လိပ်ပြာလုံဖို့ လိုတယ်သား…

တစ်ခါတုန်းက နာမည်ကြီး ပန်းရံဆရာကြီးနှင့် သားဖြစ်သူတို့သည် ရဲတိုက်ကို ကာရံထားသည့် အုတ်တံတိုင်း တည်ဆောက်ရာတွင် နာမည်ရလေသည်။တစ်နေ့တွင် အုတ်တံတိုင်းတစ်ခုကို တည်ဆောက်လေရာ နောက်ဆုံး အုတ်တစ်ချပ်စီပြီး မဆလာ ထည့်ရမည့် အချိန်တွင် မဆ လာမှာ နည်းနေပြီဖြစ်သဖြင့် သားဖြစ်သူအား လိုအပ်သော မဆလာကို ထပ်ဖျော်ခိုင်းလေသည်..ထိုအခါသားဖြစ်သူကပြောလိုက်သည်..။”ဒီရှိတဲ့ မဆလာနဲ့ လုပ်လိုက်ရင်လဲ ရသားပဲ ဥစ္စာ ၊ ထပ်ဖော်နေဖို့မလိုပါဘူး အဖေရာ..”

အဖေဖြစ်သူက လက်ကျန်မဆလာလေးနဲ့လုပ်လိုက်ရင် သူတို့ဆောက်သော အုတ်တံတိုင်းမှာ ခိုင်မှာမဟုတ်ဟု သားဖြစ်သူအား ရှင်းပြလိုက်ပြန်သည်။သားကထပ်ပြောလိုက်ပြန်သည်..”အဖေကလည်း နှောက်နှစ်တွေကြာလာတဲ့အခါကျရင် ဒီအုတ်တစ်ချပ်မှာ မဆလာ နည်းနေတာကို ဘယ်သူက သိမှာလဲ..”‘လူနှစ်ယောက်တော့ သိလိမ့်မယ် ငါ့သား..သူတို့ရှက်လွန်းလို့ သေတောင် သွားနိုင်တယ်””အဲဒီလူနှစ်ယောက်က ဘယ်သူလဲ အဖေ. . . “”မင်းနဲ့ငါပေါ့ကွ”သင်ခန်းစာလေးကတော့ ဘယ်အလုပ်မဆို စေတနာထားလုပ်ပါ။ စေတနာသည်သာ ကံတရားပါ။ ရိုးသားကြိုးစားစွာနဲ့ ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းပါ။

မူရင်း Credit

[zawgyi]

တစ္ခါတုန္းက နာမည္ႀကီး ပန္းရံဆရာႀကီးႏွင့္ သားျဖစ္သူတို႔သည္ ရဲတိုက္ကို ကာရံထားသည့္ အုတ္တံတိုင္း တည္ေဆာက္ရာတြင္ နာမည္ရေလသည္။တစ္ေန႔တြင္ အုတ္တံတိုင္းတစ္ခုကို တည္ေဆာက္ေလရာ ေနာက္ဆုံး အုတ္တစ္ခ်ပ္စီၿပီး မဆလာ ထည့္ရမည့္ အခ်ိန္တြင္ မဆ လာမွာ နည္းေနၿပီျဖစ္သျဖင့္ သားျဖစ္သူအား လိုအပ္ေသာ မဆလာကို ထပ္ေဖ်ာ္ခိုင္းေလသည္..ထိုအခါသားျဖစ္သူကေျပာလိုက္သည္..။”ဒီရွိတဲ့ မဆလာနဲ႔ လုပ္လိုက္ရင္လဲ ရသားပဲ ဥစၥာ ၊ ထပ္ေဖာ္ေနဖို႔မလိုပါဘူး အေဖရာ..”အေဖျဖစ္သူက လက္က်န္မဆလာေလးနဲ႔လုပ္လိုက္ရင္ သူတို႔ေဆာက္ေသာ အုတ္တံတိုင္းမွာ ခိုင္မွာမဟုတ္ဟု သားျဖစ္သူအား ရွင္းျပလိုက္ျပန္သည္။သားကထပ္ေျပာလိုက္ျပန္သည္..”အေဖကလည္း ေႏွာက္ႏွစ္ေတြၾကာလာတဲ့အခါက်ရင္ ဒီအုတ္တစ္ခ်ပ္မွာ မဆလာ နည္းေနတာကို ဘယ္သူက သိမွာလဲ..”‘လူႏွစ္ေယာက္ေတာ့ သိလိမ့္မယ္ ငါ့သား..သူတို႔ရွက္လြန္းလို႔ ေသေတာင္ သြားႏိုင္တယ္””အဲဒီလူႏွစ္ေယာက္က ဘယ္သူလဲ အေဖ. . . “”မင္းနဲ႔ငါေပါ့ကြ”သင္ခန္းစာေလးကေတာ့ ဘယ္အလုပ္မဆို ေစတနာထားလုပ္ပါ။ ေစတနာသည္သာ ကံတရားပါ။ ႐ိုးသားႀကိဳးစားစြာနဲ႔ ဘဝကို ႐ိုး႐ိုးရွင္းရွင္းျဖတ္သန္းပါ။