စကားကြီး (၄) ခွန်းမပေါက်ကြားစေနဲ့..

ရှေးတုန်းကတိုင်းပြည် တစ်ပြည်မှာမင်းလုပ် အုပ်ချုပ်နေတဲ့ ဘုရင်ကြီး တစ်ပါးဟာ တစ်နေ့ မှာသူဆင်းရဲတစ်ယောက် အယောင်ဆောင်ရုပ် ဖျက်ပြီး တိုင်းပြည် အခြေအနေလေ့လာဖို့ မင်းနေပြည် က တိတ်တဆိတ်ထွက်ခဲ့ပါတယ်။သူ ပထမဆုံး ရောက်ခဲ့တဲ့နေရာက အလွန် ဆင်းရဲတဲ့ အဖိုးအို လင်မယား နေတဲ့တဲအိမ်အ စုတ်ကလေးဆီကိုပါ။အဖိုးအိုလင်မယားဟာပင်ပမ်းဆင်းရဲစွာနဲ့ ယာခင်းထဲမှာ စိုက်ပျိုးလုပ်ကိုင် စားသောက် နေရတာအယောင်ဆောင်ဘုရင်ကြီးတွေ့ရပါ တယ် ။ဒီမှာတစ်ညအိပ် တည်းဖို့ခွင့်တောင်း တော့ အဖိုးအို လင်မယား ကခွင့်ပြု ပြီးလိုလေး မရှိအောင်လဲရှိတာလေးနဲ့ဧည့်ခံကျွေးမွေးကြ ပါတယ်။လူဆင်းရဲပေမယ့်စေတနာမဆင်းရဲ တဲ့ အဖိုးအို လင်မယား ကို အယောင် ဆောင် ဘုရင်ကြီး စိတ်ထဲကြိတ်ပြီး ကျေ းဇူးတင်နေမိ တာပေါ့။ညကျတော့ အိပ်ယာ မဝင်ခင် အတူ ထိုင်စကားစမြီပြောကြတဲ့အခါ ဘုရင်ကြီး က..” အဖိုးတို့မှာစားမယ့်သောက်မယ့်လူလဲမရှိ ဘဲ ဘာလို့ ဒီလောက် ပင်ပမ်းကြီးစွာ အလုပ် တွေလုပ်နေရတာလဲ..ဒီ အရွယ် ဆိုတာသား ထောက်သမီးခံ အလုပ်လွှဲထားပြီးဘုရားသွား ကျေ ာင်းတက်လုပ်နေရမှာမဟုတ်လော “..ဟုပြောပါတယ်။ ဒီအခါအဖိုးအိုကဒီလိုပြန်ပြီး ပြောပါတယ်… “အမောင်ပြောတာဟုတ်တော့လဲဟုတ်ပါရဲ့ ဒါပေမယ့်သားသမီးဆိုတာလဲသူ့မီးနဲ့ သူ့အပူ ဖြစ်နေကြတာကလား.. ကျုပ်တို့မှာလဲကိုယ် စားဘို့တင်မကခိုးမှူးကြီးလဲ ပေးရသေးတယ် အာဂန္တု ဧည့်သည်ကိုလဲကျွေးရတယ်..သမုဒ္ဒ ရာထဲလဲပစ်ချ နေရသေးတယ်ရန်သူကိုလဲ ရှာ ဖွေကျွေးမွေးနေရပါတယ် ” အဖိုးအိုစကားကဘုရင်ကြီးအတွက်ထူးဆန်း နေပါတယ်။အဓိပ္ပါယ်ကိုလဲသဘောမပေါက် တာကြောင့် အဖိုးအိုကိုပြန်မေးမိတော့တယ်။ “အဖိုးစကားရဲ့အဓိပ္ပါယ်ကိုတဆိတ်လောက် ရှင်းပြပါလားခင်ဗျာ..” ဒီအခါအဖိုးအိုကအဓိပ္ပါယ်ကိုရှင်းပြပါတယ် “ဒီလိုပါအမောင် ခိုးမှူ းကြီးကိုပေးရတယ်ဆို တာကတိုင်းပြည်ကို ဓားပြသူခိုးရန်သူမျိုးတွေ ရဲ့ရန်ကကာကွယ်ပေးထားတဲ့ဘုရင်မင်းမြတ် တို့အား အခွန်ဘဏ္ဍာ ဆက်သပေးနေရတယ် လို့ဖြစ်ပါတယ် ”“ဘုရင်ကိုဘာလို့ခိုးမှူးးကြီးဆိုရပါသလဲအဖိုး”“ကျွန်ုပ်တို့တွေနဖူးက ချွေးခြေမကျအောင်ရှာ ဖွေထားရတဲ့ဥစ္စာတွေကိုသူခိုးဓားပြလက်မပါရအောင်ကာကွယ်ထိန်းသိမ်းပေးနိုင်စွမ်းရှိလို့ ခိုးသူတို့ရဲ့အ ကြီးအမှူး လို့ဆိုလိုတာပါ ” ဘုရင်ကြီးဟာ အဖိုးအိုရဲ့အဖြေကို သဘော ကျ သွားပါတယ်။ ဒါနဲ့နောက်ထပ်စကားတစ် ခွန်းကိုထပ်မေးပြန်ပါတယ်။ “အာဂန္တု ဧည့်သည်ကိုကျွေးမွေး ရတယ်ဆို တာကရော ဘယ်လိုအဓိပ္ပါယ်ပါလိမ့်ဗျာ ”“လောကမယ်မိဘကကျွေးမွေး စောင့်ရှောက် ခဲ့ရတဲ့ သားသမီးဆိုတာ တကယ်တော့့ဧည့် သည်တွေပါပဲအမောင်..အချိန်တန်အရွယ် ရောက်တဲ့အခါသူတို့လမ်း သူတို့လျှောက်ကြ တာပဲ မဟုတ်လား ဒါကြောင့်သူတို့ကို အာ ဂန္တု့လို့ဆိုရတာပါမောင် ” ဒီစကားကိုလဲဘုရင်ကြီးသဘောကျ ပြန်ပါ တယ်။နောက်ထပ်စကားအဓိ ပ္ပါယ် ကိုလဲထပ် မေးလိုက်ပြန်တယ်..“သမုဒ္ဒရာ ထဲလဲချ ရတယ်ဆိုတာကရောဘာ အဓိပ္ပါယ်ပါလဲအဖိုး ”“ဒါကဒီလိုပါ..ချောင်းမြစ်အသွယ် သွယ်တို့ ကလာတဲ့ရေမှန်သမျှ ဟာပင်လယ်သမုဒ္ဒရာ ထဲစီးဝင်ကြပေမ ဲ့ပြည့်ရိုးထုံးစံမရှိသလိုဘဲတ နေ့တနေ့ကျုပ်တို့စားသမျှ အားလုံးဝမ်းခေါင်း ထဲမှာပြည့်တယ်လို့ မရှိတာအမောင်အသိပဲ မဟုတ်လား..ဒါကြောင့်သမုဒ္ဒရာထဲ ပစ်ထဲ့ရ တယ်ဆိုတာရှာဖွေရသမျှ ကျုပ်တို့အသက်ရှင်သန် ဖို့ဒီဝမ်းခေါင်းထဲအစာစားပြီးဖြည့်ထဲ့နေရ တယ်လို့ဆိုလိုတာပါပဲ ”“ဒါဆိုနောက်ဆုံးစကား ရန်သူကိုရှာဖွေကျွေး မွေးနေရတယ်ဆိုကရော..”“ဒါက ပိုအရေးကြီးပါတယ် အမောင်..ကိုယ် ကချစ်ကြင်လို့ပေါင်းသင်း နေထိုင်နေတဲ့ဇနီးမ ယား ဟာကိုယ့်ရဲ့ရန်သူပါဘဲ..”“အလို ဒီစကားကတော့ အဆန်းပါလား ရှင်းပြပေးပါဦးအဖိုးရဲ့ ”

