” နာရီ ” နှင့် “လူ” အကြောင်း

ကျနော်အသက် ၆ နှစ်ပြည့်မှာ မေမေက နာရီကြည့်နည်း သင်ပေးပါတယ်။ဒီလိုသားရဲ့ လက်တံ အရွယ် ၃ မျိုး ကိုတွေ့တယ်မဟုတ်လား.? အေး.. လက်တံအရှည်ဆုံးက စက္ကန့်တံလို့ခေါ်တယ် သူကတော့ အလုပ်အများဆုံး ပေါ့..ဒါပေမယ့် သူ့ကို ဘယ်သူမှ ဂရုမစိုက်ကြဘူးတဲ့..သူမှ မလုပ်မလုပ်ရင် ကျန်တဲ့ လက်တံတွေပါ အလုပ်မလုပ်တော့ဘူးပေါ့တဲ့..ဒါဆို သူက အဓိကပေါ့နော်မေမေ..ဟု ကျနော် စောဒက တတ်မိတယ်..မဟုတ်ဘူး သားရဲ့အချိန်ကိုပြောရင်.. စက္ကန့်ထည့်မပြောဘူး..ကျနော်က ထပ်မေးတယ်..မေမေ ပြောတော့ စက္ကန့်တံက အလုပ်အများဆုံးဆို သူ့ကို ပါပြောရမှာပေါ့လို့ ..မေမေက ပြန်ပြောတယ်။အလုပ်သာများတယ် သူလုပ်တာကို ဘယ်သူမှ ဂုဏ်ဖော်ပြီးမပြောဘူး မလိုအပ်ဘူးလို့ထင်နေကြတယ်လေ လူတန်းစားအနေနဲ့ကြည့်ရင် အောက်ခြေလူတန်းစားမျိုးပေါ့တဲ့..။အမေက ဆက်ပြောတယ် စက္ကန့်တံထက်နည်းနည်း တိုတာတွေ့လား အဲဒါက မိနစ်တံလို့ ခေါ်တယ်သားရဲ့..သူကတော့ စက္ကန့်တံလေး လှည့်နေတာ ၁ ပတ်ပြည့်မှ နည့်နည်းပဲရွေ့တာတဲ့..သူလဲ အလုပ်လုပ်ရပေမယ့် သူကတော့ သူနာမည်ကိုရအောင်ယူတတ်တော့ နာရီကြည့်ရင် သူ့နာမည်ပါထည့်ပြောရတယ်တဲ့..။

စက္ကန့်လေး ကျိုးစားသမျှ သူက သာသာလေး နာမည်ယူရုံပဲတဲ့..လူတန်းစားအနေနဲ့ပြောရင် ပညာတတ်လူတန်းစားပေါ့တဲ့..နောက်ဆုံး အတိုဆုံး လက်တံလေးတွေ့လား အဲဒါ နာရီ လက်တံပဲ သား..။သူကတော့ မိနစ်တံလေး တပတ်ပြည့်မှ ဂဏန်းအခုကနေတခု သိသိသာသာပြောင်း တယ်တဲ့ ..အဲ့လို လူမျိုးကျတော့ အုပ်ချုပ်သူ လူတန်းစားပေါ့တဲ့ စက္ကန့်ရပ်နေတယ် ပျက်နေတယ်လို့ မပြောဘူး.. နာရီပျက်နေတယ်လို့ပဲပြောတယ်တဲ့..။နာရီဆိုတာ အဲ့ဒိအတိုဆုံး အချောင်းလေးပေါ့ သားရယ်တဲ့။ကျနော် အရွယ်ရောက်တော့ လုပ်ငန်းခွင်ထဲမှာ အမေပြောတဲ့ လူ ၃ မျိုး ကိုတွေ့ရတယ်။ ကျနော်တွေ့တာ တော့ အလွှာပေါင်းစုံမှာ စက္ကန့်လို လူတွေတွေ့ရတယ် ။ အလုပ်အရမ်းလုပ်တယ် အကောင်းအပြော မခံရဘူး။ဘေးထုတ်ထားကြတယ်..ဒါပေမယ့် သူအလုပ်သူပုံမှန်လုပ်တယ်။မိနစ်လိုလူမျိုးကျပြန်တော့ အလုပ်လုပ်တယ်။ ဆရာကြီးဝင်လုပ်တယ်..တခါတလေမှ လုပ်တတ်တယ် ။ သူ့တို့ကြတော့ နေရာ အသင့်တင့်ရကြတယ်။ဘာမှ မယ်မယ်ရရ မလုပ် သူများလုပ်တာတွေအကုန် သူလုပ်သလိုလို ဆရာကြီးဝင်လုပ် နာမည်ယူတတ်သူများကျတော့ နာရီလိုလူမျိုးပေါ့..လူကြီးချစ် အပေါ်ဖားအောက်ဖိ နဲ့ လူမျိုးတွေပါ။ မိတ်ဆွေတို့ရော နာရီ၊ မိနစ်၊ လက်တံ ဘယ်လို လူမျိူးတွေနဲ့ ကြုံနေရလဲ..?

