သူခိုးဘယ်သူဖြစ်မလဲ..?

တစ်ခါက အိမ်ရှင်တစ်ယောက်ဟာ ဒေါ်လာတစ်ရာကို စားပွဲပေါ်တင်ပြီး အလုပ်ကိုသွားပါတယ်။ သူအလုပ်ပြန်လာတဲ့အခါ ၎င်းပိုက်ဆံတွေဟာ ပျောက်နေတဲ့အတွက် မသင်္ကာစရာ လူသုံးဦးဖြစ်တဲ့ ထမင်းချက်ရယ် အိမ်ဖော်လုပ်သူရယ် မီးပြင်သမားရယ်ကိုခေါ်ပြီးမေးတဲ့အခါမှာတော့..ထမင်းချက်သမားက ပိုက်ဆံပျောက်မှာစိုးလို့ စာအုပ်ကြားထဲမှာညှပ်ထားခဲ့ကြောင်းပြောပါတယ်။ ဒါကြောင့် အိမ်ရှင်ဖြစ်သူက စာအုပ်ကိုစစ်ကြည့်တဲ့အခါမှာတော့ အဆိုပါ ပိုက်ဆံကို မတွေ့ပါဘူး။ ဒါနဲ့ နောက်ထပ်တစ်ယောက်ဖြစ်တဲ့ အိမ်ဖော်လုပ်သူကို မေးကြည့်တဲ့ အခါမှာတော့ အိမ်ဖော်က..

ပိုက်ဆံကိုပျောက်မှာစိုးလို့ ပိုပြီးလုံခြုံမှုရှိအောင် စာအုပ်ရဲ့ စာမျက်နှာ ၁၀ နဲ့ ၁၁ ကြားထဲမှာရွှေ့ထားခဲ့ကြောင်းပြောလို့ အိမ်ရှင်က စာမျက်နှာ ၁၀ နဲ့ ၁၁ ကြားထဲကို ရှာကြည့်တဲ့အခါမှာလည်း ပိုက်ဆံကရှိမနေတဲ့အတွက် နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ မီးပြင်သမားကို မေးလိုက်တဲ့အခါမှာတော့ မီးပြင်သမားက ပိုက်ဆံကို စာအုပ်ရဲ့ စာမျက်နှာ ၁၁ နဲ့ ၁၂ ကြားထဲမှာရွှေ့ထားကြောင်းပြောပါတယ်။ အိမ်ရှင်ဟာ အဆိုပါ ၃ ယောက်လုံးကိုမေးပြီးတဲ့ အခါမှာတော့ ပိုက်ဆံကို ဘယ်သူခိုးတာလည်းဆိုတာသိသွားခဲ့ပါတယ်။ ဒါဆိုရင် သူခိုးက ဘယ်သူဖြစ်မလဲ..?

မူရင်း – Credit

[zawgyi]
