မီးပျက်နေတဲ့အချိန် သတိထားသင့်တဲ့ မလုပ်သင့်သော အချက်များ

လျှပ်စစ်မီးသုံးတဲ့ အိမ်တိုင်း မီးပျက်သွားတဲ့ အချိန်မျိူးကို ကြုံဘူးကြပါတယ်။ ကိုယ်ကတစ်ခုခုလုပ်ရင်း ရုတ်တရတ် မီးပျက်သွားပြီဆို ဘာလုပ်လို့ ဘာကိုင်မမှန်းမသိကို ဖြစ်သွားတတ်ပါတယ်။ တစ်ချို့တွေကြတော့ မီးပျက်သွားတဲ့ချိန်မှာ ကောင်းမယ်ထင်တဲ့အရာတွေ လုပ်တတ်ကြတယ်။ ဒါပေမဲ့ တစ်ချို့သူတို့လုပ်တဲ့အရာတွေကို သူတို့တောင် မသိလိုက်ဘဲ အန္တရာယ်ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် မီးပျက်နေချိန်မှာ မလုပ်သင့်တဲ့ အရာတွေကို ဖော်ပြပေးသွားမှာပါ။ ဖယောင်းတိုင် – လူတော်တော်များများကတော့ ညဘက်မှာမီးပျက်သွားရင် ဖယောင်းတိုင်ပြေးဝယ်ပြီး ထွန်းထားတတ်ကြပါတယ်။ ဒါပေမဲ့ အိမ်ထဲဖယောင်းတိုင်ထွန်းတာက ထင်ထားတာထက်တောင် အန္တရာယ်များပါတယ်။ မတော်လို့ ဖယောင်းတိုင်ထွန်းထားပြီး အိပ်ပျော်တိုင်းတာဖြစ်ဖြစ် ကလေးဆော့လို့ဖြစ်ဖြစ် မီးလောင်တတ်ပါတယ်။ဒါကြောင့် မီးပျက်ချိန်မှာ ဖယောင်းတိုင်အစား အားသွင်းလို့ရတဲ့ လျှပ်စစ်မီးတွေကို အသုံးပြုတာ ပိုပြီးအဆင်ပြေပါတယ်။ဖုန်းအားကုန်တဲ့ထိ အသုံးပြုခြင်း – မီးပျက်သွားခဲ့ရင် တီဗီ၊ ကွန်ပြူတာတွေက အသုံးပြုလို့ရတော့မှာ မဟုတ်ပါဘူး။ လက်တော့လည်း အသုံးပြုနေခဲ့မယ်ဆိုရင် အားကုန်သွားမှာပါ။ ဒီလိုအချိန်မှာ ဖုန်းကို အသုံးမပြုပဲ အရေးကြုံလာရင် သုံးဖို့ဘက်ထရီအားကို ချန်ထားသင့်ပါတယ်။

