“မတန်လို့ပါ…”

တစ်ခါက သူတောင်းစားမတစ်ဦး ကိုယ်ဝန်ရတော့ ဘုရင့်ပွဲတော်အုပ်မှ စားချင်တယ်လို့ ချဉ်ချင်းတပ်တယ်..ဒါကြောင့် သူ့ယောက်ျား သူ တောင်းစားကို ပူစာတယ်။ မောင်တော် ဘုရင့်ပွဲတော်အုပ် စားချင်တယ်လို့ နှမတော်ချဉ်ချင်းတပ်တယ် .. ဘုရင့်ပွဲတော်အုပ်မှ မစားရရင် နှမတော် သေရပါလိမ့်မယ်မောင်တော် ရအောင်ယူပေးပါ။ “ဪ..နှမတော်ရယ် သူတောင်းစားနဲ့ ဘုရင့်ပွဲတော်အုပ် မတန်မရာ တခြားဟာဆိုတော်သေး..”ဒို့က သူတောင်းစား “ဘုရင့်ပွဲတော်အုပ် မတန်မရာ ဘယ်လိုယူလို့ရမလဲ..”” မောင်တော် နှမတော်ကိုချစ်ရင် ယူပေးရမယ်..မဟုတ်လို့ကတော့ နှမတော်ဒေါသကို သိတယ်နော် “အဲ့ဒီတော့ သူတောင်းစား စဉ်းစားတယ်.. နန်းတော်ထဲဝင်ခိုးလို့ မလွယ်ဘူး။ မိရင် ငါသေမှာ..အဲ့ဒီတော့ ရဟန်းအသွင်ဆောင်ပြီး ဆွမ်းခံကြွရင်အဆင်ပြေမယ်..ခေါင်းတုံး သင်္ကန်းပတ် သပိတ်လွယ်ပြီး နန်းတော်ရှေ့ကိုကြွ.. သူတောင်းစားဆိုတော့ ဟန်ဆောင်ကောင်းတယ်။နန်းတော်ရှေ့မှာ ဣန္ဒြေ အပြည့်နဲ့ ရပ်နေတာ ဘုရင်ကတွေ့တော့ ပညာရှိဘုရင်ပဲ သိတာပေါ့.. ဘုရင်က”ငါဒီရဟန်းအတုကို မောင်းထုတ်လိုက်ရင် ဒီဘုရင်ရဟန်းကို မရိုမသေ လုပ်တယ်ဆိုပြီး အများပြည်သူတွေက ငါ့ကို ကဲ့ရဲ့ရှုတ်ချကြမယ်.” ဒီတော့ ဘုရင်ကအမတ်ကိုပြောတယ်..`ဒီရဟန်းထူးခြားတယ် ခေါင်းကလဲ ခုမှရိပ်ထားသကဲ့သို့ စိမ်းလို့ ဣန္ဒြေ အပြည့်နဲ့ ,, ဒါနဲ့ အမတ်တစ်ယောက်ကို လွှတ်ပြီး ဘာအလိုရှိလဲ လျောက်လိုက်စမ်း´´..ဆိုပြီးခိုင်းတယ်။အမတ်က ရဟန်းတုကိုမေးပြီးပြန်လာ ဘုရင်ကိုပြန်လျောက်တင်တယ် ဘုရင့်ပွဲတော်အုပ် အလှူခံချင်တယ်တဲ့´´ဘုရားပေါ့ လျောက်တယ်။

