ပတ်ဝန်းကျင်ရဲ့အထင်သေးကဲ့ရဲ့ မှုတွေကို ခွန်အားအဖြစ် အသုံးချပါ

တစ်ခါက… ခရီးသွား ကုန်သည်အဖွဲ့တစ်ဖွဲ့ဟာတောင်တန်းတစ်ခုကို ဖြတ်ပြီး ခရီးသွားကြရင်းမထင်မှတ်ပဲ အဖွဲ့ထဲမှ တစ်ယောက်ဟာ ခြေချော်ပြီး ချောက်ကမ်းပါးထဲကို ပြုတ်ကျသွားခဲ့တယ် ။ပြုတ်ကျသူဟာ ချောက်ကမ်းပါးရဲ့ထက်ဝက်မှာရှိတဲ့ ကျောက်စွယ်လေးမှာ တင်နေတယ်။ ချောက်ကမ်းပါးကြီးကလဲ အင်မတန်မှ နက်ရှိုင်းတော့ ဘယ်သူမှလဲ ဆင်းမကယ်ဝံ့ကြဘူးပေါ့။ ဒီတော့ ကုန်သည်အဖွဲ့က ပြုတ်ကျသူကို ကူညီဖို့ဟာ တကယ့်ကို မလွယ်ကူဘူး။ သူဟာသေလူ ဖြစ်သွားပါပြီ။ဒီတော့ သူ့အိမ်ကို ဘာများမှာချင်လဲဆိုပြီးကမ်းပါးထိပ်ကနေ အော် ဟစ်ပြီး မေးကြမယ်ဆိုပြီး.. ဟေ့လူ မင်းဟာ မကြာခင် သေရတော့မယ်။ဒီချောက်ကမ်းပါးကြီးကို မင်း တက်နိုင်မှာ မဟုတ်ဘူး။ ငါတို့လဲ ဆင်း ကယ်လို့ မရနိုင်ဘူး။ဒီတော့ မင်းအိမ်က မိသားစုကို ဘာမှာချင်လဲပြော ငါတို့ သွားပြောပေးမယ်လို့ အော်ပြောကြသတဲ့။ဒီအချိန်မှာ ပြုတ်ကျသူဟာချောက်ကမ်းပါးကြီးကို ကုတ်ခြစ်ပီးတက်ဖို့ကြိုးစားပါတော့တယ်။ကမ်းပါးထိပ်က အဖွဲ့ကလဲတက်ဖို့မကြိုးစားပါနဲ့တော့ ဆက်ပြီးအောက်ကို ပြုတ်ကျလိမ့်မယ်။

မင်းအိမ်ကို မှာချင်တဲ့ စကားကိုသာ ငါ့ကိုပြောပါ။ အဖွဲ့ကရမယ့် မင်းရဲ့ ဝေစုကိုလဲ မင်းအိမ်ကို ပေးပေးပါ့မယ် ” လို့ အော်ဟစ်ပြောဆိုကြပြန်တယ်။ဒီလိုပြောလေ….ပြုတ်ကျသူဟာ ကြိုးစားပြီး ကုတ်ခြစ်တက်လာလေပါပဲဒီလိုနဲ့ တက်လာလိုက်တာမယုံနိုင်အောင်ပါပဲ။ သူဟာ အပေါ်ကို ရောက်လာနိုင်ခဲ့ပါတယ် ။ဒီတော့မှ အပေါ်က သူ့အဖွဲ့ဟာ ဝမ်းသာအားရဖြစ်ပြီး မင်းကို မဖြစ်နိုင်ပါဘူး။မကြိုးစားနဲ့တော့လို့ ပြောတာကို ဂရုမစိုက်ပဲဘာလို့ ဇွတ်အတင်း တက်လာနိုင်ခဲ့တာလဲ လို့ဝိုင်းမေးကြတော့… ငါဟာ နားသိပ်မကြားသူ တစ်ယောက်ပါ။မင်းတို့ပြောတာကို ငါမကြားဘူး။ငါက မင်းတို့ဟာ ငါ့ကို အပေါ်တက်ဖို့တိုက်တွန်း အားပေးနေကြတာလို့ ထင်တာနဲ့အားကြိုးမာန်တက် တက်လာခဲ့တာပါ ” လို့ပြန်ပြောလိုက်ပါတော့တယ်။ဒီလိုပါပဲ…ဘဝမှာ အောင်မြင်ဖို့အတွက် အခက်အခဲတွေပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါပတ်ဝန်းကျင်ရဲ့ အထင်သေးကဲ့ရဲ့ ထိုးနှက်ချက်စကားတွေကို လျစ်လျှူရှုပြီး သင့်ရဲ့ ခွန်အားတွေအဖြစ် အသုံးချလိုက်ပါ ။

Credit : ဓမ္မအလင်းရောင်

[zawgyi]