အီလက်ထရောနစ် ပစ္စည်းတွေကို ဂရုမစိုက်ခြင်း – မီးပျက်သွားပြီဆိုရင် လျှပ်စစ်ပစ္စည်းတွေကို ဖွင့်လျက်ကြီးမထားပါနဲ့။ မီးပြန်မလာခင်မှာ ရေခဲသေတ္တာတွေ မီးတွေ အဲကွန်းတွေ ပိတ်ထားပါ။ ဒီလိုမှမဟုတ်ပဲ ဖွင့်လျက်ကြီး ထားထားမယ်ဆိုရင် မီးပြန်လာတဲ့အခါမှာ ဗို့အားတွေ ဆောင့်တတ်လာတတ်တာကြောင့် လျှပ်စစ်ပစ္စည်းတွေကို ထိခိုက်စေပါတယ်။ ဒါပေမဲ့ မီးပြန်လာတာသိရအောင်တော့ မီးလုံးတစ်လုံးလောက် ဖွင့်ထားသင့်ပါတယ်။ ရေခဲသေတ္တာအဖွင့်အပိတ်လုပ်ခြင်း – မီးမရှိတော့တဲ့အချိန်မှာ ရေခဲသေတ္တာက အစားအသောက်တွေကို ၄ နာရီကြာ မပျက်စီးအောင် ထိန်းထားနိုင်ပါတယ်။ မီးပျက်နေစဉ်အတွင်းမှာ ရေခဲသေတ္တာကို အတတ်နိုင်ဆုံး မဖွင့်မိပါစေနဲ့။ အထဲက အအေးတွေထွက်ကုန်ပြီး မီးပျက်ချိန်ကြာမြင့်နေရင် အစားအသောက်တွေ ပျက်စီးသွားပါလိမ့်မယ်။ ရေဖြုန်းတီးတာ – မီးပျက်သွားချိန်မှာ ရေသန့်က အရေးကြီးဆုံးနဲ့အလိုအပ်ဆုံး အရာတွေထဲမှာပါလာပါပြီ။ ဒါကြောင့် မီးပျက်သွားတာနဲ့ ရေကို မလိုအပ်ပဲ မသုံးတာ အကောင်းဆုံးပါ။ အိမ်ထဲမှာ လူတစ်ယောက်အတွက် ရေ ၁ ဂါလန်လောက် အသင့်ရှိနေသင့်ပါတယ်။ မီးပြန်လာခဲ့ရင်လည်း ရေအပြည့်ပြန်ဖြည့်ထားဖို့လိုအပ်ပါတယ်။ မီးပျက်တဲ့အချိန်မှာ အသုံးပြုဖို့အတွက် ရေသန့်ကို သီးသန့်သိုလှောင်ထားနိုင်ရင်တော့ ပိုပြီးအဆင်ပြေပါတယ်။

Credit – Original

[zawgyi]

