အမတ်ကြီး နှင့် ဘုရင့်သားတော်

အမတ်ကြီးနဲ့ဘုရင့်သားဟာ တစ်နေ့တော့ တိုင်းခန်းလှည့်လည်လာရင်းနဲ့ချောင်းတစ်ခုနားကို ရောက်တော့ အဝတ်ပုံတစ်ခုကိုတွေ့သတဲ့။အဲဒီအဝတ်ပုံမှာ အပေါ်ဝတ်အကျီတစ်ထည်နဲ့ ပုဆိုးအစုတ်နှစ်ထည်ကိုတွေ့ပါတယ်။ဘုရင့်သားက စုတ်ပြတ်နေတဲ့ အဝတ်ပုံကိုကြည့်ပြီးတော့“ အမတ်ကြီးကြည့်ပါ ဒီအဝတ်ပုံဟာ ဆင်းရဲသားတစ်ယောက်ရဲ့ အဝတ်ပုံဖြစ်ရမယ်။အဝတ်တွေဒီနားမှာ ထားသွားတာကိုကြည့်ရတာ သူရေ ချိုးနေပုံရတယ်”အမတ်ကြီးက ပြုံးနေတယ်။ဘုရင့်သားကပဲ” အမတ်ကြီး ဒီရေချိုးနေတဲ့ ဆင်းရဲသားရဲ့ အဝတ်တွေကို ဖွက်ထားပြီး ချုံပုတ်တစ်ခုထဲကနေ ချောင်းကြည့်နေရရင် မကောင်းဘူးလား။သူတက်လာလို့ အဝတ်တွေပျောက်သွားတာကို မြင်ရင်တော်တော်ရယ်စရာ ကောင်း တဲ့ရုပ်ဖြစ်နေမှာ ”အမတ်ကြီးက မင်းသားအား“အရှင့်သား လူတစ်ဦးတစ်ယောက်ရဲ့ ဝမ်းနည်းပူဆွေးနေမှုကို ကြည့်၍ ပျော်နေတယ်ဆိုတာ သူတော်ကောင်းတွေမဟုတ် တကယ်လို့ အရှင့်သားအနေနဲ့ အရမ်းပျော်ချင်နေတယ်ဆိုရင် ဒီလိုလုပ်”အမတ်ကြီးက ရွှေပြား ၂ ပြားအား မင်းသားကို ထုတ်ပေးလေသည်။မင်းသားက အမတ်ကြီးအားနားမလည်သလိုကြည့်၏။

