Manual ကားတွေမှာပါတဲ့ ES ခလုတ်က ဘယ်နေရာမှာအသုံးဝင်လဲ.?

အော်တိုဂီယာ မဟုတ်တဲ့ ရိုးရိုး မန်နူရယ် ဂီယာတပ်ဆင်ထားသော မော်တော်ယာဉ်တွေအတွက် တော်တော် အသုံးဝင်တဲ့ ခလုတ်တစ်ခု ဖြစ်ပါတယ်..။ES (Easy Start) ခလုတ်ဟာ အလွယ်တကူ စက်နိုးရ နိုင်အောင် အထောက်အကူ ပြုပေးတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်..။ဘယ်အချိန် အသုံးပြုသင့်လဲဆိုရင်တောင် အတက်အဆင်း ကုန်းအတက်ကုန်းအဆင်းတွေမှာ ကုန်ဝိတ်နဲ့ ကားရပ်ထားခဲ့တယ် ဆိုပါစို့..။ကားပြန်ထွက်မယ်အချိန်မှာ ညာခြေက ဘရိတ် နဲ့လီဗာကို ခြေထောက်ကန့်လန့် နင်းထိန်းစရာ မလို တော့ဘဲ ES ခလုတ် ကို on ထားပြီး ဘရိတ်နင်း ကလပ်နင်း စက်နိုး ဂီယာထိုး မောင်းထွက်သွားရုံပါဘဲ..။

အဆင်းအတိုင်း လိမ့် သွားမှာ မစိုးရိမ်ရတော့ပါဘူး..။(အရင်ကားတွေ တုန်းကတော့ ကုန်ဝိတ်နဲ့ ဒီလိုအခြေအနေကို နောက်ပြန် မလိမ့်အောင် မောင်းနိုင်မှဒရိုင်ဘာ စစ်စစ် ဖြစ်တာပါ )သူစနစ် အကြမ်းဖျင်းက ကလပ်နင်း စက်နိုးချိန်မှာဘရိတ်ဖမ်းထားပေးပီး ဂီယာ ဝင်ပီ ဆိုမှ ဘရိတ်ကို ဖြည်းဖြည်းချင်း ပြန်လွှတ်ပေးတာပါ..။ ပြန်လွှတ်ချိန်အနှေးအမြန်ကိုတော့FASTSLOW ခလုတ်နဲ့ချိန် ပေးလို့ရပါတယ်။

Credit – Sein Phyo Myint Trading

[zawgyi]
