မိမိကိုယ်ကို သိုက်ကလာတယ်လို့ ထင်မြင်ယူဆနေသူများအတွက် သိုက်ဆက်အကြောင်း

၁။ မွေးရာပါ အစောင့်ကောင်းတွေ ပါလာတတ်သည်။ ၂။ အသန့်အရှင်း အလှအပ ကြိုက်တတ်သည်။ ၃။ မာန်ရှိပြီး မာနမရှိသူများ။ ၄။ အိမ် မက်ထဲ(သို့) အပြင်မှာ အစောင့်အရှောက်တွေကိုသိနိုင်မြင်နိုင်သည်။ ၅။ ဆိုင်းသံ ဗုံသံကြားက ဝမ်းနည်းပျော်ရွှင်သလိုလို ဖြစ်တတ်ပါသည်။ ၆။ အတိတ်ဘဝမှာ လင်ယောင်္ကျားသို့ ဇနီးသားသမီး ကျန်ခဲ့ရင် အိမ်ထောင်ပြုဖို့ ခဲယဉ်းတတ်ပါတယ် အိမ်ထောင်ပြုသော်လည်း သားသမီးမထွန်းကားတတ်သလို အိမ်ထောင်ရေးအဆင်မပြေကြပါ။ ၇။ လူချစ်လူခင် ပေါများတတ်သည်။ ၈။ အစွဲအလမ်း ကြီးတတ်သည်။ ၉။ ဘာ သာရေး အလှူဒါနကောင်းမူကုသိုလ်လည်း ဝန်မလေးတတ်ပေ။ ၁၀။ သနားကြင်နာတတ်သလို မုန်းပြီဆိုက လှည့်မကြည့်တတ်ပေ။ ၁၁။ ခေါင်း တခြမ်းအမြဲကိုက်တတ်သည်။ ၁၂။ တစုံတခုဖြစ်ပျက်မည်ကို ကြိုသိနေတတ်ပြီး ပြောလိုက်ရင်မှန်နေတတ်သည်။ ၁၃။ အတိတ်ဘဝမှာ လင်ယောင်္ကျား မိန်းမ ကျန်ခဲ့သူများက အိမ်မက်ထဲလာရောက်ပေါင်းသင်း တတ်ပြီးအတွေ့အထိခံစားမူမှာ အပြင်လက်တွေ့ ထက်ပိုသာ ယာတတ်ကြသည်။ ၁၄။ အိမ်မက်ထဲ လူရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရဘဲ ဝိုးတဝါးသာမြင်ရတတ်သည်။ ၁၅။ အချို့သောသူတို့မှာတခါတရံဝင်ပူးကပ်စီးပြီး သူတို့ဖြစ်ချင်တာတွေကို ပြောပြတတ်ကြပါသည်။ ၁၆။ အမဲသားစားခြင်း အကုသိုလ်ဖြင့် အသက်မွေးကြလျှင် ဒုက္ခမျိုးစုံတွေ စီးပွားအိမ်ထောင်ပျက်စီးတာများသည်။ ၁၇။ မျက်နှာပြင်ကသူများထက်ထူးခြားတတ်ပြီးရုပ်ပြောင်းတတ်တယ်တခါတရံငေးငိုင်နေပြီး တစ်နေရာရာ တခုခုလွမ်းမောနေသလို။အထက်ပါ သိုက်ဆက်နီးသူများမှာ အကုသိုလ်ကင်းပြီးဘာသာတရား အလေးထားယုံ ကြည်စွာလုပ်ကြလျှင် ထူးထူးချမ်းသာသူများ ဖြစ်ကြပါလိမ့်မယ်။

