လူတစ်ယောက် အောင်မြင်ဖို့ဆိုတာ..

တစ်ခါ၌ အလုပ်ရှင်တစ်ယောက်က လူငယ်အလုပ်သမားတစ်ဦး အလိုရှိကြောင်း ကြော်ငြာသည့်အခါ ယောက်ျားလေး ၃၀ ခန့် အလုပ်လျှောက်ကြသည်။ သူက ဘောလုံးတစ်လုံးနှင့် ဘောလုံးပေါက်ရန် စက်ကွင်းတစ်ခုစီစဉ်ထားပြီး အလုပ်လျှောက်သူအားလုံး တစ်ယောက်လျှင် ခုနှစ်ချက်စီ ပစ်ပေါက်စေသည်။ စက်ကွင်းအလယ်ဗဟိုကို အများဆုံးထိမှန်သူအား ရွေးချယ်ရန် ရည်ရွယ်ထားရာ မည်သူတစ်ဦးတစ်ယောက်မျှပင် တစ်ချက်တစ်လေမှ မထိမှန်သည့်အခါ သူ ရွေးချယ်၍မရ ဖြစ်သွားသည်။”ကဲ မနက်ဖြန် ပြန်လာပြီး ပေါက်ကြဦးပေါ့ကွာ”ဟု သူပြောပြီး လူငယ်များအား ပြန်ခိုင်းလိုက်သည်။နောက်နေ့တွင် သည်လူစုထဲမှ ခပ်ငယ်ငယ်ကောင်လေး တစ်ယောက်သာ ပြန်ရောက်လာသည်။ သူ့အား ပထမနေ့ကအတိုင်း ဘောလုံးပေါက်ခိုင်းသည့်အခါ၌ စက်ကွင်းအလယ်ဗဟိုကို အကြိမ်ကြိမ် ထိမှန်တာ တွေ့ရသည်။”ဟ တယ်ဟုတ်ပါလားကွ… ဘယ်လြိုဖစ်သွားတာလဲ”အလုပ်ရှင်က အံ့သြစွာ မေးသည့်အခါ”ကျနော်က အမေ့ကို မဖြစ်မနေ ကူညီရမှာ ဆိုတော့ ဒီအလုပ်ကို သိပ်လိုချင်ပါတယ်။ ဒါ့ကြောင့် ညက ကျနော် အိမ်ဘေးအဖီထဲမှာ တစ်ညလုံး ဘောလုံးပေါက်လေ့ကျင့်ပါတယ်…ကောင်လေးအကြောင်း သည်လောက်ဆို လုံလောက်ပါပြီ။

သည်လိုစိတ်ဓာတ်မျိုး ရှိသည့် လူငယ်တစ်ယောက်သည် အလုပ်မရမှာ ပူစရာ မလို။ ရာထူးမတိုးမှာလည်း စိုးရိမ်စရာ မရှိ။ သည်စိတ်ဓါတ်ကိုသာ ဆက်လက်မွေးမြူထားမည်ဆိုက မုဆိုးမမိခင်နှင့် ကြီးပြင်းခဲ့ရသည်ဖြစ်စေ ကျောင်းပညာ အခြေခံနည်းပါးခဲ့သည်ဖြစ်စေ ညှိုးငယ်တိမ်မြုပ်နေစရာ အကြောင်းမရှိ။ တစ်ပန်းရှုံးသော မူလအနေအထားမှ ရုန်းထွက်ကာ တစ်နေ့သောအခါ၌ သူတစ်ပါး အံ့သြရလောက်အောင် ထူခြားအောင်မြင်သူများ ဖြစ်လာကြမှာ မုချဖြစ်သည်။ မှန်သည်။ လူတစ်ယောက် ဖွံ့ဖြိုးတိုးတက်ဖို့တွင် အရေးကြီးသည့်အရာက ကိုယ်ဘာအလိုရှိသလဲ.? ဘာဖြစ်ချင်သလဲ.? အဲဒီအတွက် ဘာလုပ်ရမလဲ.? ဘယ်လိုအရည်အချင်းတွေ ရှိဖို့လိုအပ်သလဲဆိုတာရှင်းလင်းပြတ်သားစွာ သိဖို့နဲ့လိုအပ်သမျှကို ဖြည့်ဆည်းမည်ဆိုသော ‘စိတ်’ ‘ဇွဲ’ ရှိဖို့ပဲ ဖြစ်သည်။

Credit – မူရင်း

[zawgyi]

