တစ်ခါမအောင်မြင်ရုံနဲ့ ဘယ်တော့မှမအောင်မြင်တော့ဘူးလို့ မမှတ်သင့်..

အန္နဝါဗေဒ လေ့လာသူတဦးဟာ ငါးမန်းတကောင်ကို ငါးလှောင်ကန်ကြီးတခုထဲကို ထည့်လိုက်ပါတယ်။ အဲ့ဒီနောက် ငါးငယ်လေးတွေကို ထိုကန်ထဲကိုပဲ ထပ်ထည့်လိုက်ပါတယ်။ငါးမန်းဟာ ရုတ်တရက်ပဲ ငါးငယ်လေးတွေကို တိုက်ခိုက် စားပစ်လိုက်ပါတော့တယ်။ နောက်နေ့မှာ ထို သူဟာ ဖန်မျှင်နဲ့လုပ်ထားတဲ့ ဖန်ပြား fiberglass ကို ငါးလှောင်ကန်ထဲ ထည့်ပြီး နှစ်ခြမ်းဖြစ်သွားအောင် ပိုင်းခြားလိုက်ပါတယ်။ ပြီးနောက် ငါးမန်းကိုတဘက်ခြမ်း ငါးငယ်လေးတွေကို တဖက်ခြမ်း ခွဲခြားထည့်လိုက်ပါတယ်။ငါးငယ်လေးတွေကို မြင်မြင်ခြင်း ငါမန်းဟာ စားသောက် ဖို့ တိုက်ခိုက်ပါတယ်။ ဒါပေမဲ့ သန်မာတဲ့ ဖန်မျှင်ပြားကို မထိုးဖောက်နိုင်တာကြောင့် အခြားတဘက်က ငါးငယ်လေးတွေကို မတိုက်ခိုက်နိုင်ပါဘူး။ငါးမန်းက နောက်တကြိမ်ထပ်ကြိုးစားပါတယ်။ ဒါပေမဲ့ အချီးနှီးပါပဲ။ တနာရီလောက်ကြာတဲ့အခါ ငါးမန်းဟာ လက် လျော့သွားပါတယ်။ဒီစမ်းသပ်မှုကို နောက်ထပ် သတင်းပတ်များမှာလည်း ထပ်မံ စမ်းသပ်ခဲ့ပါတယ်။ငါးငယ်လေးတွေကို ထည့်လိုက်တဲ့ အကြိမ်တိုင်း ငါးမန်းရဲ့ တိုက်ခိုက်မှု အကြိမ်အရေအတွက်ဟာ အရင်နေ့တွေကထက် လျော့နည်းလာပြီး နှေးကွေးလာပါတယ်။နောက်ဆုံးမှာ ငါးမန်းဟာ တိုက်ခိုက်မှု လုံးဝ မရှိတော့တဲ့ အထိဖြစ်လာပါတယ်။

ဒီတော့မှလေ့လာသူဟာ ကန့်လန့်ခြားထားတဲ့ ဖန်ပြားကို ဖယ်ထုတ်လိုက်ပြီး ငါးငယ်လေးတွေကို ထည့်ပါတယ်။ ဒါပေမဲ့ ငါးမန်းကတော့ မတိုက်ခိုက်တော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ငါးမန်းဟာ သူနဲ့ ငါးငယ်လေးတွေကြားကို တခုခုနဲ့ ခြားထားတယ်လို့ လေ့ကျင့်ခံလိုက်ရလို့ပါပဲ။ ဒီလိုနဲ့ ငါးငယ်လေးတွေ ဘယ်ကိုပဲ ကူးခတ်ကူးခတ် ငါးမန်းဟာ ဖမ်းဆီး စားသောက်ခြင်း မပြုတော့ပါဘူး။သင်ခန်းစာ – ကျွန်တော်တို့ အများစုမှာလည်း ထင်ထားတာတွေနဲ့ ကပြောင်းကပြန်ဖြစ်တိုင်း ၊ ကျဆုံးမှုတွေနဲ့ ရင်ဆိုင်ရတိုင်း စိတ်ဓာတ်ကျ ၊ အရှုံးပေးလေ့ရှိတတ်ပြီး ကြိုးစားမှုကို ရပ်တန့်ပြစ်လေ့ရှိကြပါတယ်။ ဒီစမ်းသပ်မှုထဲက ငါးမန်းလိုပဲ အတိတ်က မအောင်မြင်တာနဲ့ပဲ အမြဲအောင်မြင်မှာ မဟုတ်ဘူးလို့ သံသယဝင်သွားတတ်ကြပါတယ်။ ထိုကျဆုံးဘူးတဲ့ အတွေအကြုံက ခေါင်းထဲမှာ အမြဲ အတားအဆီးလို ဖြစ်နေတတ်ကြပါတယ်။ တကယ့်တားဆီးမှုတွေ မရှိပေမဲ့လည်း ကျွန်တော်တို့ဟာ အတားအဆီးတွေ အဖြစ်မြင်လာအောင် ကျဆုံးမှုတွေရဲ့ လေ့ကျင့်ခြင်းကို ခံလိုက်ရလို့ပဲ ဖြစ်ပါတယ်။