ဘုရားရှိရင် နဂါးရှိတယ် သိုက်ဆက်မှန်သမျှ ဘာသာရေးသာများများလုပ်ပေးပါ။မိမိကိုယ်မိမိ သိုက်ဆက်လို့ထင်နေမြင်နေပြီလို့ စိတ်ကယူ ဆနေရင် ရည်မှန်းပီးမေတ္တာပို့အမျှဝေ၊ ပဌာန်းဆက်နီးလာရင် သူတို့ကိုယ်တိုင်အသိပေး လာလိမ့်မယ်။အဲ့ဒီအခါကျမှ ဆရာကောင်းသေချာရွေးချယ်ပြီး မေးမြန်းစေလိုပါသည်။ ပဌာန်းဆက်မှန်သမျှ မိမိသိုက်ဆက် ကိုယ်တိုင်တွေ့ရှိကြပြီး ပျော်ပျော်ပါးပါးသာသနာပြုနိုင်ကြကာ နောင်ပွင့်မည့်အရိမေတ္တယျ မြတ်စွာဘုရားကြီးအား ဦးစွာဖူးမျှော်ကြပီး ကျွတ်တမ်းဝင်နိုင်ကြပါစေ။ မိမိတို့ဝေနေကြ ၃၁ ဘုံလဲ အမျှပေးဝေပါ။သံသရာအမျိုးတွေအတွက် အောက်ပါအတိုင်း သီးသန့်ဝေပေးပါက ထူးခြားလာလိမ့်မည်..။သီးသန့်အမျှ ပေးခိုင်းခြင်းဟာအများစု ၃၁ ဘုံလိုဝေလိုက်တော့ အများက တိုးဝှေ့လုယက်ပြီး အမျှကိုယူရတယ် တိုးနိုင်လုနိုင်သူသာရပြီး မိမိအမျိုးတွေထဲ မလုမတိုးနိုင်သူတွေမရပါဘူး။ ဒါကြောင့်မိမိသံသရာက ဆွေတော်မျိုးတော်များအတွက် သီးသန့်ပေးဝေလိုက်တော့အခြားသူများက ဝင်လုမရတော့ဘူး။မိမိပေးသောအမျှရကြသောအခါ သူတို့မှာလဲ ကံမ္မသိဒ္ဓီဘုန်းတန်ခိုးတွေရသွားပြီး မိမိကို အရင်ထက်ပိုစောင့်ရှောက်သွားနိုင်သလို ကျွတ်လွတ်သွားနိုင်ပါသောကြောင့် သီးသန့်အမျှဝေခိုင်းခြင်းဖြစ်ပါသည်။သံသရာအစမှ ယခုဘဝထိအောင် တော်စပ်ခဲ့ကြပြီး မကျွတ်လွတ်သေးသော ဆွေတော်မျိုးတော်များ သိုက်နန်းရှင်အပေါင်းနှင့် လက်ရှိဘဝတွင် စောင့်ရှောက်နေကြကုန်သော နာမ်လောကမှ ပုဂ္ဂိုလ်အပေါင်းတို့အားမိမိသံသရာအစမှယခုဘဝ ယခုချိန်အထိ ပြုခဲ့သော ဒါနကုသိုလ်သီလကုသိုလ် ဘာဝနာကုသိုလ်တို့အား အမျှ ပေးဝေသင့်ပါသည်။သိုက်ဆက်မှန်ရင် အမဲသားမစားပါနဲ့ အကုသိုလ်ဖြင့် အသက် မွေးခြင်းရှောင်ပါ။ ဘာသာရေးအလေးထားလုပ် မချမ်းသာတဲ့သူ မရှိပါဘူးဗျာ။

မူရင်း Credit

[zawgyi]