လွ်ပ္စစ္မီးသုံးတဲ့ အိမ္တိုင္း မီးပ်က္သြားတဲ့ အခ်ိန္မ်ိဴးကို ႀကဳံဘူးၾကပါတယ္။ ကိုယ္ကတစ္ခုခုလုပ္ရင္း ႐ုတ္တရတ္ မီးပ်က္သြားၿပီဆို ဘာလုပ္လို႔ ဘာကိုင္မမွန္းမသိကို ျဖစ္သြားတတ္ပါတယ္။ တစ္ခ်ိဳ႕ေတြၾကေတာ့ မီးပ်က္သြားတဲ့ခ်ိန္မွာ ေကာင္းမယ္ထင္တဲ့အရာေတြ လုပ္တတ္ၾကတယ္။ ဒါေပမဲ့ တစ္ခ်ိဳ႕သူတို႔လုပ္တဲ့အရာေတြကို သူတို႔ေတာင္ မသိလိုက္ဘဲ အႏၲရာယ္ျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ မီးပ်က္ေနခ်ိန္မွာ မလုပ္သင့္တဲ့ အရာေတြကို ေဖာ္ျပေပးသြားမွာပါ။ ဖေယာင္းတိုင္ – လူေတာ္ေတာ္မ်ားမ်ားကေတာ့ ညဘက္မွာမီးပ်က္သြားရင္ ဖေယာင္းတိုင္ေျပးဝယ္ၿပီး ထြန္းထားတတ္ၾကပါတယ္။ ဒါေပမဲ့ အိမ္ထဲဖေယာင္းတိုင္ထြန္းတာက ထင္ထားတာထက္ေတာင္ အႏၲရာယ္မ်ားပါတယ္။ မေတာ္လို႔ ဖေယာင္းတိုင္ထြန္းထားၿပီး အိပ္ေပ်ာ္တိုင္းတာျဖစ္ျဖစ္ ကေလးေဆာ့လို႔ျဖစ္ျဖစ္ မီးေလာင္တတ္ပါတယ္။ဒါေၾကာင့္ မီးပ်က္ခ်ိန္မွာ ဖေယာင္းတိုင္အစား အားသြင္းလို႔ရတဲ့ လွ်ပ္စစ္မီးေတြကို အသုံးျပဳတာ ပိုၿပီးအဆင္ေျပပါတယ္။ဖုန္းအားကုန္တဲ့ထိ အသုံးျပဳျခင္း – မီးပ်က္သြားခဲ့ရင္ တီဗီ၊ ကြန္ျပဴတာေတြက အသုံးျပဳလို႔ရေတာ့မွာ မဟုတ္ပါဘူး။ လက္ေတာ့လည္း အသုံးျပဳေနခဲ့မယ္ဆိုရင္ အားကုန္သြားမွာပါ။ ဒီလိုအခ်ိန္မွာ ဖုန္းကို အသုံးမျပဳပဲ အေရးႀကဳံလာရင္ သုံးဖို႔ဘက္ထရီအားကို ခ်န္ထားသင့္ပါတယ္။အီလက္ထေရာနစ္ ပစၥည္းေတြကို ဂ႐ုမစိုက္ျခင္း – မီးပ်က္သြားၿပီဆိုရင္ လွ်ပ္စစ္ပစၥည္းေတြကို ဖြင့္လ်က္ႀကီးမထားပါနဲ႔။ မီးျပန္မလာခင္မွာ ေရခဲေသတၱာေတြ မီးေတြ အဲကြန္းေတြ ပိတ္ထားပါ။ ဒီလိုမွမဟုတ္ပဲ ဖြင့္လ်က္ႀကီး ထားထားမယ္ဆိုရင္ မီးျပန္လာတဲ့အခါမွာ ဗို႔အားေတြ ေဆာင့္တတ္လာတတ္တာေၾကာင့္ လွ်ပ္စစ္ပစၥည္းေတြကို ထိခိုက္ေစပါတယ္။ ဒါေပမဲ့ မီးျပန္လာတာသိရေအာင္ေတာ့ မီးလုံးတစ္လုံးေလာက္ ဖြင့္ထားသင့္ပါတယ္။ ေရခဲေသတၱာအဖြင့္အပိတ္လုပ္ျခင္း – မီးမရွိေတာ့တဲ့အခ်ိန္မွာ ေရခဲေသတၱာက အစားအေသာက္ေတြကို ၄ နာရီၾကာ မပ်က္စီးေအာင္ ထိန္းထားႏိုင္ပါတယ္။ မီးပ်က္ေနစဥ္အတြင္းမွာ ေရခဲေသတၱာကို အတတ္ႏိုင္ဆုံး မဖြင့္မိပါေစနဲ႔။ အထဲက အေအးေတြထြက္ကုန္ၿပီး မီးပ်က္ခ်ိန္ၾကာျမင့္ေနရင္ အစားအေသာက္ေတြ ပ်က္စီးသြားပါလိမ့္မယ္။ ေရျဖဳန္းတီးတာ – မီးပ်က္သြားခ်ိန္မွာ ေရသန႔္က အေရးႀကီးဆုံးနဲ႔အလိုအပ္ဆုံး အရာေတြထဲမွာပါလာပါၿပီ။ ဒါေၾကာင့္ မီးပ်က္သြားတာနဲ႔ ေရကို မလိုအပ္ပဲ မသုံးတာ အေကာင္းဆုံးပါ။ အိမ္ထဲမွာ လူတစ္ေယာက္အတြက္ ေရ ၁ ဂါလန္ေလာက္ အသင့္ရွိေနသင့္ပါတယ္။ မီးျပန္လာခဲ့ရင္လည္း ေရအျပည့္ျပန္ျဖည့္ထားဖို႔လိုအပ္ပါတယ္။ မီးပ်က္တဲ့အခ်ိန္မွာ အသုံးျပဳဖို႔အတြက္ ေရသန႔္ကို သီးသန႔္သိုေလွာင္ထားႏိုင္ရင္ေတာ့ ပိုၿပီးအဆင္ေျပပါတယ္။