ငပျင်း (ပုံပြင်)

တစ်ခါတုန်းက ရွာတစ်ရွာမှာ မိဘမဲ့နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။သူကအရမ်းအပျင်းထူတဲ့အတွက် တစ်ရွာလုံးက သူ့ကိုငပျင်းဆိုတဲ့နာမည်ကိုပဲခေါ်ကြတယ်။ မိဘကလည်းမရှိလေတော့ အရမ်းဆင်းရဲတာပေါ့။သူ့ကို ရွာသားတွေက သနားပြီး နွားကျောင်းတဲ့ အလုပ်ကိုခိုင်းသတဲ့။နောက်ပြီး ပိန်ခြောက်နေတဲ့ နွားလေးတစ်ကောင်ကိုလည်းသူ့ကိုလက်ဆောင်ပေးသေးတယ်။ဒီလိုနဲ့ငပျင်းဟာ ရွာပြင်ထွက်ပြီးရွာထဲကနွားတွေကို ကျောင်းပေးလိုက်တာ တဖြည်းဖြည်းနဲ့ ရွာသားတွေရဲ့နွားတွေကပိန်ခြောက်လာပြီး သူ့နွားပိန်လေးက ဝဖီးလာတယ်။ဒါနဲ့ ရွာသားတွေကမကျေနပ်လို့ လိုက်ခြောင်းကြတော့ ငပျင်းဟာ စားကျက်ထဲရောက်တာနဲ့သူ့နွားကလွဲရင်ကျန်တဲ့နွားတွေကို သစ်ပင်ရိပ်မှာချည်ပြီး သူကအိပ်နေတယ်။ညနေရောက်မှ နွားတွေနဲ့အတူ ရွာထဲပြန်လာတာပေါ့။ အဲဒီမှာ ရွာသားတွေကသူ့ကိုသတ်ပစ်ချင်ကြတာပေါ့။သူကြီးက သက်ညှာသောအားဖြင့်သူ့နွားကိုရွာသားတွေက သတ်စားစေဆိုပြီး အမိန့်ချလိုက်တယ်။ ဒါနဲ့ငပျင်းလည်း” နွားကိုသတ်စားရင်စားပါ ၊ နွားသားရေကိုတော့ သူ့ကိုပေးပါ”လို့တောင်းတယ်။ရွာသားတွေကလည်း သားရေက အရေးမကြီးတော့ ပေးလိုက်တယ်။ငပျင်းလည်း နွားသားရေကို ပုဆိုးစုတ်နဲ့ထုပ်ပိုးပြီး ရွာကနေထွက်လာလိုက်တယ်။ ခြေဦးတည့်ရာသွားလိုက်တာတောအုပ်တစ်ခုထဲအဖြတ်မှာမိုးကချုပ်သွားတယ်။ဒါနဲ့ နီးစပ်ရာညောင်ပင်ကြီးတစ်ပင်ပေါ်မှာတက်အိပ်လိုက်တယ်။ ညလည်းနက်ရော သူအိပ်နေတဲ့ ညောင်ပင်ကြီးအောက်မှာလူတစ်စုရောက်နေတာတွေ့လိုက်ရတယ်။ သူတို့အပြောအရ အဲဒီနယ်တစ်ဝှိုက်မှာကျက်စားနေတဲ့ ဓါးပြအုပ်စုဖြစ်နေတယ်။ဝေစုခွဲရင်း အရက်ထိုင်သောက်နေကြသည်။ ငပျင်းလည်း ကြောက်လန့်ပြီးခုအိပ်ထားတဲ့ နွားသားရေခြောက်က ဓါးပြတွေပေါ်ကို ပြုတ်ကျသွားတယ်။ဓါးပြတွေလည်း