ဝက်သုံးကောင်နှင့် ဝံပုလွေ

တခါတုန်းက ဝက်ကလေးသုံးကောင်ရှိသတဲ့…။ သူတို့သုံးကောင်ဟာ အချိန်တန်အရွယ်ရောက် ဝက်လားမြောက်လာတော့.. ရေကြည်ရာ.. မြက်နုရာ တိုးတတ်ကြီးပွားအောင် ရှာကြံဖို့ အိမ်ကနေထွက်ကြမယ်ပေါ့..။ အဲလိုထွက်ခါနီးမှာ မိခင်ဖြစ်သူ ဝက်မကြီးက သားသုံးယောက်ကို ခရီးမထွက်ခင် သြဝါဒစကား မြွတ်ကြားသတဲ့..။ “သားတို့ရေ မင်းတို့တွေ ဘာပဲလုပ်လုပ် ၊မင်းတို့ အကောင်းဆုံးဖြစ်အောင်လုပ်ကြပါ..။ ဘာကြောင့်ဆိုရင် မင်းတို့ကောင်းအောင်လုပ်ရင် လောကကြီးကလည်းမင်းတို့ကိုကောင်းကျိုးပြန်ပေးတတ်လို့ပဲကွ..” ဆိုပြီးမှာလိုက်ပါသတဲ့..။အဲဒီလိုနဲ့ ဝက်လေးသုံးကောင်ထွက်လာခဲ့တာမှာ သူ့နေရာသူ ကိုယ်စီနေကြရင်း ပထမဆုံးဝက်ကလေးကတော့ သူနေထိုင်ဖို့နေရာကို ကောက် ရိုးတွေနှင့် ပြုလုပ်ထားသတဲ့..။ဒုတိယ ဝက်ကလေးကတော့ သူနေဖို့ကို သစ်ချောင်းလေးတွေနဲ့ပြုလုပ်ထားပြန်သတဲ့..။အဲ နောက် ဆုံးတတိယ ဝက်ကလေးကတော့ အုတ်တွေနှင့်သူ့နေရာကို အခိုင်အမာလုပ်ထားတာပေါ့..။အဲဒီလို အသီးသီးနေကြတာ တနေ့မှာတော့ တောထဲက ဝံပုလွေတစ်ကောင်ဟာ အစာရှာထွက်လာရာမှာ ဝက်ကလေးတွေနေတဲ့နေရာရောက်တော့ ပထမဝက်ကလေး နေတဲ့ကောက် ရိုးတဲကိုတွေ့ပါလေရော..။ အဲဒီမှာ ဝက်ငယ်လေးတစ်ကောင်တည်းနေတာ သိတော့ စားဖို့အကြံနဲ့ “ ငါ့ကို အထဲကို ဝင်ခွင့်ပေးပါ.. မပေးရင်မင့်တဲကို ဖြိုပြီး ငါဝင်လာမယ်…။” လို့ ခြိမ်းခြောက်ပြီးပြောတယ်..။အဲဒီမှာ ဝက်ကလေးက.. အပြင်က ဝံပုလွေကိုကြည့်ပြီး “ငါနှင့်အသွေးအ မွှေးမတူ မင်းလိုလူ ဝင်ခွင့်မပြုလို့” ပြန်ပြောလိုက်တော့..ဝံပုလွေက စိတ်ဆိုးပြီး ကောက်ရိုးအိမ်ကိုဖြိုဖျက် ပြစ်လိုက်တယ်..။ပြီးတော့.. ဝက်ကလေးကို စားပစ်လိုက်တယ်..။နောက်တစ်ရက်မှာလည်း အဲဒီဝံပလွေဟာ ဒုတိယ ဝက်ကလေးတွေ နေတဲ့နေရာရောက်လာပြန်တယ် ..။ အဲဒီမှာ ဝက်ငယ်လေးတစ်ကောင်တည်းနေတာ သိတော့ စားဖို့အကြံနဲ့ “ ငါ့ကို အထဲကို ဝင်ခွင့်ပေးပါ.. မပေးရင်မင့်တဲကို ဖြိုပြီး ငါဝင်လာမယ်..” လို့ခြိမ်းခြောက်ပြီး ပြောပြန်တယ်..။

