မီးဖိုဘေးက လူ(၆)ယောက်

တစ်ခါက..တစ်နှစ်မှာ ၁၀ လလောက် ရေခဲနေတတ်တဲ့တောမကျ မြို့မကျ ရွာလေးတစ်ခုမှာပေါ့ ..ဆောင်းတွင်းရောက်လာတယ်။နှင်းတွေကလည်းကျလိုက်တာ။ရေခဲမှတ်အောက်ကို အနှုတ် ၃၀ ဒီဂရီလောက်ရောက်နေပြီ။ ဒီနေရာလေးဟာ သုံးနှစ်ကို တစ်ကြိမ်လောက် နှင်းမုန်တိုင်းတွေ တိုက်ခိုက်တတ်တယ်။နှင်းမုန်တိုင်းတွေကျပြီဆိုရင် ရေခဲတောင်တွေပြိုတယ်။အိုးအိမ်တွေ ပျက်စီးတယ်။ဒါကြောင့် ဒီဒေသကလူတွေဟာ နှင်းမုန်တိုင်းကျပြီဆိုရင်သူတို့ဝတ်နေကျ လောင်းကုတ်အင်္ကျီအရှည်ကြီးကို ဝတ်တယ်။အဲ့ဒီအင်္ကျ ီအရှည်ကြီးထဲမှာထင်းရှူးဆီအခဲတစ်ခုရယ်၊ မီးခြစ်တစ်လုံးရယ် ၊ထင်းသုံးလေးငါးချောင်းရယ် ၊အသားခြောက်၅၀ ကျပ်သားလောက်ရယ်ထည့်ပြီး နီးစပ်ရာတောထဲကဂူတွေထဲမှာ နှင်းမုန်တိုင်းခိုကြရတယ်။ဒီလိုနဲ့..ဆောင်းတစ်ညမှာ နှင်းမုန်တိုင်းတွေ ရုတ်ချည်းဆိုသလို ကျလာပါတော့တယ်။အဲ့ဒီရွာကလေးထဲက လူတွေဟာ နီးစပ်ရာ ကျောက်ဂူတွေဆီကိုပြေးကြတယ်။မုန်တိုင်းခိုကြတယ်။လူ ၆ ယောက်.. ။မှောင်မည်းနေတဲ့ ကျောက်ဂူကြီးတစ်ခုထဲကိုရောက်သွားကြတယ်။ လူတစ်ယောက်ဟာကိုယ့်ဆီမှာပါတဲ့ မီးခြစ်နဲ့ထင်းရှူးဆီကိုသုံးပြီး မီးဖိုလိုက်တယ် အသားခြောက်ကို ကင်လိုက်တယ်။မီးဖိုရဲ့ဘေးမှာ အသားခြောက်ကိုစားပြီးလောင်းကုတ်ကြီးကို ခေါင်းမှာခြုံလို့ အိပ်ငိုက်နေပါတော့တယ်။ အဲ့ဒီလူဖိုထားတဲ့ မီးပုံလည်းမြင်ရော ကျန်တဲ့လူတွေဟာ တစ်ယောက်ပြီးတစ်ယောက်မီးရောင်ရှိရာကိုရောက်လာကြတယ်။ ထင်းတွေထည့်လိုက်တယ်။ အသားခြောက်ကိုကင်လိုက်တယ်။စားကြတယ်။ပြီးတော့ မီးဖိုဘေးမှာပဲ အိပ်ငိုက်နေကြတယ်။ နှင်းမုန်တိုင်းဒဏ်က လွတ်အောင်ပြေးလာကြတာဆိုတော့ တစ်ယောက်ကိုတစ်ယောက် မကြည့် အားကြဘူး။မောမောပန်းပန်းနဲ့ မီးဖိုထဲကို ထင်းတစ်ချောင်းစီထည့်ပြီး နှင်းမုန်တိုင်းအစဲကိုစောင့်နေကြတယ်။ဆောင်းကလည်းအေးလိုက်တာ။အရိုးကွဲမတတ်အပြင်မှာလည်း မုန်တိုင်းသံတွေဆူညံလို့။ထင်းထည့်ထားတဲ့မီးဖိုဟာ တဖြည်း ဖြည်းနဲ့မီးအားနည်းလာတယ်။မီးညွန့်ကလေးဟာတုန်တုန်ယင်ယင်နဲ့ အားပျော့သွားတယ်။မီးဖိုထဲကို ထင်းထပ်ထည့်ဖို့ လိုလာပြီ။သိပ်အေးတော့ လူတစ်ယောက်ကနှိုးလာတယ်။ လောင်းကုတ်အင်္ကျ ီအရှည်ကြီးထဲကို နှိုက်လိုက်တယ်။ ထင်းတစ်ချောင်းထည့်တော့မယ်ပေါ့။အဲ့ဒီအချိန်မှာ သူနဲ့မျက်နှာချင်းဆိုင် လူတယောက်ကလည်း သူ့လိုပဲ သိပ်အေးတော့ နိုးလာတာပေါ့။မီးဖိုရဲ့မီးရောင်ပျပျအောက်မှာတစ်ယောက်မက်နှာကိုတစ်ယောက် မြင်လိုက်ရတယ်။ အဲဒီတစ်ယောက်က သူတို့ရွာမှာ လူတိုင်းကို ငွေတိုးချေးစားတဲ့ စီးပွားရေးသမား ပိုက်ဆံရှိ သူ ဌေး။ မြင်တဲ့တစ်ယောက်က သူ့အိမ်မှာမြေပေါင်အိမ်ပေါင်ပြီး မြေဆုံးအိမ်ဆုံးထားတဲ့လူငွေမရှိတဲ့သူ ဆင်းရဲသား။ငွေတိုးချေးစားတဲ့စီးပွား ရေးသမားကစိတ်ထဲမှာဒီလိုတွေးလိုက်တယ်။”ဟင်း ဒီဆင်းရဲသား အစုတ်ပလုတ်နဲ့ ဒီ မီးဖိုဘေးမှာ အတူလာပြီးနေရတယ်လို့ကွာ။ တောက်.. ငါ့နှယ်။ ဒီကောင်မျက်နှာကြည့်ရတာ ကျက် သရေယုတ်လိုက်တာ။ တော်ပြီ ငါ့ထဲကထင်းကို မီးဖိုထဲမထည့်ဘူး။ ငါ့ထင်းထည့်ရင် ဒီကောင်နွေးထွေးသွားမှာ။ တော်ပြီ ထင်းမထည့်တော့ဘူး” ..အဲ့ဒီလိုလည်း ဆုံးဖြတ်ပြီးရော မီးဖိုကိုကျောပေးလိုက်တယ်ပြီးတော့ဆက်ပြီးအိပ်ငိုက်နေလိုက်တယ်။မြေဆုံး အိမ်ဆုံးထားတဲ့သူကလည်း စိတ်ထဲမှာဒီလိုပြောနေတယ်။

“ဒီလိုအမြတ်ကြီးစားတဲ့ အတ္တသမားနဲ့ မီးတစ်ဖိုထဲမှာ အတူတူလာပြီး မီးလှုံရတာ ငါ့နှယ် ကံဆိုးလိုက်တာ ငါတို့ဘိုးဘွားတွေပိုင်ခဲ့တဲ့မြေနဲ့အိမ်ကိုအတိုးတွေ မတရားယူပြီး သိမ်းထားတဲ့အကောင် ငါ ဒီမီးဖိုထဲကို ထင်းထည့်လိုက်ရင် တော်ပြီ ငါ့အိတ်ထဲကထင်းကို မီးဖိုထဲမထည့်တော့ဘူး”လို့ တွေးပြီး မီးဖိုကို ကျောပေးနေလိုက်တယ်။ ဒီလိုနဲ့နောက်ထပ်လူတစ်ယောက်နိူးလာပြန်တယ်။ ဆောင်းက တအားအေးတာကိုး။ ထင်းထည့်မယ်လို့အလုပ် သူ့မျက်နှာချင်းဆိုင်ကလူလည်း သူလိုပဲနိူးလာတယ်။ တစ်ယောက်က အလုပ်ရှင် တစ်ယောက်က အလုပ် သမား။အလုပ်ရှင်က တွေးတယ်။”အလကား အလုပ်မလုပ်ဘဲ ငွေကို အလကားလိုချင်နေတဲ့အကောင်နဲ့မှ မီးတစ်ဖိုထဲမှာအတူတူရှိနေရတယ်လို့ကွာ”အလုပ်သမားကလည်း တွေးတယ်။”ငါတို့လုပ်အားတွေကိုခေါင်းပုံဖြတ်ပြီး ကြီးပွားနေတဲ့အကောင်နဲ့ ဒီနေရာမှာလာပြီး ဆုံရတယ်လို့ ..