ်ခုရဲ့အလယ်မှာ နှင်းဆီပင်တစ်ပင်ဟာ နှင်းဆီပန်းပွင့်တွေနဲ့ လှပစွာဖူးပွင့်နေပါတယ်။ နှင်းဆီပန်းတွေကိုကြည့်ပြီး ဘေးမှာရှိတဲ့ထင်းရှုးပင်ဟာ အားကျနေမိပါတယ်။ “ဟယ် နှင်းဆီပန်းတွေကလှလိုက်တာ၊ ငါ့စိတ်ထင်တစ်ထောတစ်ခုလုံးမှာ ဒီနှင်းဆီပန်းပင်ကသာအလှဆုံးလို့ထင်တာပဲ၊ ငါတို့ကျတော့လည်း ဘာမှကို လှပတဲ့အရာမရှိပါလားနော်” လို့ညည်းတွားလိုက်ပါတယ်။ အဲဒီ့အသံကိုကြားတဲ့အခါ အ ခြား သောအပင်တွေက ဝိုင်းပြောအားပေးကြပါတယ်။ “အို..အားမငယ်ပါနဲ့ထင်ရှုးပင်ရယ်။ လောကမှာ လူတိုင်းကပြည့်စုံတယ်ဆိုတာမရှိပါဘူး။ အားလုံးအားနည်းချက်အားသာချက်ဆိုတာရှိတာပဲ” လို့ပြန်ပြောကြပါတယ်။ အဲဒီ့အခါ နှင်းဆီပင်က မခံနိုင်ဘဲ “အို..ဒီတောထဲမှာ ငါကအလှဆုံးမို့ အလှဆုံးပြောတာပေါ့။ ဘာတွေမနာလိုဖြစ်နေတာလဲ” ဟု ဒေါသတကြီးပြန်ပြောလိုက်ပါတယ်။ အဲဒီ့အခါ အခြားအပင်တွေက ပြောပါတယ်။ “အို..အပင်တိုင်းမှာ သူ့ဟာနဲ့သူအလှတရားရှိကြတာပါပဲ။ နင့်ကိုယ်နင်အလှဆုံးလို့ဘာလို့ပြောနိုင်တာလဲ” လို့ပြန်မေးကြပါတယ်။အဲဒီ့အခါနှင်းဆီပင်က ပြန်ပြောပါတယ်။ “အို..ဘာလို့မပြောနိုင်ရမှာလဲ။ အပင်တိုင်းက ငါ့ကိုကြည့်ပြီး အားကျနေကြတာပဲဟာ။ ဟိုမှာကြည့်လိုက်အုံး၊ ဂန္ဓာရဆူးပင်တွေဆို ပိုဆိုးသေး..သူတို့က ဒီတောထဲမှာ ရုပ်အဆိုးဆုံးအပင်တွေပဲလေ။သူတို့နဲ့ယှဉ်ကြည့်ပါလား” လို့ မောက် မာစွာပြန်ဖြေလိုက်ပါတယ်။ ထင်းရှုးပင်က ဆူးပင်တွေဘက်ကနေ ပြန်ပြောပါတယ်။ “ အို..ဘယ်လိုပြောလိုက်တာလဲ၊ ဆူးပင်တွေက ရုပ်ဆိုးတယ်ဆိုရင် နင်က‌ရောဘာထူးသေးလို့လဲ၊ နင်လည်းဆူးပင်တစ်မျိုးပဲမဟုတ်လား၊ ”“အို..ကိုယ်တွေက ဆူးပင်ပေမယ့် အများကြီးလှတယ်၊ သူတို့နဲ့တခြားစီပဲ” လို့ နှင်းဆီပင်က မောက်မာစွာပြန်ပြောပါတယ်။

မကြာခင်မှာပဲ အရမ်းကိုပူပြင်းတဲ့နွေရာသီကိုရောက်လာပါတော့တယ်။ နှင်းဆီပင်ဟာ အပူဒဏ်ကြောင့် ညိုးနွမ်းပြီး အပွင့်တွေကြွေကျပြီး မလှမပဖြစ်ကုန်ပါတော့တယ်။ မိုးမရွာတဲ့အတွက် အပင်တွေဟာ ရေလိုချင်နေကြပါပြီ။ ငှက်လေးတွေဟာ ဆူးပင်ထံကိုရောက်လာကြီးပြီး နှုတ်သီးဖြင့်ဆူးပင်ကိုထူးဆွကာ အပေါက်လေးတွေဖြစ်အောင်လုပ်နေကြတာကို မြင်တဲ့အခါ နှင်းဆီပင်က ထင်းရှုးပင်ကိုမေးပါတယ်။ “ အဲဒီ့ငှက်တွေက ဆူးပင်ဆီကိုလာလာပြီးဘာလုပ်ကြတာလဲ ” “ ‌ဆူးပင်ရဲ့ခန္ဓာကိုယ်ထဲမှာရေတွေရှိတယ်လေ။ ငှက်လေးတွေ ‌ရေရဖို့ ဆူးပင်ဆီကိုလာကြတာပေါ့ ” လို့ ထင်းရှုးပင်ကပြန်ဖြေလိုက်ပါတယ်။ အဲဒီ့အခါကျမှ နှင်းဆီပင်က တအံ့တသြနဲ့မေးလိုက်ပါတယ်။ “ ဟယ် ဆူးပင်တွေက ရေရသလား။ ဟုတ်လား” “ဟုတ်တာပေါ့။ အဲဒါကြောင့်ပြောတာပေါ့..ဘုရားသခင်က လူတိုင်းကို ရည်ရွယ်ချက်မရှိဘဲ ဖန်တီးခဲ့တာမဟုတ်ဘူးလေ။ ဘယ်နေရာမှာမဆို အသုံးဝင်တဲ့အရာတစ်ခုတော့ရှိကြတာချည်းပဲ၊ အားနည်းချက်အားသာချက်ရှိကြတာချည်းပါ” လို့ ပြန်ပြောလိုက်ပါတယ်။ ဘဝမှာ ကိုယ့်ကျမှ ရူပ်ဆိုးလိုက်တာ၊ အားနည်းချက်တွေအများကြီးနဲ့မို့ အားငယ်လိုက်တာဆိုတာမျိုးဖြစ်စရာမလိုပါဘူးလို့ပြောချင်တာပါ။ လူတိုင်းဟာ အားနည်းချက်ကိုယ်စီရှိသလို၊ အားသာချက်လည်းကိုယ်စီရှိပြီးသားပါ။ အဓိကက ကိုယ့်ရဲ့အားနည်း ချက်ကို အားသာချက်ဖြင့်ကြိုးစားပြီး ဘဝကို ရှင်သန်ရမှာပါဖြစ်တဲ့ အကြောင်းကို ဒီအကြောင်းအရာလေးက သင်ခန်းစာပေးသွားတာဖြစ်ပါတယ်။

credit – original

[zawgyi]

ေတာအုပ္တစ္ခုရဲ႕အလယ္မွာ ႏွင္းဆီပင္တစ္ပင္ဟာ ႏွင္းဆီပန္းပြင့္ေတြနဲ႔ လွပစြာဖူးပြင့္ေနပါတယ္။ ႏွင္းဆီပန္းေတြကိုၾကည့္ၿပီး ေဘးမွာရွိတဲ့ထင္းရႈးပင္ဟာ အားက်ေနမိပါတယ္။ “ဟယ္ ႏွင္းဆီပန္းေတြကလွလိုက္တာ၊ ငါ့စိတ္ထင္တစ္ေထာတစ္ခုလုံးမွာ ဒီႏွင္းဆီပန္းပင္ကသာအလွဆုံးလို႔ထင္တာပဲ၊ ငါတို႔က်ေတာ့လည္း ဘာမွကို လွပတဲ့အရာမရွိပါလားေနာ္” လို႔ညည္းတြားလိုက္ပါတယ္။ အဲဒီ့အသံကိုၾကားတဲ့အခါ အ ျခား ေသာအပင္ေတြက ဝိုင္းေျပာအားေပးၾကပါတယ္။ “အို..အားမငယ္ပါနဲ႔ထင္ရႈးပင္ရယ္။ ေလာကမွာ လူတိုင္းကျပည့္စုံတယ္ဆိုတာမရွိပါဘူး။ အားလုံးအားနည္းခ်က္အားသာခ်က္ဆိုတာရွိတာပဲ” လို႔ျပန္ေျပာၾကပါတယ္။ အဲဒီ့အခါ ႏွင္းဆီပင္က မခံႏိုင္ဘဲ “အို..ဒီေတာထဲမွာ ငါကအလွဆုံးမို႔ အလွဆုံးေျပာတာေပါ့။ ဘာေတြမနာလိုျဖစ္ေနတာလဲ” ဟု ေဒါသတႀကီးျပန္ေျပာလိုက္ပါတယ္။ အဲဒီ့အခါ အျခားအပင္ေတြက ေျပာပါတယ္။ “အို..အပင္တိုင္းမွာ သူ႔ဟာနဲ႔သူအလွတရားရွိၾကတာပါပဲ။ နင့္ကိုယ္နင္အလွဆုံးလို႔ဘာလို႔ေျပာႏိုင္တာလဲ” လို႔ျပန္ေမးၾကပါတယ္။အဲဒီ့အခါႏွင္းဆီပင္က ျပန္ေျပာပါတယ္။ “အို..