ကြက်မကြီးက ကြက်ကလေးတွေကို ပေးတဲ့ သင်ခန်းစာ

ကြက်ကလေးက ကြက်အမေကြီးကိုမေးတယ်၊ မေမေ .. ဒီနေ့ ဥမဥလို့ရလား.. သားတို့အပြင်ထွက်လျှောက်လည်ကြမယ်လေ.. ´ကြက်မကြီးကမရဘူးသား၊ မေမေ့အလုပ်ရှိသေးတယ်´ဒါပေမယ့် မေမေ အများကြီးဥခဲ့ပြီးပြီလေ ´ လို့ ကြက်ကလေးက ပြန်ပြောတယ်။ ကြက်မကြီးက လေးလေးနက်နက် အသံနဲ့ ကြက်ကလေးကို ပြန်ပြောတယ်.. အမေ တစ်နေ့ဥတစ်လုံးဥမှ လယ်သမားကြီးရဲ့ဟင်းခွက်ထဲ မရောက်မှာ..ကလေး.မင်းမှတ်ထား.. အ သက်ရှင်ရပ်တည်မှုဆိုတာ ဖန်တီးထုတ်လုပ်မှုရဲ့တန်ဖိုး၊ သေဆုံးမှုဆိုတာ အဲဒီတန်ဖိုးမဲ့သွားလို့၊ အရင်ကလုပ်ခဲ့သမျှက အနာဂတ်နေရာမြဲဖို့ဘယ်လိုမှမစွမ်းဆောင်နိုင်ဘူး၊အဲဒါကြောင့် နေ့တိုင်းနေ့တိုင်း ကြိုးစားအားထုတ်ရမယ်။ တကယ်လို့မင်းက သိမ်းငှက်တစ်ကောင်ဆိုရင်ဘယ်သူမှ လက်ခုပ်မတီးလည်းမင်း အမြင့်ပေါ်မှာပျံသန်းနေရမယ်။တကယ်လို့မင်းက မြက်ကလေးတစ်ပင်ဆိုရင် ဘယ်သူမှ လာတန်ဖိုးမထားလည်းမင်း ရှင်သန်နေရမယ်။ တကယ်လို့မင်းက ချောက်ကမ်းပါးပေါ်က ပန်းတစ်ပွင့်ဆိုရင်ဘယ်သူမှ လာမွှေးမယ့်သူမရှိလည်းမင်း မွှေး ကြိုင်သင်းပျံ့နေရမယ်။တကယ်လို့မင်းက ဒီဇိုင်နာဆိုရင် ဘယ်သူမှ အားပေးမှုမရှိလည်းမင်းရဲ့ဖန်တီးမှုကိုအမြဲပြုလုပ်နေရမယ်။အလုပ်လုပ်တာ လူတိုင်းအားပေးမှ မင်းအလုပ်လုပ်ရမှမဟုတ်ပါဘူး။ အကောင်းဆုံးရေကုန်ရေခမ်းလုပ်ဖို့သာမင်းတာဝန်ပါ။အသက်ရှင်ရပ်တည်ဖို့လူတိုင်းချစ်ခင်ခံဖို့မလိုပါဘူးအရိုးစင်းဆုံးနေသွားဖို့သာ မင်းတာဝန်ပါ။ကိုယ့်ရဲ့ရည်မှန်းချက်အတွက် တပါးသူရဲ့ ပျက်ရယ်လှောင်ဖွဲ့ခြင်းကိုခံရမယ်၊ အဲတော့ ဘာဖြစ်လဲ၊ သူတို့ ပျက်ရယ်မှုကို အောင်မြင်မှုဆီတပါတည်းခေါ်သွားပြီး အလှဆင်လိုက်ပေါ့၊

