သစ်ပင်နှစ်ပင်ကပေးတဲ့ ဘဝသင်ခန်းစာ

တစ်ခါကအအေးပိုင်းဒေသတစ်ခုမှာ အဝါရောင်သစ်ရွက်တွေနဲ့ အရမ်းကိုလှပတဲ့သစ်ပင်တွေ့မြင်တဲ့သူတိုင်းကသစ်ပင်နှစ်ပင်ဟာအရမ်းလှတယ်လို့ချီးမွမ်းကြတယ်။ ဒီသစ်ပင်နှစ်ပင်ကရွှေဝါရောင်သစ်ရွက်တွေနဲ့လှတယ်နော်..ဒီလိုနဲ့ဆောင်းရာသီဝင်ခါနီးအချိန်ကိုရောက်ရှိလာတယ်..ပထမသစ်ပင်ဟာသူ့ရဲ့သစ်ရွက်တွေအားလုံးကိုချွေချလိုက်တယ်..ဒီအခါပင်စည်နဲ့အကိုင်းတွေပဲကျန်တော့သတဲ့..ဒီတော့တွေ့တဲ့လူတွေကရုပ်ဆိုးလိုက်တာလို့ပြောသွားကြတာပေါ့..ဒုတိယသစ်ပင်ကတော့သူ့ ရဲ့အရွက်တွေကိုချွေချလိုက်ရင်အလှပျက်သွားမှာစိုးရိမ်နေတယ်..ဒါကြောင့် လူတွေကသူ့ကိုလှတယ်လို့ပြောတာပဲလိုချင်နေတယ်..ဒါနဲ့ပဲသစ်ရွက်တွေကိုချွေမချဘဲနေသတဲ့..ဒီအခါပထမသစ်ပင်ကဆောင်းရာသီရောက်ခါနီးလို့သူ့ကိုသတိပေးတာပေါ့။သူငယ်ချင်းဆောင်းရာသီဝင်တော့မယ်မင်းရဲ့အရွက်တွေကိုချွေချတော့…ဒုတိယသစ်ပင်ကတော့သူ့ရဲ့အလှမပျက်ဖို့သာစဉ်းစားပြီးမသိချင်ယောင်ဆောင်နေသတဲ့။လူတွေကသစ်ပင်နှစ်ပင်ကိုကြည့်ပြီးဝေဖန်ကြတာ့ပေါ့..ဟွန်းတစ်ပင်ကလှသလောက်တစ်ပင်ကရုပ်ဆိုးလိုက်တာ..ဒီလိုနဲ့ဆောင်းရာသီကိုရောက်လာတော့တယ်..ဒီအခါရာသီဥတုဟာအေးလာပြီးနှင်းတွေကျလာတော့သတဲ့..။

