“ကြောက်စိတ်”

တစ်ခါတုန်းက ကျေးရွာတစ်ရွာမှာ အလွန်ကြောက်တတ်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ တနေ့ကျတော့ ရွာက ကိုယ်ခံပညာသင်ပေးတဲ့ သိုင်းဆရာကြီးဆီကိုသွားပြီး သူ့ကို သတ္တိရှိလာအောင် သင်ပေးဖို့ တောင်းတောင်းပန်ပန်နဲ့ ပြောဆိုရှာသတဲ့။သိုင်းဆရာကြီးက “ငါမင်းကိုဒီအတိုင်းတော့ သင်မပေးနိုင်ဘူး။ ငါ့ဆီရောက်လာတဲ့လူတိုင်းကို သူနဲ့သက်ဆိုင်ရာ စမ်းသပ်ချက် တစ်ခုစီ ပြုလုပ်ပြီးမှ သင်ပေးတာ” လို့ပြောတယ်။” မင်းက ကြောက်တတ်တဲ့လူဆိုတော့ တစ်လတိတိမြို့ပေါ်ကိုတက် ပြီးတော့ ကျွန်တော် ငကြောက်တစ်ယောက်ပါဆိုတဲ့ အ ကြောင်းကို တွေ့တဲ့လူတိုင်းကိုရဲ့ မျက်စိတည့်တည့်ကိုကြည့်ပြီး အော်ပြောရမယ်””ဒီစမ်းသပ်မှုလုပ်ဆောင်ပြီးတဲ့နေ့ ငါ့ဆီပြန်လာခဲ့” လို့ပြောပြီး သိုင်းဆရာကြီးဟာ လှည့်ထွက်သွားခဲ့တယ်။ဒီစကားကြားတော့ ကောင်လေးဟာ တော်တော်ဝမ်းနည်းသွားတယ်။ကြောက်တတ်တဲ့ သူ့အတွက်တော့ ဒီစမ်းသပ်မှုဟာ တော်တော်ခဲယဉ်းနေတာကိုး။ဒီလိုနဲ့ သူ့ကိုသူ စိတ်ပျက်လက်ပျက်နဲ့ နေရင်း ဟိုတွေး ဒီတွေး နေလာတာ ရက်အနည်းငယ်ကြာသွားတယ်။ဒီလိုတွေးရင်း လူတွေကိုရင်ဆိုင်တွေ့ပြီးပြောဆိုရတာထက်၊ ကြောက်တတ်တဲ့စိတ်နဲ့ဖြတ်သန်းရမယ့် ဘဝက သူ့အတွက် ပိုဆိုးရွားခါးသီးတယ်ဆိုတာ သူသဘောပေါက်လိုက်မိတယ်။ဒါနဲ့ မြို့ပေါ်ကို သူတက်သွားတယ်။ပထမဆုံးတွေတဲ့လူကို ပြောမယ်လဲ လုပ်ရော သူ့ပါးစပ်က ဘာမှထွက်မလာတော့ဘူး။ဒါပေမယ့် သူ့ဆရာက ဒီစမ်းသပ်မှုပြီးမှ သင်ပေးမှာဆိုတော့ သူ့အနေနဲ့ မဖြစ်မနေလုပ်ဆောင်ရတော့မှာကိုး။