စိတ်အားကျနေစဉ်မျက်နှာမှာမပေါ်လွင်နေစေပါနဲ့၊ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှမမြင်ချင်လို့ပါ။ ဆင်းရဲကြပ်တည်းနေလည်းပါးစပ်က ထုတ်မပြောပါနဲ့ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ အလကားပိုက်ဆံမထုတ်ပေးပါ။ အလုပ်အကိုင် အရမ်းပင်ပန်းနေလည်း ထုတ်ဖော်မညဉ်းညူလိုက်ပါနဲ့ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှမင်းအစားထိုးမလုပ်ပေးပါ။အသက်ကြာကြာမရှင်ရတော့လည်းမကောင်းမှုကိုမပြုပါနဲ့ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ မင်းအသက်ကိုပိုရှည်အောင်လုပ်နိုင်စွမ်းမရှိလို့ပါ၊ အသက်ရှင်ရပ်တည်မှုခက်ခဲလည်း မျှော်လင့်ချက်မသေဆုံးလိုက်ပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ နောက်မနက်ဖြန်များစွာကျန်ရှိနေသေးလို့ဖြစ်တယ်။မင်းဘယ်လောက်ဆိုးသွမ်း ဆိုးသွမ်း မိဘကိုတော့ရိုသေရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ မင်းမှာလည်းအိုရမယ့်တစ်ရက်ရှိလို့ဖြစ်တယ်။တစ်ပါးသူက မင်းနောက်ကျောကို ဓားနဲ့ထိုးမှာမကြောက် နဲ့ ၊ အေး .. ထိုးတဲ့သူကမင်းအချစ်ဆုံးသူမဖြစ်နေစေနဲ့။မင်းစိတ်ထဲရှိသမျှ အချစ်ဆုံးသူငယ်ချင်းကိုပြောဖို့ဝန်မလေးပါဘူး၊ အေး.. သူက မင်းကိစ္စကို သူများနဲ့ဟာသတစ်ပုဒ်လိုအပြောမခံမိစေနဲ့။ တကယ်လို့ဝမ်းနည်းစရာတစ်စုံတစ်ခုကိုကြုံတွေ့တိုင်း ကောင်းကင်ကြီးကိုမော့ကြည့်ပါ၊သူ ဒီလောက်ကြီးတာ.. မင်းဝှက်ထားစရာနေရာတစ်ခုတော့ရှိမှာပေါ့။ မင်းကိုကူညီခဲ့ဖူးတဲ့သူကို မင်းမမေ့နဲ့၊ မင်းကိုချစ်ခဲ့ဖူးတဲ့သူကို စိတ်ဒဏ်ရာရအောင်မလုပ်နဲ့၊မင်းကိုယုံကြည်ခဲ့ဖူးတဲ့သူကို မလိမ်ညာနဲ့။အချိန်က အရာအားလုံးကိုသက်သေပြနိုင်တယ်လို့ ဘယ်သူမှအာမ မခံနိုင်ဘူး၊ဒါပေမယ့် မင်း အရာအချို့ကိုနားလည်သဘောပေါက်နိုင်မယ်လို့ အာမခံ နိုင်တယ်။

Credit – မူရင်း

[zawgyi]

