ဝက်သားစားနိုင်ပြီလား..?

တစ်ခါတုန်းက ရွာတစ်ရွာမှာအလွန်ချစ်ခင်ကြသောကျော်နိုင်နှင့် မောင်မြင့်ဆိုသောငယ်သူငယ်ချင်းနှစ်ယောက်ရှိလေသည်။သူတို့နှစ်ဦးလုံးသည် တစ်နေ့လုပ်မှ တစ်နေ့စားရသော အခြေခံလက်လုပ်လက်စား လူတန်းစားများဖြစ်သဖြင့် ခက်ခဲပင်ပန်းစွာဖြင့် ဘဝကို ဖြတ်သန်းလာကြရလေသည်။အလုပ်ဆိုလျှင်လဲ ဘာအလုပ်ပဲဖြစ်ဖြစ် ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေကြရသူများ ဖြစ်လေသည်။တစ်ခါတစ်လေ အလုပ်ကလေးအဆင်ပြေလို့ ငွေလေးမဆိုသလောက်ရွှင်တဲ့အခါရှိသလို တစ်ခါတစ်လေလဲ အလုပ်မရှိ၍ ထမင်းပင် နပ်မမှန်ချေ။ထိုသို့ဖြင့် ဆောင်းရာသီအစတစ်ခုတွင် သူတို့သူငယ်ချင်းနှစ်ယောက်လုံးအိမ်ဆေါက်လေုပ်ရေးတစ်ခုတွင်လက်သမားအလုပ်ရလိုက်၍ ပုံမှန်ဝင်ငွေလေးဖြောင့်ပြီး စိုစိုပြေပြေလေးဖြစ်လာလေသည်။တစ်နေ့သောအခါ၌ သူငယ်ချင်းနှစ်ယောက်လုံး အလုပ်သိမ်းချိန်တွင် လုပ်အားခ ပိုက်ဆံထုတ်ပြီး အိမ်ပြန်လာခဲ့ကြရာ ဈေးလမ်းသို့ရောက်သောအခါ မောင်မြင့်သည် ဝက်သားအရမ်းစားချင်သည်ဟုဆိုကာ ဝက်သားငါးဆယ်သား ဝင်၍ဝယ်လေသည်။ တစ်ဆက်ထဲမှာပင် ကျော်နိုင်ကိုလဲ လှမ်းပြောလိုက်လေသည်။” ဟေ့ကောင်ကျော်နိုင်…မင်းလဲ ဝက်သားမြင်ရင် မနေနိုင်အောင်ကြိုက်တဲ့ကောင်ပဲ..ဝင်ငွေလေးကောင်းနေတုန်း မင်းအိမ်အတွက် ငါ့လိုဝယ်သွားလေကွာ..ပိုက်ဆံရှိတုန်းလေးစားရတာဟ..ဝင်ငွေမရှိတဲ့အချိန်ကြမှ စားချင်ပါတယ်အော်နေလို့ ဘယ်သူမှလာမကြွေးဘူး..ဝယ်လိုက်လေကွာ”မောင်မြင့်၏စကားကြားသောအခါ ကျော်နိုင်လဲ ပြုံးပြုံးလေးနှင့်ပင် ပြန်ပြောလိုက်လေသည်။” ငါ..ဝက်သား မစားနိုင်သေးပါဘူး သူငယ်ချင်းရယ်”ကျော်နိုင့်စကားကြားသောအခါ မောင်မြင့်မှာ အလိုမကျပဲ ကျော်နိုင်အား ပြစ်တင်စကားဆိုလေတော့သည်။” ဟ..ဘာလို့မစားနိုင်ရတာလဲ..မင်းနဲ့ငါက အလုပ်လဲအတူတူပဲ..ပိုက်ဆံရတာချင်းလဲ အတူတူပဲ..ငါတောင်ဝက်သားစားနိုင်သေးတာ မင်းကမစားနိုင်ဘူးဆိုတော့လဲ နေပေါ့ကွာ”ထိုသို့ဖြင့် နောင် နှစ်ပေါင်း၂၀ခန့်တွင် သစ်သီးပွဲရုံအဆေါက်ဦးတစ်ခု၏ရှေ့တွင် ညစောင့်တစ်ဦးအလိုရှိသည်ဆိုသောစာကိုတွေ့၍ အသက်၅၀အရွယ်ခန့်ရှိပြီဖြစ်တဲ့ လူတစ်ယောက် သည် ဝင်၍ အလုပ်လျှောက်လေသည်။