အဲဒီမှာ ဝက်ကလေးက.. အပြင်က ဝံပလွေကိုကြည့်ပြီး “ငါနှင့်အသွေးအမွှေးမတူ မင်းလိုလူ ဝင်ခွင့်မပြုလို့…” ပြန်ပြောလိုက်ပြန်တာပေါ့..။အဲဒီမှာ ဝံပုလွေက အရင်လိုပဲစိတ်ဆိုးပြီး သစ်ချောင်းအိမ်ကိုဖြိုဖြတ်ပြစ်လိုက်တယ်..။ နောက်တော့ ဝက်ကလေးကို စားပစ်လိုက်တယ်..။နောက်တစ်ရက်မှာလည်း တတိယ ဝက်ကလေးရဲ့ အိမ်ကိုလာပြန်တယ်..။ အရင်လိုပြောပြီး ဖြိုဖို့လုပ်တော့တာပေါ့..။ ဒါပေမယ့် တတိယဝက်ကလေးက အခိုင်အခံဆောက်ထားတော့ ဝံပလွေ ဖြိုလို့မရနိုင်ခဲ့ဘူး..။ နောက်ဆုံးဝံပုလွေကြီး အကြံထပ်ထုတ်တယ်..။ အိမ်ကိုဖြိုမရတော့ ဘေးမှာရှိတဲ့ နေရာကို ရှာကြံပြီး အိမ်ခေါင်မိုးပေါ်တတ်ဖို့ ကြံစည်တာပေ့ါ..။အဲဒီလိုနဲ့ အိမ်ခေါင်ပေါ်ရောက်အောင်တွယ်တက်လာပြီး အထဲ ဝင်ဖို့ အပေါက်ရှာရာ မှာ မီးခိုးခေါင်းတိုင်တွေ့တာ နှင့်အဲဒီထဲကနေ အောက်ကို ဆင်းလိုက်တယ်…။ ဝံပုလွေအဲလိုလုပ်နေတာတွေကို အထဲက ဝက်ကလေးက ဂရုတစိုက်နေတော့ သိနေတာပေါ့..။ အဲဒီတော့ မီးခိုးခေါင်းတိုင်ထဲ ဝင်တာနဲ့ မီးဖိုထဲ မီးဇာထဲပြီး မီးရှို့ပစ်လိုက်တာ ဝံပုလွေလည်း အကင်ဖြစ်သွားတော့တာပေါ့..။အဲနောက်နေ့မှာ အဲဒီဝက်ငယ်လေးဟာ မိခင်ကိုအိမ်အလည်ခေါ်ပြီး ဝံပုလွေ အကြောင်းပြောတာပေါ့..။ အဲဒီမှာ မိခင် ဝက်မကြီးက.. ကဲ အမေမပြောလားသာရေ.. လောကမှာ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးလုပ်တဲ့သူကို လောကကြီးက ကောင်ကျိုးပြန်ပြုပါတယ်ဆိုတာ.. ခုလက်တွေ့မဟုတ်လားသားရဲ့လို့ ဆုံးမစကားပြောသတဲ့..။ဒီလိုနဲ့ ဝက်ကလေးလည်း ပျော်ရွှင်စွာ ဝက်သတ်သမားလက်မရောက်ခင်အထိနေထိုင်သွားသတဲ့..။