နှင်းတွေဟာပထပစ်ပင်ပေါ်မှာတင်မနေဘဲအကိုင်းနဲ့ပင်စည်တ်လျှောက်လျှောကျသွားတော့တပေါ့..ဒုတိယသစ်ပင်ပေါ်မှာတော့နှင်းဖက်တွေဟာအပြည့်တင်နေတော့တယ်..။ဒီလိုနဲ့နှင်းတွေအရမ်းကျတဲ့ညတစ်ညမှာသစ်ပင်ပြိုလဲတဲ့အသံကိုပထမသစ်ပင်ကကြားလိုက်ရတယ်၊ပထမသစ်ပင်ကလှမ်းကြည့်ပေမယ့်မှောင်နေလို့ဘာမှမမြင်ရဘူးပေါ့..ဒါကြောင့်မိုးမြန်မြန်လင်းဖို့သာဆုတောင်းနေမိတော့တယ်၊မနက်မိုးလင်းလာတဲ့အခါမှာတော့ဒုတိယသစ်ပင်ဟာပင်စည်ကထက်ပိုင်ကျိုးကျပြီးလဲကျနေတာတွေ့လိုက်ရသတဲ့..။ဟင်သူငယ်ချင်းဘယ်လိုဖြစ်ရတာလဲ၊ညဘက်ကနှင်းတွေတအားကျတော့နှင်းဖတ်တွေရဲ့အလေးချိန်ကိုမခံနိုင်ဘဲထက်ပိုင်းကျိုးကျတာလေ၊ငါ့ရဲ့အရွက်တွေပေါ်မှာနှင်းဖတ်တွေကမတန်တဆတင်ပြီးကပ်နေကြလို့ပေါ့၊ငါကလူတွေချီးမွမ်းလို့အလှမက်ပြီးသစ်ရွက်တွေကိုချွေမချမိခဲ့ဘူးလေ၊ဒါကြောင့်အခုတော့ငါ့ရဲ့ပင်စည်ကျိုးသွားပြီမင်းလိုမျိုးအကိုင်းအခက်တွေနဲ့ဝေဆာနေဖို့နောက်လေးငါးနှစ်လောက်ဒီလိုရုပ်ပျက် ဆင်းပျက်နေရဦးမယ်၊မင်းကတော့ဒီဆောင်း ရာသီကုန်လို့နွေဦးရောက်တာနဲ့ရွက်ဝါတွေထွက်လာလို့ရှိရင်အရမ်းလှသွားပြီပေါ့ကွာ၊ဒုထိယသစ်ပင်ဟာအခြေအနေနဲ့အချိန်အခါကိုမသိဘဲ အလှအပကိုတွယ်တာနေမိတဲ့ သူ့ရဲ့အမှားကိုနောင်တရနေမိတော့သတဲ့..။

မူရင်း Credit

[zawgyi]