တော်ပြီ ငါ့အိတ်ထဲကထင်းကိုမီးထဲမထည့်တော့ဘူးနှစ်ယောက်စလုံးဟာ မီးဖိုကို ကျောပေးလိုက်ကြတယ်။ ဆက်ပြီး အိပ်ငိုက်နေတော့တယ်။ မီးဖိုထဲမှာ မီးကနည်းသထက် နည်းလာပြီ။ အပြင်မှာလည်း နှင်းမုန်တိုင်းတွေက တဝုန်းဝုန်းနဲ့။အေးလိုက်တာလည်း လွန်ရော။အဲ့ဒီအချိန်မှာ ကျန်တဲ့လူနှစ်ယောက် နိုးလာတယ်။ ထင်းထည့်မယ်လို့လုပ်တယ်။မီးရောင်အောက်မှာတစ်ယောက်မျက်နှာတစ်ယောက်မြင်လိုက်ရပြန်တယ်။ နှစ်ယောက်လုံးရဲ့စိတ်ထဲမှာဒီလိုတွေးမိကြတယ်။”ငါ့နှယ်နော် ဒီလိုဘာသာမတူတဲ့ မိစ္ဆာဒိဌိအယူရှိတဲ့သူနဲ့မှ မျက်နှာ ချင်းဆိုင် လာတွေ့ရတယ်လို့” ..သူတို့နှစ်ယောက်ဟာ ကိုးကွယ်ယုံကြည်မှုချင်း မတူကြဘူး။ကိုယ့်အိတ်ထဲမှာပါတဲ့ ထင်းတွေကိုပြန်ပြီးသိမ်းလိုက်ကြတယ်။မီးဖိုကိုကျောပေး လိုက်ကြတယ်။ နောက်တစ်နေ့မနက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေဒီဂူထဲကိုရောက်လာတယ်။ မီးမရှိတော့တဲ့မီးပုံဘေးမှာအေးခဲပြီးသေဆုံးနေတဲ့အလောင်း ၆ လောင်းကို သူတို့တွေ့ရတယ်။ သူတို့အလောင်းကို စစ်ဆေးကြည့်တော့လောင်း ကုတ်အင်္ကျီထဲမှာ ထင်းကိုယ်စီနဲ့၊မီးခြစ်ကိုယ်စီနဲ့ ၊ထင်းရှူးဆီကိုယ်စီနဲ့ စားစရာနဲ့ပေါ့။”ထင်းတွေ ၊မီးခြစ်တွေ၊ စားစရာတွေ ၊ထင်းရှူးဆီကိုယ်စီနဲ့ ဘာကြောင့် များ အအေးမိပြီ သေဆုံးသွားကြရတာလဲနော် “..လို့ တွေးတောရင်းအလောင်း ၆ လောင်းကိုသယ်သွားကြပါတော့တယ်။ ကျွန် တော်တို့ပတ်ဝန်းကျင်မှာလည်းမီးဖိုဘေးကလူ ၆ ယောက်လို အာဃာတအဆိပ်ကိုသောက်ပြီးသေဖို့ ကြိုးစားနေကြတဲ့သူတွေ အများကြီးပါပဲ။မီးဖိုဘေးက လူ ၆ ယောက်လို မင်းဘယ်သူလဲ..?ငါဘယ်သူလဲ..?မင်းဘာလဲ..? ငါဘာလဲ ဆိုတဲ့အတ္တစိတ်တွေ အတတ်နိုင်ဆုံး ပယ်နိုင်ကြရင်သိပ်ကောင်းမှာပဲဗျာ။