Credit – မူရင်း

[zawgyi]

က်ေနာ္အသက္ ၆ ႏွစ္ျပည့္မွာ ေမေမက နာရီၾကည့္နည္း သင္ေပးပါတယ္။ဒီလိုသားရဲ႕ လက္တံ အ႐ြယ္ ၃ မ်ိဳး ကိုေတြ႕တယ္မဟုတ္လား.? ေအး.. လက္တံအရွည္ဆုံးက စကၠန႔္တံလို႔ေခၚတယ္ သူကေတာ့ အလုပ္အမ်ားဆုံး ေပါ့..ဒါေပမယ့္ သူ႔ကို ဘယ္သူမွ ဂ႐ုမစိုက္ၾကဘူးတဲ့..သူမွ မလုပ္မလုပ္ရင္ က်န္တဲ့ လက္တံေတြပါ အလုပ္မလုပ္ေတာ့ဘူးေပါ့တဲ့..ဒါဆို သူက အဓိကေပါ့ေနာ္ေမေမ..ဟု က်ေနာ္ ေစာဒက တတ္မိတယ္..မဟုတ္ဘူး သားရဲ႕အခ်ိန္ကိုေျပာရင္.. စကၠန႔္ထည့္မေျပာဘူး..က်ေနာ္က ထပ္ေမးတယ္..ေမေမ ေျပာေတာ့ စကၠန႔္တံက အလုပ္အမ်ားဆုံးဆို သူ႔ကို ပါေျပာရမွာေပါ့လို႔ ..ေမေမက ျပန္ေျပာတယ္။အလုပ္သာမ်ားတယ္ သူလုပ္တာကို ဘယ္သူမွ ဂုဏ္ေဖာ္ၿပီးမေျပာဘူး မလိုအပ္ဘူးလို႔ထင္ေနၾကတယ္ေလ လူတန္းစားအေနနဲ႔ၾကည့္ရင္ ေအာက္ေျခလူတန္းစားမ်ိဳးေပါ့တဲ့..။အေမက ဆက္ေျပာတယ္ စကၠန႔္တံထက္နည္းနည္း တိုတာေတြ႕လား အဲဒါက မိနစ္တံလို႔ ေခၚတယ္သားရဲ႕..သူကေတာ့ စကၠန႔္တံေလး လွည့္ေနတာ ၁ ပတ္ျပည့္မွ နည့္နည္းပဲေ႐ြ႕တာတဲ့..သူလဲ အလုပ္လုပ္ရေပမယ့္ သူကေတာ့ သူနာမည္ကိုရေအာင္ယူတတ္ေတာ့ နာရီၾကည့္ရင္ သူ႔နာမည္ပါထည့္ေျပာရတယ္တဲ့..။စကၠန႔္ေလး က်ိဳးစားသမွ် သူက သာသာေလး နာမည္ယူ႐ုံပဲတဲ့..လူတန္းစားအေနနဲ႔ေျပာရင္ ပညာတတ္လူတန္းစားေပါ့တဲ့..ေနာက္ဆုံး အတိုဆုံး လက္တံေလးေတြ႕လား အဲဒါ နာရီ လက္တံပဲ သား..။သူကေတာ့ မိနစ္တံေလး တပတ္ျပည့္မွ ဂဏန္းအခုကေနတခု သိသိသာသာေျပာင္း တယ္တဲ့ ..အဲ့လို လူမ်ိဳးက်ေတာ့ အုပ္ခ်ဳပ္သူ လူတန္းစားေပါ့တဲ့ စကၠန႔္ရပ္ေနတယ္ ပ်က္ေနတယ္လို႔ မေျပာဘူး.. နာရီပ်က္ေနတယ္လို႔ပဲေျပာတယ္တဲ့..။နာရီဆိုတာ အဲ့ဒိအတိုဆုံး အေခ်ာင္းေလးေပါ့ သားရယ္တဲ့။က်ေနာ္ အ႐ြယ္ေရာက္ေတာ့ လုပ္ငန္းခြင္ထဲမွာ အေမေျပာတဲ့ လူ ၃ မ်ိဳး ကိုေတြ႕ရတယ္။ က်ေနာ္ေတြ႕တာ ေတာ့ အလႊာေပါင္းစုံမွာ စကၠန႔္လို လူေတြေတြ႕ရတယ္ ။ အလုပ္အရမ္းလုပ္တယ္ အေကာင္းအေျပာ မခံရဘူး။ေဘးထုတ္ထားၾကတယ္..ဒါေပမယ့္ သူအလုပ္သူပုံမွန္လုပ္တယ္။မိနစ္လိုလူမ်ိဳးက်ျပန္ေတာ့ အလုပ္လုပ္တယ္။ ဆရာႀကီးဝင္လုပ္တယ္..တခါတေလမွ လုပ္တတ္တယ္ ။ သူ႔တို႔ၾကေတာ့ ေနရာ အသင့္တင့္ရၾကတယ္။ဘာမွ မယ္မယ္ရရ မလုပ္ သူမ်ားလုပ္တာေတြအကုန္ သူလုပ္သလိုလို ဆရာႀကီးဝင္လုပ္ နာမည္ယူတတ္သူမ်ားက်ေတာ့ နာရီလိုလူမ်ိဳးေပါ့..လူႀကီးခ်စ္ အေပၚဖားေအာက္ဖိ နဲ႔ လူမ်ိဳးေတြပါ။ မိတ္ေဆြတို႔ေရာ နာရီ၊ မိနစ္၊ လက္တံ ဘယ္လို လူမ်ိဴးေတြနဲ႔ ႀကဳံေနရလဲ..?