ကုဋေရှစ်ဆယ်ချမ်းသာတဲ့ သူဋ္ဌေးကြီး မစ္ဆရိယကောသိယအကြောင်း

တစ်ခါတုန်းက ရာဇဂြိုဟ်မြို့နဲ့ မနီးမဝေးအရပ်မှာ သက္ကာရနိဂုံးဆိုတဲ့ ရွာတစ်ရွာရှိခဲ့ဖူးပါတယ်။ ရွာရဲ့ အဓိက ဇာတ်ကောင်ကတော့ ကုဋေရှစ်ဆယ် ချမ်းသာတဲ့ သူဋ္ဌေးကြီးမစ္ဆရိယကောသိယ ပါ။သူက နာမည်နဲ့လိုက်အောင် ကပ်စေးနှဲလွန်းသူကြီးပါ။ သူများတွေ ကပ်စေးနှဲတာကသူတပါးကို မပေးချင်၊ မကျွေးချင်တာ။ကိုယ်အတွက်တော့ သဒ္ဓါကြပါသေးတယ်။သူကတော့ လူထူးဆန်း၊ တစ်ရာမှာ တစ်ယောက်သာ ရှိနိုင်မယ့် လူစားမျိူး။သူများလည်း မကျွေးချင်၊ မပေးချင်သလိုကိုယ်ကိုယ်တိုင်လည်း အငတ်ခံပြီးကပ်စေးနှဲတာ။ ဇနီးတွေ၊ သား,သမီးတွေ၊ဆွေမျိုးတွေကိုလည်း မသဒ္ဓါဘူး။ချမ်းသာတယ်ဆိုပေမဲ့ ကောင်းကောင်းမွန်မွန်မစားရ၊ မ၀တ်ရ၊ မနေရဘူး။ဇနီးနဲ့ သားသမီးတွေတောင် မသဒ္ဓါတာ၊ရဟန်သံဃာတွေကို လှူဖို့၊ တန်းဖို့ဆိုတာဝေလာဝေးပေါ့။ကုန်မှာကြောက်တဲ့စိတ်နဲ့ ရသမျှ အကုန်ဂိုဒေါင်ထဲ ထည့်တယ်။ ဒီခေတ်အလိုဆိုအကုန်ဘဏ်အပ်ထားတယ် ဆိုရမှာပေါ့။ဒီဘက်ခေတ်မှာတော့ သူ့လောက်ကပ်စေးနှဲတဲ့သူ ရှိမယ်မထင်ဘူး။ ဦးဇင်းပတ်၀န်းကျင်မှာတော့ အဲ့လိုသူဋ္ဌေးမျိုး မတွေ့ဖူးသေးဘူး။ဦးကပ်စေးကြီးက နေ့စဉ် ဘုရင့်နန်းတော်၀င်ပြီးအခစားရတယ်။ အမှုထမ်းရတယ်ပေါ့။ တစ်နေ့နန်းတော်က အပြန်၊ လမ်းဘေး ဇရပ်တစ်ခုမှာမုယောမုန့်၊ အိုးကင်းမုန့်တွေကို ပျော်ပျော်ပါးပါးလုပ်စား နေတဲ့သူတွေကို သူတွေ့လိုက်တယ်။ဒါနဲ့ သူလည်း စားချင်စိတ်ဖြစ်သွားတယ်။စားချင်စိတ်က နည်းနည်းမဟုတ်ဘူး။ ပြင်းပြင်းပြပြကို ဖြစ်တာ။ တစ်ခါ တလေစားစရာ တစ်ခုခုကို အငမ်းမရ ချဉ်ချင်တပ်တဲ့ သဘောမျိုး။ စားလည်း စားချင်တယ်။စားချင်လို့ လုပ်ခိုင်းရင်လည်း သူများတွေလည်းစားချင် လာမယ်။ အဲ့ကျရင် သူတို့အတွက်ပါပိုလုပ်ရမယ်။ ဆန်တွေ၊ ဆီတွေ တအားကုန်မယ်ဆိုတဲ့အတွေးနဲ့ ဘယ်သူ့မှ ထုတ်မပြောဘူး။စားချင်စိတ်က အောင့်ထားလေ။ကြီးလာလေပဲ။ကုတင်ပေါ်တက်ပြီး ဟိုဘက်လှည့်အိပ်၊ ဒီဘက်လှည့်အိပ်နဲ့ စားချင်စိတ်ကိုဖျောက်ကြည့်တယ်။ ပိုပို ဆိုးလာလေပဲ။သူတပါးကို မပေးချင်၊ မကျွေးချင်၊ မမျှချင်တဲ့ မစ္ဆရိယစိတ်က သူ့ကို လောင်ကျွမ်းနေတာ။ အတွင်းက အပူရှိန်က အပြင်မျက်နှာကိုပါလာရိုက်တယ်။ မျက်နှာက မှုန်ကုတ်ကုတ် ဖြစ်လာတယ်။ ဟိုလူကို မကြည်သလို ဒီလူကိုမကျေနပ်သလိုနဲ့ အကြည့်တွေ၊ အပြောတွေကဘုဆတ်ဆတ်ဖြစ်လာတယ်။ဒါကို သတိထားမိတဲ့ ဇနီးဖြစ်သူက ဘာဖြစ်ချင်လို့လဲ၊ တစ်ခုခုကို လိုချင်လို့လား”လို့အတင်းမေးတော့မှ မုန့်စားချင်တဲ့အကြောင်းပြောပြတယ်။ ဒါတောင် သူများတွေကြွေးရမှာစိုးလို့ ဘုံခုနှစ်ဆင့်တိုက်ပေါ်တက်ပြီး လုပ်ခိုင်းတယ်။သူ့ဇနီးအတွက်တောင် မပါဘူး။ သူတစ်ယောက်စာပဲ လုပ်ရမယ်တဲ့။ သူအတွက်တောင် တကယ်မနေနိုင်၊ မထိုင်နိုင်ဖြစ်လို့ ချက်ခိုင်းတာ။ဒါတောင် ဆန်ကောင်းနဲ့ မလုပ်ခိုင်းဘူး။ ညံ့ပေ့ဆိုးပေ့ဆိုတဲ့ ဆန်းကွဲနဲ့ လုပ်ခိုင်းတာ။ဘုံခုနှစ်ဆင့်၊ တံခါးခုနှစ်ဆင့် အဆင့်ဆင့်ပိတ်ပြီး နှစ်ယောက်ထဲ မုန့်လုပ်စားဖို့ ပြင်ဆင်ပါတယ်။ ထိုအခြင်းအရာကို သိတော်မူ၊မြင်တော်မူတဲ့ မြတ်စွာဘုရားရှင်ကနံနက်စောစော အရှင်မဟာမောဂ္ဂလာန်ကို ခေါ်တော်မူ၍ -ချစ်သား မောဂ္ဂလာန်..ရာဇဂြိုဟ်မြို့အနီး သက္ကာရနိဂုံးရွာကမစ္ဆရိယကောသိယသူဋ္ဌေးကြီးကတော့သူများတွေကို မပေးချင်၊ မကျွေးချင်လို့ဘုံခုနှစ်ဆင့်အထက် တက်ပြီး မုန့်လုပ်စားနေတယ်။သူဋ္ဌေးကြီးကို ပူလောင်စေတဲ့ မစ္ဆရိယအပူ၊လောဘမီးကျီးခဲတွေကို ငြိမ်ပေးလိုက်ပါ။ပြီးတဲ့အခါ ကောင်းနိုးရာရာ စားသောက်ဖွယ်တွေကို ယူဆောင်စေပြီ ဇေတ၀န်ကျောင်းသို့ သင့်အစွမ်းနဲ့ ခေါ်ဆောင်ခဲ့ပါ။ယနေ့ ငါ ဘုရားရှင်နဲ့ ရဟန်းငါးရာတို့ သူဋ္ဌေးကြီးလှူဒါန်းတဲ့ မုန့်ဆွမ်းကို ဘုဉ်းပေးဖို့စောင့်နေမယ်လို့ မိန့်တော်မူလိုက် ပါတယ်။အရှင်မဟာမောဂ္ဂလာန်လည်း သင်္ကန်းရုံသပိတ်လွယ်ကာ သူဋ္ဌေးကြီးလင်မယားမုန့်လုပ်နေတဲ့ ဘုံခုနှစ်ဆင့်အနားမှာစင်္ကြန်လျှောက်တော်မူပါတယ်။တွေးမိတာလေးပါ။ သားသမီးတွေတောင်မကျွေးချင်လို့ အမြင့်ဆုံးအထက်တက်ပြီးလုပ်စားပါတယ်ဆို အလှူခံဘုန်းကြီးကကြွလာရသေးတယ်ဆိုပြီး သူဋ္ဌေးကြီးဘယ်လောက်များ စိတ်ဆိုးလိုက်မလဲ မသိဘူး။အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီးကလည်း မလှူမချင်း မကြွဘူးဆိုပြီး ပေ လျှောက်နေတယ်။ကိုယ်တော် ကိုယ်တော့်ဘာသာ စင်္ကြန်လျှောက်နေရုံမကလို့ တင်ပလ္လင်ခွေထိုင်နေလည်းနည်းနည်းတောင် ရမယ် မထင်နဲ့” လို့ သူဋ္ဌေးကြီးက ပြောလိုက်တယ်။အရှင်မဟာမောဂ္ဂလာန်လည်း တံခါး၀မှာတင်ပလ္လင်ခွေကာ ထိုင်နေတော်မူပြန်ပါတယ်။ အဲ့ဒီအခါ သူဋ္ဌေးကြီးကကိုယ့်တော်ဘာသာ တင်ပလ္လင်ခွေ ထိုင်နေရုံမကလို့ အခိုးအငွေ့တွေ လွတ်ရင်တောင် မလှူနိုင်ဘူးလို့ ထပ်ပြောပြန်တယ်။အရှင်မဟာမောဂ္ဂလာန်လည်း ထိုင်နေရာမှအခန်းတစ်ခုံးလုံးကို မီးအခိုးအငွေ့တွေလွှတ်ပါတယ်။ အဲ့ဒီအခါ သူဋ္ဌေးကြီးသူတိုက် မီးလောင်မှာကြောက်လို့ ဘာမှထပ်မပြောရဲတော့ဘူး။ မီးခိုးတွေမွှန်ပြီးမျက်စိတွေ ရဲလာတယ်။ဒီရဟန်း နည်းနည်းမှ မရရင်တော့ဘယ်လိုပြောပြော၊ ဘယ်လိုနှင်ထုတ်ထုတ် ပြန်မှာ မဟုတ်တော့ဘူးဆိုတာသိသွားတယ်။ အဲ့ဒါကြောင့် ရှင်မရယ်နည်းနည်းလောက် လှူလိုက်စမ်းပါဆိုပြီးချက်ခိုင်းတယ်။သူဋ္ဌေးကတော်ကြီးလည်း ဇွန်းလေးနဲ့ မုန့်ဖက်နည်းနည်း ခပ်ပြီ အိုးထဲထည့်လိုက်တာ မုန့်ကအကြီးကြီး ဖြစ်သွားတယ်။ဟယ် ဒီမိန်းမ အသုံးမကျဘူးဆိုပြီး သူဋ္ဌေးကြီးကိုယ်တိုင် ဇွန်းဖျားလေးနဲ့ ခပ်ပြီး သူကိုယ်တိုင်ကြော်တာ။

သူကြော်တဲ့မုန့်ကပိုပို ကြီးလာတယ်။ ကြော်လေ ကြီးလေ။ကြီးလေ သေးအောင်ကြော်လေနဲ့ ချွေးပျံစပြုလာတယ်။မထူးပါဘူး။ ကြော်ပြီးသားထဲက နည်းနည်းဖဲ့လှူမယ်ဆိုပြီး ဖဲ့ကြည့်တာ မရဘူး။လုပ်ပြီးသားမုန့်တွေက အကုန်ပူကပ်နေတယ်။ ခွာလို့ မရဘူး။ သူဋ္ဌေးကြီးတစ်ယောက်ထဲ ဖဲ့မရတော့ လင်းမယားနှစ်ယောက်တစ်ယောက်တစ်ဖက်ကိုင်ပြီးဖဲ့ကြတယ်။ ဒါပေမဲ့ အရှင်မြတ်ရဲ့ တန်ခိုးတော်ကြောင့် ဖဲ့မရဘူး။ လင်မယားနှစ်ယောက်လုံး ချွေးတစ်လုံးလုံး ဖြစ်လာတယ်။နောက်ဆုံးတော့ ဘယ်လိုမှ ဖဲ့မရတာနဲ့အရှင်မရယ် ငါလည်း မောလွန်းလို့ စားချင်စိတ်မရှိတော့ပါဘူး။ တစ်တောင်းလုံးသာလှူလိုက်တော့ပါဆိုပြီ ခြေပစ်လက်ပစ်ထိုင်ချင်လိုက်တယ်။ သူဋ္ဌေးမကြီးလည်းအရှင်မောဂ္ဂလာန်သပိတ်ထဲ သွားလှူတယ်။အဲ့ဒီအခါ အရှင်မောဂ္ဂလာန်က တရားစဟောပါတယ်။ သူဋ္ဌေးကြီးနဲ့ သူဋ္ဌေးမကြီးလည်း မောမောပန်းပန်း မာန်မာနကျနေချိန် ဆိုတော့ တရားတော်အပေါ် စိတ်ညွတ်သွားကြတယ်။ပေးကမ်းစွန့်ကြဲခြင်းရဲ့ အကျိုးကျေးဇူး။ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးတွေကိုဟောဖော်ညွှန်ပြတော့ သူဋ္ဌေးကြီးတို့လင်မယားနှစ်ဦးလုံး ရတနာသုံးပါးအပေါ် ကြည်ညိုသွား ကြတယ်။နောက်ဆုံး မြတ်စွာဘုရားနဲ့ ရဟန်းငါးရာတို့ကို မုန့်ဆွမ်းတွေနဲ့ ပြုစုလုပ်ကျွေးခဲ့ကြတယ်။ မြတ်စွာဘုရားရှင်ရဲ့ ဆွမ်းအနုမောဒနာတရားကို နားယူပြီးတဲ့အခါ လင်မယားနှစ်ဦးလုံး သောတာပန်တွေ တည်သွားကြပြီး သေလွန်တဲ့အခါ နတ်ပြည် ရောက်သွားကြပါတယ်။မစ္ဆရိယဆိုတာ ၀န်တိုတဲ့သဘောပါ။ကိုယ်ပိုင်တဲ့ ပစ္စည်းကို သူတပါးလက်ထဲမရောက်အောင် ဆုပ်ကိုင်ထားတာ။မစ္ဆရိယစိတ်ရှိတဲ့သူတွေရဲ့လက်တွေဟာဆုပ်ထားတဲ့ လက်တွေပါ။(မစ္ဆရိယနဲ့ ပတ်သက်ပြီး စာပေမှာ မစ္ဆရိယ ငါးမျိုးရှိတယ် ဆိုပြီးပြထားပေမယ့် ဒီမှာတော့ မရေးလိုတော့ဘူး။)ပစ္စည်းဥစ္စာဆိုတာ ဒီတစ်ဘ၀ ဒီတစ်နပ်စာပဲသုံးလို့ရတာ။ နောက်ဘ၀အထိ ယူသွားလို့ မရဘူး။ ပစ္စည်းဥစ္စာဆိုတာ မီးကျီးခဲနဲ့တူတယ်။နောက်ပြီးတော့ မီးကျီးခဲဟာ မီးမွှေးတဲ့နေရာ၊ချက်တဲ့ပြုတ်တဲ့နေရာ၊ မီးထွန်းတဲ့နေရာစတဲ့ ကောင်းပြီး အကျိုးရှိမဲ့နေရာတွေမှာစနစ်တကျ အသုံးချရင် အကျိုးများတယ်။အဲ့လိုစနစ်တကျ အသုံးမချဘဲ ငါ့ မီးကျီးခဲဆိုပြီး ဆုပ်ကိုင်ထားလို့ကတော့ ဆုပ်ကိုင်ထားတဲ့လက် သေချာပေါက် ပူမှာပဲ။ဆုတ်ကိုင်လေ ပူရလေပဲ။ လွှတ်မချနိုင်သရွေ့၊အကျိုးရှိရှိ အသုံးမချနိုင်သရွေ့ပူလောင်နေရဦးမှာပဲ။ ပစ္စည်းဥစ္စာဆိုတာ လှူတတ်မှ၊ ယူတတ်မှ၊ အကျိုးရှိရှိ အသုံးချတတ်မှမြတ်တာ။ အရင်း မရှုံးမှာ ။မစ္ဆရိယစိတ် များတဲ့လူဟာ အချိန်တိုင် ပူလောင်နေရတတ်တယ်။ ဒီ၀တ္ထုပါတဲ့ သူဋ္ဌေးကြီးကိုပဲကြည့်၊ပစ္စည်းဥစ္စာတွေ ကျိကျိတက် ချမ်းသာပေမဲ့၀န်တိုတဲ့ စိတ်ကြောင့် ကိုယ်တိုင်လည်း မစားရက်သူတပါးလည်း မပေးရက်ဘူး။ မုန့်လေးတစ်ချက် စားချင်တာတောင် ကုန်ခမ်းသွားမှာ ၊ သူတပါးကို ပေးရမှာ စိုးတဲ့စိတ်ကြောင့် နေ့နေ့ညညသူ့မှာ ပူလောင်နေရတယ်။ဘ၀ဆိုတာ ခဏလေးပါ။ ဘာတွေကိုမက်မောပြီး ဘာတွေကို ဆုပ်ကိုင်ထားချင်နေရတာလဲ။ ဆုပ်ကိုင်လေ ပူရလေပါပဲ။ပစ္စည်းဥစ္စာမှာ ပူလောင်စေတာ မဟုတ်ပါဘူး။ကိုယ့်ထက်သာမှာ မလိုလားတဲ့စိတ်တွေ၊ကိုယ်ချမ်းသာသလို မချမ်းသာစေချင်တဲ့ စိတ်တွေ၊ ကိုယ့်ထက် နိမ့်ကျစေချင်တဲ့ စိတ်တွေ၊ မဝေမျှလိုတဲ့ စိတ်တွေ၊ ကိုယ်သာပိုင်ချင် ကိုယ်သာနိုင်ချင်တဲ့ စိတ်တွေ၊ ကိုယ့်ကိုယ်သာ ချစ်စေချင်တဲ့ စိတ်တွေ,ကရော မပူလောင်စေဘူးလား။ ပူလောင်စေ တာပါပဲ။နည်းနည်းဆုပ်ကိုင်ထားတဲ့ သူဟာနည်းနည်း ပူလောင်ရသလို များများဆုပ်ကိုင်ထားတဲ့ လူဟာ များများ ပူလောင်ရမှာပဲ။ လူ့ဘ၀ခဏလေးအတွင်းမှာ အပူတွေနဲ့ပဲ အချိန်ကုန်ခံတော့မှာလား။ပစ္စည်းဥစ္စာ၊ ရာထူး အာဏာပါဝါတွေ၊မကောင်းတဲ့ စိတ်ဆိုး,စိတ်ယုတ်မာတွေဆိုတာ ကိုယ်က မြဲနေအောင် ဘယ်လိုပဲဆုပ်ကိုင်ထား ဆုပ်ကိုင်းထား တစ်ချိန်မှာ အကုန်ထားခဲ့ရမှာပါ။ အဲ့ဒီတော့ သူ့မထားခဲ့ချင်မှာပင် ကိုယ်က အရင်လွှတ်ချလိုက်ပါ။မစ္ဆရိယကောသိယ သူဋ္ဌေးကြီးဟာမုန့်တစ်ချက် လွှတ်ချနိုင်တော့ မုန့်တစ်ချက်စာချမ်းသာခဲ့ရတယ် မဟုတ်ပါလား။နောက်ဆုံး မုန့်အချက်ပေါင်းများစွာလွှတ်ချနိုင်ခဲ့တော့ သောတာပတ္တိမဂ်၊သောတာပတ္တိဖိုလ်ရပြီး နတ်ရွာသုဂတိ ရောက်ခဲ့ရတယ်လေ။မိမိတို့ရဲ့ နေ့စဉ်ဘ၀ထဲမှာရောဆုပ်ကိုင်ထားတာတွေ ဘယ်လောက်များများ ရှိနေမလဲ။ မိမိတို့ရဲ့ လက်ထဲမှာရောမသိလိုပဲဖြစ်ဖြစ်၊ သိသိနဲ့ပဲဖြစ်ဖြစ် ဆုပ်ကိုင်ထားမိတဲ့ မီးကျီးခဲတွေ ဘယ်လောက်တောင် များနေပြီလဲ။ ဘယ်လောက်တောင်ပူလောင်ခံနေရပြီလဲ။လွှတ် ချ လိုက် ပါ ။နည်းနည်း လွှတ်ချနိုင်လေ နည်းနည်းချမ်းသာလေ။ များများ လွှတ်ချနိုင်လေများများ ချမ်းသာလေပါ။ အလုံးစုံ လွှတ်ချနိုင်ရင်တော့ ပြောဖွယ်ရာ မရှိဘူးပေါ့။

