Samsung အဝတ်လျှော်စက်တွေမှာ အဝတ်လျှော်ကန် သန့်ရှင်းနည်း
စာဖတ်သူတို့အထဲမှာ Samsung အဝတ်လျှော်စက်သုံးတဲ့သူတွေရှိကြလား..? ရှိတယ်ဆိုရင် Samsung အဝတ်လျှော်စက်တွေမှာ အဝတ်လျှော်ကန် သန့်ရှင်းတဲ့နည်းလေးကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးပါ့မယ်။ အဝတ်လျှော်စက်တွေကို အသုံးပြုတာကြာလာတဲ့အခါ အဝတ်လျှော်ကန်ထဲမှာ ညစ်ပတ်လာတာ၊ ဘက်တီးရီးယားတွေ ပေါက်ဖွားလာတာတွေ ကြုံတွေ့လာနိုင်ပါတယ်။ ဒါကြောင့်အဝတ်လျှော်ကန်တွေကို အနည်းဆုံးတစ်လတစ်ခါသန့်ရှင်းပေးသင့်ပါတယ်။ နည်းလမ်းလေးတွေကတော့ -ကိုယ့်အိမ်က အဝတ်လျှော်စက်မှာ Eco Tub Clean (သို့မဟုတ်) Eco Drum Clean မှာ ခလုတ်လေးပါရင်တော့ – (၁) Power ခလုတ်ကိုနှိပ်။ (၂) Eco Tub Clean (သို့မဟုတ်) Eco Drum Clean ကိုရွေး။ (၃)ပြီးရင်တော့ “Start/ Pause” ခလုတ်ကိုနှိပ်ပြီး ဆေးကြောနိုင်ပါတယ်။
ခုနကလို Eco Tub Clean (သို့မဟုတ်) Eco Drum Clean မှာ ခလုတ်လေးမပါတဲ့ အမျိုးအစားဆိုရင်တော့ – (၁) Power ခလုတ်ကိုနှိပ်။ (၂) Magic Mixer မှာ Soak ကိုရွေး။ (၃) Spin ကိုရွေး။ (၄) Timer ရွေး ။ (၅) ပြီးရင်တော့ “Start/ Pause” ခလုတ်ကိုနှိပ်ပြီး ဆေးကြောနိုင်ပါတယ်။ အဝတ်လျှော်ကန်ကိုပဲ သန့်ရှင်းရုံနဲ့ပဲတော့ မလုံလောက်ဘူးနော်။ အဝတ်လျှော်ပြီးတိုင်း အဝတ်လျှော်စက်အပြင်ဘက်မှာ ရေစင်တာတွေကို အဝတ်ခြောက်နဲ့ သုတ်ပေးမယ်ဆိုရင် အမြဲသန့်ရှင်းတောက်ပြောင်နေမယ့်အပြင် ကြာရှည်ခံမှာနော်။
Credit – Samsung
[zawgyi]