မိဘကို ကျေးဇူးမဆပ်ရင်နေပါ ကျေးဇူးမကန်းကြပါနဲ့..

တခါက ဒေါ်ကျင်ဥ ဆိုတဲ့ အဖွှားကြီးဟာ အသက်ရွယ်ကြီးမှ အိမ်ထောင်ပြုရသည်ဖြစ်၍ ရှားရှားပါးပါးသမီးလေးတစ်ယောက်ထဲရှိပါတယ်။ထို မိခင်ကြီး မကျင်ဥဟာ သမီးလေးကလည်းအသားရေလေးကဖွေး ရုပ်ရည်လေးကလည်းချောတော့ အငယ်လေးကတည်းက ဘာမှ မခိုင်းဘူးဒီတော့ မြို့ရုပ် မြို့သွေး ပေါက်နေတယ်။ဒီလိုနဲ့ မယဉ်ရွှေ ၁၅.နှစ် ၁၆နှစ် အပျိုဖျန်း အရွယ်လောက် အရောက်မှာ သူ့အမေ ဒေါ်ကျင်ဥဟာ နေမကောင်းဖြစ်ရှာပါတယ်။ဒီတော့ အဖွှားကြီးဟာ အိမ်ထဲက သူ့သမီး မယဉ်ရွှေကိုခုလို လှမ်းပြောပါတယ်။”ဟေး သမီးယဉ်ရွှေရေ အမေ နေသိပ်ပြီးမကောင်းလို့ နင့် အဖေဖို့ ထမင်းလေး ချက်လိုက်ပါအုန်းနော်…”ဒီလိုလည်း ပြောလိုက်ရော မယဉ်ရွှေက ခုလိုပြန်ပြောလိုက် ပါတယ် မီးဖိုချောင်ထဲတမင်းစားနေရင်းနဲ့”တော့ ယောကျာ်းကို ကျုပ်က အငှားလင်လုပ်ပြီးချက်ကျွေးပြုစု လုပ်ကျွေးရအုန်းမှာလား…တော့ချက်မကျွေးနိုင်ဘူး တော်ပါတူ လာချက်ကျွေးလို့ပြောလိုက်တော့ အဖွှားကြီးမှာ တုံတုံရင်ရင်နဲ့နေမကောင်းတဲ့ကြားထဲကနေ မီးဖို ချောင်ထဲဝင်လာပြီး ခုလိုပြောပါတယ်။”ဟဲ့ယဉ်ရွှေ နင့်စကားက တော်တော်ရိုင်းလှပါလား…”ငါ တကယ်မလုပ်နိုင်လို့ တခါလေးခိုင်းမိပါတယ်။ငါ ပါးများချလိုက်ရတော့ဆိုပြီး လက်နဲ့ရွယ်ကာရှိသေးတယ် မယဉ်ရွှေဟာ ထိုင်ရာမှ ထလာပြီး မက်တတ်ရက်လက်ကို ခါးထောက်ပြီး ခုလိုပြောပါတယ်။”ဒီမယ် ဒေါ်ကျင်ဥ တော့ကြည့်မှ လက်ပါတာမဟုတ်ဘူး။ ကျုပ်မှာလည်း လက်ပါတယ်ဆိုပြီး ပြောပြောဆိုဆိုနဲ့သူ့အမေရဲ့ ပါးကို ဖျန်းခနဲ ရိုက်ထည့်လိုက်ပါတယ်။