ညောင်ပင်က သရဲခြောက်တယ်ထင်ပြီး ဘာမှမယူနိုင်ပဲပြေးပါလေရော။ငပျင်းလည်း တော်တော်ကြာသွားတော့မှ ဓါးပြတွေရဲ့ စားကျန်တွေစားတိုက်ရာပါပစ္စည်းများထဲက တစ်ဝက်ကိုယူ ၊တစ်ဝက်ကိုသူ့ရဲ့နွားသားရေခေါက်နဲ့အတူ မြေမြုပ်ထားခဲ့ပြီးရွာကိုနောက်နှစ်ရက်လောက်နေတော့ ပြန်လာခဲ့တယ်။ရွာသားတွေက သူ့ကိုမြင်တော့တော်တော် အံ့သြသွားတယ်။ကိုယ်ပေါ်မှာ စိန်တွေ ၊ရွေတွေနဲ့ သီးနေတာကိုး။ ဒါနဲ့ မနေနိုင်ပဲ မေးကြတာပေါ့။ ငပျင်းကလည်း -ကျွန်တော့်နွားလေးကို သတ်စားလိုက်ကြတာ ကျေးဇူးတင်လိုက်တာဗျာ။ ဟိုး.. နေပြည်တော်ဖက်မှာ နွားသားရေတွေ အရမ်းဈေးကောင်းနေတာဗျ။နွားသားရေတစ်ခုထဲမို့လို့ ဒီလောက်ပဲရခဲ့တာ။ တစ်ခြားရွာကလူတွေဆိုဒီအကြောင်းသိလို့ သွားရောင်းကြတာ တစ်ရွာလုံးသူဌေးဖြစ်နေပြီ။ ဒီရွာကလူတွေကညံ့ပါတယ်။ဒါနဲ့ ရွာသားတွေလည်း သူ့စကားယုံပြီး နွားတွေသတ်ပြီး နေပြည်တော်ဖက်မှာသွားရောင်းကြတာပေါ့။ ဟိုကလူတွေက သူတို့ကိုအရူးတွေထင်ပြီးမောင်းထုတ်လိုက်ကြတယ်။ ရွာသားတွေလည်းစိတ်တိုပြီးပြန်လာကြတယ်။ ရွာရောက်တော့ ငပျင်းရဲ့အိမ်ကိုမီးဝိုင်းရှို့လိုက်ကြတယ်။ ငပျင်းလည်း အိမ်ကိုမီးရှို့ပြီးထွက်လာတဲ့ပြာကိုတော့ သူ့ကိုပေးပါလို့တောင်းတယ်။ရွာသားတွေကလည်းပေးတယ်။

ငပျင်းက ပြာကို ပုဆိုးနဲ့ထုပ်ပိုးပြီးရွာကနေထွက်လာခဲ့တယ်။ အရင်တစ်ခါ ပစ္စည်းတွေမြေမြှုပ်ထားတာကို ပြန်ဖော်ပြီးသုံးရက်နေတော့ ရွာပြန်လာတယ်။ဒီတစ်ခါလည်း ရွှေတွဲလွဲ ငွေတွဲလွဲဆိုတော့ရွာသားတွေကမေးပြန်ရော။ငပျင်းလည်း – အရှေ့ဖက်ကို သုံး့ရက်ခရီးသွားရင် အဲဒီမှာသာယာကုန်းဆိုတဲ့ရွာရှိတယ်ဗျ။ အဲဒီရွာကအိမ်ကိုမီးရှို့လို့ထွက်လာတဲ့ပြာနဲ့ ပြာဆေးဖော်ရောင်းတယ်။ သူတို့ရွာကသစ်တွေ ဝါးတွေက ဆေးဖက်မဝင်တော့ တခြားရွာကအိမ်မီးရှို့တဲ့ပြာကိုဝယ်ရတယ်လေ။ သူတို့ဆေးကစွမ်းတော့ ရောင်းကောင်းပြီးသူဌေးတွေဖြစ်နေပြီ။ တခြားရွာက သူတွေလည်း ပျာရောင်းပြီး ချမ်းသာနေပြီ။ပြာထဲမှာမှ ကျုပ်ပြာက အကောင်းဆုံးဆိုပဲ။ ဒါကြောင့်ဈေးကောင်းပေးပြီးဝယ်တာလေ။ ဒါတောင် ပြာကနည်းနည်းပဲပါသွားလို့ပေါ့။ ဒါနဲ့ရွာသားတွေလည်း အိမ်တွေကိုမီးရှို့ကြပြီး ပြာတွေကို လှည်းတွေပေါ်တင်ပြီးပြာသွားရောင်းကြတယ်။ ထုံးစံအတိုင်း ဒေါသငယ်ထိပ်ရောက်ပြီး ပြန်လာရပြန်ရော။ရွာသားတွေတိုင်ပင်ရတော့တာပေါ့။ ငပျင်းကြောင့် ခိုင်းနွားတွေလည်းဆုံး၊အိမ်တွေလည်းဆုံးဆိုတော့ ဒီကောင့်ကို သေဒဏ်ပေးမှဖြစ်မယ် ဆိုပြီးရွာဘေးချောင်းက ငါးထောင်တဲ့မြှုံးတိုင်မှာချည်ထားပြီး ရွာပြန်လာကြတယ်။ဒီရေတက်လာရင် ရေစီးနဲ့အတူ မျောပါသွားအောင်ပေါ့။ ဒါနဲ့ ငပျင်းလည်းဒီတစ်ခါတော့ သေပြီဆိုပြီး မှိုင်တွေနေတုန်း တစ်ခြားရွာက လူတစ်ယောက်ကမျက်လုံးတစ်ဖက်လပ်နေတဲ့ ကျွဲထီးတစ်ကောင်ကို ဆွဲပြီးလျှောက်လာရင်းသူ့ကိုမြင်သွားတယ်။ အဲဒီလူက လှမ်းမေးတယ်။ ဟေ့လူ – ခင်ဗျားကို ဘယ်သူတွေကဒီလိုချည်ထားတာလဲ တဲ့။ငပျင်းကလည်း – ကျုပ်ရွာသားတွေပေါ့ဗျာ။ ကျုပ်ကိုအတင်းသူကြီးလုပ်ခိုင်းတယ်လေ။ မလုပ်ချင်ဘူးဆိုတာနဲ့ ဒီမှာလာချည်ထားကြတာ။အဲဒီလူကလည်း – နေရာချင်းသာလဲချင်တယ်ဗျာ။ သူကြီးဖြစ်ဖို့ဆိုတာအိမ်မက်တောင် မမက်ဖူးဘူး။ငပျင်းကလည်း – တကယ်လား ၊ ဒါဆိုလွယ်ပါတယ်။ နေရာချင်းလဲမယ်လေ။ ရွာသားတွေကိုအဲဒါတော့ အကြောင်းကြားရမယ် ဆိုပြီး အဲဒီလူကို သူ့နေရာမှာချည်ခဲ့ပြီးသူကတော့ ကျွဲကိုလက်ကဆွဲ ရွာထဲကိုပြန်ဝင်သွားတယ်။အဲဒီကျွဲပိုင်ရှင်လည်း ရေတက်ချိန်မှာ ရေစီးနဲ့မျောပါသွားရော။ရွာသားတွေကလည်း ငပျင်းကို မသေတဲ့အပြင် ကျွဲတစ်ကောင်နဲ့တွေ့ရပြန်တော့အံ့သြကြပြီး မေးတာပေါ့။ငပျင်းကလည်း – အဲဒီချောင်းက ရေစီးသန်တယ်။ ခင်ဗျားတို့က တစ်ခါမှရွာပြင်မထွက်တော့ ဘယ်သိမှာလဲလေ။ ရေစီးနဲ့အတူ ကျွဲတွေမျောလာတာ။ချောင်းကကျယ်တော့ချောင်းလယ်ရောက်လေ ကျွဲကကြီးလေပဲ။ ကျုပ်ကိုရေနက်နက်မှာမချည်ခဲ့တော့ ဒီမျက်လုံးတစ်ဖက်လပ်နေတဲ့ကျွဲပဲရခဲ့တာပေါ့။ရွာသားတွေကလည်း ယုံပြီး သူ့ထက်ငါဦးအောင် ငါးထောင်တဲ့မြှုံးမှာအချည်ခံကြတော့တာပေါ့။ ရွာလုံးကျွတ် ရွာသားတွေအကုန်ပဲ။ရေနက်လေကောင်းလေဆိုတော့ ငပျင်းက သူတို့ကို ချောင်းလည်မှာချည်ထားလိုက်တယ်။မိန်းမတွေနဲ့ ကလေးတွေကတော့ ကမ်းပေါ်မှာစောင့်နေကြတယ်။ဒီရေလည်းတက်လာရော ရေစီးကြမ်းတဲ့ ချောင်းရေနဲ့ မျောပါသွားကြတယ်။အစအနတောင်မမြင်ရတော့ဘူး။ ငပျင်းလည်း – လင်တွေပြန်အလာကိုစောင့်နေတဲ့မိန်းမတွေဆီအော်ပြောလိုက်တယ်။ကဲ ၊ ဦးနှောက်မရှိတဲ့သူတွေတော့ သွားကြပြီ။ နင်တို့တွေဒီနေ့ကစပြီးငါ့မယားဖြစ်သွားကြပြီ။ ငါ့ကိုလုပ်ကျွေးပြုစုကြပေတော့ လို့ဆိုလိုက်သတဲ့။

credit – Argyi

[zawgyi]

တစ္ခါတုန္းက ႐ြာတစ္႐ြာမွာ မိဘမဲ့ေနတဲ့ ေကာင္ေလးတစ္ေယာက္ရွိတယ္။သူကအရမ္းအပ်င္းထူတဲ့အတြက္ တစ္႐ြာလုံးက သူ႔ကိုငပ်င္းဆိုတဲ့နာမည္ကိုပဲေခၚၾကတယ္။ မိဘကလည္းမရွိေလေတာ့ အရမ္းဆင္းရဲတာေပါ့။သူ႔ကို ႐ြာသားေတြက သနားၿပီး ႏြားေက်ာင္းတဲ့ အလုပ္ကိုခိုင္းသတဲ့။ေနာက္ၿပီး ပိန္ေျခာက္ေနတဲ့ ႏြားေလးတစ္ေကာင္ကိုလည္းသူ႔ကိုလက္ေဆာင္ေပးေသးတယ္။ဒီလိုနဲ႔ငပ်င္းဟာ ႐ြာျပင္ထြက္ၿပီး႐ြာထဲကႏြားေတြကို ေက်ာင္းေပးလိုက္တာ တျဖည္းျဖည္းနဲ႔ ႐ြာသားေတြရဲ႕ႏြားေတြကပိန္ေျခာက္လာၿပီး သူ႔ႏြားပိန္ေလးက ဝဖီးလာတယ္။ဒါနဲ႔ ႐ြာသားေတြကမေက်နပ္လို႔ လိုက္ေျခာင္းၾကေတာ့ ငပ်င္းဟာ စားက်က္ထဲေရာက္တာနဲ႔သူ႔ႏြားကလြဲရင္က်န္တဲ့ႏြားေတြကို သစ္ပင္ရိပ္မွာခ်ည္ၿပီး သူကအိပ္ေနတယ္။ညေနေရာက္မွ ႏြားေတြနဲ႔အတူ ႐ြာထဲျပန္လာတာေပါ့။ အဲဒီမွာ ႐ြာသားေတြကသူ႔ကိုသတ္ပစ္ခ်င္ၾကတာေပါ့။သူႀကီးက သက္ညႇာေသာအားျဖင့္သူ႔ႏြားကို႐ြာသားေတြက သတ္စားေစဆိုၿပီး အမိန႔္ခ်လိုက္တယ္။ ဒါနဲ႔ငပ်င္းလည္း” ႏြားကိုသတ္စားရင္စားပါ ၊ ႏြားသားေရကိုေတာ့ သူ႔ကိုေပးပါ”လို႔ေတာင္းတယ္။႐ြာသားေတြကလည္း သားေရက အေရးမႀကီးေတာ့ ေပးလိုက္တယ္။ငပ်င္းလည္း ႏြားသားေရကို ပုဆိုးစုတ္နဲ႔ထုပ္ပိုးၿပီး ႐ြာကေနထြက္လာလိုက္တယ္။ ေျခဦးတည့္ရာသြားလိုက္တာေတာအုပ္တစ္ခုထဲအျဖတ္မွာမိုးကခ်ဳပ္သြားတယ္။ဒါနဲ႔ နီးစပ္ရာေညာင္ပင္ႀကီးတစ္ပင္ေပၚမွာတက္အိပ္လိုက္တယ္။ ညလည္းနက္ေရာ သူအိပ္ေနတဲ့ ေညာင္ပင္ႀကီးေအာက္မွာလူတစ္စုေရာက္ေနတာေတြ႕လိုက္ရတယ္။ သူတို႔အေျပာအရ အဲဒီနယ္တစ္ဝႈိက္မွာက်က္စားေနတဲ့ ဓါးျပအုပ္စုျဖစ္ေနတယ္။ေဝစုခြဲရင္း အရက္ထိုင္ေသာက္ေနၾကသည္။ ငပ်င္းလည္း ေၾကာက္လန႔္ၿပီးခုအိပ္ထားတဲ့ ႏြားသားေရေျခာက္က ဓါးျပေတြေပၚကို ျပဳတ္က်သြားတယ္။ဓါးျပေတြလည္း ေညာင္ပင္က သရဲေျခာက္တယ္ထင္ၿပီး ဘာမွမယူႏိုင္ပဲေျပးပါေလေရာ။ငပ်င္းလည္း ေတာ္ေတာ္ၾကာသြားေတာ့မွ ဓါးျပေတြရဲ႕ စားက်န္ေတြစားတိုက္ရာပါပစၥည္းမ်ားထဲက တစ္ဝက္ကိုယူ ၊တစ္ဝက္ကိုသူ႔ရဲ႕ႏြားသားေရေခါက္နဲ႔အတူ ေျမျမဳပ္ထားခဲ့ၿပီး႐ြာကိုေနာက္ႏွစ္ရက္ေလာက္ေနေတာ့ ျပန္လာခဲ့တယ္။႐ြာသားေတြက သူ႔ကိုျမင္ေတာ့ေတာ္ေတာ္ အံ့ၾသသြားတယ္။ကိုယ္ေပၚမွာ စိန္ေတြ ၊ေ႐ြေတြနဲ႔ သီးေနတာကိုး။ ဒါနဲ႔ မေနႏိုင္ပဲ ေမးၾကတာေပါ့။ ငပ်င္းကလည္း -ကြၽန္ေတာ့္ႏြားေလးကို သတ္စားလိုက္ၾကတာ ေက်းဇူးတင္လိုက္တာဗ်ာ။ ဟိုး.. ေနျပည္ေတာ္ဖက္မွာ ႏြားသားေရေတြ အရမ္းေဈးေကာင္းေနတာဗ်။ႏြားသားေရတစ္ခုထဲမို႔လို႔ ဒီေလာက္ပဲရခဲ့တာ။ တစ္ျခား႐ြာကလူေတြဆိုဒီအေၾကာင္းသိလို႔ သြားေရာင္းၾကတာ တစ္႐ြာလုံးသူေဌးျဖစ္ေနၿပီ။ ဒီ႐ြာကလူေတြကညံ့ပါတယ္။ဒါနဲ႔ ႐ြာသားေတြလည္း သူ႔စကားယုံၿပီး ႏြားေတြသတ္ၿပီး