တစ္ခါကအေအးပိုင္းေဒသတစ္ခုမွာ အဝါေရာင္သစ္႐ြက္ေတြနဲ႔ အရမ္းကိုလွပတဲ့သစ္ပင္ေတြ႕ျမင္တဲ့သူတိုင္းကသစ္ပင္ႏွစ္ပင္ဟာအရမ္းလွတယ္လို႔ခ်ီးမြမ္းၾကတယ္။ ဒီသစ္ပင္ႏွစ္ပင္ကေ႐ႊဝါေရာင္သစ္႐ြက္ေတြနဲ႔လွတယ္ေနာ္..ဒီလိုနဲ႔ေဆာင္းရာသီဝင္ခါနီးအခ်ိန္ကိုေရာက္ရွိလာတယ္..ပထမသစ္ပင္ဟာသူ႔ရဲ႕သစ္႐ြက္ေတြအားလုံးကိုေခြၽခ်လိုက္တယ္..ဒီအခါပင္စည္နဲ႔အကိုင္းေတြပဲက်န္ေတာ့သတဲ့..ဒီေတာ့ေတြ႕တဲ့လူေတြက႐ုပ္ဆိုးလိုက္တာလို႔ေျပာသြားၾကတာေပါ့..ဒုတိယသစ္ပင္ကေတာ့သူ႔ ရဲ႕အ႐ြက္ေတြကိုေခြၽခ်လိုက္ရင္အလွပ်က္သြားမွာစိုးရိမ္ေနတယ္..ဒါေၾကာင့္ လူေတြကသူ႔ကိုလွတယ္လို႔ေျပာတာပဲလိုခ်င္ေနတယ္..ဒါနဲ႔ပဲသစ္႐ြက္ေတြကိုေခြၽမခ်ဘဲေနသတဲ့..ဒီအခါပထမသစ္ပင္ကေဆာင္းရာသီေရာက္ခါနီးလို႔သူ႔ကိုသတိေပးတာေပါ့။သူငယ္ခ်င္းေဆာင္းရာသီဝင္ေတာ့မယ္မင္းရဲ႕အ႐ြက္ေတြကိုေခြၽခ်ေတာ့…ဒုတိယသစ္ပင္ကေတာ့သူ႔ရဲ႕အလွမပ်က္ဖို႔သာစဥ္းစားၿပီးမသိခ်င္ေယာင္ေဆာင္ေနသတဲ့။လူေတြကသစ္ပင္ႏွစ္ပင္ကိုၾကည့္ၿပီးေဝဖန္ၾကတာ့ေပါ့..ဟြန္းတစ္ပင္ကလွသေလာက္တစ္ပင္က႐ုပ္ဆိုးလိုက္တာ..ဒီလိုနဲ႔ေဆာင္းရာသီကိုေရာက္လာေတာ့တယ္..ဒီအခါရာသီဥတုဟာေအးလာၿပီးႏွင္းေတြက်လာေတာ့သတဲ့..။ႏွင္းေတြဟာပထပစ္ပင္ေပၚမွာတင္မေနဘဲအကိုင္းနဲ႔ပင္စည္တ္ေလွ်ာက္ေလွ်ာက်သြားေတာ့တေပါ့..ဒုတိယသစ္ပင္ေပၚမွာေတာ့ႏွင္းဖက္ေတြဟာအျပည့္တင္ေနေတာ့တယ္..။ဒီလိုနဲ႔ႏွင္းေတြအရမ္းက်တဲ့ညတစ္ညမွာသစ္ပင္ၿပိဳလဲတဲ့အသံကိုပထမသစ္ပင္ကၾကားလိုက္ရတယ္၊ပထမသစ္ပင္ကလွမ္းၾကည့္ေပမယ့္ေမွာင္ေနလို႔ဘာမွမျမင္ရဘူးေပါ့..ဒါေၾကာင့္မိုးျမန္ျမန္လင္းဖို႔သာဆုေတာင္းေနမိေတာ့တယ္၊မနက္မိုးလင္းလာတဲ့အခါမွာေတာ့ဒုတိယသစ္ပင္ဟာပင္စည္ကထက္ပိုင္က်ိဳးက်ၿပီးလဲက်ေနတာေတြ႕လိုက္ရသတဲ့..။ဟင္သူငယ္ခ်င္းဘယ္လိုျဖစ္ရတာလဲ၊ညဘက္ကႏွင္းေတြတအားက်ေတာ့ႏွင္းဖတ္ေတြရဲ႕အေလးခ်ိန္ကိုမခံႏိုင္ဘဲထက္ပိုင္းက်ိဳးက်တာေလ၊ငါ့ရဲ႕အ႐ြက္ေတြေပၚမွာႏွင္းဖတ္ေတြကမတန္တဆတင္ၿပီးကပ္ေနၾကလို႔ေပါ့၊ငါကလူေတြခ်ီးမြမ္းလို႔အလွမက္ၿပီးသစ္႐ြက္ေတြကိုေခြၽမခ်မိခဲ့ဘူးေလ၊ဒါေၾကာင့္အခုေတာ့ငါ့ရဲ႕ပင္စည္က်ိဳးသြားၿပီမင္းလိုမ်ိဳးအကိုင္းအခက္ေတြနဲ႔ေဝဆာေနဖို႔ေနာက္ေလးငါးႏွစ္ေလာက္ဒီလို႐ုပ္ပ်က္ ဆင္းပ်က္ေနရဦးမယ္၊မင္းကေတာ့ဒီေဆာင္း ရာသီကုန္လို႔ေႏြဦးေရာက္တာနဲ႔႐ြက္ဝါေတြထြက္လာလို႔ရွိရင္အရမ္းလွသြားၿပီေပါ့ကြာ၊ဒုထိယသစ္ပင္ဟာအေျခအေနနဲ႔အခ်ိန္အခါကိုမသိဘဲ အလွအပကိုတြယ္တာေနမိတဲ့ သူ႔ရဲ႕အမွားကိုေနာင္တရေနမိေတာ့သတဲ့..။