“ဆံညှပ်အခုတစ်ရာ”

တစ်ခါတုန်းက ဘုရင်တစ်ပါးမှာ သမီးတော် (၇)ယောက်ရှိတယ်။ သမီးတော်တွေဟာ ချောမောလှပကြပြီး ရှည်လျားနက်မှောင်တဲ့ဆံပင်ကိုယ်စီ ပိုင်ဆိုင်ထားကြတယ်။ ဒါကြောင့် ဘုရင်က သမီးတော်တိုင်းကို လှပတဲ့ဆံညှပ်အခု(၁ဝဝ)ဆီ လက်ဆောင်ပေးခဲ့တယ်။တစ်နေ့မနက်မှာ ပထမသမီးတော်ဟာ အိပ်ရာကထပြီး ခါတိုင်းလိုပဲ ဆံပင်တွေကို ဖြီးသင်နေခဲ့တယ်။ အဲဒီလိုဖြီးသင်နေတုန်း သူ့ရဲ့ဆံညှပ်တစ်ချောင်း ပျောက်နေတာကို သူသတိထားမိလိုက်တယ်။ ဒါနဲ့ ဒုတိယသမီးတော်ဆီကနေ ဆံညှပ်တစ်ချောင်း သူတိတ်တိတ်လေးခိုးယူလိုက်တယ်။ဒု တိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်းပျောက်နေတာကို သတိထားမိတော့ တတိယသမီးတော်ရဲ့ ဆံညှပ်တစ်ချောင်းကို ခိုးယူလိုက်တယ်။ တတိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်းပျောက်နေတာကို သတိထားမိတော့ စတုတ္ထသမီးတော်ရဲ့ဆံညှပ်တစ်ချောင်း ကို ခိုးယူလိုက်တယ်။ စတုတ္ထသမီးတော်က ပဉ္စမသမီးတော်ရဲ့ဆံညှပ်ကိုခိုးယူတယ်။ ပဉ္စမသမီးတော်က ဆဠမသမီးတော်ရဲ့ဆံညှပ်ကိုခိုးယူတယ်။ ဆဠမသမီးတော်က သတ္တမသမီးတော်ရဲ့ဆံညှပ်ကို ခိုးယူတယ်။ အဲဒီလိုနဲ့ သမီးတော်အငယ်ဆုံးရဲ့ဆံညှပ်က ၉၉ခုပဲရှိတော့တယ်။နောက်တစ်နေ့မှာ အိမ်နီးချင်းနိုင်ငံက မင်းသားတစ်ပါးဟာ ဘုရင်ကြီးဆီ ရုတ်တရက် အလည်ရောက်လာခဲ့တယ်။ မင်းသားက “မနေ့က ကျွန်တော်မျိုးမွေးထားတဲ့ ခိုတစ်ကောင်ဟာ ဆံညှပ်တစ်ခုကို ကိုက်ချီလာခဲ့တယ်။ အရှင်မင်းကြီးရဲ့ သမီးတော်တွေရဲ့ဆံညှပ်ဖြစ်မယ်ထင်လို့ ကျွန်တော်မျိုးလာရောက်ရခြင်းဖြစ်ပါတယ်။ ဘယ်သမီးတော်ရဲ့ ဆံညှပ်ပျောက်သွားသလဲ ဘုရား” လို့ ဘုရင်ကြီးကို လျှောက်တင်တယ်။