“စိတ်တူကိုယ်တူဆိုပြီး ကိုယ်ကချစ်ခင်ပေါင်း သင်းနေပေမဲ့ ကိုယ့်ရဲ့အသက်စည်းစိမ်ကို အ များဆုံးဒုက္ခပေးနိုင်ချေရှိတာဒီဇနီးမယားပါပဲ အမောင်..ဒီစကားကတော့အရေးကြုံ လာတဲ့ အခါမှအမောင်သိပါလိမ့်မယ်.. အခုကတော့ ရန်သူကိုလဲရှာဖွေ ကျွေးမွေးနေတယ်ပဲ မှတ် သားလိုက်ပါအမောင် ”နောက်ဆုံးစကားကိုဘဝင်မကျ ပေမယ့်မှတ် သားလောက်စရာ မို့လက်ခံလိုက်ပြီး သူဟာ ဘုရင်ဖြစ်ကြောင်း ပြောဆိုလိုက်တော့ အဖိုး အိုလင်မယားဟာ ပြူးပြူးပျာပျာ ဖြစ်သွားပါ တော့တယ်..။“မကြောက်ကြပါနဲ့အဖိုး..တစ်ခုတော့ပြောပါ ရစေအခုအဖိုးပြောတဲ့ စကားကြီးလေးခွန်းကို တော့ဘယ်သူကိုမှမပြောမိစေဖို့မှာခဲ့ပါရစေ.. တကယ်လို့ပေါက်ကြားခဲ့ရင်သေဒဏ်သင့်မှာ ကိုသဘော ပေါက်စေချ င်တယ်..”“မပေါက်ကြားစေဖို့ ဂတိပေးပါတယ်မင်းကြီး”ဤသို့ဖြင့်ဘုရင်ကြီးလဲ နန်းတွင်းပြန်သွားပြီး နောက်တစ်နေ့ညီလာခံတွင် အဖိုးအိုပြောဆို ခဲ့သောစကားကြီးလေးခွန်းကိုမှူးးမတ်တွေကို ပြောဆိုမေးခွန်းထုတ်ပြီး အဓိပ္ပါယ်ကိုမေးမြန်း ပါတော့တယ် ။မှူးမတ်တွေအားလုံးမဖြေဆို နိုင်ကြပါဘူး။ ဒီတော့ဘုရင်ကြီးက ဖြေဆိုဖို့အ ချိန် ခုနစ်ရက်ပေးလိုက်ပါတယ် ။မှူးမတ်တွေအားလုံး အကြပ်ရိုက်နေချိန်မှာ လူလည်အမတ်တစ်ယောက်ကတော့ဘုရင် ကြီး ခရီးထွက်ပြီးပြန်လာမှ ဒီစကားလေးခွန်း ကိုမေးတာဆိုတော့အကြောင်းရရှိရမယ်လို့ စဉ်းစားပြီး ဘုရင်ကြီးသွားခဲ့တဲ့ လမ်းကြောင်း ကိုစုံစမ်းပြီး ရှာဖွေရာက အဖိုးအိုလင်မယားရှိ ရာကို ရောက်သွားပါတော့တယ် ။အမတ်လူ လည်ဟာ အဖိုးအိုကို တံစိုးလက်ဆောင်ပေး ပြီးစကားလေးခွန်းကို မေးပေမယ့်အဖိုးအိုဟာ လုံးဝမပြောပါဘူး။နောက်ဆုံးအဖိုးအိုရဲ့ ဇနီးဖွားအိုကိုအသပြာ ငွေ ၁၀၀၀ ပေးပြီးမေးတဲ့အခါ ဖွားအိုကငွေကို ယူပြီးစကားလေးခွန်း အဓိပ္ပါယ်ကိုဖွင့်ဟပြော ကြားလိုက်ပါတယ် ။ဒါနဲ့ရက် ချိန်းခုနစ်ရက်ပြည့်လို့ ညီလာခံပြန်ဝင် တဲ့အခါ ဘုရင်ကြီးကိုဘယ်သူမှ အဖြေမပေး နိုင်ကြပေမယ့် လူလည်အမတ်ကတော့ ခပ် ကြွားကြွားလေးဖြေနိုင်လိုက်ပါတယ်။ဒါပေမယ့်ဘုရင်ကြီးက သူ့အစွမ်းအစနဲ့ဖြေ နိုင်တာမဟုတ်ဘူးသိနေတော့ မှန်မှန်မပြော