Auto ဂီယာကားတွေကို Gear Box မပျက်အောင်ဘယ်လို ကာကွယ်သင့်လဲ.?

ပြည်တွင်းမှာ အသုံးအများဆုံးဖြစ်လာတဲ့ အော်တိုဂီယာကားတွေအတွက် အဓိကကျတဲ့ ဂီယာဘောက် ကိုမပျက်အောင်ဘယ်လိုထိန်းသိမ်းသင့်တယ် ဆိုတာပြောပြပေးပါမယ်။ကျွန်တော်တို့လက်ရှိကားတွေအသုံးပြုသူအများစုဟာ ကားကိုပြုပြင်ထိန်းသိမ်းရင် အများစုက Engine Oil ၊ Tyre အောက်ပိုင်း ဒါတွေပဲအဓိကထားစစ်ဆေးဖြစ်ကြပါတယ်။ Kilo 5000 ဆိုရင်အများစုဟာ Engine Oil လဲကြပေမယ့် Gear Oil Auto ဆီကိုလဲဖို့ကိုတော့သတိမပြုမိကြပါဘူး။ဥပမာ-Japan ကနေကားတစ်စီးဝယ်လိုက်ပါပြီ လပ်ထဲရောက်ရင် Tyre လဲ ၊ အောက်ပိုင်းစစ် အများစုကဒါပဲလုပ်ကြပါတယ်။Gear Auto Oil ကိုနဂိုဂျပန်ကလာတဲ့အတိုင်းပဲသုံးကြပါတယ်။အဲ့လိုပဲစီးနေရင်း ကားပြောင်းစီးချင်လို့ရောင်း ဝယ်တဲ့သူကလည်း Engine Oil လောက်ပဲ အဲ့တာကိုမစစ်ဘူး။ စစ်ဖို့ကလည်း အရင်ကကားတွေတော့လွယ်တယ်။ဒါပေမယ့်အခုနောက်ဝင်တဲ့ကားတွေဖြစ်တဲ့ Belta ၊ Axio ၊ Fielder စတဲ့ကားတွေကျ စစ်ဖို့ဂိတ်တံပျောက်တွေဆိုတော့ မစစ်မိကြပါဘူး။ အဲ့ဒီတော့သူရဲ့သတ်မှတ်ထားတဲ့ Kilo 30000-50000 ထိပိုပြီး Auto ဆီကအထဲမှာကြာတော့ မဲပြီးဂျီးတွေဖြစ်ပြီးခဲသွားပြီး Gear တွေကို Auto ပြောင်းပေးရမယ့်နေရာမပြောင်းဘဲ Gear Change နောက်ကျတာတွေ Gear အကုန် change မပေးတာတွေဖြစ်ပါတယ်။ ကြာတော့ Gear Box ပျက်ပြီးအသစ်လဲပေးရတဲ့အဖြစ်ရောက်သွားပါတော့တယ်။နောက်တစ်ခုက Hondaအမျိုးအစားကားတွေပါ။ Fit ၊ Civic ၊ Shuttle စတဲ့ကားတွေက Auto Oil လုံးဝအမှားမခံပါဘူး Toyota လိုမဟုတ်ပါဘူး။ CVT Gear Box အမျိုးအစားကို Honda ကလာတဲ့ HMMF Auto Oil ဒါမှမဟုတ် အခြား Brand တွေက အင်ဂျင်ဝိုင်တွေဆိုရင် HMMF လို့ပါရင်ထည့်လို့ရပါတယ်။ အဲ့ဒီ HMMF ကို မထည့်မိဘဲ အရင် Gear Box အမျိုးအစားမှာပါတဲ့ ATF Oil မှားထည့်ရင်တော့ ချက်ချင်းဖောက်ချပြီး HMMF Oil ပြန်ထည့်ပေးပါ။ မဟုတ်ရင် သင့်ကားအော်တိုဂီယာ ဘောက်ပြင်ရမယ့်အခြေအနေဖြစ်သွားမှာပါ။

