ငါအိုသွားတဲ့အခါ…

၁။ ငါအိုသွားသောအခါ ငါအရင်ကလိုမဟုတ်တော့ဘူး ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ထား ဆက်ဆံပေးပါ။ ၂။ ချည့်နဲနဲလက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီ၊ လုံချည်၊ ဖိုသီဖတ်သီဖြစ်နေတဲ့အခါ အညစ်အကြေးတွေ မထိမ်းသိမ်းနိုင်တော့တဲ့ငါ့ကို မရွံပါနဲ့ ငယ်ငယ်တုန်းက ငါသုတ် သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။ ၃။ အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး သည်းခံနားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ ငါးရာငါးဆယ်နိပါတ်တော်တွေ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။၄။ မလှုပ်ရှားနိုင်လို့ ရေချိုးဖို့အကူအညီလိုတဲ့အခါ မငြိုငြင်ပါနဲ့။

ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။ ၅။ စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ ငါ့ကိုကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။၆။ တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ဝမ်းမနည်းပါနှင့် နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ငါ့မေတ္တာတွေ တွေ့ရမှာပါ။ သားတို့သမီးတို့ရေ ထာဝရပျော်ရွှင်ချမ်းမြေ့ပြည့်စုံကြပါစေကွယ်…။

Credit – Zin Lin

[zawgyi]

၁။ ငါအိုသြားေသာအခါ ငါအရင္ကလိုမဟုတ္ေတာ့ဘူး ငါ့ကိုနားလည္ေပးပါ။ စိတ္ရွည္ထား ဆက္ဆံေပးပါ။ ၂။ ခ်ည့္နဲနဲလက္ေတြနဲ႔ ထမင္းဟင္းေတြ အက်ႌ၊ လုံခ်ည္၊ ဖိုသီဖတ္သီျဖစ္ေနတဲ့အခါ အညစ္အေၾကးေတြ မထိမ္းသိမ္းႏိုင္ေတာ့တဲ့ငါ့ကို မ႐ြံပါနဲ႔ ငယ္ငယ္တုန္းက ငါသုတ္ သင္ေပးခဲ့တာေတြကို ေက်းဇူးျပဳၿပီးသတိရေပးပါ။ ၃။ အပ္ေၾကာင္းထပ္မက ေျပာဖူးတဲ့စကားေတြျပန္ေျပာမိတဲ့အခါ စကားမျဖတ္ဘဲ ေက်းဇူးျပဳၿပီး သည္းခံနားေထာင္ေပးပါ။ ငယ္ငယ္တုန္းက အိပ္ရာဝင္တိုင္း တစ္ေထာင့္တစ္ည ပုံျပင္ေတြ ငါးရာငါးဆယ္နိပါတ္ေတာ္ေတြ ဇာတ္ႀကီးဆယ္ဘြဲ႕ေတြ စတဲ့ပုံျပင္ေတြကို မ႐ိုးေအာင္ေျပာရင္း ငါေခ်ာ့သိပ္ခဲ့တာေတြကို သတိရေပးပါ။၄။ မလႈပ္ရွားႏိုင္လို႔ ေရခ်ိဳးဖို႔အကူအညီလိုတဲ့အခါ မၿငိဳျငင္ပါနဲ႔။ငယ္ငယ္တုန္းက ေခ်ာ့တစ္လွည့္ ေျခာက္တစ္လွည့္ ေရခ်ိဳးေပးခဲ့ဖူးတဲ့ ပုံရိပ္ေလးကိုျမင္ေယာင္ေပးပါ။ ၅။ စိတ္သြားတိုင္း ကိုယ္မပါ ႏြမ္းလ်ၿပီး လမ္းမေလွ်ာက္ႏိုင္တဲ့အခါ ခြန္အားပါတဲ့ လက္တစ္စုံနဲ ငါ့ကိုကူတြဲေပးၾကပါ။ လမ္းေလွ်ာက္သင္စ အ႐ြယ္တုန္းက တစ္လွမ္းခ်င္း လွမ္းေလွ်ာက္ေလ့က်င့္ေပးခဲ့တာေတြကို သတိရေပးပါ။၆။ တစ္ေန႔ထက္တစ္ေန႔ အိုစာသြားတဲ့ငါ့ကိုၾကည့္ၿပီး ဝမ္းမနည္းပါႏွင့္ နားလည္ေပးပါ။ အားေပးပါ။ အရင္တုန္းက လူ႔ဘဝတက္လမ္းအတြက္ ငါလမ္းၫႊန္ခဲ့သလို အခုအခ်ိန္မွာ ငါ့ဘဝေနာက္ဆုံးအခ်ိန္အတြက္ အေဖာ္ျပဳေပးပါ။ ခ်စ္ျခင္းေမတၱာနဲ႔ ေအးျမမႈေတြကို ငါၿပဳံးၿပဳံးေလး လက္ခံမွာပါ။ အဲဒီအၿပဳံးေတြထဲမွာ မဆုံးတဲ့ငါ့ေမတၱာေတြ ေတြ႕ရမွာပါ။ သားတို႔သမီးတို႔ေရ ထာဝရေပ်ာ္႐ႊင္ခ်မ္းေျမ့ျပည့္စုံၾကပါေစကြယ္…။