ေနျပည္ေတာ္ဖက္မွာသြားေရာင္းၾကတာေပါ့။ ဟိုကလူေတြက သူတို႔ကိုအ႐ူးေတြထင္ၿပီးေမာင္းထုတ္လိုက္ၾကတယ္။ ႐ြာသားေတြလည္းစိတ္တိုၿပီးျပန္လာၾကတယ္။ ႐ြာေရာက္ေတာ့ ငပ်င္းရဲ႕အိမ္ကိုမီးဝိုင္းရႈိ႕လိုက္ၾကတယ္။ ငပ်င္းလည္း အိမ္ကိုမီးရႈိ႕ၿပီးထြက္လာတဲ့ျပာကိုေတာ့ သူ႔ကိုေပးပါလို႔ေတာင္းတယ္။႐ြာသားေတြကလည္းေပးတယ္။ငပ်င္းက ျပာကို ပုဆိုးနဲ႔ထုပ္ပိုးၿပီး႐ြာကေနထြက္လာခဲ့တယ္။ အရင္တစ္ခါ ပစၥည္းေတြေျမျမႇဳပ္ထားတာကို ျပန္ေဖာ္ၿပီးသုံးရက္ေနေတာ့ ႐ြာျပန္လာတယ္။ဒီတစ္ခါလည္း ေ႐ႊတြဲလြဲ ေငြတြဲလြဲဆိုေတာ့႐ြာသားေတြကေမးျပန္ေရာ။ငပ်င္းလည္း – အေရွ႕ဖက္ကို သုံး့ရက္ခရီးသြားရင္ အဲဒီမွာသာယာကုန္းဆိုတဲ့႐ြာရွိတယ္ဗ်။ အဲဒီ႐ြာကအိမ္ကိုမီးရႈိ႕လို႔ထြက္လာတဲ့ျပာနဲ႔ ျပာေဆးေဖာ္ေရာင္းတယ္။ သူတို႔႐ြာကသစ္ေတြ ဝါးေတြက ေဆးဖက္မဝင္ေတာ့ တျခား႐ြာကအိမ္မီးရႈိ႕တဲ့ျပာကိုဝယ္ရတယ္ေလ။ သူတို႔ေဆးကစြမ္းေတာ့ ေရာင္းေကာင္းၿပီးသူေဌးေတြျဖစ္ေနၿပီ။ တျခား႐ြာက သူေတြလည္း ပ်ာေရာင္းၿပီး ခ်မ္းသာေနၿပီ။ျပာထဲမွာမွ က်ဳပ္ျပာက အေကာင္းဆုံးဆိုပဲ။ ဒါေၾကာင့္ေဈးေကာင္းေပးၿပီးဝယ္တာေလ။ ဒါေတာင္ ျပာကနည္းနည္းပဲပါသြားလို႔ေပါ့။ ဒါနဲ႔႐ြာသားေတြလည္း အိမ္ေတြကိုမီးရႈိ႕ၾကၿပီး ျပာေတြကို လွည္းေတြေပၚတင္ၿပီးျပာသြားေရာင္းၾကတယ္။ ထုံးစံအတိုင္း ေဒါသငယ္ထိပ္ေရာက္ၿပီး ျပန္လာရျပန္ေရာ။႐ြာသားေတြတိုင္ပင္ရေတာ့တာေပါ့။ ငပ်င္းေၾကာင့္ ခိုင္းႏြားေတြလည္းဆုံး၊အိမ္ေတြလည္းဆုံးဆိုေတာ့ ဒီေကာင့္ကို ေသဒဏ္ေပးမွျဖစ္မယ္ ဆိုၿပီး႐ြာေဘးေခ်ာင္းက ငါးေထာင္တဲ့ျမႇဳံးတိုင္မွာခ်ည္ထားၿပီး ႐ြာျပန္လာၾကတယ္။ဒီေရတက္လာရင္ ေရစီးနဲ႔အတူ ေမ်ာပါသြားေအာင္ေပါ့။ ဒါနဲ႔ ငပ်င္းလည္းဒီတစ္ခါေတာ့ ေသၿပီဆိုၿပီး မႈိင္ေတြေနတုန္း တစ္ျခား႐ြာက လူတစ္ေယာက္ကမ်က္လုံးတစ္ဖက္လပ္ေနတဲ့ ကြၽဲထီးတစ္ေကာင္ကို ဆြဲၿပီးေလွ်ာက္လာရင္းသူ႔ကိုျမင္သြားတယ္။ အဲဒီလူက လွမ္းေမးတယ္။ ေဟ့လူ – ခင္ဗ်ားကို ဘယ္သူေတြကဒီလိုခ်ည္ထားတာလဲ တဲ့။ငပ်င္းကလည္း – က်ဳပ္႐ြာသားေတြေပါ့ဗ်ာ။ က်ဳပ္ကိုအတင္းသူႀကီးလုပ္ခိုင္းတယ္ေလ။ မလုပ္ခ်င္ဘူးဆိုတာနဲ႔ ဒီမွာလာခ်ည္ထားၾကတာ။အဲဒီလူကလည္း – ေနရာခ်င္းသာလဲခ်င္တယ္ဗ်ာ။ သူႀကီးျဖစ္ဖို႔ဆိုတာအိမ္မက္ေတာင္ မမက္ဖူးဘူး။ငပ်င္းကလည္း – တကယ္လား ၊ ဒါဆိုလြယ္ပါတယ္။ ေနရာခ်င္းလဲမယ္ေလ။ ႐ြာသားေတြကိုအဲဒါေတာ့ အေၾကာင္းၾကားရမယ္ ဆိုၿပီး အဲဒီလူကို သူ႔ေနရာမွာခ်ည္ခဲ့ၿပီးသူကေတာ့ ကြၽဲကိုလက္ကဆြဲ ႐ြာထဲကိုျပန္ဝင္သြားတယ္။အဲဒီကြၽဲပိုင္ရွင္လည္း ေရတက္ခ်ိန္မွာ ေရစီးနဲ႔ေမ်ာပါသြားေရာ။႐ြာသားေတြကလည္း ငပ်င္းကို မေသတဲ့အျပင္ ကြၽဲတစ္ေကာင္နဲ႔ေတြ႕ရျပန္ေတာ့အံ့ၾသၾကၿပီး ေမးတာေပါ့။ငပ်င္းကလည္း – အဲဒီေခ်ာင္းက ေရစီးသန္တယ္။ ခင္ဗ်ားတို႔က တစ္ခါမွ႐ြာျပင္မထြက္ေတာ့ ဘယ္သိမွာလဲေလ။ ေရစီးနဲ႔အတူ ကြၽဲေတြေမ်ာလာတာ။ေခ်ာင္းကက်ယ္ေတာ့ေခ်ာင္းလယ္ေရာက္ေလ ကြၽဲကႀကီးေလပဲ။ က်ဳပ္ကိုေရနက္နက္မွာမခ်ည္ခဲ့ေတာ့ ဒီမ်က္လုံးတစ္ဖက္လပ္ေနတဲ့ကြၽဲပဲရခဲ့တာေပါ့။႐ြာသားေတြကလည္း ယုံၿပီး သူ႔ထက္ငါဦးေအာင္ ငါးေထာင္တဲ့ျမႇဳံးမွာအခ်ည္ခံၾကေတာ့တာေပါ့။ ႐ြာလုံးကြၽတ္ ႐ြာသားေတြအကုန္ပဲ။ေရနက္ေလေကာင္းေလဆိုေတာ့ ငပ်င္းက သူတို႔ကို ေခ်ာင္းလည္မွာခ်ည္ထားလိုက္တယ္။မိန္းမေတြနဲ႔ ကေလးေတြကေတာ့ ကမ္းေပၚမွာေစာင့္ေနၾကတယ္။ဒီေရလည္းတက္လာေရာ ေရစီးၾကမ္းတဲ့ ေခ်ာင္းေရနဲ႔ ေမ်ာပါသြားၾကတယ္။အစအနေတာင္မျမင္ရေတာ့ဘူး။ ငပ်င္းလည္း – လင္ေတြျပန္အလာကိုေစာင့္ေနတဲ့မိန္းမေတြဆီေအာ္ေျပာလိုက္တယ္။ကဲ ၊ ဦးေႏွာက္မရွိတဲ့သူေတြေတာ့ သြားၾကၿပီ။ နင္တို႔ေတြဒီေန႔ကစၿပီးငါ့မယားျဖစ္သြားၾကၿပီ။ ငါ့ကိုလုပ္ေကြၽးျပဳစုၾကေပေတာ့ လို႔ဆိုလိုက္သတဲ့။