ရိုးသားခြင်း၏ တန်ဖိုး

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်တစ်ပါးအုပ်ချုပ်နေထိုင်တယ်။ သူ့ရဲ့အရိုက်အရာကိုဆက်ခံဖို့ သားသ္မီးမထွန်းကားခဲ့ဘူး။ အ သက်ကြီးလာတော့ ထီးနန်းအရိုက်အရာဆက်ခံဖို့ သူကိုယ်တိုင်ရွေးချယ်မယ်ဆို ပြီးကြေငြာတယ်။ တိုင်းပြည်မှာရှိတဲ့ လူငယ်တွေကို နန်းရင်ပြင်မှာစုရုံးစေပြီးအမိန့်ရှိတယ်။ မောင်မင်းတို့အထဲက တိုင်းပြည်ကိုအုပ်ချုပ်မဲ့သူကိုရွေးချယ်မယ်။ လိုအပ်တဲ့အရည်အချင်းကတော့ အ မှန်တရားကို မြတ်နိုးသူ၊သတ္တိရှိသူ ၊စွန့်လွှတ်အနစ်နာခံသူဖြစ်ဘို့ဘဲ။ အဲဒီ အရည်အချင်းကိုစမ်းသပ်ဖို့ သစ်စေ့တစ်စေ့နဲ့ ပန်းအိုးတစ်လုံးပေးလိုက်မယ်။ အိမ်ရောက်ရင် အပင်ပေါက်အောင်လုပ်ကြ။ နောက်တစ်နှစ်ကြာရင် ပြန်လာခဲ့။ အပင်ကိုကြည့်ပြီး ဘယ်သူဟာ ဒီအရည် အချင်းရှိလဲ ဆုံးဖြတ်မယ်။ လူငယ်တွေလဲ ဘုရင်ကြီးပေးတဲ့ သစ်စေ့နဲ့ ပန်းအိုးကိုယူပြီး အိမ်ပြန်ခဲ့ကြတယ်။ အဲဒီအထဲမှာ အမေကိုလုပ် ကျွေးနေတဲ့ မောင်ရစ်ဆိုတဲ့ လူငယ်လဲပါဝင်တယ်။ မောင်ရစ်လဲ သစ်စေ့ကိုပန်းအိုးထဲထည့်စိုက်ပြီး အချိန်မှန်မှန်ရေလောင်းပေးတယ်။ ပန်း အိုးကို အရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး ဂရုစိုက်နေပေမဲ့ တစ်ပါတ်လဲ အပင်ကမပေါက်၊ နှစ်ပါတ်လဲ အပင်ကမပေါက်၊ တစ်လလဲ အ ပင်ကမပေါက်ဖြစ်နေတယ်။ သူငယ်ချင်းတွေကတော့ သူတို့အပင်တွေဘယ်လောက်ကြီးကြောင်း၊ အရွက်တွေဘယ်လောက်ထွက်နေကြောင်း ပြောသံကြားနေပေမဲ့ သူ့ရဲ့အပင်ကတော့ ထွက်မလာသေးပါဘူး။ စိတ်ဓာတ်မကျဘဲ ဆက်ပြီးရေလောင်းနေပေမဲ့ အပင်ကခြောက်နေမြဲပါဘဲ။ အပင်ကထွက်မလာပါဘူး။ ဒီလိုနဲ့ တစ်နှစ်ပြည့်လို့ ဘုရင်ကြီးချိန်းထားတဲ့ရက်ကို သာရောက်လာတယ်။ မောင်ရစ်ရဲ့အပင်ကပေါက်မလာပါဘူး။ မောင်ရစ်က ဘုရင်ကြီးဆီကို ပြန်မသွားချင်တော့ဘူး။ မောင်ရစ်ရဲ့အမေကတော့ ပြန်သွားဘို့တိုက်တွန်းတယ်။ ပြိုင်ပွဲမှာ ရှုံးနိမ့်လဲအရှုံးကို လက်ခံနိုင်ရဲတဲ့ သတ္တိရှိသူဟာ ယောင်္ကျားကောင်းတစ်ယောက်ဘဲလို့ အားပေးစကားပြောလိုက်တယ်။ မောင်ရစ်လဲ အပင်မပေါက်တဲ့ပန်းအိုးကို ယူဆောင်ပြီး နန်းရင်ပြင်ကိုပြန်သွားတယ်။

