မိန်းမကြောက်ပေမယ့် ဉာဏ်တော့ကောင်းတယ်နော်

တစ်ခါက .. အင်မတန် မိန်းမကြောက်ရတဲ့ မွိုင်ရှီ အမည်ရှိလက်သမားဆရာတစ်ဦးရှိပါသတဲ့..။တစ်နေ့တော့ လက်သမားဆရာဟာသူပြု လုပ်ဖန်တီးထားတဲ့ အိမ်ထောင်ပရိဘောဂ ပစ္စည်းတွေကို မြို့တစ်မြို့မှာသွားရောက်ရောင်းချ ခဲ့တယ်။အဲဒီလို ရောင်းချ ပြီးငွေကြေးများစွာကိုလည်း ရရှိခဲ့တယ်။လက်သမားဆရာဟာ သူရရှိလာတဲ့ငွေကြေးတွေကို အိတ်တစ်လုံးနဲ့သေချာစွာထုတ်ပိုးပြီး ပြန်လာခဲ့တယ်။အဲဒီလိုနဲ့ တောလမ်းတစ်နေရာအရောက်မှာတော့ သေနတ်တစ်လက်ကိုင်ထားတဲ့ ဓါးပြတစ်ယောက်ကသူ့ကို ဓါးပြတိုက်တယ်။”ဟေ့လူ..ခင်ဗျားမှာ ငွေအများကြီးပါတယ်ဆိုတာကျုပ်မြို့မှာကတည်းကသိပြီးသား၊ ယီးတီးယားတား လုပ်မယ်တော့မကြံနဲ့၊ အသက်ပါပျောက်သွားမယ်၊ လာထား ခင်ဗျားရဲ့ငွေထုပ်”ဓါးပြဟာ ပြောပြောဆိုဆိုနဲ့လက်သမားဆရာကို သေနတ်နဲ့ထောက်လိုက်တယ်..။အဲဒီအခါ လက်သမားဆရာကြီးက..”မလုပ်ပါနဲ့ဗျာ..။အိမ်ကို ငြွေပန်ပါမလာရင် ကျွန်တော့်မိန်းမက ကျွန်တော့်ကို ရိုက်လိမ့်မယ်”လို့ပြောလိုက်တယ်။အဲဒီအခါ ဓါးပြက.. “ခင်ဗျားက မိန်းမကို အသက်သေမှာထက်ပိုပြီးကြောက်သလား”လို့မေးပြန်တယ်။အဲဒီအခါ လက်သမားဆရာကြီးက..”ကြောက် .. ကြောက်ပါတယ်..။တစ်ခုတော့ ကူညီပါဗျာ..ကျွန်တော့်ငွေထုတ်ကို ယူချင်ယူပါ။ဒါပေမယ့် ဓါးပြတိုက်ကြောင်းသက်သေအနေနဲ့ ကျွန်တော့် ဦးထုပ်ကိုသေနတ်နဲ့ပစ်ပြီး အပေါက်ဖောက်ပေးပါ။ ဒါမှမိန်းမကကျွန်တော်ဓါးပြတိုက်ခံရတယ်ဆိုတာ ယုံမှာမို့ပါ..” လို့ပြောရှာတယ်။အဲဒီနောက်မှာတော့..ဓါးပြဟာ လက်သမားဆရာရဲ့ ဦးထုပ်ကိုယူပြီး သေနတ်နဲ့ပစ်ခါ အပေါက်ဖောက်ပေးလိုက်တယ်။အဲဒီနောက် လက်သမားဆရာဆီကိုဦးထုပ်ပြန်ပေးလိုက်ပြီး ငွေထုပ်ကိုယူကာ လှည့်ထွက်လာတယ်။အဲဒီအခါ လက်သမားဆရာက..”နေ.. နေပါဦး ဆရာ။ အဆင်မပြေသေးဘူး”လို့ပြောပြန်တယ်။