သမီးတော်တွေက မင်းသားရဲ့စကားကိုကြားတော့ သူပျောက်ပါတယ်၊ ငါပျောက်ပါတယ်လို့ ပြောချင်ပေမယ့် သူတို့ဆီမှာက ဆံညှပ်အခုတစ် ရာဆီရှိနေတော့ မပြောနိုင်ခဲ့ကြဘူး။ အဲဒီမှာ သမီးတော်လေးက “သမီးတော်ရဲ့ ဆံညှပ်တစ်ချောင်း ပျောက်သွားပါတယ်”လို့ ပြောလိုက်တယ်။ စကားပြောပြောပြီးချင်း ဆံညှပ်တစ်ချောင်းလျော့နေတဲ့သမီးတော်ရဲ့ဆံနွယ်တွေဟာ ဖြည်လျောကျလာခဲ့တယ်။ ဆံနွယ်တွေနဲ့ လှပနေတဲ့ သမီးတော်ရဲ့အလှကို မင်းသားရင်သပ်ရှုမောသွားခဲ့ပါတယ်။ နောက်ဆုံးတော့ ပုံပြင်ရဲ့အဆုံးက မင်းသားနဲ့မင်းသမီး ပျော်ပျော်ရွှင်ရွှင် ညားကြလေသတည်းပေါ့..။ဆံညှပ်အခုတစ်ရာဟာ လုံးဝပြီးပြည့်စုံတဲ့ လူ့ဘဝလို့ဆိုရင် ဆံညှပ်တစ်ခုလျော့နေတဲ့ ဘဝက မပြီးပြည့်စုံတဲ့ဘဝလို့ ဆိုရပါမယ်။ မပြီးပြည့်စုံတဲ့ဘဝဟာ နောင်တစ်ချိန်မှာ ပြောင်းလဲခွင့်ရှိတဲ့ အခွင့်အရေးကို ရပါလိမ့်မယ်။ အဆုံးမရှိတဲ့ ပြောင်းလဲခွင့်နဲ့ကြုံနိုင်ပါတယ်။ချွတ်ယွင်းချက်ရှိတာနဲ့ စိတ်ညစ်မှိုင်တွေနေတော့မလား..လူ့ဘဝရဲ့ မပြည့်စုံခြင်းကို ဘယ်လိုရင်ဆိုင်မလဲ..မျက်ကွယ်ပြုတယ်ဆိုတိုင်း ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ရင်ဆိုင်ရတယ်ဆိုတိုင်း ခက်ခဲတာမဟုတ်ပါဘူး။အထီးကျန်တယ်ဆိုတိုင်း မပျော်ရွှင်တာမဟုတ်ပါဘူး။ရ ယူ ပိုင်ဆိုင်ပြီဆိုတိုင်း ထာဝရတည်မြဲတာမဟုတ်ပါဘူး။ရှုံးဆုံးပြီဆိုတိုင်း နောက်တစ်ဖန်မပိုင်ရတော့တာ မဟုတ်ပါဘူး။လှည့်ထွက်ခဲ့တယ်ဆို တိုင်း စိတ်ဓာတ်ပျော့လို့ မဟုတ်ပါဘူး။ရွေးချယ်စရာလမ်းမရှိတော့ဘူးလို့ အလျင်စလို မပြောလိုက်ပါနဲ့။လောကမှာ အမှားနဲ့အမှန်ပဲရှိတယ်လို့ မထင်လိုက်ပါနဲ့။ကိစ္စတော်တော်များများရဲ့အဖြေဟာ တစ်ခုတည်းရှိတာ မဟုတ်ပါဘူး။ကျွန်မတို့မှာလျှောက်ဖို့လမ်းတွေ အမြဲရှိနေပါသေးတယ်။လက်လွှတ်တတ်ဖို့ သိနားလည်သူဟာ ပေါ့ပါးတယ်။မေ့တတ်ဖို့ သိနားလည်သူဟာ လွတ်လပ်တယ်။ စိတ်ညစ်ဖို့ သင်ဆင်ခြင်ပေးနိုင်ရင် ပျော်ရွှင်ဖို့အတွက်ကိုလည်း သင် ဆင်ခြင်ရှာနိုင်ပါတယ်။

