ကိုယ့်အတွက်ပဲ ကိုယ်စိတ်ပူပါ

သင်မရှိလည်း ကမ္ဘာကြီးက လည်ပတ်နေမှာပဲရာသီတွေလည်း သူ့နေသားတကျ ရွေ့လျားနေမှာပဲ..သင်မရှိလည်း လူတစ်ချို့က အဆင်ပြေနေကြမှာပဲ..မရှိခဏ တမ်းတကြတုန်းသင့်ထက်ပို ကောင်းပေ့ဆိုတဲ့ အရာတွေနဲ့တွေ့ရင်သင်ဆိုတာ သတင်းစာ တစ်စောင်ရဲ့နာရေးကြော်ငြာ တစ်ပိုဒ်စာပဲ ။ပြီးနောက် နောက်အပတ်စဉ်မှာတော့ဘယ်သူမှ သင်ကို အမှတ်ရ မနေကြဘူး။သင်ကို လိုအပ်ပါတယ်ဆိုတဲ့ သူတွေကလည်းသင်မရှိရင် သူတို့ လိုအပ်ချက်တွေ ရနိုင်မယ့်နေရာတစ်ခုဆီကို ရွေ့လျားသွားကြမှာပဲ ။သင်ရှိတုန်းတော့ သူတို့ ရနိုင်သမျှကိုကုန်စင်အောင် စုပ်ယူသောက်သုံးကြမှာပဲ..။သစ်ပင်တစ်ပင်လိုပေါ့အသီးချိုရင် အသီးရာသီမှာ သင်ဆီရောက်လာမယ်..အပွင့်လှရင် အပွင့်ပွင့်ချိန်ကို စောင့်ကြမယ်..အမြစ်ပါချိုရင်သင့်ကိုအမြစ်ပါလှန်ဖို့ စောင့်နေကြမှာပဲ။

သင်သေဆုံးသွားတဲ့တစ်နေ့ မသီးမပွင့်တော့တဲ့တစ်နေ့ နောက်တစ်ပင်ကို ကူးပြောင်းသွားမယ့်ငှက်တွေပဲပေါ့ ။သင့်ကို တန်ဖိုးထားပါတယ်ဆိုတဲ့ လူတွေလည်းသင့်နေရာမှာ တစ်ခြားတစ်ယောက် ရောက်လာရင်သင်ဟာ သူတို့ရဲ့ တစ်ချိန်က တစ်နေရာစာလေးပဲကျန်ခဲ့မယ့် ပါးစပ်သမိုင်းပဲ ဖြစ်သွားမှာပဲ..။သင်ရှိတုန်းကသာသင့်ကို အတိုင်းအတာ တစ်ခုလောက်ပဲပြုံးပြနှုတ်ဆက်ပြတာသင်မရှိတော့တဲ့တစ်နေ့ သင်ကောင်းခဲ့သမျှတွေဆယ်ခုထဲမှာ မကောင်းတာ တစ်ခုရှိရင်အဲဒီအရာကို…ပုံကြီးချဲ့ပြီး ပြောကြအုံးမှာပဲ..။ကြော်ငြာဆိုင်းဘုတ်တွေလိုပေါ့.. နောက်ကြော်ငြာခေတ်ထရင်ရှေ့ကြော်ငြာကို အလိုလိုဖြုတ်ချပြီးဟောင်းနွမ်းဇာတ် သွင်းပစ်လိုက်ကြတာပဲ ။ဒီအတွက် သင်လည်း ဘာမှစိတ်ပူမနေနဲ့ သင်မရှိလည်း သူ့နေရာနဲ့သူ အဆင်ပြေ နေကြတာပဲ..ဒါတွေကို သင်သိဖို့လိုတယ်..`ကိုယ့်အတွက်ပဲ ကိုယ် စိတ်ပူပါ´

Credit : Han Thi

[zawgyi]