သေဒဏ်ပေးမယ်. ဘယ် လိုသိလာတာလဲဆို တာမှန်မှန်ပြောဆိုပြီး အကြပ်ကိုင်မေးတော့မှ အဖိုးအိုလင်မယားဆီက သိလာတာလို့အမှန် အတိုင်းပြောပါတော့တယ်။ဘုရင်ကြီးဟာအဖိုးအိုလင်မယားကိုအမျက် မာန်ရှပြီးရှေ့တော်ဆင့်ခေါ်လိုက်ပါတယ်။ ရှေ့တော်ရောက်တဲ့ အခါ… “အဖိုး..ပေးခဲ့တဲ့ဂတိကိုဖျ က်ပြီး ဘာလို့တား မြစ်ချ က်ကိုလွန်ဆန်ရတာလဲ..သေဒဏ်ပေး ခံရမှာကိုမကြောက်ဖူးလား ”“မင်းကြီး..ကျွန်တော်မျိုးဟာ ဆင်းရဲနုံခြာပေမယ့် ဂတိတစ်လုံးကို အသက်ထက်ကာကွယ် ပါတယ်..ကျွန်တော်မျိုး၏ ဇနီးပြောကြားခြင်း သာဖြစ်ပါတယ်.အသပြာငွေ ၁၀၀၀ အတွက် ကျွန် တော်မျိုး၏ အသက်ကို ရောင်းစားသည့်ဇနီးသည်ဟာအနီးဆုံး ရန်သူဖြစ်ကြောင်းမင်း ကြီး ဒီလောက်ဆိုသဘောပေါက်နားလည်ပြီ ယုံကြည်ပါတယ်..”ဒီတော့မှဘုရင်ကြီးဟာ စိတ်ထဲဘဝင်မကျခဲ့ တဲ့နောက်ဆုံးစကားရဲ့အဓိပ္ပါယ်ကို နားလည်လက်ခံသွားပြီး သူဆင်းရဲအဖိုးအိုလင်မယား ကို ဆုလာဘ်များ ပေးသနား လိုက်ပါတော့ တယ် ။

Credit : Ashin Sandar Thiri-Ye U

[zawgyi]

ေရွးတုန္းကတိုင္းျပည္ တစ္ျပည္မွာမင္းလုပ္ အုပ္ခ်ဳပ္ေနတဲ့ ဘုရင္ႀကီး တစ္ပါးဟာ တစ္ေန႔ မွာသူဆင္းရဲတစ္ေယာက္ အေယာင္ေဆာင္႐ုပ္ ဖ်က္ၿပီး တိုင္းျပည္ အေျခအေနေလ့လာဖို႔ မင္းေနျပည္ က တိတ္တဆိတ္ထြက္ခဲ့ပါတယ္။သူ ပထမဆုံး ေရာက္ခဲ့တဲ့ေနရာက အလြန္ ဆင္းရဲတဲ့ အဖိုးအို လင္မယား ေနတဲ့တဲအိမ္အ စုတ္ကေလးဆီကိုပါ။အဖိုးအိုလင္မယားဟာပင္ပမ္းဆင္းရဲစြာနဲ႔ ယာခင္းထဲမွာ စိုက္ပ်ိဳးလုပ္ကိုင္ စားေသာက္ ေနရတာအေယာင္ေဆာင္ဘုရင္ႀကီးေတြ႕ရပါ တယ္ ။ဒီမွာတစ္ညအိပ္ တည္းဖို႔ခြင့္ေတာင္း ေတာ့ အဖိုးအို လင္မယား ကခြင့္ျပဳ ၿပီးလိုေလး မရွိေအာင္လဲရွိတာေလးနဲ႔ဧည့္ခံေကြၽးေမြးၾက ပါတယ္။လူဆင္းရဲေပမယ့္ေစတနာမဆင္းရဲ တဲ့ အဖိုးအို လင္မယား ကို အေယာင္ ေဆာင္ ဘုရင္ႀကီး စိတ္ထဲႀကိတ္ၿပီး ေက် းဇူးတင္ေနမိ တာေပါ့။ညက်ေတာ့ အိပ္ယာ မဝင္ခင္ အတူ ထိုင္စကားစၿမီေျပာၾကတဲ့အခါ ဘုရင္ႀကီး က..” အဖိုးတို႔မွာစားမယ့္ေသာက္မယ့္လူလဲမရွိ ဘဲ ဘာလို႔ ဒီေလာက္ ပင္ပမ္းႀကီးစြာ အလုပ္ ေတြလုပ္ေနရတာလဲ..