“ဒီတော့ အဖွှားကြီးမှာ ဝမ်းနည်းပြီး မျက်ရည်များကြပြီး ငိုနေခိုက် အပြင်ကနေ “ယဉ်ရွှေရေ ယဉ်ရွှေရေနဲ့ ခေါ်သံကြားတော့ မယဉ်ရွှေတစ်ယောက် မီးဖိုထဲမှ ထွက်၍ လိုက်သွားလေသည်။ဒီလိုနဲ့ တဖြေးဖြေးနဲ့ ရွာလည်လမ်းမကြီးအတိုင်းရွာအရှေ့ဘက် ရိုးပျက်တောကြီးထဲရောက် တော့မယဉ်ရွှေ ဒူးထောက်ပြီး လေးဘက်ထောက်၍ လဲကြသွားသည့်အချိန်ပြန်ထ၍မရတော့ပါ ဒီတော့မှ တဖြေးဖြေး မြေမြိုနေသည်ကို တွေ့ရသည်။ဒီတော့ တစ်ယောက်စကား တစ်ယောက်နားဆိုတော့”ဟေး……ရွာ့အရှေ့ဘက် ရိုးပျက်တောထဲမှာယဉ်ရွှေတစ်ယောက် မြေမြိုနေတယ် ဆိုတဲ့ အသံကြားတော့ တရွာလုံးထွက်လာပြီး ဝါးတွေနဲ့ ကူတယ်။ မရဘူး ရေဘူးတွေလှမ်းပေးတယ် မရဘူး အ ရမ်းပူတော့အနားကပ်မရဘူးဖြစ်နေတယ်။”ရေစာတယ် ရေစာတယ် ကျုပ်ကို ရေတိုက်ကြပါနဲ့”ဘယ်လိုပဲပြောပြော မရဘူး အဖြေးဖြေးနဲ့ ခါးလောက်ရောက်နေပြီ ဒီတော့ သူအမေအဖွှားကြီး မကျင်ဥဟာ ပြေးလာပြီး ခုလိုပြောပါတယ်။”သမီး အမေ့ကို စော်ကားလို့ခုလိုဖြစ်ရတာသမီးကို အမေခွင့်လွတ်ပါတယ်။အမေ့ကို ပြန်ပြီးတောင်းပန်လိုက် စသဖြင့်ပြောပေမဲ့ မရတော့ဘူး မိဘကို စော်ကားတဲ့ အပြစ်က ခွင့်မလွတ်ပဲ ခဏ အကြာမှာပဲမြေကြီးထဲ အကုန်ဝင်သွားလေတော့သည်။သင်ခန်းစာ – မိဘတွေသည် သားသမီးကို တကယ်ချစ်ရင်စာပေနဲ့ တရားဓမ္မ များနဲ့ နီးစပ်အောင် သင်ကြားပေးထားသင့်ပါတယ်။သို့မှ အသိလိမ္မာများတိုးပွှား၍လူတော် လူကောင်းတစ်ယောက်ဖြစ်လာနိုင်သည်။သားသမီးများအနေနဲ့လည်း မည်သို့ပင် ဖြစ်နေပါစေမိဘရဲ့ ကျေးဇူးကို မဆက်ချင်ရင်နေပါ ဘယ်တော့မှ ကျေးဇူးမကန်း သင့်ပါဘူး။ကျေးဇူးကန်းတဲ့ သားသမီးတိုင်းသည်ဘေးဒုက္ခအမျိုးမျိုးနဲ့ ဘဝမှာ တွေကြုံနိုင်ပါတယ်။

မူရင်း Credit

[zawgyi]

