စီးပွားရေးလုပ်တဲ့အခါ မုဆိုးတစ်ဦးလိုကျင့်ကြံပါ

တစ်ခါက စီးပွားရေးလုပ်ရတာအဆင်မပြေလို့ စိတ်ညစ်နေတဲ့ လူငယ်လေးတစ်ယောက်ရှိတယ်။သူက စိတ်ညစ်မှုတွေကို ဖြေဖျောက်ဖို့ သူ့အိမ်ရဲ့ မနီးမဝေးမှာရှိတဲ့ တောအုပ်လေးနားက စမ်းချောင်းလေးဘေးမှာ အေးအေးဆေးဆေး စိတ်ဖြေရင်း နည်းလမ်းသစ်တွေကို စဉ်းစားနေခဲ့တယ်။ အဲ့လိုနေ့စဉ် ထိုင်စဉ်းစားနေခဲ့တဲ့ နေ့ရက်တိုင်းမှာ သူ့နံဘေးကနေ မုဆိုးကြီးတစ်ဦးက တောကောင်တွေ တစ်နေ့တစ်မျိုး ရ,ရလာကာ ဖြတ်သွားလေ့ရှိတာကို သတိထားမိတယ်။ဒါနဲ့တစ်ရက်တော့ ဗဟုသုတလည်းရအောင်ဆိုပြီး မုဆိုးကြီးကို သားကောင်တွေ တစ်နေ့တစ်မျိုး ဘယ်လိုရအောင်လုပ်လဲ မေးကြည့်ခဲ့တယ်။မုဆိုးကြီးကလည်း..အသက်ဝါကြီးသူဆိုတော့ ‌လူ့လောကရဲ့ အတွေ့အကြုံများ အတော်အသင့်ရှိနေခဲ့ပြီ ဒါကြောင့် လူငယ်လေး စကားပြောတဲ့အခါမှာ..“ငါလည်း မင်းကို သတိထားမိပါတယ်၊ ဘာကြောင့် ဒီနေရာမှာ လာလာပြီး ထိုင်နေတာလဲလို့” ပြန်မေးတယ်။ ဒီအခါ လူငယ်က သူဟာစီးပွားရေးလုပ်ရတာ အဆင်မပြေကြောင်း စိတ်ညစ်ညစ်နဲ့ ဖွင့်ဟပြောဆိုလိုက်ပါတော့တယ်။ ဒီအခါကျမှ မုဆိုးကြီးဟာ သူရဲ့မုဆိုးလောကနဲ့ယှဉ်ပြီး စီးပွားဘယ်လိုလုပ်ရတယ်ဆိုတာကို ပြောဆိုပါတော့တယ်။ စီးပွားရေးလုပ်တယ်ဆိုတာ..အခုလုပ်ချင်တိုင်း ထလုပ်လို့ ရတဲ့အရာမဟုတ်ပါဘူး။ စီးပွားရေး မဆိုထားနဲ့..မင်းတို့တွေ သင်တန်းလေးတစ်ခု တက်ချင်တယ်ဆိုရင်တောင် ကိုယ်တက်မယ့် သင်တန်းလေးကောင်းမကောင်း၊ အခြေအနေဘယ်လိုရှိလဲ ကြိုတင်လေ့လာ‌စုံစမ်းရတယ်။ထို့သို့ ပြု လုပ်ခြင်းက သင်တန်းတက်လိုက်ကာမှ မကောင်းကြောင်း၊အဆင်မပြေကြောင်းနဲ့တွေ့ရင် နစ်နာမှုရှိကြလို့ဖြစ်တယ်။ဒါကြောင့်..ကြိုတင်ပြင် ဆင်ခြင်းသည် အောင်မြင်မှုအတွက် အရေးပါသော ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်လို့နေတယ်။ဒါကြောင့် စီးပွားရေးလုပ်ခြင်းက ငါတို့လို မုဆိုးတစ်ယောက် သားကောင်လိုက်ဖို့ အားထုတ်ရတာနဲ့တူတယ်။မုဆိုးဟာ သားကောင်မလိုက်ခင် တောရဲ့ အခြေအနေကို