Credit ရဲသူရိန်မင်း

အႏၷဝါေဗဒ ေလ့လာသူတဦးဟာ ငါးမန္းတေကာင္ကို ငါးေလွာင္ကန္ႀကီးတခုထဲကို ထည့္လိုက္ပါတယ္။ အဲ့ဒီေနာက္ ငါးငယ္ေလးေတြကို ထိုကန္ထဲကိုပဲ ထပ္ထည့္လိုက္ပါတယ္။ငါးမန္းဟာ ႐ုတ္တရက္ပဲ ငါးငယ္ေလးေတြကို တိုက္ခိုက္ စားပစ္လိုက္ပါေတာ့တယ္။ ေနာက္ေန႔မွာ ထို သူဟာ ဖန္မွ်င္နဲ႔လုပ္ထားတဲ့ ဖန္ျပား fiberglass ကို ငါးေလွာင္ကန္ထဲ ထည့္ၿပီး ႏွစ္ျခမ္းျဖစ္သြားေအာင္ ပိုင္းျခားလိုက္ပါတယ္။ ၿပီးေနာက္ ငါးမန္းကိုတဘက္ျခမ္း ငါးငယ္ေလးေတြကို တဖက္ျခမ္း ခြဲျခားထည့္လိုက္ပါတယ္။ငါးငယ္ေလးေတြကို ျမင္ျမင္ျခင္း ငါမန္းဟာ စားေသာက္ ဖို႔ တိုက္ခိုက္ပါတယ္။ ဒါေပမဲ့ သန္မာတဲ့ ဖန္မွ်င္ျပားကို မထိုးေဖာက္ႏိုင္တာေၾကာင့္ အျခားတဘက္က ငါးငယ္ေလးေတြကို မတိုက္ခိုက္ႏိုင္ပါဘူး။ငါးမန္းက ေနာက္တႀကိမ္ထပ္ႀကိဳးစားပါတယ္။ ဒါေပမဲ့ အခ်ီးႏွီးပါပဲ။ တနာရီေလာက္ၾကာတဲ့အခါ ငါးမန္းဟာ လက္ ေလ်ာ့သြားပါတယ္။ဒီစမ္းသပ္မႈကို ေနာက္ထပ္ သတင္းပတ္မ်ားမွာလည္း ထပ္မံ စမ္းသပ္ခဲ့ပါတယ္။ငါးငယ္ေလးေတြကို ထည့္လိုက္တဲ့ အႀကိမ္တိုင္း ငါးမန္းရဲ႕ တိုက္ခိုက္မႈ အႀကိမ္အေရအတြက္ဟာ အရင္ေန႔ေတြကထက္ ေလ်ာ့နည္းလာၿပီး ေႏွးေကြးလာပါတယ္။ေနာက္ဆုံးမွာ ငါးမန္းဟာ တိုက္ခိုက္မႈ လုံးဝ မရွိေတာ့တဲ့ အထိျဖစ္လာပါတယ္။ဒီေတာ့မွေလ့လာသူဟာ ကန႔္လန႔္ျခားထားတဲ့ ဖန္ျပားကို ဖယ္ထုတ္လိုက္ၿပီး ငါးငယ္ေလးေတြကို ထည့္ပါတယ္။ ဒါေပမဲ့ ငါးမန္းကေတာ့ မတိုက္ခိုက္ေတာ့ပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ ငါးမန္းဟာ သူနဲ႔ ငါးငယ္ေလးေတြၾကားကို တခုခုနဲ႔ ျခားထားတယ္လို႔ ေလ့က်င့္ခံလိုက္ရလို႔ပါပဲ။ ဒီလိုနဲ႔ ငါးငယ္ေလးေတြ ဘယ္ကိုပဲ ကူးခတ္ကူးခတ္ ငါးမန္းဟာ ဖမ္းဆီး စားေသာက္ျခင္း မျပဳေတာ့ပါဘူး။သင္ခန္းစာ – ကြၽန္ေတာ္တို႔ အမ်ားစုမွာလည္း ထင္ထားတာေတြနဲ႔ ကေျပာင္းကျပန္ျဖစ္တိုင္း ၊ က်ဆုံးမႈေတြနဲ႔ ရင္ဆိုင္ရတိုင္း စိတ္ဓာတ္က် ၊ အရႈံးေပးေလ့ရွိတတ္ၿပီး ႀကိဳးစားမႈကို ရပ္တန႔္ျပစ္ေလ့ရွိၾကပါတယ္။ ဒီစမ္းသပ္မႈထဲက ငါးမန္းလိုပဲ အတိတ္က မေအာင္ျမင္တာနဲ႔ပဲ အၿမဲေအာင္ျမင္မွာ မဟုတ္ဘူးလို႔ သံသယဝင္သြားတတ္ၾကပါတယ္။ ထိုက်ဆုံးဘူးတဲ့ အေတြအႀကဳံက ေခါင္းထဲမွာ အၿမဲ အတားအဆီးလို ျဖစ္ေနတတ္ၾကပါတယ္။ တကယ့္တားဆီးမႈေတြ မရွိေပမဲ့လည္း ကြၽန္ေတာ္တို႔ဟာ အတားအဆီးေတြ အျဖစ္ျမင္လာေအာင္ က်ဆုံးမႈေတြရဲ႕ ေလ့က်င့္ျခင္းကို ခံလိုက္ရလို႔ပဲ ျဖစ္ပါတယ္။