Credit – Original

[zawgyi]

တစ္ခါတုန္းက ရာဇၿဂိဳဟ္ၿမိဳ႕နဲ႔ မနီးမေဝးအရပ္မွာ သကၠာရနိဂုံးဆိုတဲ့ ႐ြာတစ္႐ြာရွိခဲ့ဖူးပါတယ္။ ႐ြာရဲ႕ အဓိက ဇာတ္ေကာင္ကေတာ့ ကုေဋရွစ္ဆယ္ ခ်မ္းသာတဲ့ သူေ႒းႀကီးမစၦရိယေကာသိယ ပါ။သူက နာမည္နဲ႔လိုက္ေအာင္ ကပ္ေစးႏွဲလြန္းသူႀကီးပါ။ သူမ်ားေတြ ကပ္ေစးႏွဲတာကသူတပါးကို မေပးခ်င္၊ မေကြၽးခ်င္တာ။ကိုယ္အတြက္ေတာ့ သဒၶါၾကပါေသးတယ္။သူကေတာ့ လူထူးဆန္း၊ တစ္ရာမွာ တစ္ေယာက္သာ ရွိႏိုင္မယ့္ လူစားမ်ိဴး။သူမ်ားလည္း မေကြၽးခ်င္၊ မေပးခ်င္သလိုကိုယ္ကိုယ္တိုင္လည္း အငတ္ခံၿပီးကပ္ေစးႏွဲတာ။ ဇနီးေတြ၊ သား,သမီးေတြ၊ေဆြမ်ိဳးေတြကိုလည္း မသဒၶါဘူး။ခ်မ္းသာတယ္ဆိုေပမဲ့ ေကာင္းေကာင္းမြန္မြန္မစားရ၊ မ၀တ္ရ၊ မေနရဘူး။ဇနီးနဲ႔ သားသမီးေတြေတာင္ မသဒၶါတာ၊ရဟန္သံဃာေတြကို လႉဖို႔၊ တန္းဖို႔ဆိုတာေဝလာေဝးေပါ့။ကုန္မွာေၾကာက္တဲ့စိတ္နဲ႔ ရသမွ် အကုန္ဂိုေဒါင္ထဲ ထည့္တယ္။ ဒီေခတ္အလိုဆိုအကုန္ဘဏ္အပ္ထားတယ္ ဆိုရမွာေပါ့။ဒီဘက္ေခတ္မွာေတာ့ သူ႔ေလာက္ကပ္ေစးႏွဲတဲ့သူ ရွိမယ္မထင္ဘူး။ ဦးဇင္းပတ္၀န္းက်င္မွာေတာ့ အဲ့လိုသူေ႒းမ်ိဳး မေတြ႕ဖူးေသးဘူး။ဦးကပ္ေစးႀကီးက ေန႔စဥ္ ဘုရင့္နန္းေတာ္၀င္ၿပီးအခစားရတယ္။ အမႈထမ္းရတယ္ေပါ့။ တစ္ေန႔နန္းေတာ္က အျပန္၊ လမ္းေဘး ဇရပ္တစ္ခုမွာမုေယာမုန္႔၊ အိုးကင္းမုန္႔ေတြကို ေပ်ာ္ေပ်ာ္ပါးပါးလုပ္စား ေနတဲ့သူေတြကို သူေတြ႕လိုက္တယ္။ဒါနဲ႔ သူလည္း စားခ်င္စိတ္ျဖစ္သြားတယ္။စားခ်င္စိတ္က နည္းနည္းမဟုတ္ဘူး။ ျပင္းျပင္းျပျပကို ျဖစ္တာ။ တစ္ခါ တေလစားစရာ တစ္ခုခုကို အငမ္းမရ ခ်ဥ္ခ်င္တပ္တဲ့ သေဘာမ်ိဳး။ စားလည္း စားခ်င္တယ္။စားခ်င္လို႔ လုပ္ခိုင္းရင္လည္း သူမ်ားေတြလည္းစားခ်င္ လာမယ္။ အဲ့က်ရင္ သူတို႔အတြက္ပါပိုလုပ္ရမယ္။ ဆန္ေတြ၊ ဆီေတြ တအားကုန္မယ္ဆိုတဲ့အေတြးနဲ႔ ဘယ္သူ႔မွ ထုတ္မေျပာဘူး။စားခ်င္စိတ္က ေအာင့္ထားေလ။ႀကီးလာေလပဲ။ကုတင္ေပၚတက္ၿပီး ဟိုဘက္လွည့္အိပ္၊ ဒီဘက္လွည့္အိပ္နဲ႔ စားခ်င္စိတ္ကိုေဖ်ာက္ၾကည့္တယ္။ ပိုပို ဆိုးလာေလပဲ။သူတပါးကို မေပးခ်င္၊ မေကြၽးခ်င္၊ မမွ်ခ်င္တဲ့ မစၦရိယစိတ္က သူ႔ကို ေလာင္ကြၽမ္းေနတာ။ အတြင္းက အပူရွိန္က အျပင္မ်က္ႏွာကိုပါလာ႐ိုက္တယ္။ မ်က္ႏွာက မႈန္ကုတ္ကုတ္ ျဖစ္လာတယ္။ ဟိုလူကို မၾကည္သလို ဒီလူကိုမေက်နပ္သလိုနဲ႔ အၾကည့္ေတြ၊ အေျပာေတြကဘုဆတ္ဆတ္ျဖစ္လာတယ္။ဒါကို သတိထားမိတဲ့ ဇနီးျဖစ္သူက ဘာျဖစ္ခ်င္လို႔လဲ၊ တစ္ခုခုကို လိုခ်င္လို႔လား”လို႔အတင္းေမးေတာ့မွ မုန္႔စားခ်င္တဲ့အေၾကာင္းေျပာျပတယ္။ ဒါေတာင္ သူမ်ားေတြေႂကြးရမွာစိုးလို႔ ဘုံခုႏွစ္ဆင့္တိုက္ေပၚတက္ၿပီး လုပ္ခိုင္းတယ္။သူ႔ဇနီးအတြက္ေတာင္ မပါဘူး။ သူတစ္ေယာက္စာပဲ လုပ္ရမယ္တဲ့။ သူအတြက္ေတာင္ တကယ္မေနႏိုင္၊ မထိုင္ႏိုင္ျဖစ္လို႔ ခ်က္ခိုင္းတာ။ဒါေတာင္ ဆန္ေကာင္းနဲ႔ မလုပ္ခိုင္းဘူး။ ညံ့ေပ့ဆိုးေပ့ဆိုတဲ့ ဆန္းကြဲနဲ႔ လုပ္ခိုင္းတာ။ဘုံခုႏွစ္ဆင့္၊ တံခါးခုႏွစ္ဆင့္ အဆင့္ဆင့္ပိတ္ၿပီး ႏွစ္ေယာက္ထဲ မုန္႔လုပ္စားဖို႔ ျပင္ဆင္ပါတယ္။ ထိုအျခင္းအရာကို သိေတာ္မူ၊ျမင္ေတာ္မူတဲ့ ျမတ္စြာဘုရားရွင္ကနံနက္ေစာေစာ အရွင္မဟာေမာဂၢလာန္ကို ေခၚေတာ္မူ၍ -ခ်စ္သား ေမာဂၢလာန္..ရာဇၿဂိဳဟ္ၿမိဳ႕အနီး သကၠာရနိဂုံး႐ြာကမစၦရိယေကာသိယသူေ႒းႀကီးကေတာ့သူမ်ားေတြကို မေပးခ်င္၊ မေကြၽးခ်င္လို႔ဘုံခုႏွစ္ဆင့္အထက္ တက္ၿပီး မုန္႔လုပ္စားေနတယ္။သူေ႒းႀကီးကို ပူေလာင္ေစတဲ့ မစၦရိယအပူ၊ေလာဘမီးက်ီးခဲေတြကို ၿငိမ္ေပးလိုက္ပါ။ၿပီးတဲ့အခါ ေကာင္းႏိုးရာရာ စားေသာက္ဖြယ္ေတြကို ယူေဆာင္ေစၿပီ ေဇတ၀န္ေက်ာင္းသို႔ သင့္အစြမ္းနဲ႔ ေခၚေဆာင္ခဲ့ပါ။ယေန႔ ငါ ဘုရားရွင္နဲ႔ ရဟန္းငါးရာတို႔ သူေ႒းႀကီးလႉဒါန္းတဲ့ မုန္႔ဆြမ္းကို ဘုဥ္းေပးဖို႔ေစာင့္ေနမယ္လို႔ မိန္႔ေတာ္မူလိုက္ ပါတယ္။အရွင္မဟာေမာဂၢလာန္လည္း သကၤန္း႐ုံသပိတ္လြယ္ကာ သူေ႒းႀကီးလင္မယားမုန္႔လုပ္ေနတဲ့ ဘုံခုႏွစ္ဆင့္အနားမွာစၾကၤန္ေလွ်ာက္ေတာ္မူပါတယ္။ေတြးမိတာေလးပါ။ သားသမီးေတြေတာင္မေကြၽးခ်င္လို႔ အျမင့္ဆုံးအထက္တက္ၿပီးလုပ္စားပါတယ္ဆို အလႉခံဘုန္းႀကီးကႂကြလာရေသးတယ္ဆိုၿပီး သူေ႒းႀကီးဘယ္ေလာက္မ်ား စိတ္ဆိုးလိုက္မလဲ မသိဘူး။အရွင္မဟာေမာဂၢလာန္မေထရ္ျမတ္ႀကီးကလည္း မလႉမခ်င္း မႂကြဘူးဆိုၿပီး ေပ ေလွ်ာက္ေနတယ္။ကိုယ္ေတာ္ ကိုယ္ေတာ့္ဘာသာ စၾကၤန္ေလွ်ာက္ေန႐ုံမကလို႔ တင္ပလႅင္ေခြထိုင္ေနလည္းနည္းနည္းေတာင္ ရမယ္ မထင္နဲ႔” လို႔ သူေ႒းႀကီးက ေျပာလိုက္တယ္။အရွင္မဟာေမာဂၢလာန္လည္း တံခါး၀မွာတင္ပလႅင္ေခြကာ ထိုင္ေနေတာ္မူျပန္ပါတယ္။ အဲ့ဒီအခါ သူေ႒းႀကီးကကိုယ့္ေတာ္ဘာသာ တင္ပလႅင္ေခြ ထိုင္ေန႐ုံမကလို႔ အခိုးအေငြ႕ေတြ လြတ္ရင္ေတာင္ မလႉႏိုင္ဘူးလို႔ ထပ္ေျပာျပန္တယ္။အရွင္မဟာေမာဂၢလာန္လည္း ထိုင္ေနရာမွအခန္းတစ္ခုံးလုံးကို မီးအခိုးအေငြ႕ေတြလႊတ္ပါတယ္။ အဲ့ဒီအခါ သူေ႒းႀကီးသူတိုက္ မီးေလာင္မွာေၾကာက္လို႔ ဘာမွထပ္မေျပာရဲေတာ့ဘူး။ မီးခိုးေတြမႊန္ၿပီးမ်က္စိေတြ ရဲလာတယ္။ဒီရဟန္း နည္းနည္းမွ မရရင္ေတာ့ဘယ္လိုေျပာေျပာ၊ ဘယ္လိုႏွင္ထုတ္ထုတ္ ျပန္မွာ မဟုတ္ေတာ့ဘူးဆိုတာသိသြားတယ္။ အဲ့ဒါေၾကာင့္ ရွင္မရယ္နည္းနည္းေလာက္ လႉလိုက္စမ္းပါဆိုၿပီးခ်က္ခိုင္းတယ္။သူေ႒းကေတာ္ႀကီးလည္း ဇြန္းေလးနဲ႔ မုန္႔ဖက္နည္းနည္း ခပ္ၿပီ အိုးထဲထည့္လိုက္တာ မုန္႔ကအႀကီးႀကီး ျဖစ္သြားတယ္။ဟယ္ ဒီမိန္းမ အသုံးမက်ဘူးဆိုၿပီး သူေ႒းႀကီးကိုယ္တိုင္ ဇြန္းဖ်ားေလးနဲ႔ ခပ္ၿပီး သူကိုယ္တိုင္ေၾကာ္တာ။သူေၾကာ္တဲ့မုန္႔ကပိုပို ႀကီးလာတယ္။ ေၾကာ္ေလ ႀကီးေလ။ႀကီးေလ ေသးေအာင္ေၾကာ္ေလနဲ႔ ေခြၽးပ်ံစျပဳလာတယ္။မထူးပါဘူး။ ေၾကာ္ၿပီးသားထဲက နည္းနည္းဖဲ့လႉမယ္ဆိုၿပီး ဖဲ့ၾကည့္တာ မရဘူး။လုပ္ၿပီးသားမုန္႔ေတြက အကုန္ပူကပ္ေနတယ္။ ခြာလို႔ မရဘူး။ သူေ႒းႀကီးတစ္ေယာက္ထဲ ဖဲ့မရေတာ့ လင္းမယားႏွစ္ေယာက္တစ္ေယာက္တစ္ဖက္ကိုင္ၿပီးဖဲ့ၾကတယ္။ ဒါေပမဲ့ အရွင္ျမတ္ရဲ႕ တန္ခိုးေတာ္ေၾကာင့္ ဖဲ့မရဘူး။ လင္မယားႏွစ္ေယာက္လုံး ေခြၽးတစ္လုံးလုံး ျဖစ္လာတယ္။ေနာက္ဆုံးေတာ့ ဘယ္လိုမွ ဖဲ့မရတာနဲ႔အရွင္မရယ္ ငါလည္း ေမာလြန္းလို႔ စားခ်င္စိတ္မရွိေတာ့ပါဘူး။ တစ္ေတာင္းလုံးသာလႉလိုက္ေတာ့ပါဆိုၿပီ ေျခပစ္လက္ပစ္ထိုင္ခ်င္လိုက္တယ္။ သူေ႒းမႀကီးလည္းအရွင္ေမာဂၢလာန္သပိတ္ထဲ သြားလႉတယ္။အဲ့ဒီအခါ အရွင္ေမာဂၢလာန္က တရားစေဟာပါတယ္။ သူေ႒းႀကီးနဲ႔ သူေ႒းမႀကီးလည္း ေမာေမာပန္းပန္း မာန္မာနက်ေနခ်ိန္ ဆိုေတာ့ တရားေတာ္အေပၚ စိတ္ၫြတ္သြားၾကတယ္။ေပးကမ္းစြန္႔ႀကဲျခင္းရဲ႕ အက်ိဳးေက်းဇူး။ရတနာသုံးပါးရဲ႕ ဂုဏ္ေက်းဇူးေတြကိုေဟာေဖာ္ၫႊန္ျပေတာ့ သူေ႒းႀကီးတို႔လင္မယားႏွစ္ဦးလုံး ရတနာသုံးပါးအေပၚ ၾကည္ညိဳသြား ၾကတယ္။ေနာက္ဆုံး ျမတ္စြာဘုရားနဲ႔ ရဟန္းငါးရာတို႔ကို မုန္႔ဆြမ္းေတြနဲ႔ ျပဳစုလုပ္ေကြၽးခဲ့ၾကတယ္။ ျမတ္စြာဘုရားရွင္ရဲ႕ ဆြမ္းအႏုေမာဒနာတရားကို နားယူၿပီးတဲ့အခါ လင္မယားႏွစ္ဦးလုံး ေသာတာပန္ေတြ တည္သြားၾကၿပီး ေသလြန္တဲ့အခါ နတ္ျပည္ ေရာက္သြားၾကပါတယ္။မစၦရိယဆိုတာ ၀န္တိုတဲ့သေဘာပါ။ကိုယ္ပိုင္တဲ့ ပစၥည္းကို သူတပါးလက္ထဲမေရာက္ေအာင္ ဆုပ္ကိုင္ထားတာ။မစၦရိယစိတ္ရွိတဲ့သူေတြရဲ႕လက္ေတြဟာဆုပ္ထားတဲ့ လက္ေတြပါ။(မစၦရိယနဲ႔ ပတ္သက္ၿပီး စာေပမွာ မစၦရိယ ငါးမ်ိဳးရွိတယ္ ဆိုၿပီးျပထားေပမယ့္ ဒီမွာေတာ့ မေရးလိုေတာ့ဘူး။)ပစၥည္းဥစၥာဆိုတာ ဒီတစ္ဘ၀ ဒီတစ္နပ္စာပဲသုံးလို႔ရတာ။ ေနာက္ဘ၀အထိ ယူသြားလို႔ မရဘူး။ ပစၥည္းဥစၥာဆိုတာ မီးက်ီးခဲနဲ႔တူတယ္။ေနာက္ၿပီးေတာ့ မီးက်ီးခဲဟာ မီးေမႊးတဲ့ေနရာ၊ခ်က္တဲ့ျပဳတ္တဲ့ေနရာ၊ မီးထြန္းတဲ့ေနရာစတဲ့ ေကာင္းၿပီး အက်ိဳးရွိမဲ့ေနရာေတြမွာစနစ္တက် အသုံးခ်ရင္ အက်ိဳးမ်ားတယ္။အဲ့လိုစနစ္တက် အသုံးမခ်ဘဲ ငါ့ မီးက်ီးခဲဆိုၿပီး ဆုပ္ကိုင္ထားလို႔ကေတာ့ ဆုပ္ကိုင္ထားတဲ့လက္ ေသခ်ာေပါက္ ပူမွာပဲ။ဆုတ္ကိုင္ေလ ပူရေလပဲ။ လႊတ္မခ်ႏိုင္သေ႐ြ႕၊အက်ိဳးရွိရွိ အသုံးမခ်ႏိုင္သေ႐ြ႕ပူေလာင္ေနရဦးမွာပဲ။ ပစၥည္းဥစၥာဆိုတာ လႉတတ္မွ၊ ယူတတ္မွ၊ အက်ိဳးရွိရွိ အသုံးခ်တတ္မွျမတ္တာ။ အရင္း မရႈံးမွာ ။မစၦရိယစိတ္ မ်ားတဲ့လူဟာ အခ်ိန္တိုင္ ပူေလာင္ေနရတတ္တယ္။ ဒီ၀တၳဳပါတဲ့ သူေ႒းႀကီးကိုပဲၾကည့္၊ပစၥည္းဥစၥာေတြ က်ိက်ိတက္ ခ်မ္းသာေပမဲ့၀န္တိုတဲ့ စိတ္ေၾကာင့္ ကိုယ္တိုင္လည္း မစားရက္သူတပါးလည္း မေပးရက္ဘူး။ မုန္႔ေလးတစ္ခ်က္ စားခ်င္တာေတာင္ ကုန္ခမ္းသြားမွာ ၊ သူတပါးကို ေပးရမွာ စိုးတဲ့စိတ္ေၾကာင့္ ေန႔ေန႔ညညသူ႔မွာ ပူေလာင္ေနရတယ္။ဘ၀ဆိုတာ ခဏေလးပါ။ ဘာေတြကိုမက္ေမာၿပီး ဘာေတြကို ဆုပ္ကိုင္ထားခ်င္ေနရတာလဲ။ ဆုပ္ကိုင္ေလ ပူရေလပါပဲ။ပစၥည္းဥစၥာမွာ ပူေလာင္ေစတာ မဟုတ္ပါဘူး။ကိုယ့္ထက္သာမွာ မလိုလားတဲ့စိတ္ေတြ၊ကိုယ္ခ်မ္းသာသလို မခ်မ္းသာေစခ်င္တဲ့ စိတ္ေတြ၊ ကိုယ့္ထက္ နိမ့္က်ေစခ်င္တဲ့ စိတ္ေတြ၊ မေဝမွ်လိုတဲ့ စိတ္ေတြ၊ ကိုယ္သာပိုင္ခ်င္ ကိုယ္သာႏိုင္ခ်င္တဲ့ စိတ္ေတြ၊ ကိုယ့္ကိုယ္သာ ခ်စ္ေစခ်င္တဲ့ စိတ္ေတြ,ကေရာ မပူေလာင္ေစဘူးလား။ ပူေလာင္ေစ တာပါပဲ။နည္းနည္းဆုပ္ကိုင္ထားတဲ့ သူဟာနည္းနည္း ပူေလာင္ရသလို မ်ားမ်ားဆုပ္ကိုင္ထားတဲ့ လူဟာ မ်ားမ်ား ပူေလာင္ရမွာပဲ။ လူ႔ဘ၀ခဏေလးအတြင္းမွာ အပူေတြနဲ႔ပဲ အခ်ိန္ကုန္ခံေတာ့မွာလား။ပစၥည္းဥစၥာ၊ ရာထူး အာဏာပါဝါေတြ၊မေကာင္းတဲ့ စိတ္ဆိုး,စိတ္ယုတ္မာေတြဆိုတာ ကိုယ္က ၿမဲေနေအာင္ ဘယ္လိုပဲဆုပ္ကိုင္ထား ဆုပ္ကိုင္းထား တစ္ခ်ိန္မွာ အကုန္ထားခဲ့ရမွာပါ။ အဲ့ဒီေတာ့ သူ႔မထားခဲ့ခ်င္မွာပင္ ကိုယ္က အရင္လႊတ္ခ်လိုက္ပါ။မစၦရိယေကာသိယ သူေ႒းႀကီးဟာမုန္႔တစ္ခ်က္ လႊတ္ခ်ႏိုင္ေတာ့ မုန္႔တစ္ခ်က္စာခ်မ္းသာခဲ့ရတယ္ မဟုတ္ပါလား။ေနာက္ဆုံး မုန္႔အခ်က္ေပါင္းမ်ားစြာလႊတ္ခ်ႏိုင္ခဲ့ေတာ့ ေသာတာပတၱိမဂ္၊ေသာတာပတၱိဖိုလ္ရၿပီး နတ္႐ြာသုဂတိ ေရာက္ခဲ့ရတယ္ေလ။မိမိတို႔ရဲ႕ ေန႔စဥ္ဘ၀ထဲမွာေရာဆုပ္ကိုင္ထားတာေတြ ဘယ္ေလာက္မ်ားမ်ား ရွိေနမလဲ။ မိမိတို႔ရဲ႕ လက္ထဲမွာေရာမသိလိုပဲျဖစ္ျဖစ္၊ သိသိနဲ႔ပဲျဖစ္ျဖစ္ ဆုပ္ကိုင္ထားမိတဲ့ မီးက်ီးခဲေတြ ဘယ္ေလာက္ေတာင္ မ်ားေနၿပီလဲ။ ဘယ္ေလာက္ေတာင္ပူေလာင္ခံေနရၿပီလဲ။လႊတ္ ခ် လိုက္ ပါ ။နည္းနည္း လႊတ္ခ်ႏိုင္ေလ နည္းနည္းခ်မ္းသာေလ။ မ်ားမ်ား လႊတ္ခ်ႏိုင္ေလမ်ားမ်ား ခ်မ္းသာေလပါ။ အလုံးစုံ လႊတ္ခ်ႏိုင္ရင္ေတာ့ ေျပာဖြယ္ရာ မရွိဘူးေပါ့။