ကျွမ်းကျင်အောင် လေ့လာရတယ်။ ဘယ်နားမှာ ဘာရှိတယ်၊ဘယ်နေရာမှာ ဘယ်လိုလုပ်ရင်ဖြင့် သားကောင်ကို ရနိုင်မယ် စသဖြင့် လေ့လာမှတ်သားရ တယ်။ကိုယ်ကျင်လည်မယ့် နေရာမှာ မျက်စိလည်ကာ လမ်းမပျောက် သွားအောင်လည်း ကြိုးစားရတယ်။သားကောင်လိုက်ရင်း လမ်းပျောက်သွားရင် သားကောင်လည်းရှုံး၊ လမ်းလည်းဆုံးတတ်သောကြောင့်ဖြစ်တယ်။ဒါ့အပြင် တောကောင်ဟင်းသားတော့ ရချင်ပါရဲ့.. တော ကျွမ်းပေမယ့် သားကောင်ဖမ်းယူခြင်း အတတ်ပညာ မတတ်ရင်လည်း ငါတို့လိုချင်တာရမယ်မဟုတ်ဘူး။တောလိုက်မယ်ဆိုမှတော့ တောင်ကောင်ရဖို့ ဒူး၊လေးပစ်တတ်ရမယ်။

အဲ့လိုမှ မပစ်တတ်ရင် အနည်းဆုံး ထောင်ခြောက်တော့ ဆင်တတ်ရမယ်။ဒါမှသာ လိုချင်တဲ့ တောကောင်ရမှာဖြစ်တယ်။‌ ဒူး‌၊လေးလည်း မပစ်တတ်၊ထောင်ခြောက်လည်း မဆင်တတ်ရင်တော့ တောမလည်ခင် တတ်အောင်ကျင့်ကြံဖို့ ပထမဦးစွာလိုအပ်မယ်။နောက်တစ်ခုက.. ငါတို့အနေနဲ့ ဘာသားကောင်ရချင်တာလဲ။လိုချင်တာလဲဆိုတာ တွေးထားရတယ်။ယုန်ကို ရချင်တာလား။ချေ(ဂျီ)၊ဒရယ်ကို ရချင်တာလား။တောင်ဆိတ်ကို ရချင်တာလား (သို့မဟုတ်) ငါးကို ရချင်တာလား အစရှိသဖြင့် ကိုယ်ရချင်တဲ့ ဟင်းသားက ကိုယ်လိုက်မယ့်တောမှာ ရှိပါ့မလား၊ရနိုင်ပါ့မလား တွေးတတ်ရတယ်။ ငါးကို လိုချင်ပါတယ်ဆို တောထဲသွားရှာလို့ မရဘူး။ရေကန်ထဲသွားရှာမှ ရမယ်။ထို့အတူ ယုန်ရချင်ရင် ရေထဲသွားရှာလို့မရဘူး။တောထဲ သွားရှာမှရမယ်။တောင်ဆိတ်ရချင် တောင်ကုန်းတွေပေါ် သွားရတယ်။ဒါကြောင့် စီးပွားရေးလုပ်မယ်ဆိုရင် ငါတို့မုဆိုးတွေ ဘာသားကောင်ရချင်တာလဲ တွေးသလို မင်းလုပ်မယ့် စီးပွားရေးက ဘာလဲသိအောင်လုပ်ပါ။ ဒါ့အပြင် ငါတို့မုဆိုး‌တွေ တောကျွမ်းအောင် လေ့လာရသလို ကိုယ်လုပ်မယ့်စီးပွားရေးနယ်ပယ်ကို ကျွမ်းကျင်အောင်ကြိုတင်လေ့လာပါ။ ဥပမာ-ကိုယ်က ပစ္စည်း အ ရောင်းအဝယ် လုပ်ချင်တယ်ဆိုပါစို့..ကိုယ်ကျင်လည်မယ့် ဈေးကွက်က စားသုံးသူတွေက ဘာကြိုက်တတ်လဲ။ငွေပမာဏကို ဘယ်လိုတွေ သုံးစွဲသလဲ အစရှိသဖြင့် ဈေးကွက်နယ်ပယ်ရဲ့ လိုအပ်ချက် အသိပညာကို လေ့လာမှတ်သားရပါမယ်။ နောက်ဆုံးအနေနဲ့..