ဘုရင်က”ဒါဆို ယူပြီးကပ်လိုက်စမ်း.”ပြီးတော့ ဘုရင်က အမတ်ကိုပြောတယ်”ဒီရဟန်းထူးခြားတယ်၊အနောက်ကနေ မသိမသာ လိုက်ချောင်းစမ်း၊ ဘာလဲသရအောင်”ပေါ့။ဒါနဲ့အမတ်က အနောက်ကနေလိုက် မြို့ပြင်ဇရပ်နားရောက်တော့ သူတောင်းစားက သင်္ကန်းကိုချွတ်လိုက်တော့အောက်က လူဝတ်ကိုလည်းမြင်ကော” ဒီကောင်သူတောင်းစားပဲ.”ဆိုတာ သိလိုက်တယ်။အမတ်ကလဲ ပညာရှိအမတ်ဆိုတော့ စဉ်းစားတယ်ငါ ဘုရင်ကို အမှန်အတိုင်း ပြန်လျောက်ရင် ဘုရင်က ဒီသူတောင်းစားကို သတ်လိမ့်မယ်..ဒီသူတောင်းစား အဆင့်လောက်နဲ့ ငါ့ဘုရင် အကုသိုလ် ဖြစ်ရတာ “မတန်ပါဘူး”လို့ စဉ်းစားပြီ နန်းတော်ကိုပြန်တယ်။ နန်းတော်ပြန်ရောက်တော့ ဘုရင်ကမေးတယ်.. ဟိုရဟန်း အခြေနေဘာထူးလဲအမတ်လို့ မေးတော့.အမတ်က မှန်လှပါ အရှင်ဘုရားရဲ့ဘုန်းတော်ကြောင့် မြို့ပြင်ဇရပ်တစ်နေရာမှာ ကြည့်ရင်းကြည့်ရင်းနဲ့ ရဟန်းအသွင်ပျောက်သွားပါတယ်ဘုရား ´´လို့ လျောက်တင်တော့ အရေးတယူ လုပ်ရမည့်ကိစ္စမဟုတ်တော့ ဘုရင်ကလည်း သိလျက်နဲ့ ပြုံးတော်ပဲ မူလိုက်တယ်။” မတန်လို့ ဒီတိုင်းလွှတ်ထားတာကို မသိဘူးလို့တော့ မထင်ပါနဲ့တဲ့..။တစ်ချို့ကိစ္စတွေက ကိုယ်မှန်ပေမယ့် အရေးတယူလုပ်ဖို့ မတန်တာတွေ အများကြီးမို့ တုဖက်ပြိုင်ပြီး ငြင်းမနေကြဘဲ ဥပေက္ခာ ပြုလိုက်ကြပါနော်…။

Credit – မူရင်း

[zawgyi]