၁။ ေမြးရာပါ အေစာင့္ေကာင္းေတြ ပါလာတတ္သည္။ ၂။ အသန္႔အရွင္း အလွအပ ႀကိဳက္တတ္သည္။ ၃။ မာန္ရွိၿပီး မာနမရွိသူမ်ား။ ၄။ အိမ္ မက္ထဲ(သို႔) အျပင္မွာ အေစာင့္အေရွာက္ေတြကိုသိႏိုင္ျမင္ႏိုင္သည္။ ၅။ ဆိုင္းသံ ဗုံသံၾကားက ဝမ္းနည္းေပ်ာ္႐ႊင္သလိုလို ျဖစ္တတ္ပါသည္။ ၆။ အတိတ္ဘဝမွာ လင္ေယာက်ၤားသို႔ ဇနီးသားသမီး က်န္ခဲ့ရင္ အိမ္ေထာင္ျပဳဖို႔ ခဲယဥ္းတတ္ပါတယ္ အိမ္ေထာင္ျပဳေသာ္လည္း သားသမီးမထြန္းကားတတ္သလို အိမ္ေထာင္ေရးအဆင္မေျပၾကပါ။ ၇။ လူခ်စ္လူခင္ ေပါမ်ားတတ္သည္။ ၈။ အစြဲအလမ္း ႀကီးတတ္သည္။ ၉။ ဘာ သာေရး အလႉဒါနေကာင္းမူကုသိုလ္လည္း ဝန္မေလးတတ္ေပ။ ၁၀။ သနားၾကင္နာတတ္သလို မုန္းၿပီဆိုက လွည့္မၾကည့္တတ္ေပ။ ၁၁။ ေခါင္း တျခမ္းအၿမဲကိုက္တတ္သည္။ ၁၂။ တစုံတခုျဖစ္ပ်က္မည္ကို ႀကိဳသိေနတတ္ၿပီး ေျပာလိုက္ရင္မွန္ေနတတ္သည္။ ၁၃။ အတိတ္ဘဝမွာ လင္ေယာက်ၤား မိန္းမ က်န္ခဲ့သူမ်ားက အိမ္မက္ထဲလာေရာက္ေပါင္းသင္း တတ္ၿပီးအေတြ႕အထိခံစားမူမွာ အျပင္လက္ေတြ႕ ထက္ပိုသာ ယာတတ္ၾကသည္။ ၁၄။ အိမ္မက္ထဲ လူရဲ႕မ်က္ႏွာကို ရွင္းရွင္းလင္းလင္းမျမင္ရဘဲ ဝိုးတဝါးသာျမင္ရတတ္သည္။ ၁၅။ အခ်ိဳ႕ေသာသူတို႔မွာတခါတရံဝင္ပူးကပ္စီးၿပီး သူတို႔ျဖစ္ခ်င္တာေတြကို ေျပာျပတတ္ၾကပါသည္။ ၁၆။ အမဲသားစားျခင္း အကုသိုလ္ျဖင့္ အသက္ေမြးၾကလွ်င္ ဒုကၡမ်ိဳးစုံေတြ စီးပြားအိမ္ေထာင္ပ်က္စီးတာမ်ားသည္။ ၁၇။ မ်က္ႏွာျပင္ကသူမ်ားထက္ထူးျခားတတ္ၿပီး႐ုပ္ေျပာင္းတတ္တယ္တခါတရံေငးငိုင္ေနၿပီး တစ္ေနရာရာ တခုခုလြမ္းေမာေနသလို။အထက္ပါ သိုက္ဆက္နီးသူမ်ားမွာ အကုသိုလ္ကင္းၿပီးဘာသာတရား အေလးထားယုံ ၾကည္စြာလုပ္ၾကလွ်င္ ထူးထူးခ်မ္းသာသူမ်ား ျဖစ္ၾကပါလိမ့္မယ္။ဘုရားရွိရင္ နဂါးရွိတယ္ သိုက္ဆက္မွန္သမွ် ဘာသာေရးသာမ်ားမ်ားလုပ္ေပးပါ။မိမိကိုယ္မိမိ သိုက္ဆက္လို႔ထင္ေနျမင္ေနၿပီလို႔ စိတ္ကယူ ဆေနရင္ ရည္မွန္းပီးေမတၱာပို႔အမွ်ေဝ၊ ပဌာန္းဆက္နီးလာရင္ သူတို႔ကိုယ္တိုင္အသိေပး လာလိမ့္မယ္။အဲ့ဒီအခါက်မွ ဆရာေကာင္းေသခ်ာေ႐ြးခ်ယ္ၿပီး ေမးျမန္းေစလိုပါသည္။ ပဌာန္းဆက္မွန္သမွ် မိမိသိုက္ဆက္ ကိုယ္တိုင္ေတြ႕ရွိၾကၿပီး ေပ်ာ္ေပ်ာ္ပါးပါးသာသနာျပဳႏိုင္ၾကကာ ေနာင္ပြင့္မည့္အရိေမတၱယ် ျမတ္စြာဘုရားႀကီးအား ဦးစြာဖူးေမွ်ာ္ၾကပီး ကြၽတ္တမ္းဝင္ႏိုင္ၾကပါေစ။ မိမိတို႔ေဝေနၾက ၃၁ ဘုံလဲ အမွ်ေပးေဝပါ။သံသရာအမ်ိဳးေတြအတြက္ ေအာက္ပါအတိုင္း သီးသန္႔ေဝေပးပါက ထူးျခားလာလိမ့္မည္..။သီးသန္႔အမွ် ေပးခိုင္းျခင္းဟာအမ်ားစု ၃၁ ဘုံလိုေဝလိုက္ေတာ့ အမ်ားက တိုးေဝွ႔လုယက္ၿပီး အမွ်ကိုယူရတယ္ တိုးႏိုင္လုႏိုင္သူသာရၿပီး မိမိအမ်ိဳးေတြထဲ မလုမတိုးႏိုင္သူေတြမရပါဘူး။ ဒါေၾကာင့္မိမိသံသရာက ေဆြေတာ္မ်ိဳးေတာ္မ်ားအတြက္ သီးသန္႔ေပးေဝလိုက္ေတာ့အျခားသူမ်ားက ဝင္လုမရေတာ့ဘူး။မိမိေပးေသာအမွ်ရၾကေသာအခါ သူတို႔မွာလဲ ကံမၼသိဒၶီဘုန္းတန္ခိုးေတြရသြားၿပီး မိမိကို အရင္ထက္ပိုေစာင့္ေရွာက္သြားႏိုင္သလို ကြၽတ္လြတ္သြားႏိုင္ပါေသာေၾကာင့္ သီးသန္႔အမွ်ေဝခိုင္းျခင္းျဖစ္ပါသည္။သံသရာအစမွ ယခုဘဝထိေအာင္ ေတာ္စပ္ခဲ့ၾကၿပီး မကြၽတ္လြတ္ေသးေသာ ေဆြေတာ္မ်ိဳးေတာ္မ်ား သိုက္နန္းရွင္အေပါင္းႏွင့္ လက္ရွိဘဝတြင္ ေစာင့္ေရွာက္ေနၾကကုန္ေသာ နာမ္ေလာကမွ ပုဂၢိဳလ္အေပါင္းတို႔အားမိမိသံသရာအစမွယခုဘဝ ယခုခ်ိန္အထိ ျပဳခဲ့ေသာ ဒါနကုသိုလ္သီလကုသိုလ္ ဘာဝနာကုသိုလ္တို႔အား အမွ် ေပးေဝသင့္ပါသည္။သိုက္ဆက္မွန္ရင္ အမဲသားမစားပါနဲ႔ အကုသိုလ္ျဖင့္ အသက္ ေမြးျခင္းေရွာင္ပါ။ ဘာသာေရးအေလးထားလုပ္ မခ်မ္းသာတဲ့သူ မရွိပါဘူးဗ်ာ။