ဘာလို႔မေျပာႏိုင္ရမွာလဲ။ အပင္တိုင္းက ငါ့ကိုၾကည့္ၿပီး အားက်ေနၾကတာပဲဟာ။ ဟိုမွာၾကည့္လိုက္အုံး၊ ဂႏၶာရဆူးပင္ေတြဆို ပိုဆိုးေသး..သူတို႔က ဒီေတာထဲမွာ ႐ုပ္အဆိုးဆုံးအပင္ေတြပဲေလ။သူတို႔နဲ႔ယွဥ္ၾကည့္ပါလား” လို႔ ေမာက္ မာစြာျပန္ေျဖလိုက္ပါတယ္။ ထင္းရႈးပင္က ဆူးပင္ေတြဘက္ကေန ျပန္ေျပာပါတယ္။ “ အို..ဘယ္လိုေျပာလိုက္တာလဲ၊ ဆူးပင္ေတြက ႐ုပ္ဆိုးတယ္ဆိုရင္ နင္က‌ေရာဘာထူးေသးလို႔လဲ၊ နင္လည္းဆူးပင္တစ္မ်ိဳးပဲမဟုတ္လား၊ ”“အို..ကိုယ္ေတြက ဆူးပင္ေပမယ့္ အမ်ားႀကီးလွတယ္၊ သူတို႔နဲ႔တျခားစီပဲ” လို႔ ႏွင္းဆီပင္က ေမာက္မာစြာျပန္ေျပာပါတယ္။မၾကာခင္မွာပဲ အရမ္းကိုပူျပင္းတဲ့ေႏြရာသီကိုေရာက္လာပါေတာ့တယ္။ ႏွင္းဆီပင္ဟာ အပူဒဏ္ေၾကာင့္ ညိဳးႏြမ္းၿပီး အပြင့္ေတြေႂကြက်ၿပီး မလွမပျဖစ္ကုန္ပါေတာ့တယ္။ မိုးမ႐ြာတဲ့အတြက္ အပင္ေတြဟာ ေရလိုခ်င္ေနၾကပါၿပီ။ ငွက္ေလးေတြဟာ ဆူးပင္ထံကိုေရာက္လာႀကီးၿပီး ႏႈတ္သီးျဖင့္ဆူးပင္ကိုထူးဆြကာ အေပါက္ေလးေတြျဖစ္ေအာင္လုပ္ေနၾကတာကို ျမင္တဲ့အခါ ႏွင္းဆီပင္က ထင္းရႈးပင္ကိုေမးပါတယ္။ “ အဲဒီ့ငွက္ေတြက ဆူးပင္ဆီကိုလာလာၿပီးဘာလုပ္ၾကတာလဲ ” “ ‌ဆူးပင္ရဲ႕ခႏၶာကိုယ္ထဲမွာေရေတြရွိတယ္ေလ။ ငွက္ေလးေတြ ‌ေရရဖို႔ ဆူးပင္ဆီကိုလာၾကတာေပါ့ ” လို႔ ထင္းရႈးပင္ကျပန္ေျဖလိုက္ပါတယ္။ အဲဒီ့အခါက်မွ ႏွင္းဆီပင္က တအံ့တၾသနဲ႔ေမးလိုက္ပါတယ္။ “ ဟယ္ ဆူးပင္ေတြက ေရရသလား။ ဟုတ္လား” “ဟုတ္တာေပါ့။ အဲဒါေၾကာင့္ေျပာတာေပါ့..ဘုရားသခင္က လူတိုင္းကို ရည္႐ြယ္ခ်က္မရွိဘဲ ဖန္တီးခဲ့တာမဟုတ္ဘူးေလ။ ဘယ္ေနရာမွာမဆို အသုံးဝင္တဲ့အရာတစ္ခုေတာ့ရွိၾကတာခ်ည္းပဲ၊ အားနည္းခ်က္အားသာခ်က္ရွိၾကတာခ်ည္းပါ” လို႔ ျပန္ေျပာလိုက္ပါတယ္။ ဘဝမွာ ကိုယ့္က်မွ ႐ူပ္ဆိုးလိုက္တာ၊ အားနည္းခ်က္ေတြအမ်ားႀကီးနဲ႔မို႔ အားငယ္လိုက္တာဆိုတာမ်ိဳးျဖစ္စရာမလိုပါဘူးလို႔ေျပာခ်င္တာပါ။ လူတိုင္းဟာ အားနည္းခ်က္ကိုယ္စီရွိသလို၊ အားသာခ်က္လည္းကိုယ္စီရွိၿပီးသားပါ။ အဓိကက ကိုယ့္ရဲ႕အားနည္း ခ်က္ကို အားသာခ်က္ျဖင့္ႀကိဳးစားၿပီး ဘဝကို ရွင္သန္ရမွာပါျဖစ္တဲ့ အေၾကာင္းကို ဒီအေၾကာင္းအရာေလးက သင္ခန္းစာေပးသြားတာျဖစ္ပါတယ္။