သစ်ခုတ်သမားရဲ့ အတွေး

ရွာသားတစ်ဦး ထင်းခုတ်နေသည့်အနားသို့ သစ်တောဝန်ထမ်းတစ်ဦး ရောက်လာသည်။ “ဟေ့ကောင်.. ရပ်စမ်း မင်းဘာလုပ်နေတာလဲ” “ထင်းခုတ်နေတာလေ ဆရာရဲ့””အောင်မာ မင်းက..ဘယ်သူ့အမိန့်နဲ့ခုတ်တာလဲ..””ဗျာ..ဘိုးစဉ်ဘောင်ဆက် တစ်သက်လုံး..ဒီအတိုင်း ခုတ်လာခဲ့တာပဲ..ဗျာ..ဘယ်သူ့ဆီကမှ..ခွင့်မတောင်းခဲ့ဖူးပါဘူး..””ဒါကိုဘာပင်မှတ်နေလို့လဲ Golden Teak လို့ခေါ်တယ်ကွ””ဟုတ်လားဆရာ ကျွန် တော်ကထင်းပင် မှတ်လို့ခုတ်နေတာ လက်စသပ်တော့ အင်္ဂလိပ်ပင် ဖြစ်နေတာကိုး..””မြန်မာလို ကျွန်း ပင်လို့ခေါ်တယ်ကွ””အစောက တည်းက ဗမာပြောလည်းရပါတယ် ဆရာရယ်” “ဟာ! ဒီကောင်နဲ့တော့ကွာ ခုတ်ချင်တိုင်းခုတ်မရဘူး ဒီအပင်ကိုရောင်းရင် Forest Exchange လို့ခေါ်တဲ့ နိုင်ငံခြား ပိုက်ဆံရတယ်ကွ” “မသိလို့မေးပါရစေ ဆရာ ၊မြန်မာပိုက်ဆံက ဘာဖြစ်လို့ပါလဲ”

“မင်းနဲ့တော့ ခက်ပြီ ၊ဒီအပင်ကို အစိုးရပိုင်တယ်၊ မင်းတို့ခုတ်ချင်တိုင်း ခုတ်လို့မရဘူး””အစိုးရမင်းတွေ ရေလာလောင်းတာ အပင်လိုက်စိုက်တာလဲ တစ်ခါမှ မတွေ့ပါဘူးဆရာရယ်””မင်းတော့ ပြဿနာတက်ပြီ ကျွန်းပင်ကိုခုတ်ရင် ထောင် ၇ နှစ်ကွနိုင်ငံ တော်ပိုင်တဲ့ ပစ္စည်း ၊မင်းတော့ ထောင် ၇ နှစ်ကျပြီ..သာမှတ်..လာလိုက်..ခဲ့”သစ်ပင်ခုတ်နေတဲ့ ရွာသားစိတ်ထဲ၌ ရုတ်တရက်တွေးမိလိုက်သည်။ဟိုဘက်ရွာက အောင်ပုတို့ လူသတ်မှူဖြစ်တာ ထောင် ၃ နှစ်ပဲကျတယ်။ ငါဒီအပင်ကို ခုတ်မိတာ ထောင် ၇ နှစ်တောင်ကျတော့မယ် ဒီကိစ္စကို သိတဲ့သူကလည်းဒီကောင်တစ်ကောင်ပဲရှိတယ်။ဒီကောင့်ကို သတ်လိုက်ရင်ငါ ..အဖမ်းခံရရင်..တောင်ထောင် ၄ နှစ် သက်သာမယ်ဆိုပြီး သစ်တောဝန်ထမ်းကိုပိုင်းချလိုက်ပါလေရော..ပွဲချင်းပြီး သေရော..သူ့အတွေးနဲ့သူတော့ဟုတ်နေတာပဲလေ..။

Credit – မင်းဘုန်းခ

[zawgyi]