Credit – လူဗိုလ်

[zawgyi]

တခါတုန္းက ဝက္ကေလးသုံးေကာင္ရွိသတဲ့…။ သူတို႔သုံးေကာင္ဟာ အခ်ိန္တန္အ႐ြယ္ေရာက္ ဝက္လားေျမာက္လာေတာ့.. ေရၾကည္ရာ.. ျမက္ႏုရာ တိုးတတ္ႀကီးပြားေအာင္ ရွာႀကံဖို႔ အိမ္ကေနထြက္ၾကမယ္ေပါ့..။ အဲလိုထြက္ခါနီးမွာ မိခင္ျဖစ္သူ ဝက္မႀကီးက သားသုံးေယာက္ကို ခရီးမထြက္ခင္ ၾသဝါဒစကား ႁမြတ္ၾကားသတဲ့..။ “သားတို႔ေရ မင္းတို႔ေတြ ဘာပဲလုပ္လုပ္ ၊မင္းတို႔ အေကာင္းဆုံးျဖစ္ေအာင္လုပ္ၾကပါ..။ ဘာေၾကာင့္ဆိုရင္ မင္းတို႔ေကာင္းေအာင္လုပ္ရင္ ေလာကႀကီးကလည္းမင္းတို႔ကိုေကာင္းက်ိဳးျပန္ေပးတတ္လို႔ပဲကြ..” ဆိုၿပီးမွာလိုက္ပါသတဲ့..။အဲဒီလိုနဲ႔ ဝက္ေလးသုံးေကာင္ထြက္လာခဲ့တာမွာ သူ႔ေနရာသူ ကိုယ္စီေနၾကရင္း ပထမဆုံးဝက္ကေလးကေတာ့ သူေနထိုင္ဖို႔ေနရာကို ေကာက္ ႐ိုးေတြႏွင့္ ျပဳလုပ္ထားသတဲ့..။ဒုတိယ ဝက္ကေလးကေတာ့ သူေနဖို႔ကို သစ္ေခ်ာင္းေလးေတြနဲ႔ျပဳလုပ္ထားျပန္သတဲ့..။အဲ ေနာက္ ဆုံးတတိယ ဝက္ကေလးကေတာ့ အုတ္ေတြႏွင့္သူ႔ေနရာကို အခိုင္အမာလုပ္ထားတာေပါ့..။အဲဒီလို အသီးသီးေနၾကတာ တေန႔မွာေတာ့ ေတာထဲက ဝံပုေလြတစ္ေကာင္ဟာ အစာရွာထြက္လာရာမွာ ဝက္ကေလးေတြေနတဲ့ေနရာေရာက္ေတာ့ ပထမဝက္ကေလး ေနတဲ့ေကာက္ ႐ိုးတဲကိုေတြ႕ပါေလေရာ..။ အဲဒီမွာ ဝက္ငယ္ေလးတစ္ေကာင္တည္းေနတာ သိေတာ့ စားဖို႔အႀကံနဲ႔ “ ငါ့ကို အထဲကို ဝင္ခြင့္ေပးပါ.. မေပးရင္မင့္တဲကို ၿဖိဳၿပီး ငါဝင္လာမယ္…။” လို႔ ၿခိမ္းေျခာက္ၿပီးေျပာတယ္..။အဲဒီမွာ ဝက္ကေလးက.. အျပင္က ဝံပုေလြကိုၾကည့္ၿပီး “ငါႏွင့္အေသြးအ ေမႊးမတူ မင္းလိုလူ ဝင္ခြင့္မျပဳလို႔” ျပန္ေျပာလိုက္ေတာ့..ဝံပုေလြက စိတ္ဆိုးၿပီး ေကာက္႐ိုးအိမ္ကိုၿဖိဳဖ်က္ ျပစ္လိုက္တယ္..။ၿပီးေတာ့.. ဝက္ကေလးကို စားပစ္လိုက္တယ္..။ေနာက္တစ္ရက္မွာလည္း အဲဒီဝံပေလြဟာ ဒုတိယ ဝက္ကေလးေတြ ေနတဲ့ေနရာေရာက္လာျပန္တယ္ ..