တစ္ခါက… ခရီးသြား ကုန္သည္အဖြဲ႕တစ္ဖြဲ႕ဟာေတာင္တန္းတစ္ခုကို ျဖတ္ၿပီး ခရီးသြားၾကရင္းမထင္မွတ္ပဲ အဖြဲ႕ထဲမွ တစ္ေယာက္ဟာ ေျခေခ်ာ္ၿပီး ေခ်ာက္ကမ္းပါးထဲကို ျပဳတ္က်သြားခဲ့တယ္ ။ျပဳတ္က်သူဟာ ေခ်ာက္ကမ္းပါးရဲ႕ထက္ဝက္မွာရွိတဲ့ ေက်ာက္စြယ္ေလးမွာ တင္ေနတယ္။ ေခ်ာက္ကမ္းပါးႀကီးကလဲ အင္မတန္မွ နက္ရႈိင္းေတာ့ ဘယ္သူမွလဲ ဆင္းမကယ္ဝံ့ၾကဘူးေပါ့။ ဒီေတာ့ ကုန္သည္အဖြဲ႕က ျပဳတ္က်သူကို ကူညီဖို႔ဟာ တကယ့္ကို မလြယ္ကူဘူး။ သူဟာေသလူ ျဖစ္သြားပါၿပီ။ဒီေတာ့ သူ႔အိမ္ကို ဘာမ်ားမွာခ်င္လဲဆိုၿပီးကမ္းပါးထိပ္ကေန ေအာ္ ဟစ္ၿပီး ေမးၾကမယ္ဆိုၿပီး.. ေဟ့လူ မင္းဟာ မၾကာခင္ ေသရေတာ့မယ္။ဒီေခ်ာက္ကမ္းပါးႀကီးကို မင္း တက္ႏိုင္မွာ မဟုတ္ဘူး။ ငါတို႔လဲ ဆင္း ကယ္လို႔ မရႏိုင္ဘူး။ဒီေတာ့ မင္းအိမ္က မိသားစုကို ဘာမွာခ်င္လဲေျပာ ငါတို႔ သြားေျပာေပးမယ္လို႔ ေအာ္ေျပာၾကသတဲ့။ဒီအခ်ိန္မွာ ျပဳတ္က်သူဟာေခ်ာက္ကမ္းပါးႀကီးကို ကုတ္ျခစ္ပီးတက္ဖို႔ႀကိဳးစားပါေတာ့တယ္။ကမ္းပါးထိပ္က အဖြဲ႕ကလဲတက္ဖို႔မႀကိဳးစားပါနဲ႔ေတာ့ ဆက္ၿပီးေအာက္ကို ျပဳတ္က်လိမ့္မယ္။မင္းအိမ္ကို မွာခ်င္တဲ့ စကားကိုသာ ငါ့ကိုေျပာပါ။ အဖြဲ႕ကရမယ့္ မင္းရဲ႕ ေဝစုကိုလဲ မင္းအိမ္ကို ေပးေပးပါ့မယ္ ” လို႔ ေအာ္ဟစ္ေျပာဆိုၾကျပန္တယ္။ဒီလိုေျပာေလ….ျပဳတ္က်သူဟာ ႀကိဳးစားၿပီး ကုတ္ျခစ္တက္လာေလပါပဲဒီလိုနဲ႔ တက္လာလိုက္တာမယုံႏိုင္ေအာင္ပါပဲ။ သူဟာ အေပၚကို ေရာက္လာႏိုင္ခဲ့ပါတယ္ ။ဒီေတာ့မွ အေပၚက သူ႔အဖြဲ႕ဟာ ဝမ္းသာအားရျဖစ္ၿပီး မင္းကို မျဖစ္ႏိုင္ပါဘူး။မႀကိဳးစားနဲ႔ေတာ့လို႔ ေျပာတာကို ဂ႐ုမစိုက္ပဲဘာလို႔ ဇြတ္အတင္း တက္လာႏိုင္ခဲ့တာလဲ လို႔ဝိုင္းေမးၾကေတာ့… ငါဟာ နားသိပ္မၾကားသူ တစ္ေယာက္ပါ။မင္းတို႔ေျပာတာကို ငါမၾကားဘူး။ငါက မင္းတို႔ဟာ ငါ့ကို အေပၚတက္ဖို႔တိုက္တြန္း အားေပးေနၾကတာလို႔ ထင္တာနဲ႔အားႀကိဳးမာန္တက္ တက္လာခဲ့တာပါ ” လို႔ျပန္ေျပာလိုက္ပါေတာ့တယ္။ဒီလိုပါပဲ…ဘဝမွာ ေအာင္ျမင္ဖို႔အတြက္ အခက္အခဲေတြျပႆနာေတြနဲ႔ ရင္ဆိုင္ရတဲ့အခါပတ္ဝန္းက်င္ရဲ႕ အထင္ေသးကဲ့ရဲ႕ ထိုးႏွက္ခ်က္စကားေတြကို လ်စ္လွ်ဴရႈၿပီး သင့္ရဲ႕ ခြန္အားေတြအျဖစ္ အသုံးခ်လိုက္ပါ ။