စကားကြီး (၃) ခွန်း

တခါတုန်းက.မြို့လေးတစ်မြို့မှာ လက်သမားဆရာ အဘိုးအို တစ်ဦး ရှိသတဲ့။သူ့မှာ သား လေးဦး ရှိတယ်။ရိုးသားစွာ လုပ်ကိုင်စားသောက်ကြတာပေါ့။ဒီလိုနဲ့.. တစ်နေ့ အဘိုးအို နေထိုင်မကောင်း ဖြစ်ပြီးသေလုသေခင် အခြေအနေမှာ သူ့သား လေးယောက်ကို ခေါ်ပြီး ငါ့သားတို့.. အဖေ့မှာ မင်းတို့ မသိသေးတဲ့ အဖိုးတန်ဥစ္စာရတနာတွေ ရှိတယ်။ ဒါတွေမြုပ်ထားတဲ့ နေရာကိုမင်းတို့ကို သဲလွန်စ ပေးခဲ့မယ်။ဉာဏ်ရှိသူယူကြ ငါ့အတွက် ဒီအရာတွေဟာ တစ်သက်လုံးကြိုးစားရှာခဲ့ရတာပါ။သုံးစွဲဖို့ အချိန်တော့ မရလိုက်ဖူးကွာ..ဒီတော့ မင်းတို့ ယူကြချေ သေချာလိုက်မှတ် ဆိုပြီး..”လောကမှာ အင်အားအကြီးဆုံးသူ၏ တစ်နေ့နှစ်ကြိမ် ဦးညွှတ်မှု့ကို ခံယူပါ။” “ပျားရည်ထက် ချိုမြိန်သော ထမင်းကို စားပါ။” “ငှက်မွေးထက် နူးညံ့သော အိပ်ယာတွင် အိပ်ပါ။”ဆိုတဲ့ စကားကြီး (၃)ခွန်းကို မှာကြားပြီး သေဆုံးသွားပါတယ်။အဖိုးအိုရဲ့ ဈာ ပနကို ညီအစ်ကို လေးယောက်ဟာဝမ်းနည်းစွာနဲ့ သင်္ဂြိုဟ်ပြီးတော့ အဲ့သင်္ချိုင်း မှာပဲအချင်းချင်း တိုင်ပင်ကြပြီး သူတို့ ပြောခဲ့တဲ့ စကားသုံးခွန်းရဲ့ အဓိပ္ပါယ်ကို ရှာဖွေကြဖို့ အသီးသီး လမ်းခွဲခဲ့ကြတယ်။နောင်ဆယ်နှစ်ကြာရင် ဒီနေရာမှာပဲ ပြန်ဆုံကြမယ်လို့ ဂတိကဝတ်ပြုကြပြီးပေါ့။ဒီလိုနဲ့ ဆယ်နှစ်ပြည့်မြောက်တဲ့ အချိန်မှာ သူတို့ ချိန်းဆိုထားတဲ့ နေရာကို ရောက်ခဲ့ကြတယ်။ပထမဆုံး သားက – သူဟာ ယခု ကျွမ်းကျင်တဲ့ဆင်ဦးစီး တစ်ဦး ဖြစ်နေကြောင်း။ လောကတွင်အင်အားအကြီးဆုံး မှာ ဆင်ပင်ဖြစ်၍ သူ့ဆင်များအားနေ့စဉ် သူ့ကို နှစ်ကြိမ်စီ ဦးညွှတ်စေကြောင်း ။သို့သော် အခြားဟာများ ကိုမူ မသိ၍ ယခုထိ ဘာမှ ဖြစ်မလာသေးကြောင်း.. ပြောပါတယ်။ ဒုတိယ သားက – ယခုသူဟာလည်း နာမည်ရစာဖိုမှုး တစ်ဦး ဖြစ်နေကြောင်း။ ပျားရည်ထက် ချိုသောထမင်းတော့ မသိ ၊ နေ့စဉ် ပျားရည်နဲ့ ပေါင်းထားတဲ့ထမင်းကို စားနေကြောင်း၊သူများကိုလည်း ရောင်းကြောင်း။သို့သော် အခြားဟာများ ကိုမူ မသိ၍ ယခုထိ ဘာမှ ဖြစ်မလာသေးကြောင်း..ပြောပါတယ်။တ တိယ သားက – သူသည်လည်း အတော်တက်ကျွမ်းသော အပ်ချုပ်သည် တစ်ဦး ဖြစ်နေပြီ ဖြစ်ကြောင်း။ နေရာဒေသ အသီးသီးမှ သူချုပ်လုပ်သောငှက်မွေး မွေ့ရာများကို ဝယ်ယူနေကြကြောင်း။ ကိုယ်တိုင်လည်း နေ့စဉ် အိပ်နေကြောင်း။သို့သော် အခြားဟာများ ကို မသိ၍ ယခုထိ ဘာမှ ဖြစ်မလာသေးကြောင်း..