ကြိုးစားကြည့်ရုံပါ

တစ်ခါက ဘုရင်ကြီးတစ်ပါးဟာ သားတော်(၁ဝ)ပါးထဲကနေ အမွေဆက်ဆံသူတစ်ယောက်ကိုရွေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဘုရင်ကြီးဟာ ပညာရှိမှူးမတ်တစ်ဦးနဲ့ နှစ်ကိုယ်ကြားတိုင်ပင်ပြီး လမ်းဘေးဝဲယာမှာရေရှိတဲ့ လမ်းတစ်ခုပေါ် ကျောက်တုံးကြီးတစ်တုံးကို ချထားလိုက်တယ်။ အဲဒီလမ်းပေါ်ဖြတ်လျှောက်သူတိုင်းဟာ ကျောက်တုံးပေါ် ကျော်တက်မလား.. ကျောက်တုံးကို ဘေးဖယ်မလား.. ကျောက်တုံးကို ကွေ့ပတ်မလား.. ကျောက်တုံးကြီးရဲ့အတားအဆီးကို ခံကြရမှာဖြစ်တယ်။ဘုရင်ကြီးက သားတော်တွေခေါ်ပြီး မှူးမတ်ဆီကို လျှို့ဝှက်စာတစ်စောင်ပို့ဖို့ အဲဒီလမ်းကို ဖြတ်စေခဲ့ပါတယ်။ မင်းသားတွေက ဘုရင်ကြီးရဲ့အမိန့်အတိုင်း မှူးမတ်လက်ထဲကို စာအရောက်ပို့ခဲ့ကြတယ်။ဘုရင်ကြီးက “ချစ်သားတို့.. အဲဒီလမ်းကို ဘယ်လိုကျော်ဖြတ်ခဲ့ကြသလဲ?” လို့မေးတော့..သားတော်တစ်ဦးက “ကျောက်တုံးကြီးပေါ် ဖြတ်ကျော်သွားခဲ့ပါတယ်”နောက်သားတော်တစ်ဦးက “လှေလှော် ဖြတ်ကျော်ခဲ့ပါတယ်”သားတော်တချို့က “ရေထဲဆင်းကူးပြီး ဖြတ်ကျော်ခဲ့ပါတယ်” လို့ဖြေခဲ့ကြတယ်။

သားတော်အငယ်ဆုံးက “လမ်းအတိုင်း သွားခဲ့ပါတယ်” လို့ဖြေတော့ ဘုရင်ကြီးက “လမ်းမှာ ကျောက်တုံးကြီး ကာဆီးမထားဘူးလား?” လို့ ပြန်မေးပါတယ်။”ကျောက်တုံးကို သားတော် အားစိုက်တွန်းလိုက်တာနဲ့ ကျောက်တုံးကြီးက ချောင်းထဲကျသွားပါတယ်””ဒီလောက်ကြီးတဲ့ကျောက်တုံးကို လက်နဲ့တွန်းဖို့ သားတော်ဘယ်လိုစဉ်းစားခဲ့သလဲ?””သားတော်က ကြိုးစားပြီးတွန်းကြည့်ရုံပါ.. ဒါပေမဲ့ တွန်းလိုက်တာနဲ့ ကျောက်တုံးက ရွေ့သွားပါတယ်”တကယ်တော့ ဘုရင်ကြီးက မှူးမတ်နဲ့တိုင်ပင်ပြီး ပေါ့တဲ့အရာဝတ္ထုနဲ့ “ကျောက်တုံးကြီး”ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကြိုးစားအားထုတ်လိုစိတ်ရှိတဲ့ သားတော်ငယ်လေးကပဲ ဘုရင်ရဲ့အမွေကို ဆက်ခံခဲ့ပါတယ်။ Moral – ကိုယ့်ကံကြမ္မာကို တခြားလူလက်ထဲ ပုံအပ်တာ၊ တခြားတစ်ယောက်ဆီပုံအပ်ပြီး ကိုယ်က ဘာကြိုးစားအားထုတ်လိုစိတ်မှမရှိဘဲ တခြားလူကိုသာ ယုံကြည်တာဟာ အရမ်းအန္တရာယ်များပါတယ်။ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ပဲဖန်ဆင်း၊ ကိုယ်တိုင်ပဲဖမ်းဆုပ်နိုင်ဖို့ သင်ယူတတ်ရပါမယ်..။

Credit – original

[zawgyi]

