နတ်ကောင်းနတ်မြတ်တွေက သင့်ကို စောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် (၅) ချက်

တစ်ချို့လူတွေဟာ သူတို့ရဲ့ မွေးရာပါကံလို့ပဲပြောရမလား၊ ထူးခြားချက်လို့ပဲပြောရမလား (အကြောင်းအမျိုးမျိုးကြောင့်) နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်းကို အမြဲတမ်း ခံရပါတယ် …။သင့်ကိုနတ်ကောင်း နတ်မြတ်တွေက စောင့်ရှောက်တယ် ဆိုတာ သိနိုင်မယ့်အချက် (၅) ချက်ရှိပါတယ်။ တကယ်လို့ ဒီအရာလေးတွေကို သင်အမြဲ လိုလို ကြုံတွေ့နေရတယ် ဆိုရင်တော့ သင်ဟာ မမြင်ရတဲ့ နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်းကို ခံရ သူဖြစ်ပါတယ် …။(၁) ငှက်မွှေးလေးကျလာတယ် – တကယ်လို့သင့်အနားလေးမှာ ငှက်မွှေးလေးဝဲနေတယ်၊ ဒါမှမဟုတ် သင့်အပေါ်လေးကိုကျလာတယ်ဆိုရင်တော့ ဒါဟာ နတ်ကောင်းနတ်မြတ်တွေရဲ့ သင်္ကေတ ဖြစ်ပါတယ်။ သင့်ဘေးမှာ သူတို့အမြဲရှိနေတယ်ဆိုတာကို ပြောပြချင်လို့ဖြစ်ပြီး သူတို့ဟာသင့်ကို ချစ်ခင်တယ်၊ မစတယ်ဆိုတာကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ အထူးသဖြင့် သမရိုးကျနေရာတွေ မဟုတ်တဲ့ ဧည့်ခန်း၊ အိပ်ခန်းလိုနေရာမျိုးလေးတွေမှာ တွေ့ရင်တော့ ပိုလို့တောင် သေချာပါတယ် …။ (၂) ၁၁း၁၁ နာရီ – ၁၁း၁၁ နာရီကို မကြာခဏတွေ့ဖူးလား။ ဒါဟာ နတ်ကောင်းနတ်မြတ်တွေရဲ့ ဂဏန်းဖြစ် ပါတယ်။ ဒီဂဏန်းလေးကိုတွေ့ပြီဆိုရင် သင်ကံကောင်းတော့ မယ်ဆိုတာ အသေအချာ ပါပဲနော် …။

(၃) တိမ်ပုံသဏ္ဍာန်များ – ကောင်းကင်ကို အမှတ်တမဲ့မော့ ကြည့်လိုက်လို့ တိမ်ရဲ့ ပုံသဏ္ဍာန်လေးတွေက ထူးခြားနေတယ်ဆိုရင် သင့်ကို လုပ်ဆောင်ဖို့ ညွှန်ပေးနေတာ ဖြစ်နိုင်ပါတယ်။ ဥပမာ အသည်းပုံ တိမ်လေးကိုမြင်ရင် အချစ်ရေးနဲ့ပတ်သက်ပြီး ကံကောင်းမယ်၊ ဒါမှမဟုတ် တစ်ခုခုလုပ် သင့်တယ် ဆိုတာမျိုးပေါ့ …။(၄) မွှေးရနံ့ – နတ်ကောင်းနတ်မြတ်တွေဟာ မွှေးရနံ့တွေနဲ့လည်း အချက်ပြ တတ်ပါ တယ်။ ဥပမာ ပန်းရနံ့သင်းသင်းလေး ဒါမှမဟုတ် ချောကလက်နံ့လို စားချင်စရာလေး၊ ချိုမြိန်တဲ့ရနံ့လေးတွေနဲ့ သူတို့သင့်ကို စောင့်ရှောက်နေကြောင်း အသိပေး တတ်ပါ တယ်။ နောက်ပြီး ရေမွှေးနံ့လိုမျိုး၊ သင်းပျံ့တဲ့ရနံ့တွေက သင့်ကိုသူတို့ ချစ်ခင်တယ်၊ စောင့်ရှောက်တယ်ဆိုတာကို ဖော်ပြနေတာ ဖြစ်ပါတယ် …။ (၅) ခံစားချက် – သင်ဟာတစ်ယောက် တည်းဖြစ်နေ ရင်တောင် သင့်ဘေးနားမှာ အဖော်တစ်ယောက်လောက် အမြဲရှိနေသလို ခံစားရမှာပါ။ လုံခြုံပြီး အလိုလိုပျော်နေတဲ့ ခံစားချက်ကို ခံစားရမှာပါ …။ စိတ်ကြည်လင်ပြီး စိတ်ခွန်အားတွေကို တွေ့မြင်သမျှ အရာတွေ ကနေ တစ်ဆင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ နတ်ကောင်းနတ်မြတ်တွေက သင့်ကို အားပေးချစ်ခင်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ …။ ။

Credit – မူရင်း

[zawgyi]