ဒီ အ႐ြယ္ ဆိုတာသား ေထာက္သမီးခံ အလုပ္လႊဲထားၿပီးဘုရားသြား ေက် ာင္းတက္လုပ္ေနရမွာမဟုတ္ေလာ “..ဟုေျပာပါတယ္။ ဒီအခါအဖိုးအိုကဒီလိုျပန္ၿပီး ေျပာပါတယ္… “အေမာင္ေျပာတာဟုတ္ေတာ့လဲဟုတ္ပါရဲ႕ ဒါေပမယ့္သားသမီးဆိုတာလဲသူ႔မီးနဲ႔ သူ႔အပူ ျဖစ္ေနၾကတာကလား.. က်ဳပ္တို႔မွာလဲကိုယ္ စားဘို႔တင္မကခိုးမႉးႀကီးလဲ ေပးရေသးတယ္ အာဂႏၲဳ ဧည့္သည္ကိုလဲေကြၽးရတယ္..သမုဒၵ ရာထဲလဲပစ္ခ် ေနရေသးတယ္ရန္သူကိုလဲ ရွာ ေဖြေကြၽးေမြးေနရပါတယ္ ” အဖိုးအိုစကားကဘုရင္ႀကီးအတြက္ထူးဆန္း ေနပါတယ္။အဓိပၸါယ္ကိုလဲသေဘာမေပါက္ တာေၾကာင့္ အဖိုးအိုကိုျပန္ေမးမိေတာ့တယ္။ “အဖိုးစကားရဲ႕အဓိပၸါယ္ကိုတဆိတ္ေလာက္ ရွင္းျပပါလားခင္ဗ်ာ..” ဒီအခါအဖိုးအိုကအဓိပၸါယ္ကိုရွင္းျပပါတယ္ “ဒီလိုပါအေမာင္ ခိုးမႉ းႀကီးကိုေပးရတယ္ဆို တာကတိုင္းျပည္ကို ဓားျပသူခိုးရန္သူမ်ိဳးေတြ ရဲ႕ရန္ကကာကြယ္ေပးထားတဲ့ဘုရင္မင္းျမတ္ တို႔အား အခြန္ဘ႑ာ ဆက္သေပးေနရတယ္ လို႔ျဖစ္ပါတယ္ ”“ဘုရင္ကိုဘာလို႔ခိုးမႉးးႀကီးဆိုရပါသလဲအဖိုး”“ကြၽႏ္ုပ္တို႔ေတြနဖူးက ေခြၽးေျခမက်ေအာင္ရွာ ေဖြထားရတဲ့ဥစၥာေတြကိုသူခိုးဓားျပလက္မပါရေအာင္ကာကြယ္ထိန္းသိမ္းေပးႏိုင္စြမ္းရွိလို႔ ခိုးသူတို႔ရဲ႕အ ႀကီးအမႉး လို႔ဆိုလိုတာပါ ” ဘုရင္ႀကီးဟာ အဖိုးအိုရဲ႕အေျဖကို သေဘာ က် သြားပါတယ္။ ဒါနဲ႔ေနာက္ထပ္စကားတစ္ ခြန္းကိုထပ္ေမးျပန္ပါတယ္။ “အာဂႏၲဳ ဧည့္သည္ကိုေကြၽးေမြး ရတယ္ဆို တာကေရာ ဘယ္လိုအဓိပၸါယ္ပါလိမ့္ဗ်ာ ”“ေလာကမယ္မိဘကေကြၽးေမြး ေစာင့္ေရွာက္ ခဲ့ရတဲ့ သားသမီးဆိုတာ တကယ္ေတာ့့ဧည့္ သည္ေတြပါပဲအေမာင္..အခ်ိန္တန္အ႐ြယ္ ေရာက္တဲ့အခါသူတို႔လမ္း သူတို႔ေလွ်ာက္ၾက တာပဲ မဟုတ္လား ဒါေၾကာင့္သူတို႔ကို အာ ဂႏၲဳ့လို႔ဆိုရတာပါေမာင္ ” ဒီစကားကိုလဲဘုရင္ႀကီးသေဘာက် ျပန္ပါ တယ္။ေနာက္ထပ္စကားအဓိ ပၸါယ္ ကိုလဲထပ္ ေမးလိုက္ျပန္တယ္..