တစ္ခါက ဘုရင္ႀကီးတစ္ပါးဟာ သားေတာ္(၁ဝ)ပါးထဲကေန အေမြဆက္ဆံသူတစ္ေယာက္ကိုေ႐ြးဖို႔ ဆုံးျဖတ္လိုက္တယ္။ ဘုရင္ႀကီးဟာ ပညာရွိမႉးမတ္တစ္ဦးနဲ႔ ႏွစ္ကိုယ္ၾကားတိုင္ပင္ၿပီး လမ္းေဘးဝဲယာမွာေရရွိတဲ့ လမ္းတစ္ခုေပၚ ေက်ာက္တုံးႀကီးတစ္တုံးကို ခ်ထားလိုက္တယ္။ အဲဒီလမ္းေပၚျဖတ္ေလွ်ာက္သူတိုင္းဟာ ေက်ာက္တုံးေပၚ ေက်ာ္တက္မလား.. ေက်ာက္တုံးကို ေဘးဖယ္မလား.. ေက်ာက္တုံးကို ေကြ႕ပတ္မလား.. ေက်ာက္တုံးႀကီးရဲ႕အတားအဆီးကို ခံၾကရမွာျဖစ္တယ္။ဘုရင္ႀကီးက သားေတာ္ေတြေခၚၿပီး မႉးမတ္ဆီကို လွ်ိဳ႕ဝွက္စာတစ္ေစာင္ပို႔ဖို႔ အဲဒီလမ္းကို ျဖတ္ေစခဲ့ပါတယ္။ မင္းသားေတြက ဘုရင္ႀကီးရဲ႕အမိန႔္အတိုင္း မႉးမတ္လက္ထဲကို စာအေရာက္ပို႔ခဲ့ၾကတယ္။ဘုရင္ႀကီးက “ခ်စ္သားတို႔.. အဲဒီလမ္းကို ဘယ္လိုေက်ာ္ျဖတ္ခဲ့ၾကသလဲ?” လို႔ေမးေတာ့..သားေတာ္တစ္ဦးက “ေက်ာက္တုံးႀကီးေပၚ ျဖတ္ေက်ာ္သြားခဲ့ပါတယ္”ေနာက္သားေတာ္တစ္ဦးက “ေလွေလွာ္ ျဖတ္ေက်ာ္ခဲ့ပါတယ္”သားေတာ္တခ်ိဳ႕က “ေရထဲဆင္းကူးၿပီး ျဖတ္ေက်ာ္ခဲ့ပါတယ္” လို႔ေျဖခဲ့ၾကတယ္။သားေတာ္အငယ္ဆုံးက “လမ္းအတိုင္း သြားခဲ့ပါတယ္” လို႔ေျဖေတာ့ ဘုရင္ႀကီးက “လမ္းမွာ ေက်ာက္တုံးႀကီး ကာဆီးမထားဘူးလား?” လို႔ ျပန္ေမးပါတယ္။”ေက်ာက္တုံးကို သားေတာ္ အားစိုက္တြန္းလိုက္တာနဲ႔ ေက်ာက္တုံးႀကီးက ေခ်ာင္းထဲက်သြားပါတယ္””ဒီေလာက္ႀကီးတဲ့ေက်ာက္တုံးကို လက္နဲ႔တြန္းဖို႔ သားေတာ္ဘယ္လိုစဥ္းစားခဲ့သလဲ?””သားေတာ္က ႀကိဳးစားၿပီးတြန္းၾကည့္႐ုံပါ.. ဒါေပမဲ့ တြန္းလိုက္တာနဲ႔ ေက်ာက္တုံးက ေ႐ြ႕သြားပါတယ္”တကယ္ေတာ့ ဘုရင္ႀကီးက မႉးမတ္နဲ႔တိုင္ပင္ၿပီး ေပါ့တဲ့အရာဝတၳဳနဲ႔ “ေက်ာက္တုံးႀကီး”ကို ဖန္တီးခဲ့တာျဖစ္ပါတယ္။ ေနာက္ဆုံးမွာေတာ့ ႀကိဳးစားအားထုတ္လိုစိတ္ရွိတဲ့ သားေတာ္ငယ္ေလးကပဲ ဘုရင္ရဲ႕အေမြကို ဆက္ခံခဲ့ပါတယ္။ Moral – ကိုယ့္ကံၾကမၼာကို တျခားလူလက္ထဲ ပုံအပ္တာ၊ တျခားတစ္ေယာက္ဆီပုံအပ္ၿပီး ကိုယ္က ဘာႀကိဳးစားအားထုတ္လိုစိတ္မွမရွိဘဲ တျခားလူကိုသာ ယုံၾကည္တာဟာ အရမ္းအႏၲရာယ္မ်ားပါတယ္။ ကိုယ့္ကံၾကမၼာကို ကိုယ္တိုင္ပဲဖန္ဆင္း၊ ကိုယ္တိုင္ပဲဖမ္းဆုပ္ႏိုင္ဖို႔ သင္ယူတတ္ရပါမယ္..။