နှောင်းမှရတဲ့ နောင်တ

တခါတုန်းက ရှင်ဘုရင်ကြီးတစ်ပါးဟာသူ့ရဲ့မြင်းစီးသူရဲကောင်းတစ်ယောက်ကိုမြင်းနဲ့ပတ်ပြီးစီးနိုင်သမျှ မြေနေရာအားလုံး အပိုင်စားပေးမယ်လို့ ပြောလိုက်ပါတယ်။မြင်းစီးသူရဲကောင်းလည်း မဆိုင်းမတွဘဲ မြင်းပေါ်ကို ခုန်တက်ပြီး မြေနေရာ များနိုင်သမျှ များများကာမိအောင် မြင်းကို မြန်နိုင်သမျှမြန်မြန် စီးပါတော့တယ်။သူဟာ မြင်းကို အမြန်ဆုံးပြေးအောင် ရိုက်ရင်း မရပ်မနားစီးပါတယ်။ သူဟာ ဗိုက်ဆာချိန်တွေ ပင်ပန်းနွမ်းနယ်နေချိန်တွေ..မှာလည်း မရပ်ခဲ့ပါဘူး။ မြေနေရာ အများဆုံးကာမိအောင်ပါ။မြေနေရာကောင်း အတော်များများကို ကာမိချိန်မှာတော့ သူဟာ အရမ်းကို အားအင်ကုန်ခမ်း နွမ်းနယ်ပြီး သေလုမျောပါး ဖြစ်နေခဲ့ပါပြီ။အဲဒီအချိန်ကျမှ သူ့ကိုယ်သူ ပြန်မေးမိပါတယ်။”မြေနေရာတွေ အများကြီးရဖို့ ငါ့ကိုယ်ငါ ဘာကြောင့်များ ဒီလောက်ညှင်းပန်းခဲ့ပါလိမ့်။ အခုငါ သေရတော့မယ့် အချိန်မှာ ငါ့ကို မြှုပ်ဖို့ မြေနေရာ သေးသေးလေးပဲ လိုတာပါလား..”ကျွန်တော်တို့တွေဟာလည်း နေ့စဉ်နေ့တိုင်း ပိုက်ဆံတွေပိုရဖို့၊ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ဖို့၊ အသိ အ မှတ်ပြု လေးစားခံရဖို့တွေအတွက် ကိုယ့်ခန္ဓာကိုယ်ကို ခိုင်းစေနေကြပါတယ်။ကိုယ့်ကို ကျန်းမာပျော်ရွှင်စေမယ့် အချိန်တွေပေးနိုင်တဲ့ မိ သားစုတို့၊ သဘာဝပတ်ဝန်းကျင် အလှအပတို့၊ ကိုယ်နှစ်သက်မြတ်နိုးတဲ့ဝါသနာတို့ကိုတော့ လျစ်လျူရှုထားမိကြပါတယ်။တနေ့ ပြန်ဆန်း စစ်ကြည့်တဲ့အချိန် ကိုယ်တကောက်ကောက်လိုက်နေခဲ့တဲ့ အရာတွေဟာ ဒီလောက်ကြီး မလိုအပ်ဘူးဆိုတာ သိနားလည်လာတဲ့ အခါမှာတော့ ကိုယ်မရခဲ့လိုက်တဲ့ အရာတွေအတွက် နောက်ကြောင်းပြန်လှည့်လို့ မရတော့ပါဘူး။