အစမှာတော့ ပြောသာထွက်တယ် မျက်စိကိုတည့်တည့်မကြည့်ရဲဘူး။ပြောရင်းပြောရင်းနဲ့ ကြောက်စိတ်တွေနည်းနည်းလာသလို “ကျွန်တော် ငကြောက်တစ်ယောက်ပါ”ဆိုတဲ့အသံလဲ ပိုပိုကျယ်လာတယ်။ ပြောတဲ့လူတိုင်းရဲ့ မျက်စိကိုလဲ ရဲရဲကြည်ု့ပြီး ပြောရဲလာတယ်။သူ့ကိုယ်သူလဲ ယုံကြည်မှုပိုရှိလာတယ် လို့ ခံစားမိလာတယ်။ နောက်ဆုံးမှာတော့ တစ်လဆိုတာကို အခက်အခဲမရှိဖြတ်သန်းပြီး သူ့ဆရာကြီးဆီပြန်သွား တယ်။သူ့ဆရာနဲ့တွေ့တော့ “မင်း ကိုယ့်ကိုယ်ကို သတ္တိရှိလာပြီလို့ ထင်ရဲ့လား” လို့မေးတော့”ဟုတ်ကဲ့ဆရာကြီး ဆရာ့ စမ်းသပ်မှုလုပ်ဆောင်ရင်းနဲ့ကို ကြောက်စိတ်တွေပျောက်ပျောက်သွားတယ် သတ္တိရှိလာတယ်လို့လဲထင်မိပါတယ်””ကိုယ့်ကိုယ်ကိုလဲ ပိုယုံကြည်မှုရှိလာသလို နေရတာလဲ တနေ့ထက်တနေ့ပိုပျော်ရွှင်လာပါတယ် ဆရာကြီး” လိုဖြေကြားလိုက်တယ်။ဆရာကြီးက..”ဒါပေါ့ တပည့်ရ ကြောက်စိတ်ဆိုတာ အကျင့်ပဲကြောက်တဲ့စိတ်နဲ့ ထပ်ခါ တလဲလဲ လုပ်နေလို့ ကြောက်နေမိတာ””ဒါကို ဘယ်သူမှ သင်ပေးလို့မရသလို ဖျောက်ဖျက်ပေးလို့မရဘူး မိမိစိတ်ကိုမိမိသာ ပြောင်းလဲလို့ရတယ်”” ဘေးလူက မြင်တတ်အောင်ကြည့်နိုင်ဖို့သာ နည်းလမ်းပေးလို့ရနိုင်တယ်””သတ္တိဆိုတာလဲ အလားတူ အကျင့်တစ်ခုပဲ””ဘဝမှာ ဘာပဲလုပ်လုပ် မိမိစိတ်ကို အရင်ဆုံး သဘောပေါက်သိမြင်တတ်ပါစေ ငါ့တပည့် ” လို့ ပြောကြားပြီး ဖြေးညှင်းစွာ ထွက်ခွာသွားပါတော့တယ်။

Credit – မူရင်း

[zawgyi]

