သဲအိမ်နဲ့တူတဲ့ ဘဝ

တစ်ခါတုန်းက ပင်လယ်ကမ်းစပ်မှာ ကလေးတစ်သိုက် ”သဲအိမ်” ဆောက်တမ်း ကစားနေကြတယ်။ရတဲ့ တုတ်ချောင်းလေးတွေ၊ သစ်သား အတို အစလေးတွေကို ကောက်ပြီး သဲလေးတွေကို ပုံလိုက်ကြတယ်။ ပြီးတော့ ခြေထောက်ကလေးကို ထိုးထည့်ပြီး အပေါ်က လက်ဖမိုးလေးနဲ့ ဖိလိုက်တယ်။ ခြေထောက်ကလေးကို ပြန်ဆွဲထုတ်လိုက်တော့ ဂူကလေးတစ်လုံးနဲ့ တူသွားတယ်။ ကလေးတစ်ယောက်ကတော့ ပလတ်စတစ်ပုံးထဲမှာ သဲတွေကို အပြည့်ထည့်တယ်။ ဖိသိပ်ပြီးတော့ ပုံးကို မှောက်ချလိုက်တယ်။ ပလတ်စတစ်ပုံးပုံစံ သဲပုံးကလေးရလာတဲ့အခါ တုတ်ချောင်းကလေးနဲ့ တိုက်ပုံစံဖြစ်အောင် ဖော်လိုက်တယ်။ တချို့ကလေးတွေလည်း သူ့နည်းသူ့ဟန်နဲ့ သဲအိမ် ကလေးတွေ ဆောက်ကြတယ်။ အတွေးဉာဏ်ရှိတဲ့ ကလေးတချို့ဆိုရင် သူတို့ဆောက်ထားတဲ့ ”သဲအိမ်” ကို သဲလေးတွေနဲ့ပဲ ခြံစည်းရိုးခတ်လိုက်ကြတယ်။ တချို့ ”သဲအိမ်” လေးတွေဆိုရင် အရမ်းကို သပ်ရပ်တယ်။ လှတယ်။ပြီးတော့ တစ်ယောက်ကိုတစ်ယောက် သူ့ ”သဲအိမ်” က ငါ့ ”သဲအိမ်” လောက် မလှဘူး။ ငါ့ ”သဲအိမ်” က မင်း ”သဲအိမ်” ထက် ခိုင်တယ်၊ လှတယ်ဆိုပြီး ငြင်းကြတယ်။ စကားများကြတယ်။ ပါးစပ်ကလည်း စကားတွေပြောလိုက်၊ စိတ်ကူးထဲရှိတဲ့အတိုင်း သဲသောင်ပြင်ပေါ်မှာ အိမ်ကလေးတွေ ဆောက်လိုက်နဲ့ ပျော်စရာကြီးပါ။သူတို့ရဲ့ မ လှမ်းမကမ်းမှာ သဲသောင်ပြင်ပေါ် ပြေးလွှားဆော့ကစားနေတဲ့ ခွေးတစ်အုပ်လည်း ရှိနေသေးတယ်။ သူတို့က ကလေးတွေဆောက်ထားတဲ့ ”သဲအိမ်” တွေကို ဖျက်စီးဖို့ အမြဲကြည့်နေကြတယ်။ ပင်လယ်ထဲမှာလည်း လှိုင်းတွေက တဝုန်းဝုန်းနဲ့ ကမ်းကို ရိုက်ခတ်နေကြတယ်။ နေပူ ကျဲကျဲမှာ ပင်ပန်းရမှန်းမသိဘဲ ”သဲအိမ်” ဆောက်နေလိုက်ကြတာ။တချို့ကလေးတွေက ပင်လယ်ထဲ ရေဆင်းကူးလိုက်၊ ”သဲအိမ်” ဆောက်လိုက်နဲ့ အပျော်ကြီး ပျော်နေကြတာပေါ့။ ပင်လယ်ဆိုတာ ညနေစောင်းရင်”ဒီရေ” တွေ တက်လာတတ်တယ်။ တက် လာတဲ့ ”ဒီရေ” တွေအောက်မှာ ”သဲအိမ်” ကလေးတွေ အချိန်တန်ရင် ပျက်စီးသွားမယ်ဆိုတာ ကလေးလေးတွေဆိုတော့ မတွေးမိကြဘူးပေါ့။ နောက်တစ်နေ့မနက်လည်းရောက်ရော သူတို့ဆောက်ခဲ့တဲ့ ”သဲအိမ်” တွေအားလုံး သဲသောင်ပေါ်မှာ မရှိတော့ဘူး။ ”ဒီရေ” လှိုင်းတွေနဲ့အတူ ပင်လယ်ထဲကို မျောပါသွားခဲ့ပြီလေ။နောက်တစ်နေ့မှာလည်း ဒီပင်လယ်ဘေးကဒီသောင်ပြင်ပေါ်မှာပဲ ကလေးတွေဟာ သဲအိမ်ကလေးတွေထပ်ပြီး ဆောက် နေကြဦးမှာပါ။ မနေ့က ”သဲအိမ်” တွေကို မတွယ်တာတော့ဘူး။ နောက်ထပ် ”သဲအိမ်” တစ်လုံးကို မနေ့ကထက်ကောင်းအောင် ထပ်ပြီး ဆောက်ကြလိမ့်ဦးမယ်။ ထပ်ပြီး ပြိုင်ဆိုင်ကြလိမ့်ဦးမယ်။ကျွန်တော်တို့ကလည်း ”သဲအိမ်” ဆောက်နေကြသူတွေပါ။ တချို့ သဲအိမ်တွေက နန်းတော်ကြီး..တချို့ သဲအိမ်တွေက ရာဇပလ္လင်..တချို့ သဲအိမ်တွေက ရာထူး အာဏာ ဂုဏ်ပါဝါ..တချို့ သဲအိမ်တွေက ဘွဲ့ထူးဂုဏ်ထူး..တချို့ သဲအိမ်တွေက..တချို့ သဲအိမ်တွေက..တချို့ သဲအိမ်တွေက..”သဲအိမ်” ချင်း အလှပြိုင်လို့ မာန်ဝင့်နေကြသူတွေပါ။

ဒါပေမယ့် ကိုယ်တည်ဆောက်နေရတဲ့ဘဝကို ”သဲအိမ်” လို့ မတွေးမိကြဘူး။သူ့ ”သဲအိမ်” နဲ့ ငါ့ ”သဲအိမ်” နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျတဲ့အခါလည်း ရှိရဲ့။ ဂုဏ်ယူမော်ကြွားမိတဲ့အခါလည်း ရှိရဲ့။ မာန်တက်မိတဲ့အခါလည်း ရှိရဲ့။ပြီးတော့ ဒီ ”သဲအိမ်” တွေကို ကိုယ်အမြဲပိုင်မယ်ထင်ပြီး အတ္တတွေ၊ လောဘတွေ၊ ဒေါသတွေနဲ့ နေပူလို့ ပူမှန်းမသိတဲ့ ပင်လယ်ပြင်ဘေးက ကလေးတွေလိုပေါ့။ အပျော်ကြီးပျော်နေကြတာ။ အချိန် တန်ရင် ပင်လယ်ပြင်ဘေးက သဲအိမ်ကလေးတွေ ”ဒီရေ” အောက်ရောက်ကြသလို ကျွန်တော်တို့ ဆောက်နေတဲ့ ”ဘဝရဲ့သဲအိမ်” တွေလည်း ပျက်စီးကြမှာပါ။ဒါကို သတိမထားမိဘဲ ကိုယ့်ရဲ့ ဘဝသဲအိမ်ကို တွယ်တာကြတယ်။ ပြိုင်ဆိုင်ကြတယ်။ အနိုင်လိုချင်ကြတယ်။ ကိုယ့်ရဲ့ ဘဝသဲအိမ် ပျက်စီးသွားမှာကို ကြောက်ရွံ့ကြတယ်။ ကိုယ့်သဲအိမ်ကို ဘယ်သူများ လာပြီးဖျက်ဆီးမလဲလို့ အမြဲတွေးတောပြီး ပူပန်နေရတယ်။ဒါပေမယ့် ပင်လယ်ပြင်ဘေးရဲ့ သဲသောင်ပြင်ပေါ်က ”သဲအိမ်” ပျက်သွားတဲ့ ကလေးတစ်ယောက်က မငိုဘူး။ နောက်ထပ် ”သဲအိမ်” တစ်လုံးကို ပျော်ပျော်ပါးပါးကြီး ထပ်ဆောက်နေဦးမှာ။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ”ဘဝသဲအိမ်” ပျက်သွားရင် ငိုကြွေးကြမယ်။ နောက်ထပ် ”ဘဝသဲအိမ်” တစ်လုံး