မောင်ရစ်ရဲ့ပန်းအိုးကလွဲလို့ကျန်တဲ့လူငယ်တွေရဲ့ပန်းအိုးထဲမှာ အပင်တွေနဲ့ဝေဆာနေတာကိုတွေ့ရတယ်။ လူငယ်တွေလဲ သတ်မှတ်ထားတဲ့နေရာမှာ ပန်းအိုးကိုထားပြီး ဘုရင်ကြီးရဲ့အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြတယ်။ ဘုရင်ကြီးက ပန်းအိုးတွေကို ခေါင်းတစ်ညိတ်ညိတ်နဲ့ လိုက်ပြီးကြည့်နေတယ်။ တစ်တန်းပြီးတစ်တန်း ကျော်သွားတယ်။ ဘုရင်ကြီးစိတ်တိုင်းကျမတွေ့ဘူး ဖြစ်နေတယ်။ နောက်ဆုံးတန်းကိုရောက် တဲ့အခါ အပင်မပေါက်တဲ့မောင်ရစ်ရဲ့ ပန်းအိုးကိုတွေ့သွားပြီး ဘုရင်ကြီးမျက်နှာ ဝင်းလက်သွားတယ်။ မောင်ရစ်ကို လူကြားထဲကဆွဲထုတ်ပြီး မောင်ရစ်ရဲ့လက်ကိုဆွဲမြှောက်ပြီး မင်းလောင်းအဖြစ်ရွေးချယ်လိုက်ကြောင်း ကြေညာလိုက်တယ်။ ပရိတ်သတ်ကြီးက ရုတ်ရုတ် သဲသဲဖြစ်ပြီး နားမလယ်စွာနဲ့ ဘုရင်ကြီးကိုဝိုင်းကြည့်နေကြတဲ့အခါမှာ ဘုရင်ကြီးက အကြောင်းစုံကိုရှင်းပြတယ်။ မောင်မင်းတို့ကို ပေးလိုက်တဲ့မျိုးစေ့တွေအားလုံးကို ရေနွေးထဲမှာထည့်ပြုတ်ပြီးမှပေးလိုက်တာ၊ဘယ်လိုမှ အပင်ပေါက်စရာအကြောင်းမရှိဘူး။ မောင်ရစ်တစ်ယောက် သာ ရိုးရိုးသားသားနဲ့အပင်မပေါက်တဲ့ပန်းအိုးကို ပြန်ပြီးယူလာခဲ့တယ်။ ကျန်တဲ့သူတွေက မျိုးစေ့ကိုအစားထိုးပြီးစိုက်ခဲ့လို့သာ အပင် ပေါက်ခဲ့ခြင်းဖြစ်တယ်။ ကိုယ်တိုင်မှ မရိုးသားသူတစ်ယောက်ဟာ တိုင်းရေးပြည်ရေးကို ဘယ်လိုလုပ်ဖြောင့်ဖြောင့်မှန်မှန် ဆောင်ရွက်နိုင်မှာလဲ။ ရိုး သားသူတစ်ယောက်ဖြစ်ဘို့ဆိုတာ မလွယ်လှဘူး။ အမှန်တရားကို မြတ်နိုးရုံသာမက ဒီအမှန်တရားကို လက်ခံနိုင်ရဲတဲ့သတ္တိနဲ့ အနစ်နာခံနိုင်တဲ့စိတ်ဓာတ်လဲ ရှိဘို့လိုတယ်။ အကြောင်းစုံကိုသိသွားတော့ ဘုရင်ကြီးရဲ့ အဆုံးအဖြတ်ကို အားလုံးကလက်ခံ သဘောတူလိုက်ကြတယ်။ ရိုးသားပါ။ အမှန်ကိုလက်ခံပါ။ စွန့်လွှတ်အနစ်နာခံပါ။ ကိုယ်ပြုသည့်ဒါဏ်ကိုယ်၏ကံကိုယ့်ထံပြန်လာမည်။ ရိုးသားခြင်းသည်အကောင်းဆုံးသောဝါဒပါ။