အမတ်ကြီးက“အရှင့်သား ဒီရွှေ၂ပြားအား ထိုဆင်းရဲသားရဲ့ အဝတ်ပုံထဲက အိပ်ကပ်နှစ်ခုမှာ တစ်ဖက်တစ်ပြားစီထည့်လိုက်ပါ”မင်းသားလဲ သွားထည့်လိုက်၏။ထို့နောက် သူတို့နှစ်ဦးသစ်ပင်အကွယ်တွင်စောင့်ကြည့်နေကြသည်။မကြာမီဆင်းရဲသားရေထဲမှပြန်တက်လာသည်။အရင်ဆုံး ပုဆိုးကို ရေလဲပြီးဝတ်လိုက်သည်။ထို့နောက် အင်္ကျီကို ကောက်ဝတ်လိုက်သည်။ပြီးနောက် အင်္ကျီအိတ်ထဲတစ်ခုခုရှိနေသလို ခံစားမိသဖြင့် လက်နှိုက်လိုက်လေသည်။ထိုအချိန်မှာ အိတ်ကပ်ထဲက ရွှေပြားကိုတွေ့သည်။သူအရမ်းပျော်မြူးသွားသည်။မယုံနိုင်သလိုထိုရွှေပြားကို ပွတ်ကြည့်၏။ ကိုက်ကြည့်၏။ ဆင်းရဲသားကားပျော်ရွှင်မြူးတူးနေ၏။ထို့နောက်ပြန်လှည့်အထွက်မှာ နောက်အိတ်ကပ်တစ်ခုလေးနေ သည်ကိုသတိထားမိ၏။လက်နှိုက်ကြည့်ပြန်၏။ရွှေပြားတစ်ပြားထွက် လာပြန်၏။ထိုအချိန်တွင် ဆင်းရဲသားက မြေကြီးပေါ်ဒူးထောက်ထိုင်ချပြီး လက်အုပ်ချီကာ ကောင်းကင်ကို မော့၍” အို အကျွနုပ်အား ဖေးမကူညီကျသော နတ်ဒေဝါအပေါင်းတို့ အကျွန်ုပ်အိမ်တွင်နေမကောင်းဖြစ်နေသော ကျွန်ုပ်အမေအား အသင်တို့စောင့်ရှောက်ပေး၏။စားစရာမရှိသောကြောင့် အားအင်ပြတ်လပ်နေသော ညီမလေးအားလဲ အ သင်တို့ စောင့်ရှောက်၏၊သင်တို့အား အထူးကျေးဇူးတင်ပါ၏”ဟုဆိုကာ ဦးသုံးကြိမ်ချ၍ပျော်ရွှင်စွာပြန်သွားလေသည်။ထိုအဖြစ်ကိုကြည့်ပြီး ဘုရင့်သားမျက်ရည်ကျ၏။အမတ်ကြီးကား ပြုံးနေ၏။မင်းသားက” အမတ်ကြီးယနေ့ကျွန်တော့်အား မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခုကို သင်ပေးလိုက်ပြီ”ဟုပြော၏။အမတ်ကြီးက“အရှင့်သား လူတွေကို ဒုက္ခပေးပြီးမှ ပျော်ရတာထက် သုခပေးခြင်းဟာ တကယ့်ပျော်ရွှင်ခြင်းအစစ်မည်ပေသည် ” အရှင့်သားအဖို့မှတ်သားထားပါလေ”။

Credit -Ko Saw Naing

[zawgyi]