Credit – မူရင်း

[zawgyi]

တစ္ခါတုန္းက ဘုရင္တစ္ပါးမွာ သမီးေတာ္ (၇)ေယာက္ရွိတယ္။ သမီးေတာ္ေတြဟာ ေခ်ာေမာလွပၾကၿပီး ရွည္လ်ားနက္ေမွာင္တဲ့ဆံပင္ကိုယ္စီ ပိုင္ဆိုင္ထားၾကတယ္။ ဒါေၾကာင့္ ဘုရင္က သမီးေတာ္တိုင္းကို လွပတဲ့ဆံညႇပ္အခု(၁ဝဝ)ဆီ လက္ေဆာင္ေပးခဲ့တယ္။တစ္ေန႔မနက္မွာ ပထမသမီးေတာ္ဟာ အိပ္ရာကထၿပီး ခါတိုင္းလိုပဲ ဆံပင္ေတြကို ၿဖီးသင္ေနခဲ့တယ္။ အဲဒီလိုၿဖီးသင္ေနတုန္း သူ႔ရဲ႕ဆံညႇပ္တစ္ေခ်ာင္း ေပ်ာက္ေနတာကို သူသတိထားမိလိုက္တယ္။ ဒါနဲ႔ ဒုတိယသမီးေတာ္ဆီကေန ဆံညႇပ္တစ္ေခ်ာင္း သူတိတ္တိတ္ေလးခိုးယူလိုက္တယ္။ဒု တိယသမီးေတာ္ကလည္း သူ႔ဆံညႇပ္တစ္ေခ်ာင္းေပ်ာက္ေနတာကို သတိထားမိေတာ့ တတိယသမီးေတာ္ရဲ႕ ဆံညႇပ္တစ္ေခ်ာင္းကို ခိုးယူလိုက္တယ္။ တတိယသမီးေတာ္ကလည္း သူ႔ဆံညႇပ္တစ္ေခ်ာင္းေပ်ာက္ေနတာကို သတိထားမိေတာ့ စတုတၳသမီးေတာ္ရဲ႕ဆံညႇပ္တစ္ေခ်ာင္း ကို ခိုးယူလိုက္တယ္။ စတုတၳသမီးေတာ္က ပၪၥမသမီးေတာ္ရဲ႕ဆံညႇပ္ကိုခိုးယူတယ္။ ပၪၥမသမီးေတာ္က ဆဠမသမီးေတာ္ရဲ႕ဆံညႇပ္ကိုခိုးယူတယ္။ ဆဠမသမီးေတာ္က သတၱမသမီးေတာ္ရဲ႕ဆံညႇပ္ကို ခိုးယူတယ္။ အဲဒီလိုနဲ႔ သမီးေတာ္အငယ္ဆုံးရဲ႕ဆံညႇပ္က ၉၉ခုပဲရွိေတာ့တယ္။ေနာက္တစ္ေန႔မွာ အိမ္နီးခ်င္းႏိုင္ငံက မင္းသားတစ္ပါးဟာ ဘုရင္ႀကီးဆီ ႐ုတ္တရက္ အလည္ေရာက္လာခဲ့တယ္။ မင္းသားက “မေန႔က ကြၽန္ေတာ္မ်ိဳးေမြးထားတဲ့ ခိုတစ္ေကာင္ဟာ ဆံညႇပ္တစ္ခုကို ကိုက္ခ်ီလာခဲ့တယ္။ အရွင္မင္းႀကီးရဲ႕ သမီးေတာ္ေတြရဲ႕ဆံညႇပ္ျဖစ္မယ္ထင္လို႔ ကြၽန္ေတာ္မ်ိဳးလာေရာက္ရျခင္းျဖစ္ပါတယ္။ ဘယ္သမီးေတာ္ရဲ႕ ဆံညႇပ္ေပ်ာက္သြားသလဲ ဘုရား” လို႔ ဘုရင္ႀကီးကို ေလွ်ာက္တင္တယ္။သမီးေတာ္ေတြက မင္းသားရဲ႕စကားကိုၾကားေတာ့ သူေပ်ာက္ပါတယ္၊ ငါေပ်ာက္ပါတယ္လို႔ ေျပာခ်င္ေပမယ့္ သူတို႔ဆီမွာက ဆံညႇပ္အခုတစ္ ရာဆီရွိေနေတာ့ မေျပာႏိုင္ခဲ့ၾကဘူး။ အဲဒီမွာ သမီးေတာ္ေလးက “သမီးေတာ္ရဲ႕ ဆံညႇပ္တစ္ေခ်ာင္း ေပ်ာက္သြားပါတယ္”လို႔ ေျပာလိုက္တယ္။ စကားေျပာေျပာၿပီးခ်င္း ဆံညႇပ္တစ္ေခ်ာင္းေလ်ာ့ေနတဲ့သမီးေတာ္ရဲ႕ဆံႏြယ္ေတြဟာ ျဖည္ေလ်ာက်လာခဲ့တယ္။ ဆံႏြယ္ေတြနဲ႔ လွပေနတဲ့ သမီးေတာ္ရဲ႕အလွကို မင္းသားရင္သပ္ရႈေမာသြားခဲ့ပါတယ္။ ေနာက္ဆုံးေတာ့ ပုံျပင္ရဲ႕အဆုံးက မင္းသားနဲ႔မင္းသမီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ညားၾကေလသတည္းေပါ့..။ဆံညႇပ္အခုတစ္ရာဟာ လုံးဝၿပီးျပည့္စုံတဲ့ လူ႔ဘဝလို႔ဆိုရင္ ဆံညႇပ္တစ္ခုေလ်ာ့ေနတဲ့ ဘဝက မၿပီးျပည့္စုံတဲ့ဘဝလို႔ ဆိုရပါမယ္။ မၿပီးျပည့္စုံတဲ့ဘဝဟာ ေနာင္တစ္ခ်ိန္မွာ ေျပာင္းလဲခြင့္ရွိတဲ့ အခြင့္အေရးကို ရပါလိမ့္မယ္။ အဆုံးမရွိတဲ့ ေျပာင္းလဲခြင့္နဲ႔ႀကဳံႏိုင္ပါတယ္။ခြၽတ္ယြင္းခ်က္ရွိတာနဲ႔ စိတ္ညစ္မႈိင္ေတြေနေတာ့မလား..လူ႔ဘဝရဲ႕ မျပည့္စုံျခင္းကို ဘယ္လိုရင္ဆိုင္မလဲ..မ်က္ကြယ္ျပဳတယ္ဆိုတိုင္း ၿပီးဆုံးသြားမွာမဟုတ္ပါဘူး။ရင္ဆိုင္ရတယ္ဆိုတိုင္း ခက္ခဲတာမဟုတ္ပါဘူး။အထီးက်န္တယ္ဆိုတိုင္း မေပ်ာ္႐ႊင္တာမဟုတ္ပါဘူး။ရ ယူ ပိုင္ဆိုင္ၿပီဆိုတိုင္း ထာဝရတည္ၿမဲတာမဟုတ္ပါဘူး။ရႈံးဆုံးၿပီဆိုတိုင္း ေနာက္တစ္ဖန္မပိုင္ရေတာ့တာ မဟုတ္ပါဘူး။လွည့္ထြက္ခဲ့တယ္ဆို တိုင္း စိတ္ဓာတ္ေပ်ာ့လို႔ မဟုတ္ပါဘူး။ေ႐ြးခ်ယ္စရာလမ္းမရွိေတာ့ဘူးလို႔ အလ်င္စလို မေျပာလိုက္ပါနဲ႔။ေလာကမွာ အမွားနဲ႔အမွန္ပဲရွိတယ္လို႔ မထင္လိုက္ပါနဲ႔။ကိစၥေတာ္ေတာ္မ်ားမ်ားရဲ႕အေျဖဟာ တစ္ခုတည္းရွိတာ မဟုတ္ပါဘူး။ကြၽန္မတို႔မွာေလွ်ာက္ဖို႔လမ္းေတြ အၿမဲရွိေနပါေသးတယ္။လက္လႊတ္တတ္ဖို႔ သိနားလည္သူဟာ ေပါ့ပါးတယ္။ေမ့တတ္ဖို႔ သိနားလည္သူဟာ လြတ္လပ္တယ္။ စိတ္ညစ္ဖို႔ သင္ဆင္ျခင္ေပးႏိုင္ရင္ ေပ်ာ္႐ႊင္ဖို႔အတြက္ကိုလည္း သင္ ဆင္ျခင္ရွာႏိုင္ပါတယ္။