Credit – ဦးဘုန်း(ဓာတု)

[zawgyi]

တစ္ခါက..တစ္ႏွစ္မွာ ၁၀ လေလာက္ ေရခဲေနတတ္တဲ့ေတာမက် ၿမိဳ႕မက် ႐ြာေလးတစ္ခုမွာေပါ့ ..ေဆာင္းတြင္းေရာက္လာတယ္။ႏွင္းေတြကလည္းက်လိုက္တာ။ေရခဲမွတ္ေအာက္ကို အႏႈတ္ ၃၀ ဒီဂရီေလာက္ေရာက္ေနၿပီ။ ဒီေနရာေလးဟာ သုံးႏွစ္ကို တစ္ႀကိမ္ေလာက္ ႏွင္းမုန္တိုင္းေတြ တိုက္ခိုက္တတ္တယ္။ႏွင္းမုန္တိုင္းေတြက်ၿပီဆိုရင္ ေရခဲေတာင္ေတြၿပိဳတယ္။အိုးအိမ္ေတြ ပ်က္စီးတယ္။ဒါေၾကာင့္ ဒီေဒသကလူေတြဟာ ႏွင္းမုန္တိုင္းက်ၿပီဆိုရင္သူတို႔ဝတ္ေနက် ေလာင္းကုတ္အက်ႌအရွည္ႀကီးကို ဝတ္တယ္။အဲ့ဒီအက်ၤ ီအရွည္ႀကီးထဲမွာထင္းရႉးဆီအခဲတစ္ခုရယ္၊ မီးျခစ္တစ္လုံးရယ္ ၊ထင္းသုံးေလးငါးေခ်ာင္းရယ္ ၊အသားေျခာက္၅၀ က်ပ္သားေလာက္ရယ္ထည့္ၿပီး နီးစပ္ရာေတာထဲကဂူေတြထဲမွာ ႏွင္းမုန္တိုင္းခိုၾကရတယ္။ဒီလိုနဲ႔..ေဆာင္းတစ္ညမွာ ႏွင္းမုန္တိုင္းေတြ ႐ုတ္ခ်ည္းဆိုသလို က်လာပါေတာ့တယ္။အဲ့ဒီ႐ြာကေလးထဲက လူေတြဟာ နီးစပ္ရာ ေက်ာက္ဂူေတြဆီကိုေျပးၾကတယ္။မုန္တိုင္းခိုၾကတယ္။လူ ၆ ေယာက္.. ။ေမွာင္မည္းေနတဲ့ ေက်ာက္ဂူႀကီးတစ္ခုထဲကိုေရာက္သြားၾကတယ္။ လူတစ္ေယာက္ဟာကိုယ့္ဆီမွာပါတဲ့ မီးျခစ္နဲ႔ထင္းရႉးဆီကိုသုံးၿပီး မီးဖိုလိုက္တယ္ အသားေျခာက္ကို ကင္လိုက္တယ္။မီးဖိုရဲ႕ေဘးမွာ အသားေျခာက္ကိုစားၿပီးေလာင္းကုတ္ႀကီးကို ေခါင္းမွာၿခဳံလို႔ အိပ္ငိုက္ေနပါေတာ့တယ္။ အဲ့ဒီလူဖိုထားတဲ့ မီးပုံလည္းျမင္ေရာ က်န္တဲ့လူေတြဟာ တစ္ေယာက္ၿပီးတစ္ေယာက္မီးေရာင္ရွိရာကိုေရာက္လာၾကတယ္။ ထင္းေတြထည့္လိုက္တယ္။ အသားေျခာက္ကိုကင္လိုက္တယ္။စားၾကတယ္။ၿပီးေတာ့ မီးဖိုေဘးမွာပဲ အိပ္ငိုက္ေနၾကတယ္။ ႏွင္းမုန္တိုင္းဒဏ္က လြတ္ေအာင္ေျပးလာၾကတာဆိုေတာ့ တစ္ေယာက္ကိုတစ္ေယာက္ မၾကည့္ အားၾကဘူး။ေမာေမာပန္းပန္းနဲ႔ မီးဖိုထဲကို ထင္းတစ္ေခ်ာင္းစီထည့္ၿပီး ႏွင္းမုန္တိုင္းအစဲကိုေစာင့္ေနၾကတယ္။ေဆာင္းကလည္းေအးလိုက္တာ။အ႐ိုးကြဲမတတ္အျပင္မွာလည္း