သင္မရွိလည္း ကမာၻႀကီးက လည္ပတ္ေနမွာပဲရာသီေတြလည္း သူ႔ေနသားတက် ေ႐ြ႕လ်ားေနမွာပဲ..သင္မရွိလည္း လူတစ္ခ်ိဳ႕က အဆင္ေျပေနၾကမွာပဲ..မရွိခဏ တမ္းတၾကတုန္းသင့္ထက္ပို ေကာင္းေပ့ဆိုတဲ့ အရာေတြနဲ႔ေတြ႕ရင္သင္ဆိုတာ သတင္းစာ တစ္ေစာင္ရဲ႕နာေရးေၾကာ္ျငာ တစ္ပိုဒ္စာပဲ ။ၿပီးေနာက္ ေနာက္အပတ္စဥ္မွာေတာ့ဘယ္သူမွ သင္ကို အမွတ္ရ မေနၾကဘူး။သင္ကို လိုအပ္ပါတယ္ဆိုတဲ့ သူေတြကလည္းသင္မရွိရင္ သူတို႔ လိုအပ္ခ်က္ေတြ ရႏိုင္မယ့္ေနရာတစ္ခုဆီကို ေ႐ြ႕လ်ားသြားၾကမွာပဲ ။သင္ရွိတုန္းေတာ့ သူတို႔ ရႏိုင္သမွ်ကိုကုန္စင္ေအာင္ စုပ္ယူေသာက္သုံးၾကမွာပဲ..။သစ္ပင္တစ္ပင္လိုေပါ့အသီးခ်ိဳရင္ အသီးရာသီမွာ သင္ဆီေရာက္လာမယ္..အပြင့္လွရင္ အပြင့္ပြင့္ခ်ိန္ကို ေစာင့္ၾကမယ္..အျမစ္ပါခ်ိဳရင္သင့္ကိုအျမစ္ပါလွန္ဖို႔ ေစာင့္ေနၾကမွာပဲ။သင္ေသဆုံးသြားတဲ့တစ္ေန႔ မသီးမပြင့္ေတာ့တဲ့တစ္ေန႔ ေနာက္တစ္ပင္ကို ကူးေျပာင္းသြားမယ့္ငွက္ေတြပဲေပါ့ ။သင့္ကို တန္ဖိုးထားပါတယ္ဆိုတဲ့ လူေတြလည္းသင့္ေနရာမွာ တစ္ျခားတစ္ေယာက္ ေရာက္လာရင္သင္ဟာ သူတို႔ရဲ႕ တစ္ခ်ိန္က တစ္ေနရာစာေလးပဲက်န္ခဲ့မယ့္ ပါးစပ္သမိုင္းပဲ ျဖစ္သြားမွာပဲ..။သင္ရွိတုန္းကသာသင့္ကို အတိုင္းအတာ တစ္ခုေလာက္ပဲၿပဳံးျပႏႈတ္ဆက္ျပတာသင္မရွိေတာ့တဲ့တစ္ေန႔ သင္ေကာင္းခဲ့သမွ်ေတြဆယ္ခုထဲမွာ မေကာင္းတာ တစ္ခုရွိရင္အဲဒီအရာကို…ပုံႀကီးခ်ဲ႕ၿပီး ေျပာၾကအုံးမွာပဲ..။ေၾကာ္ျငာဆိုင္းဘုတ္ေတြလိုေပါ့.. ေနာက္ေၾကာ္ျငာေခတ္ထရင္ေရွ႕ေၾကာ္ျငာကို အလိုလိုျဖဳတ္ခ်ၿပီးေဟာင္းႏြမ္းဇာတ္ သြင္းပစ္လိုက္ၾကတာပဲ ။ဒီအတြက္ သင္လည္း ဘာမွစိတ္ပူမေနနဲ႔ သင္မရွိလည္း သူ႔ေနရာနဲ႔သူ အဆင္ေျပ ေနၾကတာပဲ..ဒါေတြကို သင္သိဖို႔လိုတယ္..`ကိုယ့္အတြက္ပဲ ကိုယ္ စိတ္ပူပါ´