Credit – မောင်သုတ ဗဟုသုတ မှတ်စု

[zawgyi]

တစ္ခါတုန္းက တိုင္းျပည္တစ္ျပည္မွာ ဘုရင္တစ္ပါးအုပ္ခ်ဳပ္ေနထိုင္တယ္။ သူ႔ရဲ႕အ႐ိုက္အရာကိုဆက္ခံဖို႔ သားသၼီးမထြန္းကားခဲ့ဘူး။ အ သက္ႀကီးလာေတာ့ ထီးနန္းအ႐ိုက္အရာဆက္ခံဖို႔ သူကိုယ္တိုင္ေ႐ြးခ်ယ္မယ္ဆို ၿပီးေၾကျငာတယ္။ တိုင္းျပည္မွာရွိတဲ့ လူငယ္ေတြကို နန္းရင္ျပင္မွာစု႐ုံးေစၿပီးအမိန႔္ရွိတယ္။ ေမာင္မင္းတို႔အထဲက တိုင္းျပည္ကိုအုပ္ခ်ဳပ္မဲ့သူကိုေ႐ြးခ်ယ္မယ္။ လိုအပ္တဲ့အရည္အခ်င္းကေတာ့ အ မွန္တရားကို ျမတ္ႏိုးသူ၊သတၱိရွိသူ ၊စြန႔္လႊတ္အနစ္နာခံသူျဖစ္ဘို႔ဘဲ။ အဲဒီ အရည္အခ်င္းကိုစမ္းသပ္ဖို႔ သစ္ေစ့တစ္ေစ့နဲ႔ ပန္းအိုးတစ္လုံးေပးလိုက္မယ္။ အိမ္ေရာက္ရင္ အပင္ေပါက္ေအာင္လုပ္ၾက။ ေနာက္တစ္ႏွစ္ၾကာရင္ ျပန္လာခဲ့။ အပင္ကိုၾကည့္ၿပီး ဘယ္သူဟာ ဒီအရည္ အခ်င္းရွိလဲ ဆုံးျဖတ္မယ္။ လူငယ္ေတြလဲ ဘုရင္ႀကီးေပးတဲ့ သစ္ေစ့နဲ႔ ပန္းအိုးကိုယူၿပီး အိမ္ျပန္ခဲ့ၾကတယ္။ အဲဒီအထဲမွာ အေမကိုလုပ္ ေကြၽးေနတဲ့ ေမာင္ရစ္ဆိုတဲ့ လူငယ္လဲပါဝင္တယ္။ ေမာင္ရစ္လဲ သစ္ေစ့ကိုပန္းအိုးထဲထည့္စိုက္ၿပီး အခ်ိန္မွန္မွန္ေရေလာင္းေပးတယ္။ ပန္း အိုးကို အရိပ္တစ္ၾကည့္ၾကည့္ ၾကည့္ၿပီး ဂ႐ုစိုက္ေနေပမဲ့ တစ္ပါတ္လဲ အပင္ကမေပါက္၊ ႏွစ္ပါတ္လဲ အပင္ကမေပါက္၊ တစ္လလဲ အ ပင္ကမေပါက္ျဖစ္ေနတယ္။ သူငယ္ခ်င္းေတြကေတာ့ သူတို႔အပင္ေတြဘယ္ေလာက္ႀကီးေၾကာင္း၊ အ႐ြက္ေတြဘယ္ေလာက္ထြက္ေနေၾကာင္း ေျပာသံၾကားေနေပမဲ့ သူ႔ရဲ႕အပင္ကေတာ့ ထြက္မလာေသးပါဘူး။ စိတ္ဓာတ္မက်ဘဲ ဆက္ၿပီးေရေလာင္းေနေပမဲ့ အပင္ကေျခာက္ေနၿမဲပါဘဲ။ အပင္ကထြက္မလာပါဘူး။ ဒီလိုနဲ႔ တစ္ႏွစ္ျပည့္လို႔ ဘုရင္ႀကီးခ်ိန္းထားတဲ့ရက္ကို သာေရာက္လာတယ္။ ေမာင္ရစ္ရဲ႕အပင္ကေပါက္မလာပါဘူး။ ေမာင္ရစ္က ဘုရင္ႀကီးဆီကို ျပန္မသြားခ်င္ေတာ့ဘူး။ ေမာင္ရစ္ရဲ႕အေမကေတာ့ ျပန္သြားဘို႔တိုက္တြန္းတယ္။ ၿပိဳင္ပြဲမွာ ရႈံးနိမ့္လဲအရႈံးကို လက္ခံႏိုင္ရဲတဲ့ သတၱိရွိသူဟာ ေယာက်ၤားေကာင္းတစ္ေယာက္ဘဲလို႔ အားေပးစကားေျပာလိုက္တယ္။ ေမာင္ရစ္လဲ အပင္မေပါက္တဲ့ပန္းအိုးကို ယူေဆာင္ၿပီး နန္းရင္ျပင္ကိုျပန္သြားတယ္။ေမာင္ရစ္ရဲ႕ပန္းအိုးကလြဲလို႔က်န္တဲ့လူငယ္ေတြရဲ႕ပန္းအိုးထဲမွာ အပင္ေတြနဲ႔ေဝဆာေနတာကိုေတြ႕ရတယ္။ လူငယ္ေတြလဲ သတ္မွတ္ထားတဲ့ေနရာမွာ ပန္းအိုးကိုထားၿပီး ဘုရင္ႀကီးရဲ႕အဆုံးအျဖတ္ကို ေစာင့္ဆိုင္းေနၾကတယ္။ ဘုရင္ႀကီးက ပန္းအိုးေတြကို ေခါင္းတစ္ညိတ္ညိတ္နဲ႔ လိုက္ၿပီးၾကည့္ေနတယ္။ တစ္တန္းၿပီးတစ္တန္း ေက်ာ္သြားတယ္။ ဘုရင္ႀကီးစိတ္တိုင္းက်မေတြ႕ဘူး ျဖစ္ေနတယ္။ ေနာက္ဆုံးတန္းကိုေရာက္ တဲ့အခါ အပင္မေပါက္တဲ့ေမာင္ရစ္ရဲ႕ ပန္းအိုးကိုေတြ႕သြားၿပီး ဘုရင္ႀကီးမ်က္ႏွာ ဝင္းလက္သြားတယ္။ ေမာင္ရစ္ကို လူၾကားထဲကဆြဲထုတ္ၿပီး ေမာင္ရစ္ရဲ႕လက္ကိုဆြဲေျမႇာက္ၿပီး မင္းေလာင္းအျဖစ္ေ႐ြးခ်ယ္လိုက္ေၾကာင္း ေၾကညာလိုက္တယ္။ ပရိတ္သတ္ႀကီးက ႐ုတ္႐ုတ္ သဲသဲျဖစ္ၿပီး နားမလယ္စြာနဲ႔ ဘုရင္ႀကီးကိုဝိုင္းၾကည့္ေနၾကတဲ့အခါမွာ ဘုရင္ႀကီးက အေၾကာင္းစုံကိုရွင္းျပတယ္။ ေမာင္မင္းတို႔ကို ေပးလိုက္တဲ့မ်ိဳးေစ့ေတြအားလုံးကို ေရေႏြးထဲမွာထည့္ျပဳတ္ၿပီးမွေပးလိုက္တာ၊ဘယ္လိုမွ အပင္ေပါက္စရာအေၾကာင္းမရွိဘူး။ ေမာင္ရစ္တစ္ေယာက္ သာ ႐ိုး႐ိုးသားသားနဲ႔အပင္မေပါက္တဲ့ပန္းအိုးကို ျပန္ၿပီးယူလာခဲ့တယ္။ က်န္တဲ့သူေတြက မ်ိဳးေစ့ကိုအစားထိုးၿပီးစိုက္ခဲ့လို႔သာ အပင္ ေပါက္ခဲ့ျခင္းျဖစ္တယ္။ ကိုယ္တိုင္မွ မ႐ိုးသားသူတစ္ေယာက္ဟာ တိုင္းေရးျပည္ေရးကို ဘယ္လိုလုပ္ေျဖာင့္ေျဖာင့္မွန္မွန္ ေဆာင္႐ြက္ႏိုင္မွာလဲ။ ႐ိုး သားသူတစ္ေယာက္ျဖစ္ဘို႔ဆိုတာ မလြယ္လွဘူး။ အမွန္တရားကို ျမတ္ႏိုး႐ုံသာမက ဒီအမွန္တရားကို လက္ခံႏိုင္ရဲတဲ့သတၱိနဲ႔ အနစ္နာခံႏိုင္တဲ့စိတ္ဓာတ္လဲ ရွိဘို႔လိုတယ္။ အေၾကာင္းစုံကိုသိသြားေတာ့ ဘုရင္ႀကီးရဲ႕ အဆုံးအျဖတ္ကို အားလုံးကလက္ခံ သေဘာတူလိုက္ၾကတယ္။ ႐ိုးသားပါ။ အမွန္ကိုလက္ခံပါ။ စြန႔္လႊတ္အနစ္နာခံပါ။ ကိုယ္ျပဳသည့္ဒါဏ္ကိုယ္၏ကံကိုယ့္ထံျပန္လာမည္။ ႐ိုးသားျခင္းသည္အေကာင္းဆုံးေသာဝါဒပါ။