ၾကက္ကေလးက ၾကက္အေမႀကီးကိုေမးတယ္၊ ေမေမ .. ဒီေန႔ ဥမဥလို႔ရလား.. သားတို႔အျပင္ထြက္ေလွ်ာက္လည္ၾကမယ္ေလ.. ´ၾကက္မႀကီးကမရဘူးသား၊ ေမေမ့အလုပ္ရွိေသးတယ္´ဒါေပမယ့္ ေမေမ အမ်ားႀကီးဥခဲ့ၿပီးၿပီေလ ´ လို႔ ၾကက္ကေလးက ျပန္ေျပာတယ္။ ၾကက္မႀကီးက ေလးေလးနက္နက္ အသံနဲ႔ ၾကက္ကေလးကို ျပန္ေျပာတယ္.. အေမ တစ္ေန႔ဥတစ္လုံးဥမွ လယ္သမားႀကီးရဲ႕ဟင္းခြက္ထဲ မေရာက္မွာ..ကေလး.မင္းမွတ္ထား.. အ သက္ရွင္ရပ္တည္မႈဆိုတာ ဖန္တီးထုတ္လုပ္မႈရဲ႕တန္ဖိုး၊ ေသဆုံးမႈဆိုတာ အဲဒီတန္ဖိုးမဲ့သြားလို႔၊ အရင္ကလုပ္ခဲ့သမွ်က အနာဂတ္ေနရာၿမဲဖို႔ဘယ္လိုမွမစြမ္းေဆာင္ႏိုင္ဘူး၊အဲဒါေၾကာင့္ ေန႔တိုင္းေန႔တိုင္း ႀကိဳးစားအားထုတ္ရမယ္။ တကယ္လို႔မင္းက သိမ္းငွက္တစ္ေကာင္ဆိုရင္ဘယ္သူမွ လက္ခုပ္မတီးလည္းမင္း အျမင့္ေပၚမွာပ်ံသန္းေနရမယ္။တကယ္လို႔မင္းက ျမက္ကေလးတစ္ပင္ဆိုရင္ ဘယ္သူမွ လာတန္ဖိုးမထားလည္းမင္း ရွင္သန္ေနရမယ္။ တကယ္လို႔မင္းက ေခ်ာက္ကမ္းပါးေပၚက ပန္းတစ္ပြင့္ဆိုရင္ဘယ္သူမွ လာေမႊးမယ့္သူမရွိလည္းမင္း ေမႊး ႀကိဳင္သင္းပ်ံ႕ေနရမယ္။တကယ္လို႔မင္းက ဒီဇိုင္နာဆိုရင္ ဘယ္သူမွ အားေပးမႈမရွိလည္းမင္းရဲ႕ဖန္တီးမႈကိုအၿမဲျပဳလုပ္ေနရမယ္။အလုပ္လုပ္တာ လူတိုင္းအားေပးမွ မင္းအလုပ္လုပ္ရမွမဟုတ္ပါဘူး။ အေကာင္းဆုံးေရကုန္ေရခမ္းလုပ္ဖို႔သာမင္းတာဝန္ပါ။အသက္ရွင္ရပ္တည္ဖို႔လူတိုင္းခ်စ္ခင္ခံဖို႔မလိုပါဘူးအ႐ိုးစင္းဆုံးေနသြားဖို႔သာ မင္းတာဝန္ပါ။ကိုယ့္ရဲ႕ရည္မွန္းခ်က္အတြက္ တပါးသူရဲ႕ ပ်က္ရယ္ေလွာင္ဖြဲ႕ျခင္းကိုခံရမယ္၊ အဲေတာ့ ဘာျဖစ္လဲ၊ သူတို႔ ပ်က္ရယ္မႈကို ေအာင္ျမင္မႈဆီတပါတည္းေခၚသြားၿပီး အလွဆင္လိုက္ေပါ့၊စိတ္အားက်ေနစဥ္မ်က္ႏွာမွာမေပၚလြင္ေနေစပါနဲ႔၊ဘာျဖစ္လို႔လဲဆိုေတာ့ ဘယ္သူမွမျမင္ခ်င္လို႔ပါ။ ဆင္းရဲၾကပ္တည္းေနလည္းပါးစပ္က ထုတ္မေျပာပါနဲ႔ဘာျဖစ္လို႔လဲဆိုေတာ့ ဘယ္သူမွ အလကားပိုက္ဆံမထုတ္ေပးပါ။ အလုပ္အကိုင္ အရမ္းပင္ပန္းေနလည္း ထုတ္ေဖာ္မညဥ္းညဴလိုက္ပါနဲ႔ ဘာျဖစ္လို႔လဲဆိုေတာ့ ဘယ္သူမွမင္းအစားထိုးမလုပ္ေပးပါ။အသက္ၾကာၾကာမရွင္ရေတာ့လည္းမေကာင္းမႈကိုမျပဳပါနဲ႔ ဘာျဖစ္လို႔လဲဆိုေတာ့ ဘယ္သူမွ မင္းအသက္ကိုပိုရွည္ေအာင္လုပ္ႏိုင္စြမ္းမရွိလို႔ပါ၊ အသက္ရွင္ရပ္တည္မႈခက္ခဲလည္း ေမွ်ာ္လင့္ခ်က္မေသဆုံးလိုက္ပါနဲ႔၊ ဘာျဖစ္လို႔လဲဆိုေတာ့ ေနာက္မနက္ျဖန္မ်ားစြာက်န္ရွိေနေသးလို႔ျဖစ္တယ္။မင္းဘယ္ေလာက္ဆိုးသြမ္း ဆိုးသြမ္း မိဘကိုေတာ့႐ိုေသရမယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ မင္းမွာလည္းအိုရမယ့္တစ္ရက္ရွိလို႔ျဖစ္တယ္။တစ္ပါးသူက မင္းေနာက္ေက်ာကို ဓားနဲ႔ထိုးမွာမေၾကာက္ နဲ႔ ၊ ေအး .. ထိုးတဲ့သူကမင္းအခ်စ္ဆုံးသူမျဖစ္ေနေစနဲ႔။မင္းစိတ္ထဲရွိသမွ် အခ်စ္ဆုံးသူငယ္ခ်င္းကိုေျပာဖို႔ဝန္မေလးပါဘူး၊ ေအး.. သူက မင္းကိစၥကို သူမ်ားနဲ႔ဟာသတစ္ပုဒ္လိုအေျပာမခံမိေစနဲ႔။ တကယ္လို႔ဝမ္းနည္းစရာတစ္စုံတစ္ခုကိုႀကဳံေတြ႕တိုင္း ေကာင္းကင္ႀကီးကိုေမာ့ၾကည့္ပါ၊သူ ဒီေလာက္ႀကီးတာ.. မင္းဝွက္ထားစရာေနရာတစ္ခုေတာ့ရွိမွာေပါ့။ မင္းကိုကူညီခဲ့ဖူးတဲ့သူကို မင္းမေမ့နဲ႔၊ မင္းကိုခ်စ္ခဲ့ဖူးတဲ့သူကို စိတ္ဒဏ္ရာရေအာင္မလုပ္နဲ႔၊မင္းကိုယုံၾကည္ခဲ့ဖူးတဲ့သူကို မလိမ္ညာနဲ႔။အခ်ိန္က အရာအားလုံးကိုသက္ေသျပႏိုင္တယ္လို႔ ဘယ္သူမွအာမ မခံႏိုင္ဘူး၊ဒါေပမယ့္ မင္း အရာအခ်ိဳ႕ကိုနားလည္သေဘာေပါက္ႏိုင္မယ္လို႔ အာမခံ ႏိုင္တယ္။