တစ္ခ်ိဳ႕လူေတြဟာ သူတို႔ရဲ႕ ေမြးရာပါကံလို႔ပဲေျပာရမလား၊ ထူးျခားခ်က္လို႔ပဲေျပာရမလား (အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္) နတ္ေကာင္းနတ္ျမတ္ေတြရဲ႕ ေစာင့္ေရွာက္ျခင္းကို အၿမဲတမ္း ခံရပါတယ္ …။သင့္ကိုနတ္ေကာင္း နတ္ျမတ္ေတြက ေစာင့္ေရွာက္တယ္ ဆိုတာ သိႏိုင္မယ့္အခ်က္ (၅) ခ်က္ရွိပါတယ္။ တကယ္လို႔ ဒီအရာေလးေတြကို သင္အၿမဲ လိုလို ႀကဳံေတြ႕ေနရတယ္ ဆိုရင္ေတာ့ သင္ဟာ မျမင္ရတဲ့ နတ္ေကာင္းနတ္ျမတ္ေတြရဲ႕ ေစာင့္ေရွာက္ျခင္းကို ခံရ သူျဖစ္ပါတယ္ …။(၁) ငွက္ေမႊးေလးက်လာတယ္ – တကယ္လို႔သင့္အနားေလးမွာ ငွက္ေမႊးေလးဝဲေနတယ္၊ ဒါမွမဟုတ္ သင့္အေပၚေလးကိုက်လာတယ္ဆိုရင္ေတာ့ ဒါဟာ နတ္ေကာင္းနတ္ျမတ္ေတြရဲ႕ သေကၤတ ျဖစ္ပါတယ္။ သင့္ေဘးမွာ သူတို႔အၿမဲရွိေနတယ္ဆိုတာကို ေျပာျပခ်င္လို႔ျဖစ္ၿပီး သူတို႔ဟာသင့္ကို ခ်စ္ခင္တယ္၊ မစတယ္ဆိုတာကို ေဖာ္ျပလိုက္တာျဖစ္ပါတယ္။ အထူးသျဖင့္ သမ႐ိုးက်ေနရာေတြ မဟုတ္တဲ့ ဧည့္ခန္း၊ အိပ္ခန္းလိုေနရာမ်ိဳးေလးေတြမွာ ေတြ႕ရင္ေတာ့ ပိုလို႔ေတာင္ ေသခ်ာပါတယ္ …။ (၂) ၁၁း၁၁ နာရီ – ၁၁း၁၁ နာရီကို မၾကာခဏေတြ႕ဖူးလား။ ဒါဟာ နတ္ေကာင္းနတ္ျမတ္ေတြရဲ႕ ဂဏန္းျဖစ္ ပါတယ္။ ဒီဂဏန္းေလးကိုေတြ႕ၿပီဆိုရင္ သင္ကံေကာင္းေတာ့ မယ္ဆိုတာ အေသအခ်ာ ပါပဲေနာ္ …။(၃) တိမ္ပုံသ႑ာန္မ်ား – ေကာင္းကင္ကို အမွတ္တမဲ့ေမာ့ ၾကည့္လိုက္လို႔ တိမ္ရဲ႕ ပုံသ႑ာန္ေလးေတြက ထူးျခားေနတယ္ဆိုရင္ သင့္ကို လုပ္ေဆာင္ဖို႔ ၫႊန္ေပးေနတာ ျဖစ္ႏိုင္ပါတယ္။ ဥပမာ အသည္းပုံ တိမ္ေလးကိုျမင္ရင္ အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ကံေကာင္းမယ္၊ ဒါမွမဟုတ္ တစ္ခုခုလုပ္ သင့္တယ္ ဆိုတာမ်ိဳးေပါ့ …။(၄) ေမႊးရနံ႔ – နတ္ေကာင္းနတ္ျမတ္ေတြဟာ ေမႊးရနံ႔ေတြနဲ႔လည္း အခ်က္ျပ တတ္ပါ တယ္။ ဥပမာ ပန္းရနံ႔သင္းသင္းေလး ဒါမွမဟုတ္ ေခ်ာကလက္နံ႔လို စားခ်င္စရာေလး၊ ခ်ိဳၿမိန္တဲ့ရနံ႔ေလးေတြနဲ႔ သူတို႔သင့္ကို ေစာင့္ေရွာက္ေနေၾကာင္း အသိေပး တတ္ပါ တယ္။ ေနာက္ၿပီး ေရေမႊးနံ႔လိုမ်ိဳး၊ သင္းပ်ံ႕တဲ့ရနံ႔ေတြက သင့္ကိုသူတို႔ ခ်စ္ခင္တယ္၊ ေစာင့္ေရွာက္တယ္ဆိုတာကို ေဖာ္ျပေနတာ ျဖစ္ပါတယ္ …။ (၅) ခံစားခ်က္ – သင္ဟာတစ္ေယာက္ တည္းျဖစ္ေန ရင္ေတာင္ သင့္ေဘးနားမွာ အေဖာ္တစ္ေယာက္ေလာက္ အၿမဲရွိေနသလို ခံစားရမွာပါ။ လုံၿခဳံၿပီး အလိုလိုေပ်ာ္ေနတဲ့ ခံစားခ်က္ကို ခံစားရမွာပါ …။ စိတ္ၾကည္လင္ၿပီး စိတ္ခြန္အားေတြကို ေတြ႕ျမင္သမွ် အရာေတြ ကေန တစ္ဆင့္ ရရွိမွာ ျဖစ္ပါတယ္။ ဒါဆိုရင္ေတာ့ နတ္ေကာင္းနတ္ျမတ္ေတြက သင့္ကို အားေပးခ်စ္ခင္ေနတယ္ဆိုတဲ့ အဓိပၸါယ္ပါပဲ …။ ။