“သမုဒၵရာ ထဲလဲခ် ရတယ္ဆိုတာကေရာဘာ အဓိပၸါယ္ပါလဲအဖိုး ”“ဒါကဒီလိုပါ..ေခ်ာင္းျမစ္အသြယ္ သြယ္တို႔ ကလာတဲ့ေရမွန္သမွ် ဟာပင္လယ္သမုဒၵရာ ထဲစီးဝင္ၾကေပမ ဲ့ျပည့္႐ိုးထုံးစံမရွိသလိုဘဲတ ေန႔တေန႔က်ဳပ္တို႔စားသမွ် အားလုံးဝမ္းေခါင္း ထဲမွာျပည့္တယ္လို႔ မရွိတာအေမာင္အသိပဲ မဟုတ္လား..ဒါေၾကာင့္သမုဒၵရာထဲ ပစ္ထဲ့ရ တယ္ဆိုတာရွာေဖြရသမွ် က်ဳပ္တို႔အသက္ရွင္သန္ ဖို႔ဒီဝမ္းေခါင္းထဲအစာစားၿပီးျဖည့္ထဲ့ေနရ တယ္လို႔ဆိုလိုတာပါပဲ ”“ဒါဆိုေနာက္ဆုံးစကား ရန္သူကိုရွာေဖြေကြၽး ေမြးေနရတယ္ဆိုကေရာ..”“ဒါက ပိုအေရးႀကီးပါတယ္ အေမာင္..ကိုယ္ ကခ်စ္ၾကင္လို႔ေပါင္းသင္း ေနထိုင္ေနတဲ့ဇနီးမ ယား ဟာကိုယ့္ရဲ႕ရန္သူပါဘဲ..”“အလို ဒီစကားကေတာ့ အဆန္းပါလား ရွင္းျပေပးပါဦးအဖိုးရဲ႕ ”“စိတ္တူကိုယ္တူဆိုၿပီး ကိုယ္ကခ်စ္ခင္ေပါင္း သင္းေနေပမဲ့ ကိုယ့္ရဲ႕အသက္စည္းစိမ္ကို အ မ်ားဆုံးဒုကၡေပးႏိုင္ေခ်ရွိတာဒီဇနီးမယားပါပဲ အေမာင္..ဒီစကားကေတာ့အေရးႀကဳံ လာတဲ့ အခါမွအေမာင္သိပါလိမ့္မယ္.. အခုကေတာ့ ရန္သူကိုလဲရွာေဖြ ေကြၽးေမြးေနတယ္ပဲ မွတ္ သားလိုက္ပါအေမာင္ ”ေနာက္ဆုံးစကားကိုဘဝင္မက် ေပမယ့္မွတ္ သားေလာက္စရာ မို႔လက္ခံလိုက္ၿပီး သူဟာ ဘုရင္ျဖစ္ေၾကာင္း ေျပာဆိုလိုက္ေတာ့ အဖိုး အိုလင္မယားဟာ ျပဴးျပဴးပ်ာပ်ာ ျဖစ္သြားပါ ေတာ့တယ္..။“မေၾကာက္ၾကပါနဲ႔အဖိုး..တစ္ခုေတာ့ေျပာပါ ရေစအခုအဖိုးေျပာတဲ့ စကားႀကီးေလးခြန္းကို ေတာ့ဘယ္သူကိုမွမေျပာမိေစဖို႔မွာခဲ့ပါရေစ.. တကယ္လို႔ေပါက္ၾကားခဲ့ရင္ေသဒဏ္သင့္မွာ ကိုသေဘာ ေပါက္ေစခ် င္တယ္..”“မေပါက္ၾကားေစဖို႔ ဂတိေပးပါတယ္မင္းႀကီး”ဤသို႔ျဖင့္ဘုရင္ႀကီးလဲ နန္းတြင္းျပန္သြားၿပီး ေနာက္တစ္ေန႔ညီလာခံတြင္ အဖိုးအိုေျပာဆို ခဲ့ေသာစကားႀကီးေလးခြန္းကိုမႉးးမတ္ေတြကို ေျပာဆိုေမးခြန္းထုတ္ၿပီး အဓိပၸါယ္ကိုေမးျမန္း ပါေတာ့တယ္ ။မႉးမတ္ေတြအားလုံးမေျဖဆို ႏိုင္ၾကပါဘူး။ ဒီေတာ့ဘုရင္ႀကီးက ေျဖဆိုဖို႔အ ခ်ိန္ ခုနစ္ရက္ေပးလိုက္ပါတယ္ ။မႉးမတ္ေတြအားလုံး အၾကပ္႐ိုက္ေနခ်ိန္မွာ လူလည္အမတ္တစ္ေယာက္ကေတာ့ဘုရင္ ႀကီး ခရီးထြက္ၿပီးျပန္လာမွ ဒီစကားေလးခြန္း ကိုေမးတာဆိုေတာ့အေၾကာင္းရရွိရမယ္လို႔ စဥ္းစားၿပီး ဘုရင္ႀကီးသြားခဲ့တဲ့ လမ္းေၾကာင္း ကိုစုံစမ္းၿပီး ရွာေဖြရာက အဖိုးအိုလင္မယားရွိ ရာကို ေရာက္သြားပါေတာ့တယ္ ။အမတ္လူ လည္ဟာ အဖိုးအိုကို တံစိုးလက္ေဆာင္ေပး ၿပီးစကားေလးခြန္းကို ေမးေပမယ့္အဖိုးအိုဟာ လုံးဝမေျပာပါဘူး။ေနာက္ဆုံးအဖိုးအိုရဲ႕ ဇနီးဖြားအိုကိုအသျပာ ေငြ ၁၀၀၀ ေပးၿပီးေမးတဲ့အခါ ဖြားအိုကေငြကို ယူၿပီးစကားေလးခြန္း အဓိပၸါယ္ကိုဖြင့္ဟေျပာ ၾကားလိုက္ပါတယ္ ။ဒါနဲ႔ရက္ ခ်ိန္းခုနစ္ရက္ျပည့္လို႔ ညီလာခံျပန္ဝင္ တဲ့အခါ ဘုရင္ႀကီးကိုဘယ္သူမွ အေျဖမေပး ႏိုင္ၾကေပမယ့္ လူလည္အမတ္ကေတာ့ ခပ္ ႂကြားႂကြားေလးေျဖႏိုင္လိုက္ပါတယ္။ဒါေပမယ့္ဘုရင္ႀကီးက သူ႔အစြမ္းအစနဲ႔ေျဖ ႏိုင္တာမဟုတ္ဘူးသိေနေတာ့ မွန္မွန္မေျပာ ေသဒဏ္ေပးမယ္. ဘယ္ လိုသိလာတာလဲဆို တာမွန္မွန္ေျပာဆိုၿပီး အၾကပ္ကိုင္ေမးေတာ့မွ အဖိုးအိုလင္မယားဆီက သိလာတာလို႔အမွန္ အတိုင္းေျပာပါေတာ့တယ္။ဘုရင္ႀကီးဟာအဖိုးအိုလင္မယားကိုအမ်က္ မာန္ရွၿပီးေရွ႕ေတာ္ဆင့္ေခၚလိုက္ပါတယ္။ ေရွ႕ေတာ္ေရာက္တဲ့ အခါ… “အဖိုး..ေပးခဲ့တဲ့ဂတိကိုဖ် က္ၿပီး ဘာလို႔တား ျမစ္ခ် က္ကိုလြန္ဆန္ရတာလဲ..ေသဒဏ္ေပး ခံရမွာကိုမေၾကာက္ဖူးလား ”“မင္းႀကီး..ကြၽန္ေတာ္မ်ိဳးဟာ ဆင္းရဲႏုံျခာေပမယ့္ ဂတိတစ္လုံးကို အသက္ထက္ကာကြယ္ ပါတယ္..ကြၽန္ေတာ္မ်ိဳး၏ ဇနီးေျပာၾကားျခင္း သာျဖစ္ပါတယ္.အသျပာေငြ ၁၀၀၀ အတြက္ ကြၽန္ ေတာ္မ်ိဳး၏ အသက္ကို ေရာင္းစားသည့္ဇနီးသည္ဟာအနီးဆုံး ရန္သူျဖစ္ေၾကာင္းမင္း ႀကီး ဒီေလာက္ဆိုသေဘာေပါက္နားလည္ၿပီ ယုံၾကည္ပါတယ္..”ဒီေတာ့မွဘုရင္ႀကီးဟာ စိတ္ထဲဘဝင္မက်ခဲ့ တဲ့ေနာက္ဆုံးစကားရဲ႕အဓိပၸါယ္ကို နားလည္လက္ခံသြားၿပီး သူဆင္းရဲအဖိုးအိုလင္မယား ကို ဆုလာဘ္မ်ား ေပးသနား လိုက္ပါေတာ့ တယ္ ။