အဲဒီအခါ ဓါးပြက..”ဘာဖြစ်ပြန်ပြီတုံး..ခင်ဗျားက”လို့ပြန်မေးတော့ လက်သမားဆရာက..”ဦးထုပ်မှာ အပေါက်ကတစ်ပေါက်တည်းဆိုတော့ ကျွန်တော့်မိန်းမက ရှင်က ဓါးပြတစ်ယောက်တည်းတောင်နိုင်အောင် ပြန်မချ နိုင်ဘူးလားဆိုပြီးဆူဦးမှာပဲဗျ ။ အခန့်မသင့်ရင် လက်ပါပါလာနိုင်သေးတယ်။ ကျွန်တော်ကြောက်တယ်ဆရာ။ ကျေးဇူးပြုပြီး..ကျွန်တော့်ရဲ့ကုတ်အင်္ကျီမှာပါ အပေါက်တွေထပ်ဖောက်ပေးပါဗျာ။ဒါမှ ဓါးပြတွေအများကြီးဝိုင်းတိုက်တဲ့ ကြားထဲက အသက်စွန့်ပြီး ပြေးလာခဲ့ရတာလို့ ကျွန်တော်ပြောလို့ရတာပေါ့၊ မိန်းမကလည်း ကျွန်တော့်ကိုသနားသွားနိုင်တယ်။အဲဒါလေးလုပ်ပေးပါဦးဗျာ။ရှိကြီးခိုးပါတယ်..” လို့ပြောပြန်တယ်။ အဲဒီလိုနဲ့ဘဲ ဓါးပြဟာလက်သမားဆရာရဲ့ အင်္ကျီ ကိုယူပြီးသေနတ်နဲ့ပစ်ခါ အပေါက်တော်တော်များများဖောက်ပေးလိုက်တယ်။ ပြီးတဲ့အခါ..”ရပြီလား မယက ဥက္ကဌ”လို့ မေးပြန်တယ်။ဒီတော့ လက် သမားဆရာက..”နည်းသေးတယ်ဆရာ ခပ်များများလေးလုပ်ပေးပါ”လို့ပြောပြန်တယ်။အဲဒီအခါ ဓါးပြက..”မရတော့ဘူး မယားကြောက်ရေ။ခင်ဗျားအဆူခံလည်း ခံရပေ့စေတော့။ သေနတ်ကျည်မရှိတော့ဘူး၊ ငါသွားတော့မယ်..”လို့ပြောပြီးလှည့်ထွက်လာပြန်တယ်။အဲအချိန်ခါမှာတော့ လက်သမားဆရာက..”ဒီအချိန်ကို စောင့်နေခဲ့တာကွ၊ မိန်းမကြောက်ပေမယ့် ကျည်မရှိတဲ့ သေနတ်ကိုင်ထားတဲ့ ဓါးပြကိုတော့မကြောက် ဘူးဟေ့” လို့ပြောပြီးပါလာတဲ့ လက်သမားတူကိုထုတ်ခါ ဓါးပြရဲ့ ခေါင်းကို “ခွပ်”ခနဲမြည်အောင်ထုလိုက်တယ်။ ပြီးတဲ့အခါမှာတော့သူ့ရဲ့ငွေထုတ်ကို ယူပြီးသီချင်းတစ်ပုဒ်ကို အေးချမ်းစွာ ညည်းဆိုပြီး ထွက်ခွာသွားပါတော့သတဲ့။

Credit : မူရင်း

[zawgyi]