သူ့ရဲ့အလုပ်လျှောက်လွှာကို အလုပ်သမားခေါင်းမှတဆင့် သူဌေးဆီတင်ပို့လိုက်သောအခါ သူဌေးက ထိုလူကြီးကိုတွေ့ချင်ကြောင်းပြော၍ ခေါ်ခိုင်းလိုက်ရာ သူဌေးနှင့် ထိုလူကြီးတို့ တွေ့ဆုံကြသောအခါ..” လာ..သူငယ်ချင်း မောင်မြင့်..မင်းတောင်တော်တော်အိုစာသွားတာပဲကွ “” ဟင်. ကျော်နိုင်..သူဌေးမင်းက ကျနော့်သူငယ်ချင်း ကျော်နိုင်ဟုတ်ပါတယ်နော်”” ဟုတ်ပါတယ်ကွ..ငါ ကျော်နိုင်ပါကွာ..မင်းသူငယ်ချင်းကြီး ဝက်သားမစားနိုင်ခဲ့တဲ့ကျော်နိုင်ပါ…အဲဒီတုန်းက မင်းပြောခဲ့တယ်နော်..ဝင်ငွေလေးကောင်းပြီး ပိုက်ဆံရှိတုန်းလေးစားရတာကွ ဆိုပြီးလေ.. အမှန်က မဟုတ်ဘူးကွ..အခြေအနေပေးလို့ အခွင့်အရေးလေးရပြီး ပိုက်ဆံလေးရှိနေတုန်း စားရမှာမဟုတ်ဘူး စုဆောင်ရမှာ..အခွင့်အရေးကို အမိအရ အသုံးချရမှာ..ပိုက်ဆံရှာလို့ကောင်းတုန်း တက်နိုင်သမျှရှာပြီး နိုင်သလောက်ငွေစုရမယ်..ပြီးရင် ကိုယ်စုထားတဲ့ပိုက်ဆံလေးတွေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုကို သေးသေးလေးကပဲဖြစ်ဖြစ် စလုပ်ပြီး သူများအလုပ်သမားဘဝကနေ အရင်ဆုံးရုန်းထွက်နိုင်ဖို့ကြိုးစားရမယ်..ဒါကြောင့် မင်း ဝက်သားစားနိုင်တဲ့အချိန်မှာ ငါမစားနိုင်ခဲ့ဘူး..ဒါပေမယ့် ငါ ငွေစုနိုင်ခဲ့တယ်..အဲဒီလိုစုထားတဲ့အရင်းအနှီးလေးနဲ့ အသီးအရွက်ကုန်စိမ်းလေးတွေတိုက်တယ်..အဲဒီကနေ တစ်စတစ်စအဆင်ပြေလာပြီး အခုလို သစ်သီးပွဲရုံပိုင်ရှင်သဌေးဘဝကိုရောက်လာခဲ့တာပဲ..အခု ငါဝက်သားစားနိုင်ပြီ..ငါးဆယ်သားမဟုတ်ဘူး အချိန်ငါးရာလဲ ဝယ်စားနိုင်ပြီသူငယ်ချင်း”တစ်ချိန်က ဆင်းရဲဖေါ်ဆင်းရဲဖက် ဝက် သားမစားနိုင်ခဲ့တဲ့ ကျော်နိုင်(ခေါ်) သူဌေးကြီးဦးကျော်နိုင်ရဲ့စကားများကိုနားထောင်ပြီး ဦးမောင်မြင့်တစ်ယောက် နောင်တမျက်ရည်တို့ဖြင့် ရင်ထဲမှာ ဆို့နင့်နေရချေပြီ။ကျော်နိုင်ကလဲ သူ့သူငယ်ချင်းကို အကောင်းစား စားတော်ကဲများနဲ့ ဝက်သားကို အမျိုးမျိုးသောဟင်းယာကို မှာယူကျွေးမွေးပြီး အပြန်တွင် ဝက်ပေါင်တစ်ချောင်းနှင့်အတူ ငွေအသပြာထောင်ထုပ်ကိုပေးလွှတ်လိုက်လေတော့သည်။ကဲ..စာဖတ်မိတ်ဆွေတို့ရော ဝက်သားစားနိုင်ပြီလား..?အတွေးတစ်ခု ရနိူင်ပါစေလို့ တောင်းဆုပြုရင်း စာဖတ်သူအားလုံးကို လေးစားလျှက်။