႐ြာသားတစ္ဦး ထင္းခုတ္ေနသည့္အနားသို႔ သစ္ေတာဝန္ထမ္းတစ္ဦး ေရာက္လာသည္။ “ေဟ့ေကာင္.. ရပ္စမ္း မင္းဘာလုပ္ေနတာလဲ” “ထင္းခုတ္ေနတာေလ ဆရာရဲ႕””ေအာင္မာ မင္းက..ဘယ္သူ႔အမိန႔္နဲ႔ခုတ္တာလဲ..””ဗ်ာ..ဘိုးစဥ္ေဘာင္ဆက္ တစ္သက္လုံး..ဒီအတိုင္း ခုတ္လာခဲ့တာပဲ..ဗ်ာ..ဘယ္သူ႔ဆီကမွ..ခြင့္မေတာင္းခဲ့ဖူးပါဘူး..””ဒါကိုဘာပင္မွတ္ေနလို႔လဲ Golden Teak လို႔ေခၚတယ္ကြ””ဟုတ္လားဆရာ ကြၽန္ ေတာ္ကထင္းပင္ မွတ္လို႔ခုတ္ေနတာ လက္စသပ္ေတာ့ အဂၤလိပ္ပင္ ျဖစ္ေနတာကိုး..””ျမန္မာလို ကြၽန္း ပင္လို႔ေခၚတယ္ကြ””အေစာက တည္းက ဗမာေျပာလည္းရပါတယ္ ဆရာရယ္” “ဟာ! ဒီေကာင္နဲ႔ေတာ့ကြာ ခုတ္ခ်င္တိုင္းခုတ္မရဘူး ဒီအပင္ကိုေရာင္းရင္ Forest Exchange လို႔ေခၚတဲ့ ႏိုင္ငံျခား ပိုက္ဆံရတယ္ကြ” “မသိလို႔ေမးပါရေစ ဆရာ ၊ျမန္မာပိုက္ဆံက ဘာျဖစ္လို႔ပါလဲ”“မင္းနဲ႔ေတာ့ ခက္ၿပီ ၊ဒီအပင္ကို အစိုးရပိုင္တယ္၊ မင္းတို႔ခုတ္ခ်င္တိုင္း ခုတ္လို႔မရဘူး””အစိုးရမင္းေတြ ေရလာေလာင္းတာ အပင္လိုက္စိုက္တာလဲ တစ္ခါမွ မေတြ႕ပါဘူးဆရာရယ္””မင္းေတာ့ ျပႆနာတက္ၿပီ ကြၽန္းပင္ကိုခုတ္ရင္ ေထာင္ ၇ ႏွစ္ကြႏိုင္ငံ ေတာ္ပိုင္တဲ့ ပစၥည္း ၊မင္းေတာ့ ေထာင္ ၇ ႏွစ္က်ၿပီ..သာမွတ္..လာလိုက္..ခဲ့”သစ္ပင္ခုတ္ေနတဲ့ ႐ြာသားစိတ္ထဲ၌ ႐ုတ္တရက္ေတြးမိလိုက္သည္။ဟိုဘက္႐ြာက ေအာင္ပုတို႔ လူသတ္မႉျဖစ္တာ ေထာင္ ၃ ႏွစ္ပဲက်တယ္။ ငါဒီအပင္ကို ခုတ္မိတာ ေထာင္ ၇ ႏွစ္ေတာင္က်ေတာ့မယ္ ဒီကိစၥကို သိတဲ့သူကလည္းဒီေကာင္တစ္ေကာင္ပဲရွိတယ္။ဒီေကာင့္ကို သတ္လိုက္ရင္ငါ ..အဖမ္းခံရရင္..ေတာင္ေထာင္ ၄ ႏွစ္ သက္သာမယ္ဆိုၿပီး သစ္ေတာဝန္ထမ္းကိုပိုင္းခ်လိုက္ပါေလေရာ..ပြဲခ်င္းၿပီး ေသေရာ..သူ႔အေတြးနဲ႔သူေတာ့ဟုတ္ေနတာပဲေလ..။