အချိန်တွေနှောင်းသွားပါလိမ့်မယ်။ ဘဝဆိုတာ ပိုက်ဆံရှာဖို့၊ ရာထူးအာဏာတွေ ပိုင်ဆိုင်ဖို့၊ အသိအမှတ်ပြု လေးစားခံရဖို့ချည်းသက်သက် မဟုတ်ပါဘူး။ ဘဝဆိုတာ အလုပ်လုပ်ဖို့ချည်း သက်သက်လည်း မဟုတ်တာ သေချာပါတယ်။အလုပ်ဟာ ကိုယ်တို့ကို နေထိုင်ရပ်တည်ဖို့အတွက် လိုအပ်သလို သဘာဝအလှအပတွေကို ခံစားရင်း ဘဝကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းဖို့လည်း လိုအပ်တာပါပဲ။ဘဝဟာ အလုပ်၊ အနားယူပျော်ရွှင်ချိန်၊ မိသားစုနဲ့ ကိုယ်ပိုင်အချိန်တွေ သမမျှတနေရမယ့် အရာပါ။ ကိုယ့်ရဲ့ဘဝကို ဘယ်လို သမမျှတအောင် နေမလဲဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ။ကိုယ့်ဘဝထဲက အရာတွေအတွက်ဦးစားပေးအဆင့်တွေ သတ်မှတ်ပြီး အဲဒါတွေကို မျှတအောင် ဘယ်လိုညှိုနှိုင်းယူရမလဲဆိုတာ သိပါ။ ဒါပေမယ့် ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာတော့ ရင်ထဲကလာတဲ့ သဘာဝအသိပေါ်မှာမူတည်ပြီး ချမှတ်ပါ။”ပျော်ရွှင်ငြိမ်းချမ်းမှု”ဆိုတာ ဘဝရဲ့အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်ဖြစ်သလို လူသားတွေ ရှင်သန်တည်ရှိနေရခြင်းရဲ့ ဦးတည်ချက်လည်း ဖြစ်ပါတယ်။ဒါကြောင့် သက်တောင့်သက်သာနဲ့ ကိုယ်လုပ်ချင်တဲ့(သူတပါးကို မထိခိုက်တဲ့) အရာတွေကို လုပ်ပါ။ သဘာဝကို တန်ဖိုးထား ချစ်မြတ်နိုးပါ။ဘဝဆိုတာ အထိအရှမခံ နုနယ်ပါတယ်။ တိုတောင်းပါတယ်။ ဒါကြောင့် ကိုယ့်ဘဝရဲ့ဖြစ်တည်ရှင်သန်မှုကို တန်ဖိုးမထားဘဲ မနေပါနဲ့။ မျှတငြိမ်းချမ်းတဲ့ ဘဝနေမှုပုံစံနဲ့နေထိုင်ရှင်သန်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါစေ..။

credit – original

[zawgyi]