တစ္ခါတုန္းက ေက်း႐ြာတစ္႐ြာမွာ အလြန္ေၾကာက္တတ္တဲ့ ေကာင္ေလးတစ္ေယာက္ရွိတယ္။ တေန႔က်ေတာ့ ႐ြာက ကိုယ္ခံပညာသင္ေပးတဲ့ သိုင္းဆရာႀကီးဆီကိုသြားၿပီး သူ႔ကို သတၱိရွိလာေအာင္ သင္ေပးဖို႔ ေတာင္းေတာင္းပန္ပန္နဲ႔ ေျပာဆိုရွာသတဲ့။သိုင္းဆရာႀကီးက “ငါမင္းကိုဒီအတိုင္းေတာ့ သင္မေပးႏိုင္ဘူး။ ငါ့ဆီေရာက္လာတဲ့လူတိုင္းကို သူနဲ႔သက္ဆိုင္ရာ စမ္းသပ္ခ်က္ တစ္ခုစီ ျပဳလုပ္ၿပီးမွ သင္ေပးတာ” လို႔ေျပာတယ္။” မင္းက ေၾကာက္တတ္တဲ့လူဆိုေတာ့ တစ္လတိတိၿမိဳ႕ေပၚကိုတက္ ၿပီးေတာ့ ကြၽန္ေတာ္ ငေၾကာက္တစ္ေယာက္ပါဆိုတဲ့ အ ေၾကာင္းကို ေတြ႕တဲ့လူတိုင္းကိုရဲ႕ မ်က္စိတည့္တည့္ကိုၾကည့္ၿပီး ေအာ္ေျပာရမယ္””ဒီစမ္းသပ္မႈလုပ္ေဆာင္ၿပီးတဲ့ေန႔ ငါ့ဆီျပန္လာခဲ့” လို႔ေျပာၿပီး သိုင္းဆရာႀကီးဟာ လွည့္ထြက္သြားခဲ့တယ္။ဒီစကားၾကားေတာ့ ေကာင္ေလးဟာ ေတာ္ေတာ္ဝမ္းနည္းသြားတယ္။ေၾကာက္တတ္တဲ့ သူ႔အတြက္ေတာ့ ဒီစမ္းသပ္မႈဟာ ေတာ္ေတာ္ခဲယဥ္းေနတာကိုး။ဒီလိုနဲ႔ သူ႔ကိုသူ စိတ္ပ်က္လက္ပ်က္နဲ႔ ေနရင္း ဟိုေတြး ဒီေတြး ေနလာတာ ရက္အနည္းငယ္ၾကာသြားတယ္။ဒီလိုေတြးရင္း လူေတြကိုရင္ဆိုင္ေတြ႕ၿပီးေျပာဆိုရတာထက္၊ ေၾကာက္တတ္တဲ့စိတ္နဲ႔ျဖတ္သန္းရမယ့္ ဘဝက သူ႔အတြက္ ပိုဆိုး႐ြားခါးသီးတယ္ဆိုတာ သူသေဘာေပါက္လိုက္မိတယ္။ဒါနဲ႔ ၿမိဳ႕ေပၚကို သူတက္သြားတယ္။ပထမဆုံးေတြတဲ့လူကို ေျပာမယ္လဲ လုပ္ေရာ သူ႔ပါးစပ္က ဘာမွထြက္မလာေတာ့ဘူး။ဒါေပမယ့္ သူ႔ဆရာက ဒီစမ္းသပ္မႈၿပီးမွ သင္ေပးမွာဆိုေတာ့ သူ႔အေနနဲ႔ မျဖစ္မေနလုပ္ေဆာင္ရေတာ့မွာကိုး။အစမွာေတာ့ ေျပာသာထြက္တယ္ မ်က္စိကိုတည့္တည့္မၾကည့္ရဲဘူး။ေျပာရင္းေျပာရင္းနဲ႔ ေၾကာက္စိတ္ေတြနည္းနည္းလာသလို “ကြၽန္ေတာ္ ငေၾကာက္တစ္ေယာက္ပါ”ဆိုတဲ့အသံလဲ ပိုပိုက်ယ္လာတယ္။ ေျပာတဲ့လူတိုင္းရဲ႕ မ်က္စိကိုလဲ ရဲရဲၾကည္ု႔ၿပီး ေျပာရဲလာတယ္။သူ႔ကိုယ္သူလဲ ယုံၾကည္မႈပိုရွိလာတယ္ လို႔ ခံစားမိလာတယ္။ ေနာက္ဆုံးမွာေတာ့ တစ္လဆိုတာကို အခက္အခဲမရွိျဖတ္သန္းၿပီး သူ႔ဆရာႀကီးဆီျပန္သြား တယ္။သူ႔ဆရာနဲ႔ေတြ႕ေတာ့ “မင္း ကိုယ့္ကိုယ္ကို သတၱိရွိလာၿပီလို႔ ထင္ရဲ႕လား” လို႔ေမးေတာ့”ဟုတ္ကဲ့ဆရာႀကီး ဆရာ့ စမ္းသပ္မႈလုပ္ေဆာင္ရင္းနဲ႔ကို ေၾကာက္စိတ္ေတြေပ်ာက္ေပ်ာက္သြားတယ္ သတၱိရွိလာတယ္လို႔လဲထင္မိပါတယ္””ကိုယ့္ကိုယ္ကိုလဲ ပိုယုံၾကည္မႈရွိလာသလို ေနရတာလဲ တေန႔ထက္တေန႔ပိုေပ်ာ္႐ႊင္လာပါတယ္ ဆရာႀကီး” လိုေျဖၾကားလိုက္တယ္။ဆရာႀကီးက..”ဒါေပါ့ တပည့္ရ ေၾကာက္စိတ္ဆိုတာ အက်င့္ပဲေၾကာက္တဲ့စိတ္နဲ႔ ထပ္ခါ တလဲလဲ လုပ္ေနလို႔ ေၾကာက္ေနမိတာ””ဒါကို ဘယ္သူမွ သင္ေပးလို႔မရသလို ေဖ်ာက္ဖ်က္ေပးလို႔မရဘူး မိမိစိတ္ကိုမိမိသာ ေျပာင္းလဲလို႔ရတယ္”” ေဘးလူက ျမင္တတ္ေအာင္ၾကည့္ႏိုင္ဖို႔သာ နည္းလမ္းေပးလို႔ရႏိုင္တယ္””သတၱိဆိုတာလဲ အလားတူ အက်င့္တစ္ခုပဲ””ဘဝမွာ ဘာပဲလုပ္လုပ္ မိမိစိတ္ကို အရင္ဆုံး သေဘာေပါက္သိျမင္တတ္ပါေစ ငါ့တပည့္ ” လို႔ ေျပာၾကားၿပီး ေျဖးညႇင္းစြာ ထြက္ခြာသြားပါေတာ့တယ္။