ကိုယ်လုပ်တဲ့ စီး ပွားရေးက နေရာမှန်ဖို့ပါဘဲ။ဆင်းရဲသားတွေကို ရွှေငွေကျောက်သံပတ္တမြားသွားရောင်းလို့ အဆင်မပြေနိုင်ဘူး..။ သူတို့ရဲ့ အဓိက လိုအပ် ချက်က စားဝတ်နေရေး ဖြစ်တယ်။ဒါကြောင့် သူတို့ကို ရောင်းချင်ရင် စားသောက်ကုန်နဲ့ အဝတ်အထည်ဘဲ အရောင်းသွက်မယ်။ရွှေငွေကျောက်သံ ပတ္တမြားရောင်းချင်ရင် သူဌေးအသိုင်းအဝိုင်းကဘဲ ဝယ်ယူသုံးစွဲနိုင်လိမ့်မယ်။ဒါကြောင့် ကိုယ်ရောင်းမယ့် ဈေးကွက်နယ်ပယ်ကလည်း မှန်ကန်ဖို့ လိုအပ်တယ်လို့ မုဆိုးကြီးက ပြောလိုက်တယ်။ ဒါကြောင့် မင်းအနေနဲ့ စီးပွားရေးလုပ်မယ်ဆိုရင် အရေးကြီးဆုံးမှတ်သားထားသင့်တွေက.. (၁)ဘာရချင်လဲ.?ဘာဖြစ်ချင်လဲ.?တွေးပါ။ (၂)ဖြစ်ချင်၊ရချင်တဲ့အရာ‌ပေါ်လာရင် ဘယ်လိုပညာနဲ့ရယူမလဲ လိုအပ်တဲ့ပညာလေ့လာပါ။ (၃)ကိုယ်လုပ်မယ့် ဈေးကွက်နယ်ပယ်ကို လေ့လာပါ။ (၄)ကိုယ့်ကျင်လည်တဲ့ နယ်ပယ်ကို မျက်စိမလည်စေနဲ့။မျက်စိမှားရင် အ သိ ပါမှားတတ်တယ်။(၅)ကိုယ်လုပ်မယ့် စီးပွားနယ်ပယ်က ကိုယ်လုပ်တာနဲ့ ထပ်တူကျအောင်လုပ်ပါ။

Credit – သူရိန်

[zawgyi]

တစ္ခါက စီးပြားေရးလုပ္ရတာအဆင္မေျပလို႔ စိတ္ညစ္ေနတဲ့ လူငယ္ေလးတစ္ေယာက္ရွိတယ္။သူက စိတ္ညစ္မႈေတြကို ေျဖေဖ်ာက္ဖို႔ သူ႔အိမ္ရဲ႕ မနီးမေဝးမွာရွိတဲ့ ေတာအုပ္ေလးနားက စမ္းေခ်ာင္းေလးေဘးမွာ ေအးေအးေဆးေဆး စိတ္ေျဖရင္း နည္းလမ္းသစ္ေတြကို စဥ္းစားေနခဲ့တယ္။ အဲ့လိုေန႔စဥ္ ထိုင္စဥ္းစားေနခဲ့တဲ့ ေန႔ရက္တိုင္းမွာ သူ႔နံေဘးကေန မုဆိုးႀကီးတစ္ဦးက ေတာေကာင္ေတြ တစ္ေန႔တစ္မ်ိဳး ရ,ရလာကာ ျဖတ္သြားေလ့ရွိတာကို သတိထားမိတယ္။ဒါနဲ႔တစ္ရက္ေတာ့ ဗဟုသုတလည္းရေအာင္ဆိုၿပီး မုဆိုးႀကီးကို သားေကာင္ေတြ တစ္ေန႔တစ္မ်ိဳး ဘယ္လိုရေအာင္လုပ္လဲ ေမးၾကည့္ခဲ့တယ္။မုဆိုးႀကီးကလည္း..အသက္ဝါႀကီးသူဆိုေတာ့ ‌လူ႔ေလာကရဲ႕ အေတြ႕အႀကဳံမ်ား အေတာ္အသင့္ရွိေနခဲ့ၿပီ ဒါေၾကာင့္ လူငယ္ေလး စကားေျပာတဲ့အခါမွာ..