“Gear Box ATF နဲ့Gear Box CVT ဘယ်လိုခွဲခြားနိုင်မလဲ ”အကြမ်းဖျဉ်းကတော့မိမိတို့ ကား Gear တံ Lever တံမှာ D 4 3 2 L ၊ D 2 L အဲ့လိုပြရင် ATF ဂီယာဘောက်ဖြစ်ပြီး D S L ၊ D L အဲ့တာဆိုရင် CVT ဂီယာဘောက်လို့ အကြမ်းဖျဉ်းခွဲခြားလို့ရပါတယ်။တချို့ကားတွေက ဂိတ်တံကြည့်ပြီးခွဲကြပါတယ်။ ဂိတ်တံ မှာ ATF, CVT အဲ့လိုရေးတာကြည့်ပြီး ခွဲကြပါတယ်။ အရင်ကနည်းပညာအားနည်းတော့ အဲ့တာကြည့်ပြီးထည့်ကြပါတယ်။ မှန်လားဆိုတော့ အားလုံးမမှန်ပါဘူး။ တချို့ကဝပ်ရှော့မှာစုပြင်တဲ့အခါ ဂိတ်တံထုတ်ပြီး အကုန်စုချပြီး ပြန်ထည့်ရင် ကြုံရာဆွဲထည့်တတ်လို့ CVT က ATF တံထည့်မိတာတို့ ဖြစ်တတ်လို့ အဲ့လိုကြည့်ပြီး မခွဲပါနဲ့။ Gear Position ကိုကြည့်ပြီး ခွဲပြီးရင်ကားမောင်းရင် သတိထားကြည့် CVT က Gear change တာ ညင်သာမှုရှိပါတယ်။မသိသာပါဘူး။ ATF က Gear Change တာကတော့ သိသာပါတယ် ကလပ်ဂီယာမျိုးပေါ့။ထပ်သေချာချင်ရင် မလဲခင်ဝပ်ရှော့မှာသေချာမေးပြီးလဲပါ။ နောက်ပိုင်းကားတွေကတော့ ATF နေရာမှာ CVT တွေအစားထိုးလာပါတယ်။ Gear Box မပျက်အောင်မိမိလက်ထဲကားစတင်ရောက်ရင် အသစ်သာလဲပေးလိုက်ပါ ပိုက်ဆံ60000-70000 လောက်ကိုမနှမျှောပါနဲ့။ လဲပြီးရင် Kilo 25000-30000 ပြည့်တိုင်းလဲပေးသင့်ပါတယ်။ Kilo မမှတ်မိရင် Engine Oil ၄ခါ (သို့) ၅ခါ ဆိုရင် တခါလဲပေးပါ။ အဲ့တာဆိုရင်မိမိကားဟာ Gear Box ပုံမှန်အလုပ်လုပ်ပြီး Engine လည်းသက်သာကာ Gear ပုံမှန် Change လို့ ဆီစားလည်းသက်သာပါတယ်။Gear Box နဲ့ဆီစားတာသက်ဆိုင်လားဆိုရင် သက်ဆိုင်ပါတယ်။ Gear Box မကောင်းရင် မိမိတို့ကားက Gear ၄ ချက်ဆိုပါတော့ Gear Box ကအထဲမှာ ဂျီးတွေများနေရင် Gear 1,2,3 ထိပဲ Change ပြီး နံပါတ် 4 ကိုမပြောင်းပေးလို့ အင်ဂျင်ကလည်း No.3 Gear နဲ့ပဲ ပိုပြီးအပတ်ရေများနေတော့ ဆီပိုစားပါတယ်။ ကြာရင် Gear Box ပါပျက်သွားတတ်ပါတယ်။