မူရင်း- Credit

[zawgyi]

တစ္ခါတုန္းက ႐ြာတစ္႐ြာမွာအလြန္ခ်စ္ခင္ၾကေသာေက်ာ္ႏိုင္ႏွင့္ ေမာင္ျမင့္ဆိုေသာငယ္သူငယ္ခ်င္းႏွစ္ေယာက္ရွိေလသည္။သူတို႔ႏွစ္ဦးလုံးသည္ တစ္ေန႔လုပ္မွ တစ္ေန႔စားရေသာ အေျခခံလက္လုပ္လက္စား လူတန္းစားမ်ားျဖစ္သျဖင့္ ခက္ခဲပင္ပန္းစြာျဖင့္ ဘဝကို ျဖတ္သန္းလာၾကရေလသည္။အလုပ္ဆိုလွ်င္လဲ ဘာအလုပ္ပဲျဖစ္ျဖစ္ ႀကဳံရာက်ပန္း လုပ္ကိုင္စားေသာက္ေနၾကရသူမ်ား ျဖစ္ေလသည္။တစ္ခါတစ္ေလ အလုပ္ကေလးအဆင္ေျပလို႔ ေငြေလးမဆိုသေလာက္႐ႊင္တဲ့အခါရွိသလို တစ္ခါတစ္ေလလဲ အလုပ္မရွိ၍ ထမင္းပင္ နပ္မမွန္ေခ်။ထိုသို႔ျဖင့္ ေဆာင္းရာသီအစတစ္ခုတြင္ သူတို႔သူငယ္ခ်င္းႏွစ္ေယာက္လုံးအိမ္ေဆါက္ေလုပ္ေရးတစ္ခုတြင္လက္သမားအလုပ္ရလိုက္၍ ပုံမွန္ဝင္ေငြေလးေျဖာင့္ၿပီး စိုစိုေျပေျပေလးျဖစ္လာေလသည္။တစ္ေန႔ေသာအခါ၌ သူငယ္ခ်င္းႏွစ္ေယာက္လုံး အလုပ္သိမ္းခ်ိန္တြင္ လုပ္အားခ ပိုက္ဆံထုတ္ၿပီး အိမ္ျပန္လာခဲ့ၾကရာ ေဈးလမ္းသို႔ေရာက္ေသာအခါ ေမာင္ျမင့္သည္ ဝက္သားအရမ္းစားခ်င္သည္ဟုဆိုကာ ဝက္သားငါးဆယ္သား ဝင္၍ဝယ္ေလသည္။ တစ္ဆက္ထဲမွာပင္ ေက်ာ္ႏိုင္ကိုလဲ လွမ္းေျပာလိုက္ေလသည္။” ေဟ့ေကာင္ေက်ာ္ႏိုင္…မင္းလဲ ဝက္သားျမင္ရင္ မေနႏိုင္ေအာင္ႀကိဳက္တဲ့ေကာင္ပဲ..ဝင္ေငြေလးေကာင္းေနတုန္း မင္းအိမ္အတြက္ ငါ့လိုဝယ္သြားေလကြာ..ပိုက္ဆံရွိတုန္းေလးစားရတာဟ..ဝင္ေငြမရွိတဲ့အခ်ိန္ၾကမွ စားခ်င္ပါတယ္ေအာ္ေနလို႔ ဘယ္သူမွလာမေႂကြးဘူး..ဝယ္လိုက္ေလကြာ”ေမာင္ျမင့္၏စကားၾကားေသာအခါ ေက်ာ္ႏိုင္လဲ ၿပဳံးၿပဳံးေလးႏွင့္ပင္ ျပန္ေျပာလိုက္ေလသည္။” ငါ..ဝက္သား မစားႏိုင္ေသးပါဘူး သူငယ္ခ်င္းရယ္”ေက်ာ္ႏိုင့္စကားၾကားေသာအခါ ေမာင္ျမင့္မွာ အလိုမက်ပဲ ေက်ာ္ႏိုင္အား ျပစ္တင္စကားဆိုေလေတာ့သည္။” ဟ..ဘာလို႔မစားႏိုင္ရတာလဲ..မင္းနဲ႔ငါက အလုပ္လဲအတူတူပဲ..ပိုက္ဆံရတာခ်င္းလဲ အတူတူပဲ..ငါေတာင္ဝက္သားစားႏိုင္ေသးတာ မင္းကမစားႏိုင္ဘူးဆိုေတာ့လဲ ေနေပါ့ကြာ”ထိုသို႔ျဖင့္ ေနာင္ ႏွစ္ေပါင္း၂၀ခန႔္တြင္ သစ္သီးပြဲ႐ုံအေဆါက္ဦးတစ္ခု၏ေရွ႕တြင္ ညေစာင့္တစ္ဦးအလိုရွိသည္ဆိုေသာစာကိုေတြ႕၍ အသက္၅၀အ႐ြယ္ခန႔္ရွိၿပီျဖစ္တဲ့ လူတစ္ေယာက္ သည္ ဝင္၍ အလုပ္ေလွ်ာက္ေလသည္။သူ႔ရဲ႕အလုပ္ေလွ်ာက္လႊာကို အလုပ္သမားေခါင္းမွတဆင့္ သူေဌးဆီတင္ပို႔လိုက္ေသာအခါ သူေဌးက ထိုလူႀကီးကိုေတြ႕ခ်င္ေၾကာင္းေျပာ၍ ေခၚခိုင္းလိုက္ရာ သူေဌးႏွင့္ ထိုလူႀကီးတို႔ ေတြ႕ဆုံၾကေသာအခါ..” လာ..