ပြောပါတယ်။ဒီအချိန်မှာ သူတို့အနားကို မြင်းဖြူ ကြီး ရှစ်ကောင်ဆွဲထားတဲ့ရထားကြီး တစ်စီးဆိုက်လာပြီး ခန့်ညားစွာ ဝတ်ဆင်ထားတဲ့ ရထားမှူး တစ်ဦး ဆင်းလာကာ၊သူဌေးကြီး ဦးဇောတိကမှ ဖိတ်ကြားလိုက်ကြောင်းပြောလေရာ၊ ညီအကို သုံးယောက်သား ဇဝေဇဝါ ဖြင့်တက်လိုက်သွားကြပါရော။မြို့ထဲက နန်းတော်ကြီးလို တိုက်အိမ် အဖြူ ကြီးကိုရောက်တော့ အိမ်တော်ထိမ်းတွေကသူတို့ကို ဧည့်ခန်းကျယ်ကြီးထဲ ဖိတ်ပြီး သူဌေးမင်း ကြွလာပါတော့မယ် လို့ဆို၍စံအိမ်ကြီး၏ ခန်းနားထည်ဝါပုံကို အချင်းချင်း ပြော ဆိုနေကြရင်း..လှေခါးကြီးဆီက လူတစ်ဦး ဆင်းလာပါတယ်..ပြီးတော့ သူတို့ အားလုံး ကို ဝမ်းပန်းတသာနဲ့ ..ပြေးဖက်တော့မှ.. သူတို့ညီငယ် ဖြစ်နေမှန်းသိကြပြီး..ညီအကိုတွေ ဝမ်းပမ်းတသာ နှုတ်ဆက်ကြပါရောတဲ့..ငါ့ညီ မင်းဒီလောက် ချမ်းသာပြီးကျမ်းမာနုပျိုနေပုံထောက်ရင်.. ကြည့်ရတာ အဖေပေး ခဲ့တဲ့ ရတနာ ပစ္စည်းတွေရခဲ့ပြီထင်ပ..တို့မရပေမယ့် ငါ့ညီလေး ရတော့လည်းဝမ်းမြောက် ပါတယ်ကွာ..ဘယ်လို ဘယ် နည်းနဲ့ ရတယ်ဆိုတာ တို့များပြောစမ်းပါဦး..လို့ဆိုလာတော့..စတုတ္ထသားက – ဟုတ်ပါတယ် အကိုတို့..အဖေ့ပေးတဲ့ ရတနာတွေကို ကျွန်တော် ရလိုက်ပါပြီ။အဲ့တာတွေဟာ.. ပစ္စည်းဥစ္စာတွေ လည်းမဟုတ်ရပါဘူး .. ဘယ်တော့မှ သုံးမကုန်တဲ့ .. အတွေးအခေါ် ..ကျင့်စဉ်တွေသာပါ။ဒါ့ကြောင့်.. အကိုတို့ကိုလည်း ဝေမျှပေးပါရစေ..နားထောင်ကြပါတော့..ဆိုပြီးတစ်ခုခြင်းဆီ ရှင်းပြပါတော့တယ်။ (၁)”လောကမှာ အင်အားအကြီးဆုံးသူ၏တစ်နေ့နှစ်ကြိမ် ဦးညွှတ်မှု့ကို ခံယူပါ။”ဒီစကားရဲ့ အဓိပ္ပါယ်လေးက ဒီလိုပါ၊ လောကမှာ အင်အားအကြီးဆုံး ဆိုတာ နေမင်းကြီးပါပဲ။ ဒါ့ကြောင့် သူ့ရဲ့ ဦးညွှတ်မှု့ကို ခံယူဖို့ ကျွန်တော်ဟာနေ့စဉ် နေမထွက်မီ အိပ်ရာမှထပါတယ်။ ပစ္စည်းဥစ္စာ အရင်းအနှီး မပြည့်စုံသေးတော့ ဒီမြို့မှာပဲ အဖေသင်ပေးခဲ့တဲ့ လက်သမားပညာနဲ့ ရနိုင်တဲ့ အလုပ်တွေ အကုန်ဝင်လုပ်ပါတယ်။ကျွန်တော့်ရဲ့ ဝီရိယနဲ့ ကြိုး စားအားထုတ်မှု့ကို မြင်လာတဲ့ သူဌေးတွေ၊ အလုပ်အပ်သူတွေက၊ တဖြည်းဖြည်း သဘောကျ ရာကနေ ကျွန်တော် အလုပ်အတော်များများ လက်ခံလာရပါရော။နောက် နေမင်းရဲ့ ဦးညွှတ်မှု့ကို ဒုတိယအကြိမ် ခံယူတဲ့အနေနဲ့ နေမဝင်မချင်း ကျွန်တော် အလုပ်ကိုကြိုးစားလုပ်ကိုင်ပါတယ်။ မည်သည့်အလုပ်မဆိုမိမိအလုပ်လို့ ခံယူပြီး ရတနာသိုက်ကို ရအောင်နေ့စဉ်နေ့တိုင်း တစ်ရက်မပျက် ကျွန်တော် ကြိုးစားလာရာမှာ လေးငါးနှစ်အတွင်းမှာဒီမြို့က အများလေးစားရတဲ့ သူဌေး တစ်ဦးဖြစ်လာရပါတော့တယ်။ပစ္စည်းဥစ္စာ ပြည့်စုံ လာတဲ့ နောက်ပိုင်းလည်းဒီကျင့်ဝတ်လေးကို ကျွန်တော် မဖျက်ခဲ့ပါဘူး။နေ့စဉ် နေမထွက်ခင် ထပြီးတော့ ကျွန်တော့်လုပ်ငန်းဆောင်တာတွေကို အားတက်သ ရောစီမံနေတဲ့အတွက် တပည့်ငယ်သားတွေကလည်းအားကျ လေးစား ချစ်ခင်လာပြီး မခိုမကပ် ရဲတော့ပဲအားလုံးတက်ညီ လက်ညီ ဝိုင်းကြိုးစားကြတာမှာစည်းစိမ်ဥစ္စာတွေက ဒီရေအလား တရိပ်ရိပ် တက်လာနေတာ အခုထိပဲ ဆိုပါတော့ အကိုတို့ပြည့်စုံလာပြီးတော့ အနားယူမယ်ဆိုတဲ့ နေ့တွေမှာတောင်ကျွန်တော် ဒီကျင့်စဉ်လေးကို မဖျက်ခဲ့ပါဘူး။နေ့စဉ် ထမြဲထပါတယ် မိသားစုနဲ့ အချိန်ပေးပါတယ်၊ အများအကျိုး လိုက် လံဆောင်ရွက်ပါတယ်၊ လူငယ်တွေ ကို ဒီအကြောင်းလေးတွေ ပြောပြ သင်ပေးရင်း တစ်နေ့တာကို ကုန်ဆုံးစေခဲ့ပါတယ်။”လောကမှာ အင်အားအကြီးဆုံးသူ၏တစ်နေ့ နှစ်ကြိမ် ဦးညွှတ်မှု့ကို ခံယူပါ။”ဆိုတာ ဒါပါပဲ။ ချမ်းသာစေကြောင်းပေါ့။

(၂)”ပျားရည်ထက် ချိုမြိန်သော ထမင်းကို စားပါ။”ဒီစကားကတော့..ကျွန်တော်တို့တွေ နေ့စဉ် စားကောင်းသောက်ဖွယ်တွေကိုနေရာမျိုးစုံ မှာ ပုံစံမျိုးစုံနဲ့ လိုက်လံရှာဖွေ စားသောက် နေကြတက်ပါတယ်။ဒါပေမယ့် တစ်ခါတရံ ဘာမဟုတ်တာလေးနဲ့ကိုမြိန်ရှက်စွာ စားဖူးကြပါလိမ့်မယ်။ကျွန်တော် နေ့စဉ် အလုပ်ကို ကြိုးစား လုပ်ကိုင်ရင်းထမင်းစားချိန်ဆို ပင်ပန်းပြီး ဘာမှမဟုတ်တဲ့ ဟင်းလေးတွေနဲ့တင် ထမင်းစားလို့ အရမ်းမြိန်ပါတယ်။အကိုတို့လည်း ပင်ပင်ပန်းပန်း အလုပ်လုပ်ကိုင် ထားချိန်ဆိုထမင်းစားမြိန်ကြဖူးမယ် ထင်ပါတယ်။ ကိုယ့်အတွက် အဟာရဖြစ်ဖို့ ပဲဦးတည်ပြီး အစားအသောက် နောက်ကို မလိုက်တော့တဲ့ အတွက် ကျွန်တော် ဘာစားစား မြိန်ရှက်စွာနဲ့ စားသုံးခွင့် ရပါတော့တယ်။ဒီတော့ ကျွန်တော့်ဝင်ငွေကလည်း များစွာယုတ်လျှော့မသွားတော့ပဲ အထိုက်အလျှောက် ချွေတာနိုင်လာခဲ့ ပါတယ်။စည်းစိမ်ချမ်းသာတွေ ပိုင်ဆိုင်လာပြီး နောက်မှာလည်းထမင်းတစ်လုပ်အတွက် ပင်ပန်းစွာ မရှာဖွေရတော့တဲ့ နောက် ကျွန်တော် ထမင်းစားမြိန်အောင် အမြဲကိုယ်လက်လှုပ်ရှား လုပ်ပြီးအားကစားတွေ မြင်းစီးတာတွေနဲ့ မိမိကိုယ်ကို လေ့ကျင့်ပြီး မောမောပန်းပန်းနဲ့ ထမင်းဟင်းကို မြိန်ရည်ရှက်ရေစားတာကို အကျင့်လုပ်ပေးခဲ့တာပေါ့။ချမ်းသာလာတဲ့နောက် အစာအသောက်အတွက် သုံးစွဲဖို့ ပူစရာမလိုတော့ပေမယ့် ဘယ်တော့မှ ကျွန်တော် လိုတာထက်ပိုမစားခဲ့ပါဘူး။ မိသားစု ဝင်တွေကိုလည်း အမြဲကိုယ်စားနိုင်သလောက်သာ ချက်ကြဖို့နဲ့ စားသလောက်အလုပ်လုပ်ကိုင် နေဖို့ အမြဲ ဆုံးမပေး ခဲ့ပါတယ်။အစားအသောက်ကို ကပ်စီးနည်း ခိုင်းတာ မဟုတ်ပဲကိုယ်စားဖို့အတွက် တပင်တပန်းနဲ့ ထွန်ယက် စိုက်ပျိုးထားတဲ့ ဆန်အတွက် လယ်သမားကြီးတွေရဲ့လုပ်အား ခွန်အား တွေကို အမှိုက်ပုံးထဲ အဓိပ္ပါယ် မရှိမကုန်ဆုံးသွားကြစေဖို့ပါ။ဒါကြောင့် နေ့စဉ် ကျွန် တော်ဟာ ပျားရည်ထက် ချိုမြိန်တဲ့ထမင်းကို စားနိုင်ဖို့ အားတက်သရော ကြိုးစား လုပ်ဆောင်နေတာကြောင့် အခုလို ကျမ်းမာ ရွှင်လမ်းမှု့ကို အမြဲ ခံစားနေရတာပေါ့။”ပျားရည်ထက် ချိုမြိန်သော ထမင်းကို စားပါ”ဆိုတာ ဒါကို ဆိုလိုတာပါ။ ကျမ်းမာရေးအတွက်ပေါ့။(၃)”ငှက်မွေးထက် နူးညံ့သော အိပ်ယာတွင် အိပ်ပါ။”ဒီစကားလေးက နောက်ဆုံးပါပဲ။အရေးလည်း အကြီးဆုံးပေါ့..ကြီးပွားအောင် ကြိုးစားနေချိန်မှာ..ဒီစ ကားက သိပ်အရေးပါပါတယ်။ကျွန်တော် တစ်နေ့တာ ပင်ပင်ပန်းပန်းနဲ့ အလုပ်တွေတစ်နေကုန် ကျိုးစားပြီး အိပ်ရာထက်ကို ရောက်လိုက်လို့နဖူးပေါ် လက်တင် ပြီး ဒီကနေ့ ငါ့ဘဝအတွက်ဘာတွေ ကြိုးစားခဲ့လဲ ဆိုပြီး အမြဲတွေးပါတယ်။ဒီတစ်နေ့အတွက် လုပ်သင့်တဲ့ အလုပ်မှန်သမျှ ပြီးအောင် လုပ်ခဲ့တယ်၊ဘဝအတွက် ဥစ္စာ၊ ပညာ၊ သို့မဟုတ် ထိုက်သင့်တဲ့အရာ တစ်ခုခု ရခဲ့တယ် လို့လည်း သိရပြီ ဆိုတာနဲ့တောင် တောင်အီအီ တောင် မစဉ်းစား နိုင်တော့ပဲတုံးကနဲ အိပ်ပျော် သွားရပါတယ်၊လုပ်စရာရှိတာ လုပ်သင့်တာ တွေလည်းလုပ်ပြီးပြီ ၊ နေ့စဉ် မခိုမကပ်ပဲ အားကျိုးမာန်တက် ပင်ပင်ပန်းပန်း လုပ်ထား တဲ့အတွက်၊ ညဖက် ကျွန်တော့်မှာ အိပ်မရတာ အိပ်မပျော်တာ မရှိပဲ၊ ခေါင်းချလိုက်တာနဲ့ဘယ်လောက်မာကြောတဲ့ ကြမ်းပြင်ပဲ ဖြစ်စေကာမူငှက်မွေးထက် နူးညံ့နေရပါတော့တယ်။အကိုတို့လည်း ပင်ပန်းပြီး ဒုက္ခမရှိတဲ့ အခိုက် ညဖက် အိပ်ရာပေါ် လှဲလိုက်ရင် အဲ့လိုခံစားမှု့မျိုး ခံစားမိမှာပါ။ပြည့်စုံလာပြီး နောက်ပိုင်းလဲ..နေ့စဉ် ပြုသင့် ပြုထိုက်တဲ့ ပြုဖွယ် မှန်သမျှအမြဲပြုခဲ့ပါတယ်။ကျွန်တော် ကူညီနိုင်သမျှ လူတွေကို ကူညီတယ်။မကူညီနိုင်တဲ့ သူတွေကိုလည်း နားလည်အောင် ငြင်းလွှတ်တယ်။ သူတို့အပူ အဟပ်မခံစေဘူး။ပတ်ဝန်းကျင်နဲ့ အလိုက်အထိုက်နေတယ်သူတို့နောက် မလိုက်နိုင်တော့ရင်ကိုယ့်ဖာ့ကိုယ် နေရစ်တယ်။ဝမ်းသာသင့်ရင် ဝမ်းသာလိုက်တယ်၊ဝမ်းနည်းသင့်ရင်ဝမ်းနည်းမိတယ်၊အကြွေးမထားဘူး၊ ဟန်မလုပ်တော့ဘူး၊မိသားစုတွေ၊မိတ်ဆွေတွေ၊ လူငယ်လူရွယ်လေးတွေကိုကောင်းတာလုပ်ကြဖို့ တိုက်တွန်းတယ် လုပ်ကြပြီဆို ကောင်းကြောင်း ထုတ်ပြောတယ်၊ ဆက်လုပ်သွားကြဖို့ အားပေးတယ်၊ မကောင်းတာ ဆိုလည်း ဒီလိုပဲပေါ့။ဒီတော့..ညအိပ်ရာဝင်လို့… နဖူးပေါ် လက်တင်..စဉ်းစားလိုက်ပြီ ဆိုတာနဲ့ .. နောင်တရစရာပြန်ပြင်ချင်စရာ ၊ ယူကြုံး မရတာ ..ဘာတစ်ခု မခံစားရတော့ပဲ။မိမိကိုယ်ကိုယ် ကျေနပ်စွာနဲ့ ..နေ့တစ်နေ့ရဲ့ .. နောက်ဆုံးအချိန်ကို..စိတ်လက် ကြည်နူး ပေါ့ပါးစွာပဲငှက်မွေးထက် ..နူးညံ့သော..မွေ့ရာ ထက်မှာအိပ်စက် ကုန်ဆုံးနိုင်ခွင့် နေ့စဉ်.. ရပါတော့တယ်။