မုန္တိုင္းသံေတြဆူညံလို႔။ထင္းထည့္ထားတဲ့မီးဖိုဟာ တျဖည္း ျဖည္းနဲ႔မီးအားနည္းလာတယ္။မီးၫြန႔္ကေလးဟာတုန္တုန္ယင္ယင္နဲ႔ အားေပ်ာ့သြားတယ္။မီးဖိုထဲကို ထင္းထပ္ထည့္ဖို႔ လိုလာၿပီ။သိပ္ေအးေတာ့ လူတစ္ေယာက္ကႏႈိးလာတယ္။ ေလာင္းကုတ္အက်ၤ ီအရွည္ႀကီးထဲကို ႏႈိက္လိုက္တယ္။ ထင္းတစ္ေခ်ာင္းထည့္ေတာ့မယ္ေပါ့။အဲ့ဒီအခ်ိန္မွာ သူနဲ႔မ်က္ႏွာခ်င္းဆိုင္ လူတေယာက္ကလည္း သူ႔လိုပဲ သိပ္ေအးေတာ့ ႏိုးလာတာေပါ့။မီးဖိုရဲ႕မီးေရာင္ပ်ပ်ေအာက္မွာတစ္ေယာက္မက္ႏွာကိုတစ္ေယာက္ ျမင္လိုက္ရတယ္။ အဲဒီတစ္ေယာက္က သူတို႔႐ြာမွာ လူတိုင္းကို ေငြတိုးေခ်းစားတဲ့ စီးပြားေရးသမား ပိုက္ဆံရွိ သူ ေဌး။ ျမင္တဲ့တစ္ေယာက္က သူ႔အိမ္မွာေျမေပါင္အိမ္ေပါင္ၿပီး ေျမဆုံးအိမ္ဆုံးထားတဲ့လူေငြမရွိတဲ့သူ ဆင္းရဲသား။ေငြတိုးေခ်းစားတဲ့စီးပြား ေရးသမားကစိတ္ထဲမွာဒီလိုေတြးလိုက္တယ္။”ဟင္း ဒီဆင္းရဲသား အစုတ္ပလုတ္နဲ႔ ဒီ မီးဖိုေဘးမွာ အတူလာၿပီးေနရတယ္လို႔ကြာ။ ေတာက္.. ငါ့ႏွယ္။ ဒီေကာင္မ်က္ႏွာၾကည့္ရတာ က်က္ သေရယုတ္လိုက္တာ။ ေတာ္ၿပီ ငါ့ထဲကထင္းကို မီးဖိုထဲမထည့္ဘူး။ ငါ့ထင္းထည့္ရင္ ဒီေကာင္ေႏြးေထြးသြားမွာ။ ေတာ္ၿပီ ထင္းမထည့္ေတာ့ဘူး” ..အဲ့ဒီလိုလည္း ဆုံးျဖတ္ၿပီးေရာ မီးဖိုကိုေက်ာေပးလိုက္တယ္ၿပီးေတာ့ဆက္ၿပီးအိပ္ငိုက္ေနလိုက္တယ္။ေျမဆုံး အိမ္ဆုံးထားတဲ့သူကလည္း စိတ္ထဲမွာဒီလိုေျပာေနတယ္။“ဒီလိုအျမတ္ႀကီးစားတဲ့ အတၱသမားနဲ႔ မီးတစ္ဖိုထဲမွာ အတူတူလာၿပီး မီးလႈံရတာ ငါ့ႏွယ္ ကံဆိုးလိုက္တာ ငါတို႔ဘိုးဘြားေတြပိုင္ခဲ့တဲ့ေျမနဲ႔အိမ္ကိုအတိုးေတြ မတရားယူၿပီး သိမ္းထားတဲ့အေကာင္ ငါ ဒီမီးဖိုထဲကို ထင္းထည့္လိုက္ရင္ ေတာ္ၿပီ ငါ့အိတ္ထဲကထင္းကို မီးဖိုထဲမထည့္ေတာ့ဘူး”လို႔ ေတြးၿပီး မီးဖိုကို ေက်ာေပးေနလိုက္တယ္။ ဒီလိုနဲ႔ေနာက္ထပ္လူတစ္ေယာက္ႏိူးလာျပန္တယ္။ ေဆာင္းက တအားေအးတာကိုး။ ထင္းထည့္မယ္လို႔အလုပ္ သူ႔မ်က္ႏွာခ်င္းဆိုင္ကလူလည္း သူလိုပဲႏိူးလာတယ္။ တစ္ေယာက္က အလုပ္ရွင္ တစ္ေယာက္က အလုပ္ သမား။အလုပ္ရွင္က ေတြးတယ္။”အလကား အလုပ္မလုပ္ဘဲ ေငြကို အလကားလိုခ်င္ေနတဲ့အေကာင္နဲ႔မွ မီးတစ္ဖိုထဲမွာအတူတူရွိေနရတယ္လို႔ကြာ”အလုပ္သမားကလည္း ေတြးတယ္။”ငါတို႔လုပ္အားေတြကိုေခါင္းပုံျဖတ္ၿပီး ႀကီးပြားေနတဲ့အေကာင္နဲ႔ ဒီေနရာမွာလာၿပီး ဆုံရတယ္လို႔ ..