တခါတုန္းက ရွင္ဘုရင္ႀကီးတစ္ပါးဟာသူ႔ရဲ႕ျမင္းစီးသူရဲေကာင္းတစ္ေယာက္ကိုျမင္းနဲ႔ပတ္ၿပီးစီးႏိုင္သမွ် ေျမေနရာအားလုံး အပိုင္စားေပးမယ္လို႔ ေျပာလိုက္ပါတယ္။ျမင္းစီးသူရဲေကာင္းလည္း မဆိုင္းမတြဘဲ ျမင္းေပၚကို ခုန္တက္ၿပီး ေျမေနရာ မ်ားႏိုင္သမွ် မ်ားမ်ားကာမိေအာင္ ျမင္းကို ျမန္ႏိုင္သမွ်ျမန္ျမန္ စီးပါေတာ့တယ္။သူဟာ ျမင္းကို အျမန္ဆုံးေျပးေအာင္ ႐ိုက္ရင္း မရပ္မနားစီးပါတယ္။ သူဟာ ဗိုက္ဆာခ်ိန္ေတြ ပင္ပန္းႏြမ္းနယ္ေနခ်ိန္ေတြ..မွာလည္း မရပ္ခဲ့ပါဘူး။ ေျမေနရာ အမ်ားဆုံးကာမိေအာင္ပါ။ေျမေနရာေကာင္း အေတာ္မ်ားမ်ားကို ကာမိခ်ိန္မွာေတာ့ သူဟာ အရမ္းကို အားအင္ကုန္ခမ္း ႏြမ္းနယ္ၿပီး ေသလုေမ်ာပါး ျဖစ္ေနခဲ့ပါၿပီ။အဲဒီအခ်ိန္က်မွ သူ႔ကိုယ္သူ ျပန္ေမးမိပါတယ္။”ေျမေနရာေတြ အမ်ားႀကီးရဖို႔ ငါ့ကိုယ္ငါ ဘာေၾကာင့္မ်ား ဒီေလာက္ညႇင္းပန္းခဲ့ပါလိမ့္။ အခုငါ ေသရေတာ့မယ့္ အခ်ိန္မွာ ငါ့ကို ျမႇဳပ္ဖို႔ ေျမေနရာ ေသးေသးေလးပဲ လိုတာပါလား..”ကြၽန္ေတာ္တို႔ေတြဟာလည္း ေန႔စဥ္ေန႔တိုင္း ပိုက္ဆံေတြပိုရဖို႔၊ ေအာင္ျမင္မႈေတြ ပိုင္ဆိုင္ႏိုင္ဖို႔၊ အသိ အ မွတ္ျပဳ ေလးစားခံရဖို႔ေတြအတြက္ ကိုယ့္ခႏၶာကိုယ္ကို ခိုင္းေစေနၾကပါတယ္။ကိုယ့္ကို က်န္းမာေပ်ာ္႐ႊင္ေစမယ့္ အခ်ိန္ေတြေပးႏိုင္တဲ့ မိ သားစုတို႔၊ သဘာဝပတ္ဝန္းက်င္ အလွအပတို႔၊ ကိုယ္ႏွစ္သက္ျမတ္ႏိုးတဲ့ဝါသနာတို႔ကိုေတာ့ လ်စ္လ်ဴရႈထားမိၾကပါတယ္။တေန႔ ျပန္ဆန္း စစ္ၾကည့္တဲ့အခ်ိန္ ကိုယ္တေကာက္ေကာက္လိုက္ေနခဲ့တဲ့ အရာေတြဟာ ဒီေလာက္ႀကီး မလိုအပ္ဘူးဆိုတာ သိနားလည္လာတဲ့ အခါမွာေတာ့ ကိုယ္မရခဲ့လိုက္တဲ့ အရာေတြအတြက္ ေနာက္ေၾကာင္းျပန္လွည့္လို႔ မရေတာ့ပါဘူး။အခ်ိန္ေတြေႏွာင္းသြားပါလိမ့္မယ္။ ဘဝဆိုတာ ပိုက္ဆံရွာဖို႔၊ ရာထူးအာဏာေတြ ပိုင္ဆိုင္ဖို႔၊ အသိအမွတ္ျပဳ ေလးစားခံရဖို႔ခ်ည္းသက္သက္ မဟုတ္ပါဘူး။ ဘဝဆိုတာ အလုပ္လုပ္ဖို႔ခ်ည္း သက္သက္လည္း မဟုတ္တာ ေသခ်ာပါတယ္။အလုပ္ဟာ ကိုယ္တို႔ကို ေနထိုင္ရပ္တည္ဖို႔အတြက္ လိုအပ္သလို သဘာဝအလွအပေတြကို ခံစားရင္း ဘဝကို ေက်နပ္ေပ်ာ္႐ႊင္စြာ ျဖတ္သန္းဖို႔လည္း လိုအပ္တာပါပဲ။ဘဝဟာ အလုပ္၊ အနားယူေပ်ာ္႐ႊင္ခ်ိန္၊ မိသားစုနဲ႔ ကိုယ္ပိုင္အခ်ိန္ေတြ သမမွ်တေနရမယ့္ အရာပါ။ ကိုယ့္ရဲ႕ဘဝကို ဘယ္လို သမမွ်တေအာင္ ေနမလဲဆိုတာ ကိုယ္တိုင္ပဲ ဆုံးျဖတ္ပါ။ကိုယ့္ဘဝထဲက အရာေတြအတြက္ဦးစားေပးအဆင့္ေတြ သတ္မွတ္ၿပီး အဲဒါေတြကို မွ်တေအာင္ ဘယ္လိုညႇိဳႏႈိင္းယူရမလဲဆိုတာ သိပါ။ ဒါေပမယ့္ ဆုံးျဖတ္ခ်က္ေတြ ခ်တဲ့ေနရာမွာေတာ့ ရင္ထဲကလာတဲ့ သဘာဝအသိေပၚမွာမူတည္ၿပီး ခ်မွတ္ပါ။”ေပ်ာ္႐ႊင္ၿငိမ္းခ်မ္းမႈ”ဆိုတာ ဘဝရဲ႕အဓိပၸါယ္နဲ႔ ရည္႐ြယ္ခ်က္ျဖစ္သလို လူသားေတြ ရွင္သန္တည္ရွိေနရျခင္းရဲ႕ ဦးတည္ခ်က္လည္း ျဖစ္ပါတယ္။ဒါေၾကာင့္ သက္ေတာင့္သက္သာနဲ႔ ကိုယ္လုပ္ခ်င္တဲ့(သူတပါးကို မထိခိုက္တဲ့) အရာေတြကို လုပ္ပါ။ သဘာဝကို တန္ဖိုးထား ခ်စ္ျမတ္ႏိုးပါ။ဘဝဆိုတာ အထိအရွမခံ ႏုနယ္ပါတယ္။ တိုေတာင္းပါတယ္။ ဒါေၾကာင့္ ကိုယ့္ဘဝရဲ႕ျဖစ္တည္ရွင္သန္မႈကို တန္ဖိုးမထားဘဲ မေနပါနဲ႔။ မွ်တၿငိမ္းခ်မ္းတဲ့ ဘဝေနမႈပုံစံနဲ႔ေနထိုင္ရွင္သန္ရင္း ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းႏိုင္ၾကပါေစ..။