Credit – Zwal Dika

[zawgyi]

တခါတုန္းက.ၿမိဳ႕ေလးတစ္ၿမိဳ႕မွာ လက္သမားဆရာ အဘိုးအို တစ္ဦး ရွိသတဲ့။သူ႔မွာ သား ေလးဦး ရွိတယ္။႐ိုးသားစြာ လုပ္ကိုင္စားေသာက္ၾကတာေပါ့။ဒီလိုနဲ႔.. တစ္ေန႔ အဘိုးအို ေနထိုင္မေကာင္း ျဖစ္ၿပီးေသလုေသခင္ အေျခအေနမွာ သူ႔သား ေလးေယာက္ကို ေခၚၿပီး ငါ့သားတို႔.. အေဖ့မွာ မင္းတို႔ မသိေသးတဲ့ အဖိုးတန္ဥစၥာရတနာေတြ ရွိတယ္။ ဒါေတြျမဳပ္ထားတဲ့ ေနရာကိုမင္းတို႔ကို သဲလြန္စ ေပးခဲ့မယ္။ဉာဏ္ရွိသူယူၾက ငါ့အတြက္ ဒီအရာေတြဟာ တစ္သက္လုံးႀကိဳးစားရွာခဲ့ရတာပါ။သုံးစြဲဖို႔ အခ်ိန္ေတာ့ မရလိုက္ဖူးကြာ..ဒီေတာ့ မင္းတို႔ ယူၾကေခ် ေသခ်ာလိုက္မွတ္ ဆိုၿပီး..”ေလာကမွာ အင္အားအႀကီးဆုံးသူ၏ တစ္ေန႔ႏွစ္ႀကိမ္ ဦးၫႊတ္မႈ႕ကို ခံယူပါ။” “ပ်ားရည္ထက္ ခ်ိဳၿမိန္ေသာ ထမင္းကို စားပါ။” “ငွက္ေမြးထက္ ႏူးညံ့ေသာ အိပ္ယာတြင္ အိပ္ပါ။”ဆိုတဲ့ စကားႀကီး (၃)ခြန္းကို မွာၾကားၿပီး ေသဆုံးသြားပါတယ္။အဖိုးအိုရဲ႕ ဈာ ပနကို ညီအစ္ကို ေလးေယာက္ဟာဝမ္းနည္းစြာနဲ႔ သၿဂႋဳဟ္ၿပီးေတာ့ အဲ့သခ်ႋဳင္း မွာပဲအခ်င္းခ်င္း တိုင္ပင္ၾကၿပီး သူတို႔ ေျပာခဲ့တဲ့ စကားသုံးခြန္းရဲ႕ အဓိပၸါယ္ကို ရွာေဖြၾကဖို႔ အသီးသီး လမ္းခြဲခဲ့ၾကတယ္။ေနာင္ဆယ္ႏွစ္ၾကာရင္ ဒီေနရာမွာပဲ ျပန္ဆုံၾကမယ္လို႔ ဂတိကဝတ္ျပဳၾကၿပီးေပါ့။ဒီလိုနဲ႔ ဆယ္ႏွစ္ျပည့္ေျမာက္တဲ့ အခ်ိန္မွာ သူတို႔ ခ်ိန္းဆိုထားတဲ့ ေနရာကို ေရာက္ခဲ့ၾကတယ္။ပထမဆုံး သားက – သူဟာ ယခု ကြၽမ္းက်င္တဲ့ဆင္ဦးစီး တစ္ဦး ျဖစ္ေနေၾကာင္း။ ေလာကတြင္အင္အားအႀကီးဆုံး မွာ ဆင္ပင္ျဖစ္၍ သူ႔ဆင္မ်ားအားေန႔စဥ္ သူ႔ကို ႏွစ္ႀကိမ္စီ ဦးၫႊတ္ေစေၾကာင္း ။သို႔ေသာ္ အျခားဟာမ်ား ကိုမူ မသိ၍ ယခုထိ ဘာမွ ျဖစ္မလာေသးေၾကာင္း.. ေျပာပါတယ္။ ဒုတိယ သားက – ယခုသူဟာလည္း နာမည္ရစာဖိုမႈး တစ္ဦး ျဖစ္ေနေၾကာင္း။ ပ်ားရည္ထက္ ခ်ိဳေသာထမင္းေတာ့ မသိ ၊ ေန႔စဥ္ ပ်ားရည္နဲ႔ ေပါင္းထားတဲ့ထမင္းကို စားေနေၾကာင္း၊သူမ်ားကိုလည္း ေရာင္းေၾကာင္း။သို႔ေသာ္ အျခားဟာမ်ား ကိုမူ မသိ၍ ယခုထိ ဘာမွ ျဖစ္မလာေသးေၾကာင္း..ေျပာပါတယ္။တ တိယ သားက – သူသည္လည္း အေတာ္တက္ကြၽမ္းေသာ အပ္ခ်ဳပ္သည္ တစ္ဦး ျဖစ္ေနၿပီ ျဖစ္ေၾကာင္း။ ေနရာေဒသ အသီးသီးမွ သူခ်ဳပ္လုပ္ေသာငွက္ေမြး ေမြ႕ရာမ်ားကို ဝယ္ယူေနၾကေၾကာင္း။ ကိုယ္တိုင္လည္း ေန႔စဥ္ အိပ္ေနေၾကာင္း။သို႔ေသာ္ အျခားဟာမ်ား ကို မသိ၍ ယခုထိ ဘာမွ ျဖစ္မလာေသးေၾကာင္း..