တစ္ခါ၌ အလုပ္ရွင္တစ္ေယာက္က လူငယ္အလုပ္သမားတစ္ဦး အလိုရွိေၾကာင္း ေၾကာ္ျငာသည့္အခါ ေယာက္်ားေလး ၃၀ ခန႔္ အလုပ္ေလွ်ာက္ၾကသည္။ သူက ေဘာလုံးတစ္လုံးႏွင့္ ေဘာလုံးေပါက္ရန္ စက္ကြင္းတစ္ခုစီစဥ္ထားၿပီး အလုပ္ေလွ်ာက္သူအားလုံး တစ္ေယာက္လွ်င္ ခုႏွစ္ခ်က္စီ ပစ္ေပါက္ေစသည္။ စက္ကြင္းအလယ္ဗဟိုကို အမ်ားဆုံးထိမွန္သူအား ေ႐ြးခ်ယ္ရန္ ရည္႐ြယ္ထားရာ မည္သူတစ္ဦးတစ္ေယာက္မွ်ပင္ တစ္ခ်က္တစ္ေလမွ မထိမွန္သည့္အခါ သူ ေ႐ြးခ်ယ္၍မရ ျဖစ္သြားသည္။”ကဲ မနက္ျဖန္ ျပန္လာၿပီး ေပါက္ၾကဦးေပါ့ကြာ”ဟု သူေျပာၿပီး လူငယ္မ်ားအား ျပန္ခိုင္းလိုက္သည္။ေနာက္ေန႔တြင္ သည္လူစုထဲမွ ခပ္ငယ္ငယ္ေကာင္ေလး တစ္ေယာက္သာ ျပန္ေရာက္လာသည္။ သူ႔အား ပထမေန႔ကအတိုင္း ေဘာလုံးေပါက္ခိုင္းသည့္အခါ၌ စက္ကြင္းအလယ္ဗဟိုကို အႀကိမ္ႀကိမ္ ထိမွန္တာ ေတြ႕ရသည္။”ဟ တယ္ဟုတ္ပါလားကြ… ဘယ္ႀလိဳဖစ္သြားတာလဲ”အလုပ္ရွင္က အံ့ၾသစြာ ေမးသည့္အခါ”က်ေနာ္က အေမ့ကို မျဖစ္မေန ကူညီရမွာ ဆိုေတာ့ ဒီအလုပ္ကို သိပ္လိုခ်င္ပါတယ္။ ဒါ့ေၾကာင့္ ညက က်ေနာ္ အိမ္ေဘးအဖီထဲမွာ တစ္ညလုံး ေဘာလုံးေပါက္ေလ့က်င့္ပါတယ္…ေကာင္ေလးအေၾကာင္း သည္ေလာက္ဆို လုံေလာက္ပါၿပီ။သည္လိုစိတ္ဓာတ္မ်ိဳး ရွိသည့္ လူငယ္တစ္ေယာက္သည္ အလုပ္မရမွာ ပူစရာ မလို။ ရာထူးမတိုးမွာလည္း စိုးရိမ္စရာ မရွိ။ သည္စိတ္ဓါတ္ကိုသာ ဆက္လက္ေမြးျမဴထားမည္ဆိုက မုဆိုးမမိခင္ႏွင့္ ႀကီးျပင္းခဲ့ရသည္ျဖစ္ေစ ေက်ာင္းပညာ အေျခခံနည္းပါးခဲ့သည္ျဖစ္ေစ ညႇိဳးငယ္တိမ္ျမဳပ္ေနစရာ အေၾကာင္းမရွိ။ တစ္ပန္းရႈံးေသာ မူလအေနအထားမွ ႐ုန္းထြက္ကာ တစ္ေန႔ေသာအခါ၌ သူတစ္ပါး အံ့ၾသရေလာက္ေအာင္ ထူျခားေအာင္ျမင္သူမ်ား ျဖစ္လာၾကမွာ မုခ်ျဖစ္သည္။ မွန္သည္။ လူတစ္ေယာက္ ဖြံ႕ၿဖိဳးတိုးတက္ဖို႔တြင္ အေရးႀကီးသည့္အရာက ကိုယ္ဘာအလိုရွိသလဲ.? ဘာျဖစ္ခ်င္သလဲ.? အဲဒီအတြက္ ဘာလုပ္ရမလဲ.? ဘယ္လိုအရည္အခ်င္းေတြ ရွိဖို႔လိုအပ္သလဲဆိုတာရွင္းလင္းျပတ္သားစြာ သိဖို႔နဲ႔လိုအပ္သမွ်ကို ျဖည့္ဆည္းမည္ဆိုေသာ ‘စိတ္’ ‘ဇြဲ’ ရွိဖို႔ပဲ ျဖစ္သည္။