တခါက ေဒၚက်င္ဥ ဆိုတဲ့ အဖႊားႀကီးဟာ အသက္႐ြယ္ႀကီးမွ အိမ္ေထာင္ျပဳရသည္ျဖစ္၍ ရွားရွားပါးပါးသမီးေလးတစ္ေယာက္ထဲရွိပါတယ္။ထို မိခင္ႀကီး မက်င္ဥဟာ သမီးေလးကလည္းအသားေရေလးကေဖြး ႐ုပ္ရည္ေလးကလည္းေခ်ာေတာ့ အငယ္ေလးကတည္းက ဘာမွ မခိုင္းဘူးဒီေတာ့ ၿမိဳ႕႐ုပ္ ၿမိဳ႕ေသြး ေပါက္ေနတယ္။ဒီလိုနဲ႔ မယဥ္ေ႐ႊ ၁၅.ႏွစ္ ၁၆ႏွစ္ အပ်ိဳဖ်န္း အ႐ြယ္ေလာက္ အေရာက္မွာ သူ႔အေမ ေဒၚက်င္ဥဟာ ေနမေကာင္းျဖစ္ရွာပါတယ္။ဒီေတာ့ အဖႊားႀကီးဟာ အိမ္ထဲက သူ႔သမီး မယဥ္ေ႐ႊကိုခုလို လွမ္းေျပာပါတယ္။”ေဟး သမီးယဥ္ေ႐ႊေရ အေမ ေနသိပ္ၿပီးမေကာင္းလို႔ နင့္ အေဖဖို႔ ထမင္းေလး ခ်က္လိုက္ပါအုန္းေနာ္…”ဒီလိုလည္း ေျပာလိုက္ေရာ မယဥ္ေ႐ႊက ခုလိုျပန္ေျပာလိုက္ ပါတယ္ မီးဖိုေခ်ာင္ထဲတမင္းစားေနရင္းနဲ႔”ေတာ့ ေယာက်ာ္းကို က်ဳပ္က အငွားလင္လုပ္ၿပီးခ်က္ေကြၽးျပဳစု လုပ္ေကြၽးရအုန္းမွာလား…ေတာ့ခ်က္မေကြၽးႏိုင္ဘူး ေတာ္ပါတူ လာခ်က္ေကြၽးလို႔ေျပာလိုက္ေတာ့ အဖႊားႀကီးမွာ တုံတုံရင္ရင္နဲ႔ေနမေကာင္းတဲ့ၾကားထဲကေန မီးဖို ေခ်ာင္ထဲဝင္လာၿပီး ခုလိုေျပာပါတယ္။”ဟဲ့ယဥ္ေ႐ႊ နင့္စကားက ေတာ္ေတာ္႐ိုင္းလွပါလား…”ငါ တကယ္မလုပ္ႏိုင္လို႔ တခါေလးခိုင္းမိပါတယ္။ငါ ပါးမ်ားခ်လိုက္ရေတာ့ဆိုၿပီး လက္နဲ႔႐ြယ္ကာရွိေသးတယ္ မယဥ္ေ႐ႊဟာ ထိုင္ရာမွ ထလာၿပီး မက္တတ္ရက္လက္ကို ခါးေထာက္ၿပီး ခုလိုေျပာပါတယ္။”ဒီမယ္ ေဒၚက်င္ဥ ေတာ့ၾကည့္မွ လက္ပါတာမဟုတ္ဘူး။ က်ဳပ္မွာလည္း လက္ပါတယ္ဆိုၿပီး ေျပာေျပာဆိုဆိုနဲ႔သူ႔အေမရဲ႕ ပါးကို ဖ်န္းခနဲ ႐ိုက္ထည့္လိုက္ပါတယ္။“ဒီေတာ့ အဖႊားႀကီးမွာ ဝမ္းနည္းၿပီး မ်က္ရည္မ်ားၾကၿပီး ငိုေနခိုက္ အျပင္ကေန “ယဥ္ေ႐ႊေရ ယဥ္ေ႐ႊေရနဲ႔ ေခၚသံၾကားေတာ့ မယဥ္ေ႐ႊတစ္ေယာက္ မီးဖိုထဲမွ ထြက္၍ လိုက္သြားေလသည္။ဒီလိုနဲ႔ တေျဖးေျဖးနဲ႔ ႐ြာလည္လမ္းမႀကီးအတိုင္း႐ြာအေရွ႕ဘက္ ႐ိုးပ်က္ေတာႀကီးထဲေရာက္ ေတာ့မယဥ္ေ႐ႊ ဒူးေထာက္ၿပီး ေလးဘက္ေထာက္၍ လဲၾကသြားသည့္အခ်ိန္ျပန္ထ၍မရေတာ့ပါ ဒီေတာ့မွ တေျဖးေျဖး ေျမၿမိဳေနသည္ကို ေတြ႕ရသည္။ဒီေတာ့ တစ္ေယာက္စကား တစ္ေယာက္နားဆိုေတာ့”ေဟး……႐ြာ့အေရွ႕ဘက္ ႐ိုးပ်က္ေတာထဲမွာယဥ္ေ႐ႊတစ္ေယာက္ ေျမၿမိဳေနတယ္ ဆိုတဲ့ အသံၾကားေတာ့ တ႐ြာလုံးထြက္လာၿပီး ဝါးေတြနဲ႔ ကူတယ္။ မရဘူး ေရဘူးေတြလွမ္းေပးတယ္ မရဘူး အ ရမ္းပူေတာ့အနားကပ္မရဘူးျဖစ္ေနတယ္။”ေရစာတယ္ ေရစာတယ္ က်ဳပ္ကို ေရတိုက္ၾကပါနဲ႔”ဘယ္လိုပဲေျပာေျပာ မရဘူး အေျဖးေျဖးနဲ႔ ခါးေလာက္ေရာက္ေနၿပီ ဒီေတာ့ သူအေမအဖႊားႀကီး မက်င္ဥဟာ ေျပးလာၿပီး ခုလိုေျပာပါတယ္။”သမီး အေမ့ကို ေစာ္ကားလို႔ခုလိုျဖစ္ရတာသမီးကို အေမခြင့္လြတ္ပါတယ္။အေမ့ကို ျပန္ၿပီးေတာင္းပန္လိုက္ စသျဖင့္ေျပာေပမဲ့ မရေတာ့ဘူး မိဘကို ေစာ္ကားတဲ့ အျပစ္က ခြင့္မလြတ္ပဲ ခဏ အၾကာမွာပဲေျမႀကီးထဲ အကုန္ဝင္သြားေလေတာ့သည္။သင္ခန္းစာ – မိဘေတြသည္ သားသမီးကို တကယ္ခ်စ္ရင္စာေပနဲ႔ တရားဓမၼ မ်ားနဲ႔ နီးစပ္ေအာင္ သင္ၾကားေပးထားသင့္ပါတယ္။သို႔မွ အသိလိမၼာမ်ားတိုးပႊား၍လူေတာ္ လူေကာင္းတစ္ေယာက္ျဖစ္လာႏိုင္သည္။သားသမီးမ်ားအေနနဲ႔လည္း မည္သို႔ပင္ ျဖစ္ေနပါေစမိဘရဲ႕ ေက်းဇူးကို မဆက္ခ်င္ရင္ေနပါ ဘယ္ေတာ့မွ ေက်းဇူးမကန္း သင့္ပါဘူး။ေက်းဇူးကန္းတဲ့ သားသမီးတိုင္းသည္ေဘးဒုကၡအမ်ိဳးမ်ိဳးနဲ႔ ဘဝမွာ ေတြႀကဳံႏိုင္ပါတယ္။