Credit – မောင်ဂျစ်တူး (Popular News)

[zawgyi]

ျပည္တြင္းမွာ အသုံးအမ်ားဆုံးျဖစ္လာတဲ့ ေအာ္တိုဂီယာကားေတြအတြက္ အဓိကက်တဲ့ ဂီယာေဘာက္ ကိုမပ်က္ေအာင္ဘယ္လိုထိန္းသိမ္းသင့္တယ္ ဆိုတာေျပာျပေပးပါမယ္။ကြၽန္ေတာ္တို႔လက္ရွိကားေတြအသုံးျပဳသူအမ်ားစုဟာ ကားကိုျပဳျပင္ထိန္းသိမ္းရင္ အမ်ားစုက Engine Oil ၊ Tyre ေအာက္ပိုင္း ဒါေတြပဲအဓိကထားစစ္ေဆးျဖစ္ၾကပါတယ္။ Kilo 5000 ဆိုရင္အမ်ားစုဟာ Engine Oil လဲၾကေပမယ့္ Gear Oil Auto ဆီကိုလဲဖို႔ကိုေတာ့သတိမျပဳမိၾကပါဘူး။ဥပမာ-Japan ကေနကားတစ္စီးဝယ္လိုက္ပါၿပီ လပ္ထဲေရာက္ရင္ Tyre လဲ ၊ ေအာက္ပိုင္းစစ္ အမ်ားစုကဒါပဲလုပ္ၾကပါတယ္။Gear Auto Oil ကိုနဂိုဂ်ပန္ကလာတဲ့အတိုင္းပဲသုံးၾကပါတယ္။အဲ့လိုပဲစီးေနရင္း ကားေျပာင္းစီးခ်င္လို႔ေရာင္း ဝယ္တဲ့သူကလည္း Engine Oil ေလာက္ပဲ အဲ့တာကိုမစစ္ဘူး။ စစ္ဖို႔ကလည္း အရင္ကကားေတြေတာ့လြယ္တယ္။ဒါေပမယ့္အခုေနာက္ဝင္တဲ့ကားေတြျဖစ္တဲ့ Belta ၊ Axio ၊ Fielder စတဲ့ကားေတြက် စစ္ဖို႔ဂိတ္တံေပ်ာက္ေတြဆိုေတာ့ မစစ္မိၾကပါဘူး။ အဲ့ဒီေတာ့သူရဲ႕သတ္မွတ္ထားတဲ့ Kilo 30000-50000 ထိပိုၿပီး Auto ဆီကအထဲမွာၾကာေတာ့ မဲၿပီးဂ်ီးေတြျဖစ္ၿပီးခဲသြားၿပီး Gear ေတြကို Auto ေျပာင္းေပးရမယ့္ေနရာမေျပာင္းဘဲ Gear Change ေနာက္က်တာေတြ Gear အကုန္ change မေပးတာေတြျဖစ္ပါတယ္။ ၾကာေတာ့ Gear Box ပ်က္ၿပီးအသစ္လဲေပးရတဲ့အျဖစ္ေရာက္သြားပါေတာ့တယ္။ေနာက္တစ္ခုက Hondaအမ်ိဳးအစားကားေတြပါ။ Fit ၊ Civic ၊ Shuttle စတဲ့ကားေတြက Auto Oil လုံးဝအမွားမခံပါဘူး Toyota လိုမဟုတ္ပါဘူး။ CVT Gear Box အမ်ိဳးအစားကို Honda ကလာတဲ့ HMMF Auto Oil ဒါမွမဟုတ္ အျခား Brand ေတြက အင္ဂ်င္ဝိုင္ေတြဆိုရင္ HMMF လို႔ပါရင္ထည့္လို႔ရပါတယ္။ အဲ့ဒီ HMMF ကို မထည့္မိဘဲ အရင္ Gear Box အမ်ိဳးအစားမွာပါတဲ့ ATF Oil မွားထည့္ရင္ေတာ့ ခ်က္ခ်င္းေဖာက္ခ်ၿပီး HMMF Oil ျပန္ထည့္ေပးပါ။ မဟုတ္ရင္ သင့္ကားေအာ္တိုဂီယာ ေဘာက္ျပင္ရမယ့္အေျခအေနျဖစ္သြားမွာပါ။“Gear Box ATF နဲ႔Gear Box CVT ဘယ္လိုခြဲျခားႏိုင္မလဲ ”အၾကမ္းဖ်ဥ္းကေတာ့မိမိတို႔ ကား Gear တံ Lever တံမွာ D 4 3 2 L ၊ D 2 L အဲ့လိုျပရင္ ATF ဂီယာေဘာက္ျဖစ္ၿပီး D S L ၊ D L အဲ့တာဆိုရင္ CVT ဂီယာေဘာက္လို႔ အၾကမ္းဖ်ဥ္းခြဲျခားလို႔ရပါတယ္။တခ်ိဳ႕ကားေတြက ဂိတ္တံၾကည့္ၿပီးခြဲၾကပါတယ္။ ဂိတ္တံ မွာ ATF, CVT အဲ့လိုေရးတာၾကည့္ၿပီး ခြဲၾကပါတယ္။ အရင္ကနည္းပညာအားနည္းေတာ့ အဲ့တာၾကည့္ၿပီးထည့္ၾကပါတယ္။ မွန္လားဆိုေတာ့ အားလုံးမမွန္ပါဘူး။ တခ်ိဳ႕ကဝပ္ေရွာ့မွာစုျပင္တဲ့အခါ ဂိတ္တံထုတ္ၿပီး အကုန္စုခ်ၿပီး ျပန္ထည့္ရင္ ႀကဳံရာဆြဲထည့္တတ္လို႔ CVT က ATF တံထည့္မိတာတို႔ ျဖစ္တတ္လို႔ အဲ့လိုၾကည့္ၿပီး မခြဲပါနဲ႔။ Gear Position ကိုၾကည့္ၿပီး ခြဲၿပီးရင္ကားေမာင္းရင္ သတိထားၾကည့္ CVT က Gear change တာ ညင္သာမႈရွိပါတယ္။မသိသာပါဘူး။ ATF က Gear Change တာကေတာ့ သိသာပါတယ္ ကလပ္ဂီယာမ်ိဳးေပါ့။ထပ္ေသခ်ာခ်င္ရင္ မလဲခင္ဝပ္ေရွာ့မွာေသခ်ာေမးၿပီးလဲပါ။ ေနာက္ပိုင္းကားေတြကေတာ့ ATF ေနရာမွာ CVT ေတြအစားထိုးလာပါတယ္။ Gear Box မပ်က္ေအာင္မိမိလက္ထဲကားစတင္ေရာက္ရင္ အသစ္သာလဲေပးလိုက္ပါ ပိုက္ဆံ60000-70000 ေလာက္ကိုမႏွေမွ်ာပါနဲ႔။ လဲၿပီးရင္ Kilo 25000-30000 ျပည့္တိုင္းလဲေပးသင့္ပါတယ္။ Kilo မမွတ္မိရင္ Engine Oil ၄ခါ (သို႔) ၅ခါ ဆိုရင္ တခါလဲေပးပါ။ အဲ့တာဆိုရင္မိမိကားဟာ Gear Box ပုံမွန္အလုပ္လုပ္ၿပီး Engine လည္းသက္သာကာ Gear ပုံမွန္ Change လို႔ ဆီစားလည္းသက္သာပါတယ္။Gear Box နဲ႔ဆီစားတာသက္ဆိုင္လားဆိုရင္ သက္ဆိုင္ပါတယ္။ Gear Box မေကာင္းရင္ မိမိတို႔ကားက Gear ၄ ခ်က္ဆိုပါေတာ့ Gear Box ကအထဲမွာ ဂ်ီးေတြမ်ားေနရင္ Gear 1,2,3 ထိပဲ Change ၿပီး နံပါတ္ 4 ကိုမေျပာင္းေပးလို႔ အင္ဂ်င္ကလည္း No.3 Gear နဲ႔ပဲ ပိုၿပီးအပတ္ေရမ်ားေနေတာ့ ဆီပိုစားပါတယ္။ ၾကာရင္ Gear Box ပါပ်က္သြားတတ္ပါတယ္။