ေတာ္ၿပီ ငါ့အိတ္ထဲကထင္းကိုမီးထဲမထည့္ေတာ့ဘူးႏွစ္ေယာက္စလုံးဟာ မီးဖိုကို ေက်ာေပးလိုက္ၾကတယ္။ ဆက္ၿပီး အိပ္ငိုက္ေနေတာ့တယ္။ မီးဖိုထဲမွာ မီးကနည္းသထက္ နည္းလာၿပီ။ အျပင္မွာလည္း ႏွင္းမုန္တိုင္းေတြက တဝုန္းဝုန္းနဲ႔။ေအးလိုက္တာလည္း လြန္ေရာ။အဲ့ဒီအခ်ိန္မွာ က်န္တဲ့လူႏွစ္ေယာက္ ႏိုးလာတယ္။ ထင္းထည့္မယ္လို႔လုပ္တယ္။မီးေရာင္ေအာက္မွာတစ္ေယာက္မ်က္ႏွာတစ္ေယာက္ျမင္လိုက္ရျပန္တယ္။ ႏွစ္ေယာက္လုံးရဲ႕စိတ္ထဲမွာဒီလိုေတြးမိၾကတယ္။”ငါ့ႏွယ္ေနာ္ ဒီလိုဘာသာမတူတဲ့ မိစာၦဒိဌိအယူရွိတဲ့သူနဲ႔မွ မ်က္ႏွာ ခ်င္းဆိုင္ လာေတြ႕ရတယ္လို႔” ..သူတို႔ႏွစ္ေယာက္ဟာ ကိုးကြယ္ယုံၾကည္မႈခ်င္း မတူၾကဘူး။ကိုယ့္အိတ္ထဲမွာပါတဲ့ ထင္းေတြကိုျပန္ၿပီးသိမ္းလိုက္ၾကတယ္။မီးဖိုကိုေက်ာေပး လိုက္ၾကတယ္။ ေနာက္တစ္ေန႔မနက္မွာ ကယ္ဆယ္ေရးအဖြဲ႕ေတြဒီဂူထဲကိုေရာက္လာတယ္။ မီးမရွိေတာ့တဲ့မီးပုံေဘးမွာေအးခဲၿပီးေသဆုံးေနတဲ့အေလာင္း ၆ ေလာင္းကို သူတို႔ေတြ႕ရတယ္။ သူတို႔အေလာင္းကို စစ္ေဆးၾကည့္ေတာ့ေလာင္း ကုတ္အက်ႌထဲမွာ ထင္းကိုယ္စီနဲ႔၊မီးျခစ္ကိုယ္စီနဲ႔ ၊ထင္းရႉးဆီကိုယ္စီနဲ႔ စားစရာနဲ႔ေပါ့။”ထင္းေတြ ၊မီးျခစ္ေတြ၊ စားစရာေတြ ၊ထင္းရႉးဆီကိုယ္စီနဲ႔ ဘာေၾကာင့္ မ်ား အေအးမိၿပီ ေသဆုံးသြားၾကရတာလဲေနာ္ “..လို႔ ေတြးေတာရင္းအေလာင္း ၆ ေလာင္းကိုသယ္သြားၾကပါေတာ့တယ္။ ကြၽန္ ေတာ္တို႔ပတ္ဝန္းက်င္မွာလည္းမီးဖိုေဘးကလူ ၆ ေယာက္လို အာဃာတအဆိပ္ကိုေသာက္ၿပီးေသဖို႔ ႀကိဳးစားေနၾကတဲ့သူေတြ အမ်ားႀကီးပါပဲ။မီးဖိုေဘးက လူ ၆ ေယာက္လို မင္းဘယ္သူလဲ..?ငါဘယ္သူလဲ..?မင္းဘာလဲ..? ငါဘာလဲ ဆိုတဲ့အတၱစိတ္ေတြ အတတ္ႏိုင္ဆုံး ပယ္ႏိုင္ၾကရင္သိပ္ေကာင္းမွာပဲဗ်ာ။