ထပ်ဆောက်ဖို့ ဇွဲမရှိကြဘူး။ကလေးတွေဟာ သူတို့ ”သဲအိမ်” ကို မတွယ်တာဘူး။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဘဝသဲအိမ် ကို တွယ်တာလွန်းတယ်။ ပြီးတော့ သူများ ”ဘဝသဲအိမ်” ကို တန်ဖိုးမထားတတ်ကြဘူး။ နောက်ထပ် ”သဲအိမ်” တစ်လုံးကို တည်ဆောက်နိုင်စွမ်း ကိုယ့်မှာရှိတာ သတိမပြုမိကြဘူး။သူများရဲ့ ”ဘဝသဲအိမ်” ပျက်စီးသွားရင်လည်း အပျော်ကြီး ပျော်နေတတ်ကြတယ်။ကျွန်တော်တို့အားလုံးဟာ ပင်လယ်ပြင်ဘေးက သံသောင်ပြင်ပေါ်မှာ ”သဲအိမ်” ဆောက်တမ်း ဆော့ကစားနေကြတဲ့ ကလေးလေးတွေနဲ့ တူပါတယ်။ဒါပေမယ့် မတူတာနှစ်ခု ရှိတယ်။တစ်ခုကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ”ဘဝသဲအိမ်” ကို အတ္တစိတ်တွေနဲ့ တွယ်တာလွန်းကြတယ်။ မာန်မာနတွေနဲ့ ပြိုင်ဆိုင်ချင်ကြတယ်။နောက်တစ်ခုကတော့ နောက်ထပ် ”ဘဝသဲအိမ်” တစ်လုံးတည်ဆောက်ဖို့ ဇွဲမရှိခြင်းပါပဲ။ ဘာပဲဖြစ်ဖြစ် ”ဒီရေ” တွေ တက်လာတဲ့တစ်နေ့မှာ ”သဲအိမ်” အားလုံး ပင်လယ်ထဲကို ရောက်သွားကြရမှာပါ။ တွေးဆကြည့်ကြရအောင်ဗျာ..။

Credit to Argyi

[zawgyi]

တစ္ခါတုန္းက ပင္လယ္ကမ္းစပ္မွာ ကေလးတစ္သိုက္ ”သဲအိမ္” ေဆာက္တမ္း ကစားေနၾကတယ္။ရတဲ့ တုတ္ေခ်ာင္းေလးေတြ၊ သစ္သား အတို အစေလးေတြကို ေကာက္ၿပီး သဲေလးေတြကို ပုံလိုက္ၾကတယ္။ ၿပီးေတာ့ ေျခေထာက္ကေလးကို ထိုးထည့္ၿပီး အေပၚက လက္ဖမိုးေလးနဲ႔ ဖိလိုက္တယ္။ ေျခေထာက္ကေလးကို ျပန္ဆြဲထုတ္လိုက္ေတာ့ ဂူကေလးတစ္လုံးနဲ႔ တူသြားတယ္။ ကေလးတစ္ေယာက္ကေတာ့ ပလတ္စတစ္ပုံးထဲမွာ သဲေတြကို အျပည့္ထည့္တယ္။ ဖိသိပ္ၿပီးေတာ့ ပုံးကို ေမွာက္ခ်လိုက္တယ္။ ပလတ္စတစ္ပုံးပုံစံ သဲပုံးကေလးရလာတဲ့အခါ တုတ္ေခ်ာင္းကေလးနဲ႔ တိုက္ပုံစံျဖစ္ေအာင္ ေဖာ္လိုက္တယ္။ တခ်ိဳ႕ကေလးေတြလည္း သူ႔နည္းသူ႔ဟန္နဲ႔ သဲအိမ္ ကေလးေတြ ေဆာက္ၾကတယ္။ အေတြးဉာဏ္ရွိတဲ့ ကေလးတခ်ိဳ႕ဆိုရင္ သူတို႔ေဆာက္ထားတဲ့ ”သဲအိမ္” ကို သဲေလးေတြနဲ႔ပဲ ၿခံစည္း႐ိုးခတ္လိုက္ၾကတယ္။ တခ်ိဳ႕ ”သဲအိမ္” ေလးေတြဆိုရင္ အရမ္းကို သပ္ရပ္တယ္။ လွတယ္။ၿပီးေတာ့ တစ္ေယာက္ကိုတစ္ေယာက္ သူ႔ ”သဲအိမ္” က ငါ့ ”သဲအိမ္” ေလာက္ မလွဘူး။ ငါ့ ”သဲအိမ္” က မင္း ”သဲအိမ္” ထက္ ခိုင္တယ္၊ လွတယ္ဆိုၿပီး ျငင္းၾကတယ္။ စကားမ်ားၾကတယ္။ ပါးစပ္ကလည္း စကားေတြေျပာလိုက္၊ စိတ္ကူးထဲရွိတဲ့အတိုင္း သဲေသာင္ျပင္ေပၚမွာ အိမ္ကေလးေတြ ေဆာက္လိုက္နဲ႔ ေပ်ာ္စရာႀကီးပါ။သူတို႔ရဲ႕ မ လွမ္းမကမ္းမွာ သဲေသာင္ျပင္ေပၚ ေျပးလႊားေဆာ့ကစားေနတဲ့ ေခြးတစ္အုပ္လည္း ရွိေနေသးတယ္။ သူတို႔က ကေလးေတြေဆာက္ထားတဲ့ ”သဲအိမ္” ေတြကို ဖ်က္စီးဖို႔ အၿမဲၾကည့္ေနၾကတယ္။ ပင္လယ္ထဲမွာလည္း လႈိင္းေတြက တဝုန္းဝုန္းနဲ႔ ကမ္းကို ႐ိုက္ခတ္ေနၾကတယ္။ ေနပူ က်ဲက်ဲမွာ ပင္ပန္းရမွန္းမသိဘဲ ”သဲအိမ္” ေဆာက္ေနလိုက္ၾကတာ။တခ်ိဳ႕ကေလးေတြက ပင္လယ္ထဲ ေရဆင္းကူးလိုက္၊ ”သဲအိမ္” ေဆာက္လိုက္နဲ႔ အေပ်ာ္ႀကီး ေပ်ာ္ေနၾကတာေပါ့။ ပင္လယ္ဆိုတာ ညေနေစာင္းရင္”ဒီေရ” ေတြ တက္လာတတ္တယ္။ တက္ လာတဲ့ ”ဒီေရ” ေတြေအာက္မွာ ”သဲအိမ္” ကေလးေတြ အခ်ိန္တန္ရင္ ပ်က္စီးသြားမယ္ဆိုတာ ကေလးေလးေတြဆိုေတာ့ မေတြးမိၾကဘူးေပါ့။ ေနာက္တစ္ေန႔မနက္လည္းေရာက္ေရာ သူတို႔ေဆာက္ခဲ့တဲ့ ”သဲအိမ္” ေတြအားလုံး သဲေသာင္ေပၚမွာ မရွိေတာ့ဘူး။ ”ဒီေရ” လႈိင္းေတြနဲ႔အတူ ပင္လယ္ထဲကို ေမ်ာပါသြားခဲ့ၿပီေလ။ေနာက္တစ္ေန႔မွာလည္း ဒီပင္လယ္ေဘးကဒီေသာင္ျပင္ေပၚမွာပဲ ကေလးေတြဟာ သဲအိမ္ကေလးေတြထပ္ၿပီး ေဆာက္ ေနၾကဦးမွာပါ။ မေန႔က ”သဲအိမ္” ေတြကို မတြယ္တာေတာ့ဘူး။ ေနာက္ထပ္ ”သဲအိမ္” တစ္လုံးကို မေန႔ကထက္ေကာင္းေအာင္ ထပ္ၿပီး ေဆာက္ၾကလိမ့္ဦးမယ္။ ထပ္ၿပီး ၿပိဳင္ဆိုင္ၾကလိမ့္ဦးမယ္။ကြၽန္ေတာ္တို႔ကလည္း ”သဲအိမ္” ေဆာက္ေနၾကသူေတြပါ။ တခ်ိဳ႕ သဲအိမ္ေတြက နန္းေတာ္ႀကီး..တခ်ိဳ႕ သဲအိမ္ေတြက ရာဇပလႅင္..တခ်ိဳ႕ သဲအိမ္ေတြက ရာထူး အာဏာ ဂုဏ္ပါဝါ..တခ်ိဳ႕ သဲအိမ္ေတြက ဘြဲ႕ထူးဂုဏ္ထူး..တခ်ိဳ႕ သဲအိမ္ေတြက..တခ်ိဳ႕ သဲအိမ္ေတြက..တခ်ိဳ႕ သဲအိမ္ေတြက..”သဲအိမ္” ခ်င္း အလွၿပိဳင္လို႔ မာန္ဝင့္ေနၾကသူေတြပါ။ဒါေပမယ့္ ကိုယ္တည္ေဆာက္ေနရတဲ့ဘဝကို ”သဲအိမ္” လို႔ မေတြးမိၾကဘူး။သူ႔ ”သဲအိမ္” နဲ႔ ငါ့ ”သဲအိမ္” ႏႈိင္းယွဥ္ၿပီး စိတ္ဓာတ္က်တဲ့အခါလည္း ရွိရဲ႕။ ဂုဏ္ယူေမာ္ႂကြားမိတဲ့အခါလည္း ရွိရဲ႕။ မာန္တက္မိတဲ့အခါလည္း