သူငယ္ခ်င္း ေမာင္ျမင့္..မင္းေတာင္ေတာ္ေတာ္အိုစာသြားတာပဲကြ “” ဟင္. ေက်ာ္ႏိုင္..သူေဌးမင္းက က်ေနာ့္သူငယ္ခ်င္း ေက်ာ္ႏိုင္ဟုတ္ပါတယ္ေနာ္”” ဟုတ္ပါတယ္ကြ..ငါ ေက်ာ္ႏိုင္ပါကြာ..မင္းသူငယ္ခ်င္းႀကီး ဝက္သားမစားႏိုင္ခဲ့တဲ့ေက်ာ္ႏိုင္ပါ…အဲဒီတုန္းက မင္းေျပာခဲ့တယ္ေနာ္..ဝင္ေငြေလးေကာင္းၿပီး ပိုက္ဆံရွိတုန္းေလးစားရတာကြ ဆိုၿပီးေလ.. အမွန္က မဟုတ္ဘူးကြ..အေျခအေနေပးလို႔ အခြင့္အေရးေလးရၿပီး ပိုက္ဆံေလးရွိေနတုန္း စားရမွာမဟုတ္ဘူး စုေဆာင္ရမွာ..အခြင့္အေရးကို အမိအရ အသုံးခ်ရမွာ..ပိုက္ဆံရွာလို႔ေကာင္းတုန္း တက္ႏိုင္သမွ်ရွာၿပီး ႏိုင္သေလာက္ေငြစုရမယ္..ၿပီးရင္ ကိုယ္စုထားတဲ့ပိုက္ဆံေလးေတြနဲ႔ ကိုယ္ပိုင္စီးပြားေရးတစ္ခုကိုကို ေသးေသးေလးကပဲျဖစ္ျဖစ္ စလုပ္ၿပီး သူမ်ားအလုပ္သမားဘဝကေန အရင္ဆုံး႐ုန္းထြက္ႏိုင္ဖို႔ႀကိဳးစားရမယ္..ဒါေၾကာင့္ မင္း ဝက္သားစားႏိုင္တဲ့အခ်ိန္မွာ ငါမစားႏိုင္ခဲ့ဘူး..ဒါေပမယ့္ ငါ ေငြစုႏိုင္ခဲ့တယ္..အဲဒီလိုစုထားတဲ့အရင္းအႏွီးေလးနဲ႔ အသီးအ႐ြက္ကုန္စိမ္းေလးေတြတိုက္တယ္..အဲဒီကေန တစ္စတစ္စအဆင္ေျပလာၿပီး အခုလို သစ္သီးပြဲ႐ုံပိုင္ရွင္သေဌးဘဝကိုေရာက္လာခဲ့တာပဲ..အခု ငါဝက္သားစားႏိုင္ၿပီ..ငါးဆယ္သားမဟုတ္ဘူး အခ်ိန္ငါးရာလဲ ဝယ္စားႏိုင္ၿပီသူငယ္ခ်င္း”တစ္ခ်ိန္က ဆင္းရဲေဖၚဆင္းရဲဖက္ ဝက္ သားမစားႏိုင္ခဲ့တဲ့ ေက်ာ္ႏိုင္(ေခၚ) သူေဌးႀကီးဦးေက်ာ္ႏိုင္ရဲ႕စကားမ်ားကိုနားေထာင္ၿပီး ဦးေမာင္ျမင့္တစ္ေယာက္ ေနာင္တမ်က္ရည္တို႔ျဖင့္ ရင္ထဲမွာ ဆို႔နင့္ေနရေခ်ၿပီ။ေက်ာ္ႏိုင္ကလဲ သူ႔သူငယ္ခ်င္းကို အေကာင္းစား စားေတာ္ကဲမ်ားနဲ႔ ဝက္သားကို အမ်ိဳးမ်ိဳးေသာဟင္းယာကို မွာယူေကြၽးေမြးၿပီး အျပန္တြင္ ဝက္ေပါင္တစ္ေခ်ာင္းႏွင့္အတူ ေငြအသျပာေထာင္ထုပ္ကိုေပးလႊတ္လိုက္ေလေတာ့သည္။ကဲ..စာဖတ္မိတ္ေဆြတို႔ေရာ ဝက္သားစားႏိုင္ၿပီလား..?အေတြးတစ္ခု ရႏိူင္ပါေစလို႔ ေတာင္းဆုျပဳရင္း စာဖတ္သူအားလုံးကို ေလးစားလွ်က္။