ေျပာပါတယ္။ဒီအခ်ိန္မွာ သူတို႔အနားကို ျမင္းျဖဴ ႀကီး ရွစ္ေကာင္ဆြဲထားတဲ့ရထားႀကီး တစ္စီးဆိုက္လာၿပီး ခန႔္ညားစြာ ဝတ္ဆင္ထားတဲ့ ရထားမႉး တစ္ဦး ဆင္းလာကာ၊သူေဌးႀကီး ဦးေဇာတိကမွ ဖိတ္ၾကားလိုက္ေၾကာင္းေျပာေလရာ၊ ညီအကို သုံးေယာက္သား ဇေဝဇဝါ ျဖင့္တက္လိုက္သြားၾကပါေရာ။ၿမိဳ႕ထဲက နန္းေတာ္ႀကီးလို တိုက္အိမ္ အျဖဴ ႀကီးကိုေရာက္ေတာ့ အိမ္ေတာ္ထိမ္းေတြကသူတို႔ကို ဧည့္ခန္းက်ယ္ႀကီးထဲ ဖိတ္ၿပီး သူေဌးမင္း ႂကြလာပါေတာ့မယ္ လို႔ဆို၍စံအိမ္ႀကီး၏ ခန္းနားထည္ဝါပုံကို အခ်င္းခ်င္း ေျပာ ဆိုေနၾကရင္း..ေလွခါးႀကီးဆီက လူတစ္ဦး ဆင္းလာပါတယ္..ၿပီးေတာ့ သူတို႔ အားလုံး ကို ဝမ္းပန္းတသာနဲ႔ ..ေျပးဖက္ေတာ့မွ.. သူတို႔ညီငယ္ ျဖစ္ေနမွန္းသိၾကၿပီး..ညီအကိုေတြ ဝမ္းပမ္းတသာ ႏႈတ္ဆက္ၾကပါေရာတဲ့..ငါ့ညီ မင္းဒီေလာက္ ခ်မ္းသာၿပီးက်မ္းမာႏုပ်ိဳေနပုံေထာက္ရင္.. ၾကည့္ရတာ အေဖေပး ခဲ့တဲ့ ရတနာ ပစၥည္းေတြရခဲ့ၿပီထင္ပ..တို႔မရေပမယ့္ ငါ့ညီေလး ရေတာ့လည္းဝမ္းေျမာက္ ပါတယ္ကြာ..ဘယ္လို ဘယ္ နည္းနဲ႔ ရတယ္ဆိုတာ တို႔မ်ားေျပာစမ္းပါဦး..လို႔ဆိုလာေတာ့..စတုတၳသားက – ဟုတ္ပါတယ္ အကိုတို႔..အေဖ့ေပးတဲ့ ရတနာေတြကို ကြၽန္ေတာ္ ရလိုက္ပါၿပီ။အဲ့တာေတြဟာ.. ပစၥည္းဥစၥာေတြ လည္းမဟုတ္ရပါဘူး .. ဘယ္ေတာ့မွ သုံးမကုန္တဲ့ .. အေတြးအေခၚ ..က်င့္စဥ္ေတြသာပါ။ဒါ့ေၾကာင့္.. အကိုတို႔ကိုလည္း ေဝမွ်ေပးပါရေစ..နားေထာင္ၾကပါေတာ့..ဆိုၿပီးတစ္ခုျခင္းဆီ ရွင္းျပပါေတာ့တယ္။ (၁)”ေလာကမွာ အင္အားအႀကီးဆုံးသူ၏တစ္ေန႔ႏွစ္ႀကိမ္ ဦးၫႊတ္မႈ႕ကို ခံယူပါ။”ဒီစကားရဲ႕ အဓိပၸါယ္ေလးက ဒီလိုပါ၊ ေလာကမွာ အင္အားအႀကီးဆုံး ဆိုတာ ေနမင္းႀကီးပါပဲ။ ဒါ့ေၾကာင့္ သူ႔ရဲ႕ ဦးၫႊတ္မႈ႕ကို ခံယူဖို႔ ကြၽန္ေတာ္ဟာေန႔စဥ္ ေနမထြက္မီ အိပ္ရာမွထပါတယ္။ ပစၥည္းဥစၥာ အရင္းအႏွီး မျပည့္စုံေသးေတာ့ ဒီၿမိဳ႕မွာပဲ အေဖသင္ေပးခဲ့တဲ့ လက္သမားပညာနဲ႔ ရႏိုင္တဲ့ အလုပ္ေတြ အကုန္ဝင္လုပ္ပါတယ္။ကြၽန္ေတာ့္ရဲ႕ ဝီရိယနဲ႔ ႀကိဳး စားအားထုတ္မႈ႕ကို ျမင္လာတဲ့ သူေဌးေတြ၊ အလုပ္အပ္သူေတြက၊ တျဖည္းျဖည္း သေဘာက် ရာကေန ကြၽန္ေတာ္ အလုပ္အေတာ္မ်ားမ်ား လက္ခံလာရပါေရာ။ေနာက္ ေနမင္းရဲ႕ ဦးၫႊတ္မႈ႕ကို ဒုတိယအႀကိမ္ ခံယူတဲ့အေနနဲ႔ ေနမဝင္မခ်င္း ကြၽန္ေတာ္ အလုပ္ကိုႀကိဳးစားလုပ္ကိုင္ပါတယ္။ မည္သည့္အလုပ္မဆိုမိမိအလုပ္လို႔ ခံယူၿပီး ရတနာသိုက္ကို ရေအာင္ေန႔စဥ္ေန႔တိုင္း တစ္ရက္မပ်က္ ကြၽန္ေတာ္ ႀကိဳးစားလာရာမွာ ေလးငါးႏွစ္အတြင္းမွာဒီၿမိဳ႕က အမ်ားေလးစားရတဲ့ သူေဌး တစ္ဦးျဖစ္လာရပါေတာ့တယ္။ပစၥည္းဥစၥာ ျပည့္စုံ လာတဲ့ ေနာက္ပိုင္းလည္းဒီက်င့္ဝတ္ေလးကို ကြၽန္ေတာ္ မဖ်က္ခဲ့ပါဘူး။ေန႔စဥ္ ေနမထြက္ခင္ ထၿပီးေတာ့ ကြၽန္ေတာ့္လုပ္ငန္းေဆာင္တာေတြကို အားတက္သ ေရာစီမံေနတဲ့အတြက္ တပည့္ငယ္သားေတြကလည္းအားက် ေလးစား ခ်စ္ခင္လာၿပီး မခိုမကပ္ ရဲေတာ့ပဲအားလုံးတက္ညီ လက္ညီ ဝိုင္းႀကိဳးစားၾကတာမွာစည္းစိမ္ဥစၥာေတြက ဒီေရအလား တရိပ္ရိပ္ တက္လာေနတာ အခုထိပဲ ဆိုပါေတာ့ အကိုတို႔ျပည့္စုံလာၿပီးေတာ့ အနားယူမယ္ဆိုတဲ့ ေန႔ေတြမွာေတာင္ကြၽန္ေတာ္ ဒီက်င့္စဥ္ေလးကို မဖ်က္ခဲ့ပါဘူး။ေန႔စဥ္ ထၿမဲထပါတယ္ မိသားစုနဲ႔ အခ်ိန္ေပးပါတယ္၊ အမ်ားအက်ိဳး လိုက္ လံေဆာင္႐ြက္ပါတယ္၊ လူငယ္ေတြ ကို ဒီအေၾကာင္းေလးေတြ ေျပာျပ သင္ေပးရင္း တစ္ေန႔တာကို ကုန္ဆုံးေစခဲ့ပါတယ္။”ေလာကမွာ အင္အားအႀကီးဆုံးသူ၏တစ္ေန႔ ႏွစ္ႀကိမ္ ဦးၫႊတ္မႈ႕ကို ခံယူပါ။”ဆိုတာ ဒါပါပဲ။ ခ်မ္းသာေစေၾကာင္းေပါ့။(၂)”ပ်ားရည္ထက္ ခ်ိဳၿမိန္ေသာ ထမင္းကို စားပါ။”ဒီစကားကေတာ့..ကြၽန္ေတာ္တို႔ေတြ ေန႔စဥ္ စားေကာင္းေသာက္ဖြယ္ေတြကိုေနရာမ်ိဳးစုံ မွာ ပုံစံမ်ိဳးစုံနဲ႔ လိုက္လံရွာေဖြ စားေသာက္ ေနၾကတက္ပါတယ္။ဒါေပမယ့္ တစ္ခါတရံ ဘာမဟုတ္တာေလးနဲ႔ကိုၿမိန္ရွက္စြာ စားဖူးၾကပါလိမ့္မယ္။ကြၽန္ေတာ္ ေန႔စဥ္ အလုပ္ကို ႀကိဳးစား လုပ္ကိုင္ရင္းထမင္းစားခ်ိန္ဆို ပင္ပန္းၿပီး ဘာမွမဟုတ္တဲ့ ဟင္းေလးေတြနဲ႔တင္ ထမင္းစားလို႔ အရမ္းၿမိန္ပါတယ္။အကိုတို႔လည္း ပင္ပင္ပန္းပန္း အလုပ္လုပ္ကိုင္ ထားခ်ိန္ဆိုထမင္းစားၿမိန္ၾကဖူးမယ္ ထင္ပါတယ္။ ကိုယ့္အတြက္ အဟာရျဖစ္ဖို႔ ပဲဦးတည္ၿပီး အစားအေသာက္ ေနာက္ကို မလိုက္ေတာ့တဲ့ အတြက္ ကြၽန္ေတာ္ ဘာစားစား ၿမိန္ရွက္စြာနဲ႔ စားသုံးခြင့္ ရပါေတာ့တယ္။ဒီေတာ့ ကြၽန္ေတာ့္ဝင္ေငြကလည္း မ်ားစြာယုတ္ေလွ်ာ့မသြားေတာ့ပဲ အထိုက္အေလွ်ာက္ ေခြၽတာႏိုင္လာခဲ့ ပါတယ္။စည္းစိမ္ခ်မ္းသာေတြ ပိုင္ဆိုင္လာၿပီး ေနာက္မွာလည္းထမင္းတစ္လုပ္အတြက္ ပင္ပန္းစြာ မရွာေဖြရေတာ့တဲ့ ေနာက္ ကြၽန္ေတာ္ ထမင္းစားၿမိန္ေအာင္ အၿမဲကိုယ္လက္လႈပ္ရွား လုပ္ၿပီးအားကစားေတြ ျမင္းစီးတာေတြနဲ႔ မိမိကိုယ္ကို ေလ့က်င့္ၿပီး ေမာေမာပန္းပန္းနဲ႔ ထမင္းဟင္းကို ၿမိန္ရည္ရွက္ေရစားတာကို အက်င့္လုပ္ေပးခဲ့တာေပါ့။ခ်မ္းသာလာတဲ့ေနာက္ အစာအေသာက္အတြက္ သုံးစြဲဖို႔ ပူစရာမလိုေတာ့ေပမယ့္ ဘယ္ေတာ့မွ ကြၽန္ေတာ္ လိုတာထက္ပိုမစားခဲ့ပါဘူး။ မိသားစု ဝင္ေတြကိုလည္း အၿမဲကိုယ္စားႏိုင္သေလာက္သာ ခ်က္ၾကဖို႔နဲ႔ စားသေလာက္အလုပ္လုပ္ကိုင္ ေနဖို႔ အၿမဲ ဆုံးမေပး ခဲ့ပါတယ္။အစားအေသာက္ကို ကပ္စီးနည္း ခိုင္းတာ မဟုတ္ပဲကိုယ္စားဖို႔အတြက္ တပင္တပန္းနဲ႔ ထြန္ယက္ စိုက္ပ်ိဳးထားတဲ့ ဆန္အတြက္ လယ္သမားႀကီးေတြရဲ႕လုပ္အား ခြန္အား ေတြကို အမႈိက္ပုံးထဲ အဓိပၸါယ္ မရွိမကုန္ဆုံးသြားၾကေစဖို႔ပါ။ဒါေၾကာင့္ ေန႔စဥ္ ကြၽန္ ေတာ္ဟာ ပ်ားရည္ထက္ ခ်ိဳၿမိန္တဲ့ထမင္းကို စားႏိုင္ဖို႔ အားတက္သေရာ ႀကိဳးစား လုပ္ေဆာင္ေနတာေၾကာင့္ အခုလို က်မ္းမာ ႐ႊင္လမ္းမႈ႕ကို အၿမဲ ခံစားေနရတာေပါ့။”ပ်ားရည္ထက္ ခ်ိဳၿမိန္ေသာ ထမင္းကို စားပါ”ဆိုတာ ဒါကို ဆိုလိုတာပါ။ က်မ္းမာေရးအတြက္ေပါ့။(၃)”ငွက္ေမြးထက္ ႏူးညံ့ေသာ အိပ္ယာတြင္ အိပ္ပါ။”ဒီစကားေလးက ေနာက္ဆုံးပါပဲ။အေရးလည္း အႀကီးဆုံးေပါ့..ႀကီးပြားေအာင္ ႀကိဳးစားေနခ်ိန္မွာ..ဒီစ ကားက သိပ္အေရးပါပါတယ္။ကြၽန္ေတာ္ တစ္ေန႔တာ ပင္ပင္ပန္းပန္းနဲ႔ အလုပ္ေတြတစ္ေနကုန္ က်ိဳးစားၿပီး အိပ္ရာထက္ကို ေရာက္လိုက္လို႔နဖူးေပၚ လက္တင္ ၿပီး ဒီကေန႔ ငါ့ဘဝအတြက္ဘာေတြ ႀကိဳးစားခဲ့လဲ ဆိုၿပီး အၿမဲေတြးပါတယ္။ဒီတစ္ေန႔အတြက္ လုပ္သင့္တဲ့ အလုပ္မွန္သမွ် ၿပီးေအာင္ လုပ္ခဲ့တယ္၊ဘဝအတြက္ ဥစၥာ၊ ပညာ၊ သို႔မဟုတ္ ထိုက္သင့္တဲ့အရာ တစ္ခုခု ရခဲ့တယ္ လို႔လည္း သိရၿပီ ဆိုတာနဲ႔ေတာင္ ေတာင္အီအီ ေတာင္ မစဥ္းစား ႏိုင္ေတာ့ပဲတုံးကနဲ အိပ္ေပ်ာ္ သြားရပါတယ္၊လုပ္စရာရွိတာ လုပ္သင့္တာ ေတြလည္းလုပ္ၿပီးၿပီ ၊ ေန႔စဥ္ မခိုမကပ္ပဲ အားက်ိဳးမာန္တက္ ပင္ပင္ပန္းပန္း လုပ္ထား တဲ့အတြက္၊ ညဖက္ ကြၽန္ေတာ့္မွာ အိပ္မရတာ အိပ္မေပ်ာ္တာ မရွိပဲ၊ ေခါင္းခ်လိုက္တာနဲ႔ဘယ္ေလာက္မာေၾကာတဲ့ ၾကမ္းျပင္ပဲ ျဖစ္ေစကာမူငွက္ေမြးထက္ ႏူးညံ့ေနရပါေတာ့တယ္။အကိုတို႔လည္း ပင္ပန္းၿပီး ဒုကၡမရွိတဲ့ အခိုက္ ညဖက္ အိပ္ရာေပၚ လွဲလိုက္ရင္ အဲ့လိုခံစားမႈ႕မ်ိဳး ခံစားမိမွာပါ။ျပည့္စုံလာၿပီး ေနာက္ပိုင္းလဲ..ေန႔စဥ္ ျပဳသင့္ ျပဳထိုက္တဲ့ ျပဳဖြယ္ မွန္သမွ်အၿမဲျပဳခဲ့ပါတယ္။ကြၽန္ေတာ္ ကူညီႏိုင္သမွ် လူေတြကို ကူညီတယ္။မကူညီႏိုင္တဲ့ သူေတြကိုလည္း နားလည္ေအာင္ ျငင္းလႊတ္တယ္။ သူတို႔အပူ အဟပ္မခံေစဘူး။ပတ္ဝန္းက်င္နဲ႔ အလိုက္အထိုက္ေနတယ္သူတို႔ေနာက္ မလိုက္ႏိုင္ေတာ့ရင္ကိုယ့္ဖာ့ကိုယ္ ေနရစ္တယ္။ဝမ္းသာသင့္ရင္ ဝမ္းသာလိုက္တယ္၊ဝမ္းနည္းသင့္ရင္ဝမ္းနည္းမိတယ္၊အေႂကြးမထားဘူး၊ ဟန္မလုပ္ေတာ့ဘူး၊မိသားစုေတြ၊မိတ္ေဆြေတြ၊ လူငယ္လူ႐ြယ္ေလးေတြကိုေကာင္းတာလုပ္ၾကဖို႔ တိုက္တြန္းတယ္ လုပ္ၾကၿပီဆို ေကာင္းေၾကာင္း ထုတ္ေျပာတယ္၊ ဆက္လုပ္သြားၾကဖို႔ အားေပးတယ္၊ မေကာင္းတာ ဆိုလည္း ဒီလိုပဲေပါ့။ဒီေတာ့..ညအိပ္ရာဝင္လို႔… နဖူးေပၚ လက္တင္..စဥ္းစားလိုက္ၿပီ ဆိုတာနဲ႔ .. ေနာင္တရစရာျပန္ျပင္ခ်င္စရာ ၊ ယူႀကဳံး မရတာ ..ဘာတစ္ခု မခံစားရေတာ့ပဲ။မိမိကိုယ္ကိုယ္ ေက်နပ္စြာနဲ႔ ..ေန႔တစ္ေန႔ရဲ႕ .. ေနာက္ဆုံးအခ်ိန္ကို..စိတ္လက္ ၾကည္ႏူး ေပါ့ပါးစြာပဲငွက္ေမြးထက္ ..ႏူးညံ့ေသာ..ေမြ႕ရာ ထက္မွာအိပ္စက္ ကုန္ဆုံးႏိုင္ခြင့္ ေန႔စဥ္.. ရပါေတာ့တယ္။