အမတ္ႀကီးနဲ႔ဘုရင့္သားဟာ တစ္ေန႔ေတာ့ တိုင္းခန္းလွည့္လည္လာရင္းနဲ႔ေခ်ာင္းတစ္ခုနားကို ေရာက္ေတာ့ အဝတ္ပုံတစ္ခုကိုေတြ႕သတဲ့။အဲဒီအဝတ္ပုံမွာ အေပၚဝတ္အက်ီတစ္ထည္နဲ႔ ပုဆိုးအစုတ္ႏွစ္ထည္ကိုေတြ႕ပါတယ္။ဘုရင့္သားက စုတ္ျပတ္ေနတဲ့ အဝတ္ပုံကိုၾကည့္ၿပီးေတာ့“ အမတ္ႀကီးၾကည့္ပါ ဒီအဝတ္ပုံဟာ ဆင္းရဲသားတစ္ေယာက္ရဲ႕ အဝတ္ပုံျဖစ္ရမယ္။အဝတ္ေတြဒီနားမွာ ထားသြားတာကိုၾကည့္ရတာ သူေရ ခ်ိဳးေနပုံရတယ္”အမတ္ႀကီးက ၿပဳံးေနတယ္။ဘုရင့္သားကပဲ” အမတ္ႀကီး ဒီေရခ်ိဳးေနတဲ့ ဆင္းရဲသားရဲ႕ အဝတ္ေတြကို ဖြက္ထားၿပီး ခ်ဳံပုတ္တစ္ခုထဲကေန ေခ်ာင္းၾကည့္ေနရရင္ မေကာင္းဘူးလား။သူတက္လာလို႔ အဝတ္ေတြေပ်ာက္သြားတာကို ျမင္ရင္ေတာ္ေတာ္ရယ္စရာ ေကာင္း တဲ့႐ုပ္ျဖစ္ေနမွာ ”အမတ္ႀကီးက မင္းသားအား“အရွင့္သား လူတစ္ဦးတစ္ေယာက္ရဲ႕ ဝမ္းနည္းပူေဆြးေနမႈကို ၾကည့္၍ ေပ်ာ္ေနတယ္ဆိုတာ သူေတာ္ေကာင္းေတြမဟုတ္ တကယ္လို႔ အရွင့္သားအေနနဲ႔ အရမ္းေပ်ာ္ခ်င္ေနတယ္ဆိုရင္ ဒီလိုလုပ္”အမတ္ႀကီးက ေ႐ႊျပား ၂ ျပားအား မင္းသားကို ထုတ္ေပးေလသည္။မင္းသားက အမတ္ႀကီးအားနားမလည္သလိုၾကည့္၏။အမတ္ႀကီးက“အရွင့္သား ဒီေ႐ႊ၂ျပားအား ထိုဆင္းရဲသားရဲ႕ အဝတ္ပုံထဲက အိပ္ကပ္ႏွစ္ခုမွာ တစ္ဖက္တစ္ျပားစီထည့္လိုက္ပါ”မင္းသားလဲ သြားထည့္လိုက္၏။ထို႔ေနာက္ သူတို႔ႏွစ္ဦးသစ္ပင္အကြယ္တြင္ေစာင့္ၾကည့္ေနၾကသည္။မၾကာမီဆင္းရဲသားေရထဲမွျပန္တက္လာသည္။အရင္ဆုံး ပုဆိုးကို ေရလဲၿပီးဝတ္လိုက္သည္။ထို႔ေနာက္ အက်ႌကို ေကာက္ဝတ္လိုက္သည္။ၿပီးေနာက္ အက်ႌအိတ္ထဲတစ္ခုခုရွိေနသလို ခံစားမိသျဖင့္ လက္ႏႈိက္လိုက္ေလသည္။ထိုအခ်ိန္မွာ အိတ္ကပ္ထဲက ေ႐ႊျပားကိုေတြ႕သည္။သူအရမ္းေပ်ာ္ျမဴးသြားသည္။မယုံႏိုင္သလိုထိုေ႐ႊျပားကို ပြတ္ၾကည့္၏။ ကိုက္ၾကည့္၏။ ဆင္းရဲသားကားေပ်ာ္႐ႊင္ျမဴးတူးေန၏။ထို႔ေနာက္ျပန္လွည့္အထြက္မွာ ေနာက္အိတ္ကပ္တစ္ခုေလးေန သည္ကိုသတိထားမိ၏။လက္ႏႈိက္ၾကည့္ျပန္၏။ေ႐ႊျပားတစ္ျပားထြက္ လာျပန္၏။ထိုအခ်ိန္တြင္ ဆင္းရဲသားက ေျမႀကီးေပၚဒူးေထာက္ထိုင္ခ်ၿပီး လက္အုပ္ခ်ီကာ ေကာင္းကင္ကို ေမာ့၍” အို အကြၽႏုပ္အား ေဖးမကူညီက်ေသာ နတ္ေဒဝါအေပါင္းတို႔ အကြၽႏ္ုပ္အိမ္တြင္ေနမေကာင္းျဖစ္ေနေသာ ကြၽႏ္ုပ္အေမအား အသင္တို႔ေစာင့္ေရွာက္ေပး၏။စားစရာမရွိေသာေၾကာင့္ အားအင္ျပတ္လပ္ေနေသာ ညီမေလးအားလဲ အ သင္တို႔ ေစာင့္ေရွာက္၏၊သင္တို႔အား အထူးေက်းဇူးတင္ပါ၏”ဟုဆိုကာ ဦးသုံးႀကိမ္ခ်၍ေပ်ာ္႐ႊင္စြာျပန္သြားေလသည္။ထိုအျဖစ္ကိုၾကည့္ၿပီး ဘုရင့္သားမ်က္ရည္က်၏။အမတ္ႀကီးကား ၿပဳံးေန၏။မင္းသားက” အမတ္ႀကီးယေန႔ကြၽန္ေတာ့္အား မေမ့ႏိုင္တဲ့ သင္ခန္းစာတစ္ခုကို သင္ေပးလိုက္ၿပီ”ဟုေျပာ၏။အမတ္ႀကီးက“အရွင့္သား လူေတြကို ဒုကၡေပးၿပီးမွ ေပ်ာ္ရတာထက္ သုခေပးျခင္းဟာ တကယ့္ေပ်ာ္႐ႊင္ျခင္းအစစ္မည္ေပသည္ ” အရွင့္သားအဖို႔မွတ္သားထားပါေလ”။