တစ္ခါက .. အင္မတန္ မိန္းမေၾကာက္ရတဲ့ မြိဳင္ရွီ အမည္ရွိလက္သမားဆရာတစ္ဦးရွိပါသတဲ့..။တစ္ေန႔ေတာ့ လက္သမားဆရာဟာသူျပဳ လုပ္ဖန္တီးထားတဲ့ အိမ္ေထာင္ပရိေဘာဂ ပစၥည္းေတြကို ၿမိဳ႕တစ္ၿမိဳ႕မွာသြားေရာက္ေရာင္းခ် ခဲ့တယ္။အဲဒီလို ေရာင္းခ် ၿပီးေငြေၾကးမ်ားစြာကိုလည္း ရရွိခဲ့တယ္။လက္သမားဆရာဟာ သူရရွိလာတဲ့ေငြေၾကးေတြကို အိတ္တစ္လုံးနဲ႔ေသခ်ာစြာထုတ္ပိုးၿပီး ျပန္လာခဲ့တယ္။အဲဒီလိုနဲ႔ ေတာလမ္းတစ္ေနရာအေရာက္မွာေတာ့ ေသနတ္တစ္လက္ကိုင္ထားတဲ့ ဓါးျပတစ္ေယာက္ကသူ႔ကို ဓါးျပတိုက္တယ္။”ေဟ့လူ..ခင္ဗ်ားမွာ ေငြအမ်ားႀကီးပါတယ္ဆိုတာက်ဳပ္ၿမိဳ႕မွာကတည္းကသိၿပီးသား၊ ယီးတီးယားတား လုပ္မယ္ေတာ့မႀကံနဲ႔၊ အသက္ပါေပ်ာက္သြားမယ္၊ လာထား ခင္ဗ်ားရဲ႕ေငြထုပ္”ဓါးျပဟာ ေျပာေျပာဆိုဆိုနဲ႔လက္သမားဆရာကို ေသနတ္နဲ႔ေထာက္လိုက္တယ္..။အဲဒီအခါ လက္သမားဆရာႀကီးက..”မလုပ္ပါနဲ႔ဗ်ာ..။အိမ္ကို ေႁငြပန္ပါမလာရင္ ကြၽန္ေတာ့္မိန္းမက ကြၽန္ေတာ့္ကို ႐ိုက္လိမ့္မယ္”လို႔ေျပာလိုက္တယ္။အဲဒီအခါ ဓါးျပက.. “ခင္ဗ်ားက မိန္းမကို အသက္ေသမွာထက္ပိုၿပီးေၾကာက္သလား”လို႔ေမးျပန္တယ္။အဲဒီအခါ လက္သမားဆရာႀကီးက..”ေၾကာက္ .. ေၾကာက္ပါတယ္..။တစ္ခုေတာ့ ကူညီပါဗ်ာ..ကြၽန္ေတာ့္ေငြထုတ္ကို ယူခ်င္ယူပါ။ဒါေပမယ့္ ဓါးျပတိုက္ေၾကာင္းသက္ေသအေနနဲ႔ ကြၽန္ေတာ့္ ဦးထုပ္ကိုေသနတ္နဲ႔ပစ္ၿပီး အေပါက္ေဖာက္ေပးပါ။ ဒါမွမိန္းမကကြၽန္ေတာ္ဓါးျပတိုက္ခံရတယ္ဆိုတာ ယုံမွာမို႔ပါ..” လို႔ေျပာရွာတယ္။အဲဒီေနာက္မွာေတာ့..ဓါးျပဟာ လက္သမားဆရာရဲ႕ ဦးထုပ္ကိုယူၿပီး ေသနတ္နဲ႔ပစ္ခါ အေပါက္ေဖာက္ေပးလိုက္တယ္။အဲဒီေနာက္ လက္သမားဆရာဆီကိုဦးထုပ္ျပန္ေပးလိုက္ၿပီး ေငြထုပ္ကိုယူကာ လွည့္ထြက္လာတယ္။အဲဒီအခါ လက္သမားဆရာက..”ေန.. ေနပါဦး ဆရာ။ အဆင္မေျပေသးဘူး”လို႔ေျပာျပန္တယ္။အဲဒီအခါ ဓါးျပက..”ဘာျဖစ္ျပန္ၿပီတုံး..ခင္ဗ်ားက”လို႔ျပန္ေမးေတာ့ လက္သမားဆရာက..”ဦးထုပ္မွာ အေပါက္ကတစ္ေပါက္တည္းဆိုေတာ့ ကြၽန္ေတာ့္မိန္းမက ရွင္က ဓါးျပတစ္ေယာက္တည္းေတာင္ႏိုင္ေအာင္ ျပန္မခ် ႏိုင္ဘူးလားဆိုၿပီးဆူဦးမွာပဲဗ် ။ အခန႔္မသင့္ရင္ လက္ပါပါလာႏိုင္ေသးတယ္။ ကြၽန္ေတာ္ေၾကာက္တယ္ဆရာ။ ေက်းဇူးျပဳၿပီး..ကြၽန္ေတာ့္ရဲ႕ကုတ္အက်ႌမွာပါ အေပါက္ေတြထပ္ေဖာက္ေပးပါဗ်ာ။ဒါမွ ဓါးျပေတြအမ်ားႀကီးဝိုင္းတိုက္တဲ့ ၾကားထဲက အသက္စြန႔္ၿပီး ေျပးလာခဲ့ရတာလို႔ ကြၽန္ေတာ္ေျပာလို႔ရတာေပါ့၊ မိန္းမကလည္း ကြၽန္ေတာ့္ကိုသနားသြားႏိုင္တယ္။အဲဒါေလးလုပ္ေပးပါဦးဗ်ာ။ရွိႀကီးခိုးပါတယ္..” လို႔ေျပာျပန္တယ္။ အဲဒီလိုနဲ႔ဘဲ ဓါးျပဟာလက္သမားဆရာရဲ႕ အက်ႌ ကိုယူၿပီးေသနတ္နဲ႔ပစ္ခါ အေပါက္ေတာ္ေတာ္မ်ားမ်ားေဖာက္ေပးလိုက္တယ္။ ၿပီးတဲ့အခါ..”ရၿပီလား မယက ဥကၠဌ”လို႔ ေမးျပန္တယ္။ဒီေတာ့ လက္ သမားဆရာက..”နည္းေသးတယ္ဆရာ ခပ္မ်ားမ်ားေလးလုပ္ေပးပါ”လို႔ေျပာျပန္တယ္။အဲဒီအခါ ဓါးျပက..”မရေတာ့ဘူး မယားေၾကာက္ေရ။ခင္ဗ်ားအဆူခံလည္း ခံရေပ့ေစေတာ့။ ေသနတ္က်ည္မရွိေတာ့ဘူး၊ ငါသြားေတာ့မယ္..”လို႔ေျပာၿပီးလွည့္ထြက္လာျပန္တယ္။အဲအခ်ိန္ခါမွာေတာ့ လက္သမားဆရာက..”ဒီအခ်ိန္ကို ေစာင့္ေနခဲ့တာကြ၊ မိန္းမေၾကာက္ေပမယ့္ က်ည္မရွိတဲ့ ေသနတ္ကိုင္ထားတဲ့ ဓါးျပကိုေတာ့မေၾကာက္ ဘူးေဟ့” လို႔ေျပာၿပီးပါလာတဲ့ လက္သမားတူကိုထုတ္ခါ ဓါးျပရဲ႕ ေခါင္းကို “ခြပ္”ခနဲျမည္ေအာင္ထုလိုက္တယ္။ ၿပီးတဲ့အခါမွာေတာ့သူ႔ရဲ႕ေငြထုတ္ကို ယူၿပီးသီခ်င္းတစ္ပုဒ္ကို ေအးခ်မ္းစြာ ညည္းဆိုၿပီး ထြက္ခြာသြားပါေတာ့သတဲ့။