“ငါလည္း မင္းကို သတိထားမိပါတယ္၊ ဘာေၾကာင့္ ဒီေနရာမွာ လာလာၿပီး ထိုင္ေနတာလဲလို႔” ျပန္ေမးတယ္။ ဒီအခါ လူငယ္က သူဟာစီးပြားေရးလုပ္ရတာ အဆင္မေျပေၾကာင္း စိတ္ညစ္ညစ္နဲ႔ ဖြင့္ဟေျပာဆိုလိုက္ပါေတာ့တယ္။ ဒီအခါက်မွ မုဆိုးႀကီးဟာ သူရဲ႕မုဆိုးေလာကနဲ႔ယွဥ္ၿပီး စီးပြားဘယ္လိုလုပ္ရတယ္ဆိုတာကို ေျပာဆိုပါေတာ့တယ္။ စီးပြားေရးလုပ္တယ္ဆိုတာ..အခုလုပ္ခ်င္တိုင္း ထလုပ္လို႔ ရတဲ့အရာမဟုတ္ပါဘူး။ စီးပြားေရး မဆိုထားနဲ႔..မင္းတို႔ေတြ သင္တန္းေလးတစ္ခု တက္ခ်င္တယ္ဆိုရင္ေတာင္ ကိုယ္တက္မယ့္ သင္တန္းေလးေကာင္းမေကာင္း၊ အေျခအေနဘယ္လိုရွိလဲ ႀကိဳတင္ေလ့လာ‌စုံစမ္းရတယ္။ထို႔သို႔ ျပဳ လုပ္ျခင္းက သင္တန္းတက္လိုက္ကာမွ မေကာင္းေၾကာင္း၊အဆင္မေျပေၾကာင္းနဲ႔ေတြ႕ရင္ နစ္နာမႈရွိၾကလို႔ျဖစ္တယ္။ဒါေၾကာင့္..ႀကိဳတင္ျပင္ ဆင္ျခင္းသည္ ေအာင္ျမင္မႈအတြက္ အေရးပါေသာ က႑တစ္ခုအေနနဲ႔ ပါဝင္လို႔ေနတယ္။ဒါေၾကာင့္ စီးပြားေရးလုပ္ျခင္းက ငါတို႔လို မုဆိုးတစ္ေယာက္ သားေကာင္လိုက္ဖို႔ အားထုတ္ရတာနဲ႔တူတယ္။မုဆိုးဟာ သားေကာင္မလိုက္ခင္ ေတာရဲ႕ အေျခအေနကို ကြၽမ္းက်င္ေအာင္ ေလ့လာရတယ္။ ဘယ္နားမွာ ဘာရွိတယ္၊ဘယ္ေနရာမွာ ဘယ္လိုလုပ္ရင္ျဖင့္ သားေကာင္ကို ရႏိုင္မယ္ စသျဖင့္ ေလ့လာမွတ္သားရ တယ္။ကိုယ္က်င္လည္မယ့္ ေနရာမွာ မ်က္စိလည္ကာ လမ္းမေပ်ာက္ သြားေအာင္လည္း ႀကိဳးစားရတယ္။သားေကာင္လိုက္ရင္း လမ္းေပ်ာက္သြားရင္ သားေကာင္လည္းရႈံး၊ လမ္းလည္းဆုံးတတ္ေသာေၾကာင့္ျဖစ္တယ္။ဒါ့အျပင္ ေတာေကာင္ဟင္းသားေတာ့ ရခ်င္ပါရဲ႕.. ေတာ ကြၽမ္းေပမယ့္ သားေကာင္ဖမ္းယူျခင္း အတတ္ပညာ မတတ္ရင္လည္း ငါတို႔လိုခ်င္တာရမယ္မဟုတ္ဘူး။ေတာလိုက္မယ္ဆိုမွေတာ့ ေတာင္ေကာင္ရဖို႔ ဒူး၊ေလးပစ္တတ္ရမယ္။အဲ့လိုမွ မပစ္တတ္ရင္ အနည္းဆုံး ေထာင္ေျခာက္ေတာ့ ဆင္တတ္ရမယ္။ဒါမွသာ လိုခ်င္တဲ့ ေတာေကာင္ရမွာျဖစ္တယ္။‌ ဒူး‌၊ေလးလည္း မပစ္တတ္၊ေထာင္ေျခာက္လည္း မဆင္တတ္ရင္ေတာ့ ေတာမလည္ခင္ တတ္ေအာင္က်င့္ႀကံဖို႔ ပထမဦးစြာလိုအပ္မယ္။ေနာက္တစ္ခုက.. ငါတို႔အေနနဲ႔ ဘာသားေကာင္ရခ်င္တာလဲ။လိုခ်င္တာလဲဆိုတာ ေတြးထားရတယ္။ယုန္ကို ရခ်င္တာလား။ေခ်(ဂ်ီ)၊ဒရယ္ကို ရခ်င္တာလား။ေတာင္ဆိတ္ကို ရခ်င္တာလား (သို႔မဟုတ္) ငါးကို ရခ်င္တာလား အစရွိသျဖင့္ ကိုယ္ရခ်င္တဲ့ ဟင္းသားက ကိုယ္လိုက္မယ့္ေတာမွာ ရွိပါ့မလား၊ရႏိုင္ပါ့မလား ေတြးတတ္ရတယ္။ ငါးကို လိုခ်င္ပါတယ္ဆို ေတာထဲသြားရွာလို႔ မရဘူး။ေရကန္ထဲသြားရွာမွ ရမယ္။ထို႔အတူ ယုန္ရခ်င္ရင္ ေရထဲသြားရွာလို႔မရဘူး။ေတာထဲ သြားရွာမွရမယ္။ေတာင္ဆိတ္ရခ်င္ ေတာင္ကုန္းေတြေပၚ သြားရတယ္။ဒါေၾကာင့္ စီးပြားေရးလုပ္မယ္ဆိုရင္ ငါတို႔မုဆိုးေတြ ဘာသားေကာင္ရခ်င္တာလဲ ေတြးသလို မင္းလုပ္မယ့္ စီးပြားေရးက ဘာလဲသိေအာင္လုပ္ပါ။ ဒါ့အျပင္ ငါတို႔မုဆိုး‌ေတြ ေတာကြၽမ္းေအာင္ ေလ့လာရသလို ကိုယ္လုပ္မယ့္စီးပြားေရးနယ္ပယ္ကို ကြၽမ္းက်င္ေအာင္ႀကိဳတင္ေလ့လာပါ။ ဥပမာ-ကိုယ္က ပစၥည္း အ ေရာင္းအဝယ္ လုပ္ခ်င္တယ္ဆိုပါစို႔..ကိုယ္က်င္လည္မယ့္ ေဈးကြက္က စားသုံးသူေတြက ဘာႀကိဳက္တတ္လဲ။ေငြပမာဏကို ဘယ္လိုေတြ သုံးစြဲသလဲ အစရွိသျဖင့္ ေဈးကြက္နယ္ပယ္ရဲ႕ လိုအပ္ခ်က္ အသိပညာကို ေလ့လာမွတ္သားရပါမယ္။ ေနာက္ဆုံးအေနနဲ႔..ကိုယ္လုပ္တဲ့ စီး ပြားေရးက ေနရာမွန္ဖို႔ပါဘဲ။ဆင္းရဲသားေတြကို ေ႐ႊေငြေက်ာက္သံပတၱျမားသြားေရာင္းလို႔ အဆင္မေျပႏိုင္ဘူး..။ သူတို႔ရဲ႕ အဓိက လိုအပ္ ခ်က္က စားဝတ္ေနေရး ျဖစ္တယ္။ဒါေၾကာင့္ သူတို႔ကို ေရာင္းခ်င္ရင္ စားေသာက္ကုန္နဲ႔ အဝတ္အထည္ဘဲ အေရာင္းသြက္မယ္။ေ႐ႊေငြေက်ာက္သံ ပတၱျမားေရာင္းခ်င္ရင္ သူေဌးအသိုင္းအဝိုင္းကဘဲ ဝယ္ယူသုံးစြဲႏိုင္လိမ့္မယ္။ဒါေၾကာင့္ ကိုယ္ေရာင္းမယ့္ ေဈးကြက္နယ္ပယ္ကလည္း မွန္ကန္ဖို႔ လိုအပ္တယ္လို႔ မုဆိုးႀကီးက ေျပာလိုက္တယ္။ ဒါေၾကာင့္ မင္းအေနနဲ႔ စီးပြားေရးလုပ္မယ္ဆိုရင္ အေရးႀကီးဆုံးမွတ္သားထားသင့္ေတြက.. (၁)ဘာရခ်င္လဲ.?ဘာျဖစ္ခ်င္လဲ.?ေတြးပါ။ (၂)ျဖစ္ခ်င္၊ရခ်င္တဲ့အရာ‌ေပၚလာရင္ ဘယ္လိုပညာနဲ႔ရယူမလဲ လိုအပ္တဲ့ပညာေလ့လာပါ။ (၃)ကိုယ္လုပ္မယ့္ ေဈးကြက္နယ္ပယ္ကို ေလ့လာပါ။ (၄)ကိုယ့္က်င္လည္တဲ့ နယ္ပယ္ကို မ်က္စိမလည္ေစနဲ႔။မ်က္စိမွားရင္ အ သိ ပါမွားတတ္တယ္။(၅)ကိုယ္လုပ္မယ့္ စီးပြားနယ္ပယ္က ကိုယ္လုပ္တာနဲ႔ ထပ္တူက်ေအာင္လုပ္ပါ။