ရွိရဲ႕။ၿပီးေတာ့ ဒီ ”သဲအိမ္” ေတြကို ကိုယ္အၿမဲပိုင္မယ္ထင္ၿပီး အတၱေတြ၊ ေလာဘေတြ၊ ေဒါသေတြနဲ႔ ေနပူလို႔ ပူမွန္းမသိတဲ့ ပင္လယ္ျပင္ေဘးက ကေလးေတြလိုေပါ့။ အေပ်ာ္ႀကီးေပ်ာ္ေနၾကတာ။ အခ်ိန္ တန္ရင္ ပင္လယ္ျပင္ေဘးက သဲအိမ္ကေလးေတြ ”ဒီေရ” ေအာက္ေရာက္ၾကသလို ကြၽန္ေတာ္တို႔ ေဆာက္ေနတဲ့ ”ဘဝရဲ႕သဲအိမ္” ေတြလည္း ပ်က္စီးၾကမွာပါ။ဒါကို သတိမထားမိဘဲ ကိုယ့္ရဲ႕ ဘဝသဲအိမ္ကို တြယ္တာၾကတယ္။ ၿပိဳင္ဆိုင္ၾကတယ္။ အႏိုင္လိုခ်င္ၾကတယ္။ ကိုယ့္ရဲ႕ ဘဝသဲအိမ္ ပ်က္စီးသြားမွာကို ေၾကာက္႐ြံ႕ၾကတယ္။ ကိုယ့္သဲအိမ္ကို ဘယ္သူမ်ား လာၿပီးဖ်က္ဆီးမလဲလို႔ အၿမဲေတြးေတာၿပီး ပူပန္ေနရတယ္။ဒါေပမယ့္ ပင္လယ္ျပင္ေဘးရဲ႕ သဲေသာင္ျပင္ေပၚက ”သဲအိမ္” ပ်က္သြားတဲ့ ကေလးတစ္ေယာက္က မငိုဘူး။ ေနာက္ထပ္ ”သဲအိမ္” တစ္လုံးကို ေပ်ာ္ေပ်ာ္ပါးပါးႀကီး ထပ္ေဆာက္ေနဦးမွာ။ ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔ရဲ႕ ”ဘဝသဲအိမ္” ပ်က္သြားရင္ ငိုေႂကြးၾကမယ္။ ေနာက္ထပ္ ”ဘဝသဲအိမ္” တစ္လုံး ထပ္ေဆာက္ဖို႔ ဇြဲမရွိၾကဘူး။ကေလးေတြဟာ သူတို႔ ”သဲအိမ္” ကို မတြယ္တာဘူး။ ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔ရဲ႕ ဘဝသဲအိမ္ ကို တြယ္တာလြန္းတယ္။ ၿပီးေတာ့ သူမ်ား ”ဘဝသဲအိမ္” ကို တန္ဖိုးမထားတတ္ၾကဘူး။ ေနာက္ထပ္ ”သဲအိမ္” တစ္လုံးကို တည္ေဆာက္ႏိုင္စြမ္း ကိုယ့္မွာရွိတာ သတိမျပဳမိၾကဘူး။သူမ်ားရဲ႕ ”ဘဝသဲအိမ္” ပ်က္စီးသြားရင္လည္း အေပ်ာ္ႀကီး ေပ်ာ္ေနတတ္ၾကတယ္။ကြၽန္ေတာ္တို႔အားလုံးဟာ ပင္လယ္ျပင္ေဘးက သံေသာင္ျပင္ေပၚမွာ ”သဲအိမ္” ေဆာက္တမ္း ေဆာ့ကစားေနၾကတဲ့ ကေလးေလးေတြနဲ႔ တူပါတယ္။ဒါေပမယ့္ မတူတာႏွစ္ခု ရွိတယ္။တစ္ခုကေတာ့ ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔ရဲ႕ ”ဘဝသဲအိမ္” ကို အတၱစိတ္ေတြနဲ႔ တြယ္တာလြန္းၾကတယ္။ မာန္မာနေတြနဲ႔ ၿပိဳင္ဆိုင္ခ်င္ၾကတယ္။ေနာက္တစ္ခုကေတာ့ ေနာက္ထပ္ ”ဘဝသဲအိမ္” တစ္လုံးတည္ေဆာက္ဖို႔ ဇြဲမရွိျခင္းပါပဲ။ ဘာပဲျဖစ္ျဖစ္ ”ဒီေရ” ေတြ တက္လာတဲ့တစ္ေန႔မွာ ”သဲအိမ္” အားလုံး ပင္လယ္ထဲကို ေရာက္သြားၾကရမွာပါ။ ေတြးဆၾကည့္ၾကရေအာင္ဗ်ာ..။