။ အဲဒီမွာ ဝက္ငယ္ေလးတစ္ေကာင္တည္းေနတာ သိေတာ့ စားဖို႔အႀကံနဲ႔ “ ငါ့ကို အထဲကို ဝင္ခြင့္ေပးပါ.. မေပးရင္မင့္တဲကို ၿဖိဳၿပီး ငါဝင္လာမယ္..” လို႔ၿခိမ္းေျခာက္ၿပီး ေျပာျပန္တယ္..။အဲဒီမွာ ဝက္ကေလးက.. အျပင္က ဝံပေလြကိုၾကည့္ၿပီး “ငါႏွင့္အေသြးအေမႊးမတူ မင္းလိုလူ ဝင္ခြင့္မျပဳလို႔…” ျပန္ေျပာလိုက္ျပန္တာေပါ့..။အဲဒီမွာ ဝံပုေလြက အရင္လိုပဲစိတ္ဆိုးၿပီး သစ္ေခ်ာင္းအိမ္ကိုၿဖိဳျဖတ္ျပစ္လိုက္တယ္..။ ေနာက္ေတာ့ ဝက္ကေလးကို စားပစ္လိုက္တယ္..။ေနာက္တစ္ရက္မွာလည္း တတိယ ဝက္ကေလးရဲ႕ အိမ္ကိုလာျပန္တယ္..။ အရင္လိုေျပာၿပီး ၿဖိဳဖို႔လုပ္ေတာ့တာေပါ့..။ ဒါေပမယ့္ တတိယဝက္ကေလးက အခိုင္အခံေဆာက္ထားေတာ့ ဝံပေလြ ၿဖိဳလို႔မရႏိုင္ခဲ့ဘူး..။ ေနာက္ဆုံးဝံပုေလြႀကီး အႀကံထပ္ထုတ္တယ္..။ အိမ္ကိုၿဖိဳမရေတာ့ ေဘးမွာရွိတဲ့ ေနရာကို ရွာႀကံၿပီး အိမ္ေခါင္မိုးေပၚတတ္ဖို႔ ႀကံစည္တာေပ့ါ..။အဲဒီလိုနဲ႔ အိမ္ေခါင္ေပၚေရာက္ေအာင္တြယ္တက္လာၿပီး အထဲ ဝင္ဖို႔ အေပါက္ရွာရာ မွာ မီးခိုးေခါင္းတိုင္ေတြ႕တာ ႏွင့္အဲဒီထဲကေန ေအာက္ကို ဆင္းလိုက္တယ္…။ ဝံပုေလြအဲလိုလုပ္ေနတာေတြကို အထဲက ဝက္ကေလးက ဂ႐ုတစိုက္ေနေတာ့ သိေနတာေပါ့..။ အဲဒီေတာ့ မီးခိုးေခါင္းတိုင္ထဲ ဝင္တာနဲ႔ မီးဖိုထဲ မီးဇာထဲၿပီး မီးရႈိ႕ပစ္လိုက္တာ ဝံပုေလြလည္း အကင္ျဖစ္သြားေတာ့တာေပါ့..။အဲေနာက္ေန႔မွာ အဲဒီဝက္ငယ္ေလးဟာ မိခင္ကိုအိမ္အလည္ေခၚၿပီး ဝံပုေလြ အေၾကာင္းေျပာတာေပါ့..။ အဲဒီမွာ မိခင္ ဝက္မႀကီးက.. ကဲ အေမမေျပာလားသာေရ.. ေလာကမွာ ကိုယ္တတ္ႏိုင္သေလာက္ အေကာင္းဆုံးလုပ္တဲ့သူကို ေလာကႀကီးက ေကာင္က်ိဳးျပန္ျပဳပါတယ္ဆိုတာ.. ခုလက္ေတြ႕မဟုတ္လားသားရဲ႕လို႔ ဆုံးမစကားေျပာသတဲ့..။ဒီလိုနဲ႔ ဝက္ကေလးလည္း ေပ်ာ္႐ႊင္စြာ ဝက္သတ္သမားလက္မေရာက္ခင္အထိေနထိုင္သြားသတဲ့..။