တစ္ခါက သူေတာင္းစားမတစ္ဦး ကိုယ္ဝန္ရေတာ့ ဘုရင့္ပြဲေတာ္အုပ္မွ စားခ်င္တယ္လို႔ ခ်ဥ္ခ်င္းတပ္တယ္..ဒါေၾကာင့္ သူ႔ေယာက္်ား သူ ေတာင္းစားကို ပူစာတယ္။ ေမာင္ေတာ္ ဘုရင့္ပြဲေတာ္အုပ္ စားခ်င္တယ္လို႔ ႏွမေတာ္ခ်ဥ္ခ်င္းတပ္တယ္ .. ဘုရင့္ပြဲေတာ္အုပ္မွ မစားရရင္ ႏွမေတာ္ ေသရပါလိမ့္မယ္ေမာင္ေတာ္ ရေအာင္ယူေပးပါ။ “ဪ..ႏွမေတာ္ရယ္ သူေတာင္းစားနဲ႔ ဘုရင့္ပြဲေတာ္အုပ္ မတန္မရာ တျခားဟာဆိုေတာ္ေသး..”ဒို႔က သူေတာင္းစား “ဘုရင့္ပြဲေတာ္အုပ္ မတန္မရာ ဘယ္လိုယူလို႔ရမလဲ..”” ေမာင္ေတာ္ ႏွမေတာ္ကိုခ်စ္ရင္ ယူေပးရမယ္..မဟုတ္လို႔ကေတာ့ ႏွမေတာ္ေဒါသကို သိတယ္ေနာ္ “အဲ့ဒီေတာ့ သူေတာင္းစား စဥ္းစားတယ္.. နန္းေတာ္ထဲဝင္ခိုးလို႔ မလြယ္ဘူး။ မိရင္ ငါေသမွာ..အဲ့ဒီေတာ့ ရဟန္းအသြင္ေဆာင္ၿပီး ဆြမ္းခံႂကြရင္အဆင္ေျပမယ္..ေခါင္းတုံး သကၤန္းပတ္ သပိတ္လြယ္ၿပီး နန္းေတာ္ေရွ႕ကိုႂကြ.. သူေတာင္းစားဆိုေတာ့ ဟန္ေဆာင္ေကာင္းတယ္။နန္းေတာ္ေရွ႕မွာ ဣေျႏၵ အျပည့္နဲ႔ ရပ္ေနတာ ဘုရင္ကေတြ႕ေတာ့ ပညာရွိဘုရင္ပဲ သိတာေပါ့.. ဘုရင္က”ငါဒီရဟန္းအတုကို ေမာင္းထုတ္လိုက္ရင္ ဒီဘုရင္ရဟန္းကို မ႐ိုမေသ လုပ္တယ္ဆိုၿပီး အမ်ားျပည္သူေတြက ငါ့ကို ကဲ့ရဲ႕ရႈတ္ခ်ၾကမယ္.” ဒီေတာ့ ဘုရင္ကအမတ္ကိုေျပာတယ္..`ဒီရဟန္းထူးျခားတယ္ ေခါင္းကလဲ ခုမွရိပ္ထားသကဲ့သို႔ စိမ္းလို႔ ဣေျႏၵ အျပည့္နဲ႔ ,, ဒါနဲ႔ အမတ္တစ္ေယာက္ကို လႊတ္ၿပီး ဘာအလိုရွိလဲ ေလ်ာက္လိုက္စမ္း´´..ဆိုၿပီးခိုင္းတယ္။အမတ္က ရဟန္းတုကိုေမးၿပီးျပန္လာ ဘုရင္ကိုျပန္ေလ်ာက္တင္တယ္ ဘုရင့္ပြဲေတာ္အုပ္ အလႉခံခ်င္တယ္တဲ့´´ဘုရားေပါ့ ေလ်ာက္တယ္။ဘုရင္က”ဒါဆို ယူၿပီးကပ္လိုက္စမ္း.”ၿပီးေတာ့ ဘုရင္က အမတ္ကိုေျပာတယ္”ဒီရဟန္းထူးျခားတယ္၊အေနာက္ကေန မသိမသာ လိုက္ေခ်ာင္းစမ္း၊ ဘာလဲသရေအာင္”ေပါ့။ဒါနဲ႔အမတ္က အေနာက္ကေနလိုက္ ၿမိဳ႕ျပင္ဇရပ္နားေရာက္ေတာ့ သူေတာင္းစားက သကၤန္းကိုခြၽတ္လိုက္ေတာ့ေအာက္က လူဝတ္ကိုလည္းျမင္ေကာ” ဒီေကာင္သူေတာင္းစားပဲ.”ဆိုတာ သိလိုက္တယ္။အမတ္ကလဲ ပညာရွိအမတ္ဆိုေတာ့ စဥ္းစားတယ္ငါ ဘုရင္ကို အမွန္အတိုင္း ျပန္ေလ်ာက္ရင္ ဘုရင္က ဒီသူေတာင္းစားကို သတ္လိမ့္မယ္..ဒီသူေတာင္းစား အဆင့္ေလာက္နဲ႔ ငါ့ဘုရင္ အကုသိုလ္ ျဖစ္ရတာ “မတန္ပါဘူး”လို႔ စဥ္းစားၿပီ နန္းေတာ္ကိုျပန္တယ္။ နန္းေတာ္ျပန္ေရာက္ေတာ့ ဘုရင္ကေမးတယ္.. ဟိုရဟန္း အေျခေနဘာထူးလဲအမတ္လို႔ ေမးေတာ့.အမတ္က မွန္လွပါ အရွင္ဘုရားရဲ႕ဘုန္းေတာ္ေၾကာင့္ ၿမိဳ႕ျပင္ဇရပ္တစ္ေနရာမွာ ၾကည့္ရင္းၾကည့္ရင္းနဲ႔ ရဟန္းအသြင္ေပ်ာက္သြားပါတယ္ဘုရား ´´လို႔ ေလ်ာက္တင္ေတာ့ အေရးတယူ လုပ္ရမည့္ကိစၥမဟုတ္ေတာ့ ဘုရင္ကလည္း သိလ်က္နဲ႔ ၿပဳံးေတာ္ပဲ မူလိုက္တယ္။” မတန္လို႔ ဒီတိုင္းလႊတ္ထားတာကို မသိဘူးလို႔ေတာ့ မထင္ပါနဲ႔တဲ့..။တစ္ခ်ိဳ႕ကိစၥေတြက ကိုယ္မွန္ေပမယ့္ အေရးတယူလုပ္ဖို႔ မတန္တာေတြ အမ်ားႀကီးမို႔ တုဖက္ၿပိဳင္ၿပီး ျငင္းမေနၾကဘဲ ဥေပကၡာ ျပဳလိုက္ၾကပါေနာ္…။